သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆိုင္ရာ ကုလစံုစမ္းေရးအဖြဲ႔ IIMM ဝက္ဘ္ဆိုက္တ္ လုပ္ထားၿပီ


ျမန္မာႏုိင္ငံဆိုင္ရာ ကုလစံုစမ္းေရးအဖြဲ႔ IIMM ဝက္ဘ္ဆိုက္တ္ (ဓာတ္ပံု - iimm.un.org)

[Zawgyi/Unicode]

ျမန္မာနုိင္ငံဆုိင္ရာ လြတ္လပ္တဲ့ ကုလသမဂၢ စုံစမ္းစစ္ေဆးေရးအဖဲြ႔ (IIMM) က သူတုိ႔ရဲ႕ အင္တာနက္စာမ်က္ႏွာကို ျမန္မာ အဂၤလိပ္ ႏွစ္ဘာသာနဲ႔ ဒီေန႔မွာ စတင္ဖြင့္လွစ္လိုက္ပါတယ္။ ျမန္မာႏုိင္ငံက လူထုနဲ႔ ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ ထိေတြ႔ဆက္ဆံမႈေတြ လုပ္ႏုိင္ေအာင္ အခုလို သူတုိ႔ရဲ႕ အင္တာနက္စာမ်က္ႏွာ iimm.un.org ကို စတင္လိုက္တာျဖစ္တယ္လို႔ ကုလသမဂၢရဲ႕ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

IIMM အဖဲြ႔ရဲ႕လုပ္ပုိင္ခြင့္ေတြ၊ လုပ္ေဆာင္ေနတာေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံနဲ႔ႏုိင္ငံတကာမွာရွိတဲ့သူေတြ အခ်ိန္နဲ႔ တေျပးညီ တိတိက်က် သိႏုိင္ေအာင္ သူတုိ႔ရဲ႕အင္တာနက္စာမ်က္ႏွာကေန ေဖာ္ျပေပးသြားမွာျဖစ္တယ္လိုု႔ ေျပာပါတယ္။

IIMM အဖဲြ႔ရဲ႕ အင္တာနက္စာမ်က္ႏွာအေနနဲ႔ အဖဲြ႔ရဲ႕လုပ္ပိုင္ခြင့္ေတြ နဲ႔ လုပ္ငန္းေတြကို နားလည္သိရွိလာေစေအာင္ ကူညီလုပ္ေဆာင္ေပးသြားမွာျဖစ္တဲ့အျပင္ သက္ဆုိင္ရာ ပုဂၢိဳလ္ေတြနဲ႔ အဖဲြ႔အစည္းေတြၾကား ေဆြးေႏြးမႈေတြ ျဖစ္လာေအာင္ ကူညီႏုိင္မယ္လို႔ ယုံၾကည္တယ္လို႔ ေျပာပါတယ္။

အဖဲြ႔၀င္ႏုိင္ငံေတြ၊ လူထုအေျချပဳ လူမႈအဖဲြအစည္းေတြနဲ႔ တျခားအဖဲြ႔အစည္းေတြၾကား ထိေတြ႔ဆက္ဆံမႈေတြကို အားေကာင္းလာေအာင္လုပ္ေပးျခင္းအားျဖင့္ ျမန္မာျပည္သူေတြအတြက္ တရားမွ်တမႈကို ေဖာ္ေဆာင္ေပးမယ့္ စုံစမ္းေရးအဖဲြ႔ရဲ႕ အထူးတာ၀န္ကို သူတုိ႔ဘက္က ကူညီပံ့ပိုးလာေအာင္ တုိက္တြန္းနုိင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါ့အျပင္ IIMM အေနနဲ႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီနဲ႔ အေထြေထြညီလာခံကို တင္သြင္းေနတဲ့ ႏွစ္စဥ္အစီရင္ခံစာေတြ အပါအ၀င္ အဖဲြ႔ရဲ႕ လုပ္ေဆာင္မႈေတြ၊ တရား၀င္လုပ္ငန္းစဥ္ေတြ နဲ႔ ပါ၀င္ခဲ့တဲ့ အခမ္းအနားေတြကို ဒီကေန ပုံမွန္တင္ဆက္ေပးသြားမွာျဖစ္တယ္လို႔ ဆုိပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာနုိင္ငံဆုိင္ရာ လြတ္လပ္တဲ့စုံစမ္းစစ္ေေဆးေရးအဖဲြ႔ (IIMM) ကို ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ၂၀၁၈ စက္တင္ဘာလမွာ စတင္ဖဲြ႔စည္းခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လမွာ လုုပ္ငန္းစတင္လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ IIMM ဝက်ဘ်ဆိုက်တ် လုပ်ထားပြီ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သူတို့ရဲ့ အင်တာနက်စာမျက်နှာကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဒီနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာနိုင်ငံက လူထုနဲ့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်အောင် အခုလို သူတို့ရဲ့ အင်တာနက်စာမျက်နှာ iimm.un.org ကို စတင်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

IIMM အဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေ၊ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှာရှိတဲ့သူတွေ အချိန်နဲ့ တပြေးညီ တိတိကျကျ သိနိုင်အောင် သူတို့ရဲ့အင်တာနက်စာမျက်နှာကနေ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

IIMM အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာအနေနဲ့ အဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေ နဲ့ လုပ်ငန်းတွေကို နားလည်သိရှိလာစေအောင် ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အပြင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ဖြစ်လာအောင် ကူညီနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေ၊ လူထုအခြေပြု လူမှုအဖွဲအစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေကြား ထိတွေ့ဆက်ဆံမှုတွေကို အားကောင်းလာအောင်လုပ်ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် စုံစမ်းရေးအဖွဲ့ရဲ့ အထူးတာဝန်ကို သူတို့ဘက်က ကူညီပံ့ပိုးလာအောင် တိုက်တွန်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် IIMM အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံကို တင်သွင်းနေတဲ့ နှစ်စဉ်အစီရင်ခံစာတွေ အပါအဝင် အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ၊ တရားဝင်လုပ်ငန်းစဉ်တွေ နဲ့ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေကို ဒီကနေ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ေဆေးရေးအဖွဲ့ (IIMM) ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ စက်တင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ လုပ်ငန်းစတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG