သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြယွဥ္ၿပိဳင္ဖို႔ ရခိုင္ပါတီေတြ အခက္ၾကံဳ


၂၀၁၅ ခုနွစ္ ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က မဲရံုတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရးအရ စိန္ေခၚမႈေတြ ႀကံဳေနရတဲ့ ရခုိင္ျပည္နယ္မွာ အင္အားႀကီး ရခုိင္အမ်ဳိးသားပါတီအပါအ၀င္ ရခုိင္တုိင္းရင္းသားပါတီေတြ လာမယ့္ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ႏုိင္ေရး အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ႏုိ၀င္ဘာ ေရြးေကာက္ပဲြမွာ ရခုိင္ျပည္နယ္က မဲဆႏၵနယ္ေျမတခ်ဳိ႕မွာ အာဏာရ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက ယွဥ္ၿပိဳင္မွာ မဟုတ္ေပမဲ့ ရခုိင္ႏုိင္ငံေရး ပါတီေတြ အတြက္လည္း စိန္ေခၚမႈေတြ ရွိေနပါတယ္။

ေရြးေကာက္ပဲြက်င္းပဖုိ႔ ၃ လေလာက္သာ လုိေတာ့တဲ့ အခ်ိန္အထိ ရခိုင္ျပည္နယ္ေျမာက္ပိုင္း မွာ တုိက္ပဲြေတြ ျပင္းထန္ေနတာေၾကာင့္ မဲေပးႏုိင္ဖုိ႔ မေရမရာ ျဖစ္ေနတုန္းပဲလုိ႔ လည္း ရခိုင္အမ်ိဳးသားပါတီ ANP ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

"ေလာေလာဆယ္ ရခိုင္ျပည္နယ္အေနအထားအရ ေျပာရမယ္ဆိုရင္ မဲဆႏၵနယ္အကုန္လံုးကို အမွန္တကယ္ ေရြးေကာက္ပြဲ က်င္းပျဖစ္မလား၊ မက်င္းပျဖစ္ဘူးလားဆိုတဲ့ ကိစၥတစ္ခုကို စိန္ေခၚမႈျဖစ္တယ္။ ၿပီးေတာ့ ရခိုင္ျပည္နယ္မွာက တိုက္ပြဲေတြက ေန႔စဥ္ရက္ဆက္ဆိုသလို ရွိေနတယ္။ စစ္ေဘးေရွာင္မဲဆႏၵရွင္ျပည္ သူေတြကလည္း မ်ားေနတယ္။ အဲဒါေၾကာင့္ ေရြးေကာက္ပြဲ က်င္းပတဲ့ေန႔မွာ မဲဆႏၵရွင္ေတြ လံုလံုၿခံဳၿခံဳ မဲေပးႏိုင္တဲ့ အခြင့္အေရးက အမွန္တကယ္ ရွိႏိုင္မလားဆိုတာကလည္း စိန္ေခၚမႈ တစ္ခုေပါ့ေနာ္။ ၿပီးေတာ့ ႏိုင္ငံေရး ပါတီေတြ မဲဆြယ္စည္းရံုးေရး ကာလတစ္ခုမွာ တိုက္ပြဲေတြ ရွိေနမယ္ ဆိုရင္ မဲဆြယ္စည္းရံုးေရးအတြက္ ေသေသခ်ာခ်ာ လုပ္ႏိုင္မလားဆိုတာကလည္း စိန္ေခၚမႈ တစ္ခုျဖစ္ တယ္။"

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပဲြမွာေတာ့ ရခုိင္ျပည္နယ္မွာ ကုိယ္စားလွယ္ေနရာေပါင္း ၅၀ ေက်ာ္အနက္ ရခိုင္အမ်ိဳးသားပါတီ (ANP) က ကုိယ္စားလွယ္ေနရာ ၄၅ ေနရာနဲ႔ အမ်ားစု အႏုိင္ရခဲ့တာပါ။ ဒါေပမဲ့လည္း ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံ အေျခခံဥပေဒအရ ကုိယ္စားလွယ္ေနရာ အမ်ားစု အႏုိင္ရေပမဲ့လည္း ျပည္နယ္အစုိးရဖဲြ႔ခြင့္ေတာ့ မရခဲ့ပါဘူး။

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ရခိုင္ေျမာက္ပိုင္းက ေနရာတခ်ိဳ႕ မွာ အာဏာရ NLD ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ မဟုတ္ေၾကာင္း ေၾကညာထားတာ ေၾကာင့္ ရခိုင္အမ်ိဳးသားပါတီ ANP အတြက္ အခြင့္အလမ္း ျဖစ္ႏုိင္တယ္လုိ႔လည္း ခန္႔မွန္းေနၾကတာပါ။

တခ်ိန္တည္းမွာပဲ ေရြးေကာက္ပဲြမွာ အျခားေဒသခံရခိုင္ႏိုင္ငံေရး ပါတီေတြလည္း ဝင္ေရာက္ယွဥ္ၾက မွာျဖစ္တာေၾကာင့္ ANP ပါတီအတြက္ စိန္ေခၚမႈ ျဖစ္လာႏုိင္တာကုိ ပါတီဥကၠ႒ ဦးသာထြန္းလွက အသိအမွတ္ျပဳ လက္ခံထားပါတယ္။

"ေလာေလာဆယ္ရခိုင္မွာ တျခား ရခိုင္ပါတီေတြ ယွဥ္ၿပိဳင္မယ့္ အေနအထားမွာရွိေနေတာ့ တစ္စံုတစ္ရာ ျပည္သူေတြ အေနနဲ႔ မဲေပးတာမွာ စဥ္းစားမႈေတြ ရွိမယ္လို႔ေတာ့ ထင္တယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲ နီးရင္ေတာ့ ပါတီေတြရဲ႕ အေျခအေနကို ျပည္သူေတြ ရွင္းရွင္းလင္းလင္းသိလာလိမ့္မယ္လို႔ ယံုၾကည္တယ္။"

လက္နက္ကိုင္ပဋိပကၡေတြ ရွိေနတဲ့ ရခိုင္ေျမာက္ပိုင္းက မဲဆႏၵနယ္ေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ အမတ္ေလာင္းေတြအေနနဲ႔လည္း ေဒသတြင္း မဲဆြယ္စည္းရံုးဖို႔အတြက္ ခက္ခဲေနၾကပါတယ္။

လုံၿခံဳေရးျပႆနာေတြနဲ႔ ေနာက္ဆက္တဲြ ႀကံဳေနရတဲ့ အေျခအေနေတြေၾကာင့္ ေရြးေကာက္ပဲြအတြက္ စည္း႐ုံးလႈပ္ရွားဖုိ႔လည္း အခက္အခဲေတြ ရွိေနတယ္လို႔ ANP ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"ေျမပံုၿမိဳ႕မွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး သံုးေယာက္အဖမ္းခံရတဲ့ ေနာက္ပိုင္းမွာ အုပ္ခ်ဳပ္ေရးမွဴးေတြ အကုန္လံုး နုတ္ထြက္စာတင္ၿပီးေတာ့ ႏုတ္ထြက္သြားၾကတယ္။ အဲဒါေၾကာင့္မဲစာရင္းကပ္မယ့္ကိစၥေတြ၊ စိစစ္မယ့္ကိစၥေတြ၊ မဲေကာ္မရွင္ဖြဲ႔မယ့္ကိစၥေတြ အခက္အခဲရွိေနတယ္ ေလာေလာဆယ္မွာ ၿပီးေတာ့ မဲဆြယ္စည္းရံုးေရး ကာလမွာလဲ COVID -19 ေၾကာင့္ လူမစုရတို႔ ရွိေနတယ္။ ၿပီးေတာ့ online က မဲဆြယ္မယ္ဆိုရင္လည္း အင္တာနက္လိုင္း ဖြင့္ေတာ့ ဖြင့္တယ္ ဘာမွသံုးမရဆိုေလ။ ၿပီးေတာ့ ျပည္သူလူထုက ေရြးေကာက္ပြဲေပၚမွာ အာရံုစူးစုိက္မႈ နည္းပါးေနတာေတြကေတာ့ က်ေနာ္တို႔ရဲ႕ စိန္ေခၚမႈေတြေပါ့ေနာ္။"

လာမယ့္ ေရြးေကာက္ပဲြမွာေတာ့ ANP ပါတီက ခဲြထြက္ၿပီး ထူေထာင္ထားၾကတဲ့ ရခိုင္ဒီမိုကေရစီအဖြဲ႔ ခ်ဳပ္ (ALD) နဲ႔ ရခိုင္ဦးေဆာင္ပါတီ (AFP) ပါတီေတြလည္း ၀င္ေရာက္ ယွဥ္ၿပိဳင္ၾကမွာပါ။ ႏုိင္ငံေရးပါတီေတြ ေရြးေကာက္ပဲြအတြက္ လႈပ္ရွားႏုိင္ေရး စိန္ေခၚမႈေတြ ႀကံဳေနရသလုိ ေဒသတြင္း လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတဲ့အတြက္လည္း မဲေပးခြင့္ ဆုံး႐ႈံးမယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ရခိုင်ပါတီတွေ အခက်ကြုံ

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေးအရ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ အင်အားကြီး ရခိုင်အမျိုးသားပါတီအပါအဝင် ရခိုင်တိုင်းရင်းသားပါတီတွေ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတချို့မှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ယှဉ်ပြိုင်မှာ မဟုတ်ပေမဲ့ ရခိုင်နိုင်ငံရေး ပါတီတွေ အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ၃ လလောက်သာ လိုတော့တဲ့ အချိန်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မဲပေးနိုင်ဖို့ မရေမရာ ဖြစ်နေတုန်းပဲလို့ လည်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

"လောလောဆယ် ရခိုင်ပြည်နယ်အနေအထားအရ ပြောရမယ်ဆိုရင် မဲဆန္ဒနယ်အကုန်လုံးကို အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပဖြစ်မလား၊ မကျင်းပဖြစ်ဘူးလားဆိုတဲ့ ကိစ္စတစ်ခုကို စိန်ခေါ်မှုဖြစ်တယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဆိုသလို ရှိနေတယ်။ စစ်ဘေးရှောင်မဲဆန္ဒရှင်ပြည် သူတွေကလည်း များနေတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲဆန္ဒရှင်တွေ လုံလုံခြုံခြုံ မဲပေးနိုင်တဲ့ အခွင့်အရေးက အမှန်တကယ် ရှိနိုင်မလားဆိုတာကလည်း စိန်ခေါ်မှု တစ်ခုပေါ့နော်။ ပြီးတော့ နိုင်ငံရေး ပါတီတွေ မဲဆွယ်စည်းရုံးရေး ကာလတစ်ခုမှာ တိုက်ပွဲတွေ ရှိနေမယ် ဆိုရင် မဲဆွယ်စည်းရုံးရေးအတွက် သေသေချာချာ လုပ်နိုင်မလားဆိုတာကလည်း စိန်ခေါ်မှု တစ်ခုဖြစ် တယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်နေရာပေါင်း ၅၀ ကျော်အနက် ရခိုင်အမျိုးသားပါတီ (ANP) က ကိုယ်စားလှယ်နေရာ ၄၅ နေရာနဲ့ အများစု အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်စားလှယ်နေရာ အများစု အနိုင်ရပေမဲ့လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်တော့ မရခဲ့ပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက နေရာတချို့ မှာ အာဏာရ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာထားတာ ကြောင့် ရခိုင်အမျိုးသားပါတီ ANP အတွက် အခွင့်အလမ်း ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အခြားဒေသခံရခိုင်နိုင်ငံရေး ပါတီတွေလည်း ဝင်ရောက်ယှဉ်ကြ မှာဖြစ်တာကြောင့် ANP ပါတီအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်တာကို ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက အသိအမှတ်ပြု လက်ခံထားပါတယ်။

"လောလောဆယ်ရခိုင်မှာ တခြား ရခိုင်ပါတီတွေ ယှဉ်ပြိုင်မယ့် အနေအထားမှာရှိနေတော့ တစ်စုံတစ်ရာ ပြည်သူတွေ အနေနဲ့ မဲပေးတာမှာ စဉ်းစားမှုတွေ ရှိမယ်လို့တော့ ထင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ နီးရင်တော့ ပါတီတွေရဲ့ အခြေအနေကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိလာလိမ့်မယ်လို့ ယုံကြည်တယ်။"

လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းတွေအနေနဲ့လည်း ဒေသတွင်း မဲဆွယ်စည်းရုံးဖို့အတွက် ခက်ခဲနေကြပါတယ်။

လုံခြုံရေးပြဿနာတွေနဲ့ နောက်ဆက်တွဲ ကြုံနေရတဲ့ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"မြေပုံမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးယောက်အဖမ်းခံရတဲ့ နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး နုတ်ထွက်စာတင်ပြီးတော့ နုတ်ထွက်သွားကြတယ်။ အဲဒါကြောင့်မဲစာရင်းကပ်မယ့်ကိစ္စတွေ၊ စိစစ်မယ့်ကိစ္စတွေ၊ မဲကော်မရှင်ဖွဲ့မယ့်ကိစ္စတွေ အခက်အခဲရှိနေတယ် လောလောဆယ်မှာ ပြီးတော့ မဲဆွယ်စည်းရုံးရေး ကာလမှာလဲ COVID -19 ကြောင့် လူမစုရတို့ ရှိနေတယ်။ ပြီးတော့ online က မဲဆွယ်မယ်ဆိုရင်လည်း အင်တာနက်လိုင်း ဖွင့်တော့ ဖွင့်တယ် ဘာမှသုံးမရဆိုလေ။ ပြီးတော့ ပြည်သူလူထုက ရွေးကောက်ပွဲပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးနေတာတွေကတော့ ကျနော်တို့ရဲ့ စိန်ခေါ်မှုတွေပေါ့နော်။"

လာမယ့် ရွေးကောက်ပွဲမှာတော့ ANP ပါတီက ခွဲထွက်ပြီး ထူထောင်ထားကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD) နဲ့ ရခိုင်ဦးဆောင်ပါတီ (AFP) ပါတီတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် လှုပ်ရှားနိုင်ရေး စိန်ခေါ်မှုတွေ ကြုံနေရသလို ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက်လည်း မဲပေးခွင့် ဆုံးရှုံးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG