သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က အရပ်သားတွေပါ ဗုံးကြဲတိုက်ခိုက်နေ (Amnesty International) 


ရခိုင်ပြည်နယ်ရှိ မြန်မာတပ်မတော်သားများ
ရခိုင်ပြည်နယ်ရှိ မြန်မာတပ်မတော်သားများ

(Zawgyi/Unicode)

မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

မတ်လနဲ့ ဧပြီလအတွင်း လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ ချင်းပြည်နယ်ထဲက ရွာ အများအပြားကို ဗုံးကြဲတိုက်ခိုက်ထားတာကို ပြသနေတဲ့ အထောက်အထား အသစ် တွေကို Amnesty International အဖွဲ့က စုဆောင်း ရယူနေတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို ခရစ်ယာန် လူနည်းစု တစ်ချို့လည်း ပါဝင်ကြောင်း၊ ရိုဟင်ဂျာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ သတင်းတွေကိုလည်း သတိပြုမိကြောင်းလည်း ပြောပါတယ်။

လတ်တလော မြန်မာစစ်တပ်နဲ့AA အကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်အတွင်းမှာ အခုလို စွပ်စွဲချက်တွေထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လကတည်းက အင်တာနက်တွေ ဖြတ်တောက်ထားခံရတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိ-မရှိ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း Amnesty International အဖွဲ့က တောင်းဆိုထားပါတယ်။

နိုင်ငံတကာ ဓလေ့ထုံးထမ်း ဥပဒေအရ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးတဲ့အခါမှာ စစ် ရာဇဝတ်မှုအဖြစ် ယူဆပါတယ်။

လောလောဆယ်မှာတော့ လွန်ခဲ့တဲ့၃နှစ်က မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းပွဲတွေ လုပ်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးက မြန်မာအစိုးရအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံသလို အဲဒီ အဖြစ်အပျက်ဟာ ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် လက်တုံ့ပြန်ဖို့ လိုအပ်လို့ ဖြစ်ပွားရတာလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


........................


(Unicode)







XS
SM
MD
LG