သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးသင့္ ရခိုင္ေဒသ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးဖို႔ လိုအပ္


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ပဲြမ်ားေၾကာင္း ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ ရခိုင္စစ္ေရွာင္ဒုကၡသည္ တခ်ိဳ႕ကို စစ္ေတြၿမိဳ႕ရွိ ယာယီစစ္ေရွာင္စခန္းတခုမွာ ေတြ႔ရ။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္ေရး ပဋိပကၡေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရခိုင္ျပည္နယ္မွာ စစ္ေဘးဒုကၡသည္ေတြလည္း တိုလာေနသလို ေခတ္ အဆက္အဆက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ရွားပါးေနတာေၾကာင့္ ရခိုင္ျပည္သူေတြဟာ ျပည္တြင္း ျပည္ပႏိုင္ငံေတြကို ထြက္ခြာအလုပ္လုပ္ကိုင္ေနၾကရတဲ့ အေျခအေနကို ေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ အလုပ္အကုိုင္ အခြင့္အလမ္းေတြ ရွားပါးတာေၾကာင့္ ရခိုင္ေဒသခံအမ်ားစုဟာ မိသားစုစားဝတ္ေနေရးအတြက္ ျပည္တြင္းနဲ႔ ျပည္ပႏိုင္ငံေတြကို နည္းလမ္းမ်ိဳးစံုနဲ႔ ထြက္ခြာၿပီး အလုပ္လုပ္ကိုင္ေနၾကရပါတယ္။

ရခိုင္ျပည္နယ္မွာ ရခိုင္ျပည္သူေတြ လုပ္ကိုင္စားေသာက္ဖို႔ အလုပ္ရံု၊ စက္ရံုေတြလည္း မရွိသလို စိုက္ပ်ိဳးေရး လုပ္ငန္းေတြအတြက္ လံုေလာက္တဲ့ နည္းပညာပိုင္းဆိုင္ရာေတြ အားနည္းေနတာေၾကာင့္ ေဒသခံေတြဟာ ရခိုင္ကေန ထြက္ခြာၿပီး အလုပ္သြားလုပ္ၾကတာျဖစ္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သလို ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရ ဦးလွျမင့္က ေျပာပါတယ္။

"လက္ရွိအေနအထားအလည္း ရခိုင္ျပည္နယ္မွာ အရြယ္ေရာက္လာတဲ့ သူေတြ လယ္ထြန္ရင္ထြန္၊ မထြန္ရင္ ႏြားေက်ာင္း ဒါပဲ ရွိတယ္။ ဘာမွမရွိဘူး ဘာအလုပ္အကိုင္ရယ္လို႔ မယ္မယ္ရရမရွိဘူး။ တကယ္တမ္းလည္း အဲဒီစိုက္ပ်ိဳးေရး လုပ္ငန္းေတြ လုပ္မယ္ဆိုရင္ ဆည္ေျမာင္းတာတမန္ေတြလည္း မရွိဘူး၊ နည္းပညာ မရွိဘူး၊ မ်ိဳးမေကာင္းဘူး။ အဲေတာ့ သူတို႔ေတြ ေခ်ာင္ပိတ္မိေနတယ္။ အခုေခတ္မွာ ေခတ္စားလာတာကေတာ့ ဖားကန္႔တို႔ ရန္ကုန္တို႔ ၿပီးေတာ့ ႏိုင္ငံျခားျဖစ္တဲ့ ယိုးဒယား၊ ထိုင္း၊ မေလး၊ တရုတ္ အဲဒီႏိုင္ငံေတြကို ထြက္သြားၾကရတာေပါ့ဗ်ာ။"

ရခိုင္ျပည္နယ္ဟာ ျမန္မာႏိုင္ငံမွာ အဆင္းရဲဆံုးျပည္နယ္ တစ္ခုျဖစ္သလို တဘက္မွာလည္း စစ္ေရးပဋိပကၡေတြနဲ႔ ပါရင္ဆိုင္ေနရတာေၾကာင့္ ရခိုင္ေဒသကို ပိုၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔ လိုအပ္တယ္လို႔လည္း ရခိုင္အမ်ိဳးသားပါတီ(ANP)ေျပာခြင့္ရ ေဒၚေအးႏုစိန္က ေျပာပါတယ္။

"အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးတာက အခုမွရွားပါးသြားတာ မဟုတ္ဘူး။ ဟိုအရင္ကတည္းက ရွားပါးတာ။ စက္ရံု တစ္စံုမွ မရွိတဲ့ ျပည္နယ္ကို ရခိုင္ျပည္နယ္ဟု ေခၚသည္။ ဆိုၿပီးေတာ့ ေျပာရမွာ။ အဲေတာ့ ဖားကန္႔ရဲ႕ ေျမၿပိဳမႈေတြမွာ အသက္ေတြ ေပးရတာလည္း မ်ားလွၿပီ အေရအတြက္မ်ားတယ္။ အဲဒီေတာ့ မိသားစုနဲ႔ အတူ ဝမ္းနည္းပါတယ္ဆိုတာကေတာ့ ဘယ္သူပဲျဖစ္ျဖစ္ လူတိုင္းပါပဲ။ ဒါေပမဲ့ ဒီလုိအေနအထား ေနာက္ထပ္မႀကံဳဖို႔ အတြက္ ကိုယ့္ျပည္နယ္ အတြင္းမွ တကယ္အသက္ေမြးဝမ္းေၾကာင္း အာမခံခ်က္ေပးတဲ့ ဘယ္သူမဆိုပါဝင္ လို႔ရတဲ့ အေျခခံလူတန္းစားေတြ စားဝတ္ေနေရး ေျပလည္ေအာင္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔ လိုအပ္တယ္။"

အလုပ္အကိုင္အခြင့္အလမ္း ရွားပါးတဲ့ ရခိုင္ျပည္နယ္က ေဒသခံေတြအမ်ားစုဟာ သူတို႔ရဲ႕ မိသားစု စားဝတ္ေနေရး အဆင္ေျပဖိ္ု႔အတြက္ ျမန္မာႏိုင္ငံအတြင္းက အျခားတိုင္းနဲ႔ ျပည္နယ္အပါအဝင္ ထိုင္း၊ မေလးရွား၊ တရုတ္စတဲ့ ျပည္ပႏုိင္ငံေတြကို ထြက္ခြာၿပီး အလုပ္လုပ္ကိုင္ေနၾကရတာလည္း ျဖစ္ပါတယ္။

ရခိုင္ေဒသခံေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းကို အစိုးရကေနၿပီးေတာ့လုပ္ေပးသင့္သလို ေဒသခံ ေတြရဲ႕ အခြင့္အေရးေတြကိုလည္း ဖြင့္ေပးသင့္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သလို ရခိုင္ဒီမိုက ေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရ ဦးလွျမင့္က ေျပာပါတယ္။

"က်ေနာ္ထင္တယ္။ ဗဟိုအစိုးရက ျပည္နယ္အစိုးရကို လုပ္ပိုက္ခြင့္ေပးရမယ္ထင္တယ္။ ေရာ့ မင္းတို႔ပါ မင္းတို႔ လုပ္စားၾကလူဆိုတာ ကိုယ့္အခြင့္အလမ္းကို ကိုယ္ရတယ္ဆိုရင္ အတတ္ႏိုင္ဆံုး ႀကိဳးစားတာပဲ။ အဲလိုမွ မဟုတ္ဘဲ ေပးတာယူ၊ ေကြ်းတာစားဆိုရင္ေတာ့ ထားတဲ့ေနရာမွာ ေစတာလုပ္ဆိုရင္ေတာ့ ဘယ္ေတာ့မွ တိုးတက္မွာ မဟုတ္ဘူး။ ဒါရခိုင္လူုမ်ိဳးရယ္လို႔ မဟုတ္ဘူး။ ဗမာလူမ်ိဳးလည္း ဒီအတုိင္းပဲ ျဖစ္မွာပဲ။ လူဆိုတာ အခြင့္အလမ္းကို ဖြင့္ေပးရတယ္ သူႀကိဳးစားဖို႔။ အဲေတာ့ ရခိုင္ျပည္နယ္အစိုးရကိုလည္း ရခိုင္သားေတြ ထိုးတြင္းဉာဏ္နဲ႔ လုပ္ခိုင္းရမယ္ အဲဒါမွ ေအာင္ျမင္မယ္။"

မေန႔ကလည္း ကခ်င္ျပည္နယ္ ဖားကန္႔မွာ ေျမၿပိဳက်မႈေၾကာင့္ လူေပါင္း၂၀၀ ေက်ာ္ ေသဆံုးခဲ့ၿပီး အဲဒီထဲမွာ ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာ အလုပ္လုပ္ကိုင္ေနၾကသူေတြ ၇၀ နီးပါး ပါပါတယ္။

လက္ရွိအခ်ိန္ထိလည္း ရခိုင္ဘက္မွာ စစ္ေရးေတြလည္း တင္းမာေနသလို လူေပါင္း ၁၀၀,၀၀၀ ေက်ာ္ေလာက္ စစ္ေဘးဒုကၡသည္ ဘဝကို ေရာက္ေနၾကရပါတယ္။ တဘက္မွာလည္း အလုပ္အကိုင္အခြင့္အလမ္းေတြ မရွိတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ရခိုင္ေဒသမွာ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔ ေမွ်ာ္လင့္ေနၾကရတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ဘေးသင့် ရခိုင်ဒေသ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့လိုအပ်

စစ်ရေး ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေလည်း တိုလာနေသလို ခေတ် အဆက်အဆက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတာကြောင့် ရခိုင်ပြည်သူတွေဟာ ပြည်တွင်း ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်နေကြရတဲ့ အခြေအနေကို ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတာကြောင့် ရခိုင်ဒေသခံအများစုဟာ မိသားစုစားဝတ်နေရေးအတွက် ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့ အလုပ်ရုံ၊ စက်ရုံတွေလည်း မရှိသလို စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် လုံလောက်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေ အားနည်းနေတာကြောင့် ဒေသခံတွေဟာ ရခိုင်ကနေ ထွက်ခွာပြီး အလုပ်သွားလုပ်ကြတာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးလှမြင့်က ပြောပါတယ်။

"လက်ရှိအနေအထားအလည်း ရခိုင်ပြည်နယ်မှာ အရွယ်ရောက်လာတဲ့ သူတွေ လယ်ထွန်ရင်ထွန်၊ မထွန်ရင် နွားကျောင်း ဒါပဲ ရှိတယ်။ ဘာမှမရှိဘူး ဘာအလုပ်အကိုင်ရယ်လို့ မယ်မယ်ရရမရှိဘူး။ တကယ်တမ်းလည်း အဲဒီစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ဆည်မြောင်းတာတမန်တွေလည်း မရှိဘူး၊ နည်းပညာ မရှိဘူး၊ မျိုးမကောင်းဘူး။ အဲတော့ သူတို့တွေ ချောင်ပိတ်မိနေတယ်။ အခုခေတ်မှာ ခေတ်စားလာတာကတော့ ဖားကန့်တို့ ရန်ကုန်တို့ ပြီးတော့ နိုင်ငံခြားဖြစ်တဲ့ ယိုးဒယား၊ ထိုင်း၊ မလေး၊ တရုတ် အဲဒီနိုင်ငံတွေကို ထွက်သွားကြရတာပေါ့ဗျာ။"

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်သလို တဘက်မှာလည်း စစ်ရေးပဋိပက္ခတွေနဲ့ ပါရင်ဆိုင်နေရတာကြောင့် ရခိုင်ဒေသကို ပိုပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ(ANP)ပြောခွင့်ရ ဒေါ်အေးနုစိန်က ပြောပါတယ်။

"အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာက အခုမှရှားပါးသွားတာ မဟုတ်ဘူး။ ဟိုအရင်ကတည်းက ရှားပါးတာ။ စက်ရုံ တစ်စုံမှ မရှိတဲ့ ပြည်နယ်ကို ရခိုင်ပြည်နယ်ဟု ခေါ်သည်။ ဆိုပြီးတော့ ပြောရမှာ။ အဲတော့ ဖားကန့်ရဲ့ မြေပြိုမှုတွေမှာ အသက်တွေ ပေးရတာလည်း များလှပြီ အရေအတွက်များတယ်။ အဲဒီတော့ မိသားစုနဲ့ အတူ ဝမ်းနည်းပါတယ်ဆိုတာကတော့ ဘယ်သူပဲဖြစ်ဖြစ် လူတိုင်းပါပဲ။ ဒါပေမဲ့ ဒီလိုအနေအထား နောက်ထပ်မကြုံဖို့ အတွက် ကိုယ့်ပြည်နယ် အတွင်းမှ တကယ်အသက်မွေးဝမ်းကြောင်း အာမခံချက်ပေးတဲ့ ဘယ်သူမဆိုပါဝင် လို့ရတဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေး ပြေလည်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်။"

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေအများစုဟာ သူတို့ရဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့အတွက် မြန်မာနိုင်ငံအတွင်းက အခြားတိုင်းနဲ့ ပြည်နယ်အပါအဝင် ထိုင်း၊ မလေးရှား၊ တရုတ်စတဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို အစိုးရကနေပြီးတော့လုပ်ပေးသင့်သလို ဒေသခံ တွေရဲ့ အခွင့်အရေးတွေကိုလည်း ဖွင့်ပေးသင့်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးလှမြင့်က ပြောပါတယ်။

"ကျနော်ထင်တယ်။ ဗဟိုအစိုးရက ပြည်နယ်အစိုးရကို လုပ်ပိုက်ခွင့်ပေးရမယ်ထင်တယ်။ ရော့ မင်းတို့ပါ မင်းတို့ လုပ်စားကြလူဆိုတာ ကိုယ့်အခွင့်အလမ်းကို ကိုယ်ရတယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ အဲလိုမှ မဟုတ်ဘဲ ပေးတာယူ၊ ကျွေးတာစားဆိုရင်တော့ ထားတဲ့နေရာမှာ စေတာလုပ်ဆိုရင်တော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ဒါရခိုင်လူုမျိုးရယ်လို့ မဟုတ်ဘူး။ ဗမာလူမျိုးလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲ။ လူဆိုတာ အခွင့်အလမ်းကို ဖွင့်ပေးရတယ် သူကြိုးစားဖို့။ အဲတော့ ရခိုင်ပြည်နယ်အစိုးရကိုလည်း ရခိုင်သားတွေ ထိုးတွင်းဉာဏ်နဲ့ လုပ်ခိုင်းရမယ် အဲဒါမှ အောင်မြင်မယ်။"

မနေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မှာ မြေပြိုကျမှုကြောင့် လူပေါင်း၂၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ အလုပ်လုပ်ကိုင်နေကြသူတွေ ၇၀ နီးပါး ပါပါတယ်။

လက်ရှိအချိန်ထိလည်း ရခိုင်ဘက်မှာ စစ်ရေးတွေလည်း တင်းမာနေသလို လူပေါင်း ၁၀၀,၀၀၀ ကျော်လောက် စစ်ဘေးဒုက္ခသည် ဘဝကို ရောက်နေကြရပါတယ်။ တဘက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရခိုင်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ မျှော်လင့်နေကြရတာပါ။

XS
SM
MD
LG