[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ တပ္မေတာ္က လူ႔အခြင့္အေရးကို ျပင္းျပင္းထန္ထန္ ဆက္ၿပီး ခ်ိဳးေဖာက္ေနတဲ့အတြက္ ႏုိင္ငံတကာ ရာဇဝတ္တရားခံု႐ုံး ICC မွာ လႊဲေျပာင္းစစ္ေဆးဖို႔ အျပည္ျပည္ဆုိင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ AI က ကုလသမဂၢ လံုျခံဳေရးေကာင္စီကုိ တိုက္တြြန္းလိုက္ပါတယ္။ ျမန္မာစစ္တပ္ကဆက္ၿပီး က်ဴးလြန္ေနတဲ့ စစ္ရာဇ၀တ္မႈေတြထဲမွာ ေက်းရြာေတြကို မီး႐ိႈ႕ဖ်က္ဆီးတာ၊ အရပ္သားေတြကို မဆင္မျခင္ဖမ္းဆီး၊ ႏွိပ္စက္၊ သတ္ျဖတ္တာေတြအျပင္ မတရားဆက္ဆံတာေတြလည္း ရွိေနတယ္လို႔ ၄၄ ႀကိမ္ေျမာက္ ကုလလူ႔အခြင့္အေရးေကာင္စီမွာ အထူးကိုယ္စားလွယ္သစ္ကို ႀကိဳဆိုရင္း AI အဖြဲ႔က ပါ၀င္ေဆြးေႏြးတင္ျပခဲ့တာပါ။
ၿပီးခဲ့တဲ့တပတ္မွာ AI က ထုတ္ျပန္ခဲ့တဲ့ အရပ္သားေတြရဲ ႔ ထိတ္လန္႔စရာ ထြက္ဆိုခ်က္ေတြကို ၾကည့္မယ္ဆိုရင္ ရခုိင္ျပည္နယ္က စစ္ဆင္ေရးေတြရပ္ဖို႔ ႏုိင္ငံတကာက ဖိအားေပးတုိက္တြန္းေနေပမဲ့လည္း ျမန္မာစစ္ဘက္ တာဝန္ရွိသူေတြ ဘယ္ေလာက္ထိ ျပစ္ဒဏ္ကကင္းလြတ္ခြင့္ ဆက္ရေနသလဲဆိုတာ ထင္ထင္ရွားရွား ေတြ႔ျမင္ႏုိင္တယ္လို႔လည္း ေျပာပါတယ္။
ကခ်င္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္းဘက္မွာ တဘက္သတ္ အပစ္အခတ္ရပ္စဲထားေပမဲ့ စစ္ပြဲေတြမၿငိမ္းဘဲ အရပ္သားေတြရဲ႕ လူ႔အခြင့္အေရးေတြ ဆက္ၿပီး ခ်ိဳးေဖာက္ခံေနရတယ္လို႔လည္း တင္ျပခဲ့ပါတယ္။ ဒါ့အျပင္ ရိုဟင္ဂ်ာေတြကို အကာအကြယ္ေပးေရး ၾကားျဖတ္ေဆာင္ရြက္ခ်က္ေတြလုပ္ဖို႔ ႏုိင္ငံတကာတရား႐ုံး ICJ က အမိန္႔ခ်မွတ္ထားေပမဲ့လည္း ရခိုင္ျပည္နယ္တြင္း ျမန္မာအစိုးရ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာ ၁၂၀,၀၀၀ ေက်ာ္အပါအ၀င္ ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ တို႔ရဲ ႔ အေျခအေနက ဘာမွေျပာင္းလဲမသြားဘူးလို႔လည္း AI ကေထာက္ျပခဲ့ပါတယ္။
အဲဒီ႐ိုဟင္ဂ်ာေတြ ႏုိင္ငံသားျဖစ္ခြင့္မရေသးသလို လြတ္လပ္စြာ သြားလာခြင့္နဲ႔ လုံေလာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြ မရေသးဘူးလို႔လည္း တင္ျပေဆြးေႏြးခဲ့တာပါ။ ရခုိင္နဲ႔ခ်င္းျပည္နယ္က ေဒသတခ်ိဳ႕မွာ အင္တာနက္ျဖတ္ေတာက္ထားတဲ့အတြက္ COVID-19 ကပ္ေရာဂါဆုိင္ရာသတင္းေတြ မရၾကတ့ဲအျပင္ အဲဒီကလူသားခ်င္းစာနာမႈ လုပ္ငန္းေတြ ၾကီးၾကပ္ဖို႔လည္း ခက္ခဲေစတယ္လို႔ေျပာပါတယ္။
ႏုိ၀င္ဘာေရြးေကာက္ပြဲမတုိင္ခင္ ၿငိမ္းခ်မ္းစြာ စုေ၀းဆႏၵျပသူေတြ၊ သတင္းေထာက္ေတြ၊ အစိုးရကို ေ၀ဖန္ေျပာဆိုသူေတြကို ဖမ္းဆီးအေရးယူေနတဲ့အေပၚမွာ စိုးရိမ္ေၾကာင္းလည္း AI ကတင္ျပခဲ့တာပါ။ ဖမ္းဆီး အေရးယူခံထားရသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ လြတ္လပ္စြာ စုေ၀းခြင့္၊ လြတ္လြပ္စြာ ေရးသားထုတ္ေဖာ္ခြင့္ေတြကို တင္းၾကပ္ထားတ့ဲ ဥပေဒေတြ ျပဳျပင္ေပးဖို႔လည္း AI က တင္ျပေတာင္းဆိုသြားပါတယ္။
႐ုိဟင္ဂ်ာဆုိတဲ့အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ႏုိင္ငံတကာက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။
[Unicode Version]
မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ICC လွှဲပြောင်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီကို AI အဖွဲ့တိုက်တွန်း
မြန်မာနိုင်ငံမှာ တပ်မတော်က လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ဆက်ပြီး ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC မှာ လွှဲပြောင်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်တပ်ကဆက်ပြီး ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို မဆင်မခြင်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေအပြင် မတရားဆက်ဆံတာတွေလည်း ရှိနေတယ်လို့ ၄၄ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီမှာ အထူးကိုယ်စားလှယ်သစ်ကို ကြိုဆိုရင်း AI အဖွဲ့က ပါဝင်ဆွေးနွေးတင်ပြခဲ့တာပါ။
ပြီးခဲ့တဲ့တပတ်မှာ AI က ထုတ်ပြန်ခဲ့တဲ့ အရပ်သားတွေရဲ့ ထိတ်လန့်စရာ ထွက်ဆိုချက်တွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေရပ်ဖို့ နိုင်ငံတကာက ဖိအားပေးတိုက်တွန်းနေပေမဲ့လည်း မြန်မာစစ်ဘက် တာဝန်ရှိသူတွေ ဘယ်လောက်ထိ ပြစ်ဒဏ်ကကင်းလွတ်ခွင့် ဆက်ရနေသလဲဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်လို့လည်း ပြောပါတယ်။
ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တဘက်သတ် အပစ်အခတ်ရပ်စဲထားပေမဲ့ စစ်ပွဲတွေမငြိမ်းဘဲ အရပ်သားတွေရဲ့ လူ့အခွင့်အရေးတွေ ဆက်ပြီး ချိုးဖောက်ခံနေရတယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး ကြားဖြတ်ဆောင်ရွက်ချက်တွေလုပ်ဖို့ နိုင်ငံတကာတရားရုံး ICJ က အမိန့်ချမှတ်ထားပေမဲ့လည်း ရခိုင်ပြည်နယ်တွင်း မြန်မာအစိုးရ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၂၀,၀၀၀ ကျော်အပါအဝင် ရိုဟင်ဂျာ ၆၀၀,၀၀၀ တို့ရဲ့ အခြေအနေက ဘာမှပြောင်းလဲမသွားဘူးလို့လည်း AI ကထောက်ပြခဲ့ပါတယ်။
အဲဒီရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်မရသေးသလို လွတ်လပ်စွာ သွားလာခွင့်နဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရသေးဘူးလို့လည်း တင်ပြဆွေးနွေးခဲ့တာပါ။ ရခိုင်နဲ့ချင်းပြည်နယ်က ဒေသတချို့မှာ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် COVID-19 ကပ်ရောဂါဆိုင်ရာသတင်းတွေ မရကြတဲ့အပြင် အဲဒီကလူသားချင်းစာနာမှု လုပ်ငန်းတွေ ကြီးကြပ်ဖို့လည်း ခက်ခဲစေတယ်လို့ပြောပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေ၊ သတင်းထောက်တွေ၊ အစိုးရကို ဝေဖန်ပြောဆိုသူတွေကို ဖမ်းဆီးအရေးယူနေတဲ့အပေါ်မှာ စိုးရိမ်ကြောင်းလည်း AI ကတင်ပြခဲ့တာပါ။ ဖမ်းဆီး အရေးယူခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လွပ်စွာ ရေးသားထုတ်ဖော်ခွင့်တွေကို တင်းကြပ်ထားတဲ့ ဥပဒေတွေ ပြုပြင်ပေးဖို့လည်း AI က တင်ပြတောင်းဆိုသွားပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေးချိုးဖောက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။