သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ထိန္းခ်ဳပ္ထားတဲ့ လႊတ္ေတာ္က ဥပေဒျပဳႏုိင္မႈအေပၚ ေ၀ဖန္မႈေတြထြက္ေပၚ


NLD အမတ္မ်ားကို လႊတ္ေတာ္အတြင္း ေတြ႔ရစဥ္

[Zawgyi/Unicode]

အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ လႊတ္ေတာ္ သက္တမ္းမွာ ဥပေဒေပါင္း ၁၀၀ ေက်ာ္ ျပ႒ာန္းႏိုင္ခဲ့တယ္ဆုိေပမဲ့ အေရးႀကီးတဲ့ ဥပေဒျပဳေရး အပုိင္းေတြမွာ အားနည္းခ်က္ေတြ ရွိေနတယ္လုိ႔ ဥပေဒပညာရွင္တခ်ိဳ႕က ေထာက္ျပေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

NLD ပါတီက အမ်ားစုေနရာရထားတဲ့ လႊတ္ေတာ္သက္တမ္း ၅ ႏွစ္ျပည့္ေတာ့မယ့္အခ်ိန္မွာပဲ ဥပေဒျပဳေရးမွာ ထင္သေလာက္ ခရီးမေပါက္ဘူးလိ႔ု သုံးသပ္သူေတြလည္း ရွိေနပါတယ္။ အထူးသျဖင့္ တက္ၾကြလႈပ္ရွားသူေတြ တရားစြဲဆုိ အေရးယူခံရေလ့ရွိတဲ့ ဥပေဒေတြ မဖ်က္သိမ္းႏိုင္တာ၊ အျငင္းပြားစရာျဖစ္ေနရတဲ့ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ မျပင္ဆင္ႏုိင္တာေတြအေပၚ ေထာက္ျပေနၾကတာပါ။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ တြဲဖက္အတြင္းေရးမႉး ေဒါက္တာျမတ္ဉာဏစိုးကေတာ့ ဥပေဒျပဳေရး လုပ္ငန္းေတြမွာ အဟန္႔အတားေတြ ကန္႔သတ္ခ်က္ေတြေၾကာင့္ ရည္မွန္းထားသေလာက္ မျဖစ္ခဲ့တာလုိ႔ ဗြီအိုေအကို ေျပာပါတယ္။

“မွန္ပါတယ္၊ ‘ ၿငိမ္းစုစီ’ တို႔လိုဥပေဒၾကမ္းေတြ ရွိသလို၊ က်ေနာ္တို႔ ‘ ႏိုင္လြတ္လုံ’ ေခၚတာေပါ့ဗ်ာ ဒါမ်ိဳးေတြက်ေတာ့လည္း ျပင္ႏိုင္တာေပါ့။ တကယ့္ပင္မ ေရေသာက္ျမစ္ ဥပေဒႀကီးေပါ့ က်ေနာ္တို႔ ပထမအႀကိမ္လႊတ္ေတာ္ သက္တမ္းမွာလည္း ႀကိဳးပမ္းခဲ့တယ္၊ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာလည္း ႀကိဳးပမ္းခဲ့တယ္ မေအာင္ျမင္ခဲ့ဘူး၊ အဲဒါ ဖြဲ႕စည္းပုံအေျခခံဥပေဒပဲ။ သို႔ေသာ္ က်ေနာ္တို႔မွာ time limitation ( အခ်ိန္ကန႔္သတ္ခ်က္) ရွိတာေပါ့ေနာ္။ တခ်ိဳ႕ဥပေဒၾကမ္းေတြဟာ အမ်ိဳးသားလႊတ္ေတာ္ဘက္က အတည္ျပဳၿပီးေတာ့ ျပည္သူ႔လႊတ္ေတာ္ဘက္မွာ က်န္သြားတာေပါ့။ ျပည္သူ႔လႊတ္ေတာ္ဘက္မွာ အတည္ျပဳၿပီးေတာ့ အမ်ိဳးသားလႊတ္ေတာ္ဘက္မွာ က်န္ခဲ့တဲ့ဥပေဒၾကမ္းေတြလည္း ရွိပါတယ္။ ဒါေတြကေတာ့ ဒုတိယအႀကိမ္နဲ႔ တတိယအႀကိမ္ အကူးအေျပာင္းေပါ့၊ တတိယအႀကိမ္နဲ႔ စတုတၳအႀကိမ္ အကူးအေျပာင္းမွာလည္း ဒါေတြကရွိေနဦးမွာပါပဲ။ ႏိုင္ငံတကာမွာလည္း ဒီအတိုင္းပါပဲခင္ဗ်။”

အရင္စစ္အစုိးရေတြ အဆက္ဆက္က ႏုိင္ငံေရးလႈပ္ရွားသူေတြအေပၚ အေရးယူရာမွာ သုံးေလ့ရွိတဲ့ အေရးေပၚစီမံမႈ အက္ဥပေဒ ပုဒ္မ ၅ ည လုိ ဥပေဒမ်ဳိးကုိ ဖ်က္သိမ္းခဲ့သလုိ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာဥပေဒ ဆက္သြယ္ေရးဆုိင္ရာ ဥပေဒ စတဲ့ တက္ၾကြလႈပ္ရွားသူေတြအေပၚ အေရးယူရာမွာ သုံးေလ့ရွိတဲ့ ဥပေဒေတြကုိ ျပင္ဆင္ႏုိင္ခဲ့တာေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒ၊ ‘ႏိုင္လြတ္လုံ’ လို႔ေခၚတဲ့ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈ အကာအကြယ္ေပးေရးဥပေဒ အပါအ၀င္ တျခား ျပင္ဆင္ဖုိ႔ ဖ်က္သိမ္းဖုိ႔ လုိေနေသးတဲ့ ဥပေဒေတြ ရွိေနေသးတယ္လုိ႔လည္း ျပည္ေထာင္စုေရွ႕ေနမ်ားနဲ႔ ဥပေဒအေထာက္အကူျပဳသူမ်ားအဖြဲ႕ ဥကၠ႒ ဦးႀကီးျမင့္က ေျပာပါတယ္။

“တကယ့္အေရးႀကီးတဲ့ ဥပေဒပုဒ္မေတြ ျပင္ဖို႔ေတြ က်န္ေနေသးတယ္။ တပ္မေတာ္က တြင္တြင္ႀကီးစြဲေနတဲ့ ၅၀၅ (က) တို႔၊ ၅၀၅ (ခ) တို႔ဆိုတဲ့ ဘုန္းႀကီးေတြေရာ၊ လူေတြေရာ၊ ေရွ႕ေနေတြေရာ၊ ကဗ်ာဆရာေတြေရာ၊ စစ္ဗိုလ္ေဟာင္းေတြေရာ၊ ျပည္သူေတြေရာ၊ လယ္သမားေတြေရာ၊ သံခ်ပ္ေတြကိုလည္း ၆ ႏွစ္ေလာက္ထိ ခ်ေနတာေတြ၊ အဲဒါေတြကေတာ့ မျပင္ႏိုင္ေသးဘူး၊ အဲဒီဟာေတြဟာ ဒီလႊတ္ေတာ္က ျပည္သူကို အက်ိဳးျပဳမယ့္ ထင္ဟပ္တဲ့ ဥပေဒေတြကို ထိေရာက္စြာမလုပ္ႏိုင္ေသးဘူးဆိုတာကိုလည္း ျပဆိုေနတယ္လို႔ ေတြ႕ရတယ္။”

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြမွာ တခဲနက္ အႏုိင္ရခဲ့တဲ့ NLD ပါတီက လႊတ္ေတာ္ထဲမွာ အမ်ားစုအျဖစ္ ထိန္းခ်ဳပ္ထားေပမဲ့ ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံ အေျခခံဥပေဒအရ တပ္မေတာ္သား ကုိယ္စားလွယ္ ၄ ပုံ ၁ ပုံ ကလည္း ေနရာယူထားတဲ့အတြက္ ဥပေဒျပဳေရးလုပ္ငန္းေတြမွာ မၾကာခဏ ထိပ္တုိက္တုိးခဲ့တာေတြလည္း ရွိပါတယ္။ NLD က အမ်ားစုနဲ႔ ထိန္းခ်ဳပ္ခဲ့တဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာေတာ့ ဥပေဒၾကမ္း ၁၄၆ ခု တင္သြင္းခဲ့ၿပီး၊ ၁၁၃ ခုကုိ ျပ႒ာန္းႏိုင္ခဲ့သလုိ ေဆြးေႏြးဖို႔က်န္ေနတဲ့ ဥပေဒၾကမ္းက ၂၆ ခုနဲ႔ ျပန္႐ုပ္သိမ္းခဲ့တဲ့ဥပေဒက ေတာ့ ခုနစ္ ခုရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော် သက်တမ်းမှာ ဥပဒေပေါင်း ၁၀၀ ကျော် ပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုပေမဲ့ အရေးကြီးတဲ့ ဥပဒေပြုရေး အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဥပဒေပညာရှင်တချို့က ထောက်ပြနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

NLD ပါတီက အများစုနေရာရထားတဲ့ လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်တော့မယ့်အချိန်မှာပဲ ဥပဒေပြုရေးမှာ ထင်သလောက် ခရီးမပေါက်ဘူးလိ့ု သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် တက်ကြွလှုပ်ရှားသူတွေ တရားစွဲဆို အရေးယူခံရလေ့ရှိတဲ့ ဥပဒေတွေ မဖျက်သိမ်းနိုင်တာ၊ အငြင်းပွားစရာဖြစ်နေရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်တာတွေအပေါ် ထောက်ပြနေကြတာပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကတော့ ဥပဒေပြုရေး လုပ်ငန်းတွေမှာ အဟန့်အတားတွေ ကန့်သတ်ချက်တွေကြောင့် ရည်မှန်းထားသလောက် မဖြစ်ခဲ့တာလို့ ဗွီအိုအေကို ပြောပါတယ်။

“မှန်ပါတယ်၊ ‘ ငြိမ်းစုစီ’ တို့လိုဥပဒေကြမ်းတွေ ရှိသလို၊ ကျနော်တို့ ‘ နိုင်လွတ်လုံ’ ခေါ်တာပေါ့ဗျာ ဒါမျိုးတွေကျတော့လည်း ပြင်နိုင်တာပေါ့။ တကယ့်ပင်မ ရေသောက်မြစ် ဥပဒေကြီးပေါ့ ကျနော်တို့ ပထမအကြိမ်လွှတ်တော် သက်တမ်းမှာလည်း ကြိုးပမ်းခဲ့တယ်၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ကြိုးပမ်းခဲ့တယ် မအောင်မြင်ခဲ့ဘူး၊ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ သို့သော် ကျနော်တို့မှာ time limitation ( အချိန်ကန့်သတ်ချက်) ရှိတာပေါ့နော်။ တချို့ဥပဒေကြမ်းတွေဟာ အမျိုးသားလွှတ်တော်ဘက်က အတည်ပြုပြီးတော့ ပြည်သူ့လွှတ်တော်ဘက်မှာ ကျန်သွားတာပေါ့။ ပြည်သူ့လွှတ်တော်ဘက်မှာ အတည်ပြုပြီးတော့ အမျိုးသားလွှတ်တော်ဘက်မှာ ကျန်ခဲ့တဲ့ဥပဒေကြမ်းတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အကူးအပြောင်းပေါ့၊ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် အကူးအပြောင်းမှာလည်း ဒါတွေကရှိနေဦးမှာပါပဲ။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပါပဲခင်ဗျ။”

အရင်စစ်အစိုးရတွေ အဆက်ဆက်က နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် အရေးယူရာမှာ သုံးလေ့ရှိတဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ ည လို ဥပဒေမျိုးကို ဖျက်သိမ်းခဲ့သလို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ စတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အရေးယူရာမှာ သုံးလေ့ရှိတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေ၊ ‘နိုင်လွတ်လုံ’ လို့ခေါ်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အကာအကွယ်ပေးရေးဥပဒေ အပါအဝင် တခြား ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ လိုနေသေးတဲ့ ဥပဒေတွေ ရှိနေသေးတယ်လို့လည်း ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။

“တကယ့်အရေးကြီးတဲ့ ဥပဒေပုဒ်မတွေ ပြင်ဖို့တွေ ကျန်နေသေးတယ်။ တပ်မတော်က တွင်တွင်ကြီးစွဲနေတဲ့ ၅၀၅ (က) တို့၊ ၅၀၅ (ခ) တို့ဆိုတဲ့ ဘုန်းကြီးတွေရော၊ လူတွေရော၊ ရှေ့နေတွေရော၊ ကဗျာဆရာတွေရော၊ စစ်ဗိုလ်ဟောင်းတွေရော၊ ပြည်သူတွေရော၊ လယ်သမားတွေရော၊ သံချပ်တွေကိုလည်း ၆ နှစ်လောက်ထိ ချနေတာတွေ၊ အဲဒါတွေကတော့ မပြင်နိုင်သေးဘူး၊ အဲဒီဟာတွေဟာ ဒီလွှတ်တော်က ပြည်သူကို အကျိုးပြုမယ့် ထင်ဟပ်တဲ့ ဥပဒေတွေကို ထိရောက်စွာမလုပ်နိုင်သေးဘူးဆိုတာကိုလည်း ပြဆိုနေတယ်လို့ တွေ့ရတယ်။”

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ NLD ပါတီက လွှတ်တော်ထဲမှာ အများစုအဖြစ် ထိန်းချုပ်ထားပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ကလည်း နေရာယူထားတဲ့အတွက် ဥပဒေပြုရေးလုပ်ငန်းတွေမှာ မကြာခဏ ထိပ်တိုက်တိုးခဲ့တာတွေလည်း ရှိပါတယ်။ NLD က အများစုနဲ့ ထိန်းချုပ်ခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ ဥပဒေကြမ်း ၁၄၆ ခု တင်သွင်းခဲ့ပြီး၊ ၁၁၃ ခုကို ပြဋ္ဌာန်းနိုင်ခဲ့သလို ဆွေးနွေးဖို့ကျန်နေတဲ့ ဥပဒေကြမ်းက ၂၆ ခုနဲ့ ပြန်ရုပ်သိမ်းခဲ့တဲ့ဥပဒေက တော့ ခုနစ် ခုရှိပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG