သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆြးေႏြးအေျဖရွာေရး လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ေဒါက္တာတင္မာေအာင္ ေမွ်ာ္လင့္


ေဒါက္တာတင္မာေအာင္ ( ၂၀၁၈ခုႏွစ္ ေမလ(၃၀)ရက္ -ဓါတ္ပံု-My Hidden City - Mrauk U HeritageFilm)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အနီးဆံုးကိုယ္ေရးအရာရွိလုပ္ခဲ့သူ ေဒါက္တာ တင္မာေအာင္၊ လာမယ့္ေရြးေကာက္ပြဲမွာ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ (ALD) ကေန ဝင္ၿပိဳင္ေတာ့မွာပါ။

ဒီ ALD ပါတီဟာ ၁၉၉၀ ေရြးေကာက္ပြဲတုန္းက NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ လက္တြဲခဲ့ၿပီး၊ ရခိုင္မွာ အမ်ားစုႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ပြဲတုန္းကလဲ၊ ANP ရခိုင္အမ်ိဳးသားပါတီနဲ႔ ေပါင္းၿပိဳင္ၿပီး ထပ္အမ်ားစုႏိုင္ခဲ့ကာ အခုလဲ ရခိုင္မဲဆႏၵနယ္ေျမ (၂၄) ခုမွာ ထပ္ၿပိဳင္သြားမွာပါ။

ဒီရခိုင္ပါတီႀကီးကေန ေဒါက္တာတင္မာေအာင္ ဘာေၾကာင့္ ဝင္ၿပိဳင္ရတာပါလဲ၊ ရခိုင္ပဋိပကၡအေပၚလည္း ဘယ္လိုသက္ေရာက္မူရွိႏိုင္ပါလဲဆိုတာကို၊ ပါတီေျပာခြင့္ရနဲ႔ ေအာင္ႏိုင္ေရး ေကာ္မတီဗဟို ဥကၠဌ ဦးဦးလွျမင့္ကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း။ ။ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ုပ္ (ALD) ကေန ျမန္မာႏိုင္ငံမွာ အေရးပါတဲ့ သူတစ္ေယာက္ျဖစ္တဲ့ Dr. တင္မာေအာင္၊ သူက ေဒၚေအာင္စုၾကည္နဲ႔လည္း အနီးကပ္ ႏွစ္ေပါင္းၾကာရွည္စြာလုပ္လာခဲ့တယ္၊ ေနာက္ ဒီရခိုင္ပါတီေတြမွာလည္း နာမည္ႀကီးတဲ့ ေဒါက္တာ ေစာျမေအာင္ရဲ့ သမီးလည္းျဖစ္တယ္၊ အခု သူကိုယ္တိုင္ ေရြးေကာက္ပြဲ ဝင္လာေတာ့၊ ဘာေၾကာင့္မို႔ ေဒါက္တာတင္မာေအာင္ ခုလိုဆံုးျဖတ္ လိုက္တာလို႔ထင္လဲ။

ဦးဦးလွျမင့္ ။ ။ ေဒါက္တာတင္မာေအာင္ ဘာေၾကာင့္ဝင္ျဖစ္လဲဆိုေတာ့၊ ကၽြန္ေတာ္တို႔ အခု ရခိုင္ျပည္နယ္ထဲမွာ လူမူေရး၊ စီးပြားေရး၊ ႏုိင္ငံေရး၊ က်န္းမာေရး စသည္အားျဖင့္ အေရးအရာ အားလံုးဟာ ခၽြတ္ၿခံဳက်ေနတယ္ဗ်။ အဲ့ဒီထဲမွာ ကၽြန္ေတာ္တို႔ ရခိုင္ေတြ ဝင္ၿပီးပါဖို႔ လိုမယ္၊ ကူဖို႔လိုမယ္။ အဲ့ဒါအတြက္ ေဒါက္တာတင္မာေအာင္မွာ တာဝန္ရွိတယ္ဗ်။ ဘာလို႔လဲဆိုေတာ့၊ သူ႔အေဖက ဒီလုပ္ငန္းကိုလုပ္ခဲ့တာေလ၊ တနည္းအားျဖင့္ သူတို႔မ်ိဳးရိုးကိုက ဒီရခိုင္ လူမူေရး၊ လူမ်ိဳးေရး၊ ရခိုင္လူမ်ိဳးေတြထဲမွာ ဦးေဆာင္ဦးျပ ရွိေနခဲ့တဲ့ မိသားစုဗ်။ အဲ့ဒါေၾကာင့္ ေဒါက္တာ ဦးေစာျမေအာင္ရဲ႕ သမီးတစ္ေယာက္ျဖစ္တဲ့ ေဒါက္တာတင္မာေအာင္အေနနဲ႔ လုပ္ဖို႔ သင့္ေတာ္တဲ့ အခ်ိန္ကာလျဖစ္တဲ့အတြက္ ခုလို ဆံုးျဖတ္တယ္လို႔ ယံုၾကည္ပါတယ္။

ဝင္းမင္း ။ ။ ခုလိုဆံုးျဖတ္လိုက္တာေၾကာင့္ ပါတီရဲ႕ ေရြးေကာက္ပြဲ ေအာင္ႏုိင္ေရး အနာဂတ္ အေနအထားမွာ ဘယ္လိုျဖစ္လာမယ္ထင္လဲ။

ဦးဦးလွျမင့္ ။ ။ လူထုေတြကလည္း ေမွ်ာ္လင့္ေနမယ္လို႔ ထင္ပါတယ္။ လူထုရဲ႕ေထာက္ခံမူကို အမ်ားဆံုး ရႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ့ ပံုရိပ္ဟာ သူ႔အေဖ လက္ထက္ကလိုပဲ ပိုၿပီးေတာ့ ပီျပင္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဝင္းမင္း ။ ။ ေဒါက္တာတင္မာေအာင္အေနနဲ႔ ဒီေရြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ရင္၊ ဘယ္လိုမ်ိဳး ထိထိေရာက္ေရာက္ အေျပာင္းအလဲေတြ ေဆာင္ရြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားလဲ။

ဦးဦးလွျမင့္ ။ ။ ကၽြန္ေတာ္တို႔ ALD က ၁၉၈၈ ခုႏွစ္ကထဲက ႏိုင္ငံေရးမွာ ႏွစ္ေပါင္းၾကာရွည္ မွတ္ပံုတင္ၿပီး ပါလာတဲ့အဖြဲ႔အစည္းျဖစ္ပါတယ္။ အဲ့ဒီလို ရွည္လ်ားတဲ့ သမိုင္းရွိတဲ့အတြက္၊ သူ႔ကိုလည္း ရခိုင္ျပည္နယ္ထဲမွာ သူေအာင္ပြဲရလာရင္ ထိုက္သင့္တဲ့ေနရာတစ္ခုေတာ့၊ တာဝန္တစ္ခုေတာ့ ေပးလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

ဝင္းမင္း ။ ။ အဓိကေတာ့ ရခိုင္ဝန္ႀကီးခ်ဳပ္လိုေနရာမ်ိဳးကေန၊ ဒါမွမဟုတ္ရင္လည္း အေရးပါတဲ့ ဝန္ႀကီး တစ္ေနရာမ်ိဳးကေနၿပီးေတာ့ လုပ္ေဆာင္ေပးႏိုင္တာမ်ိဳးေပါ့့ေနာ္။

ဦးဦးလွျမင့္ ။ ။ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္၊ ၿပီးရင္ သူဟာ ဒီေပးအပ္တဲ့တာဝန္အေပၚမွာ အေကာင္းဆံုး လက္တြဲၿပီးေတာ့ ဘယ္သူနဲ႔မဆို လုပ္ႏိုင္လိမ့္မယ္။ သူ႔မူရင္းစိတ္ေနသေဘာထားကိုက ေဆြးေႏြး တိုင္ပင္ညိႈႏိႈင္းၿပီးေတာ့ အေျဖရွာတဲ့ဟာကို ေဒါက္တာတင္မာေအာင္က ႀကိဳက္ပါတယ္။ အဲ့ဒီအတြက္ အေကာင္းဆံုးေမွ်ာ္လင့္ႏိုင္မယ့္ လူတစ္ေယာက္အျဖစ္ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ထားတယ္၊ ပါတီကလည္း ယံုၾကည္တယ္ဗ်။

ဝင္မင္း ။ ။ NLD နဲ႔ ဆက္ဆံေရး အေပၚမွာေရာ ဘယ္လိုျဖစ္လာမယ္ထင္လဲ။

ဦးဦးလွျမင့္ ။ ။ UNA (ညီညႊတ္ေသာ တိုင္းရင္သားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႔) နဲ႔ NLD နဲ႔ ဆက္ဆံေရးအေပၚမွာ မူတည္ပါလိမ့္မယ္။ အဲ့ဒီအေပၚမွာ ကၽြန္ေတာ္တို႔ နဂိုထဲက ပါခဲ့တဲ့ တိုင္းရင္းသားအဖြဲ႔ေတြ အကုန္လံုးက UNA မွာ ပါတဲ့အတြက္ အဲ့ဒီမူအတိုင္း ဆက္သြားေနၾကတာ။

ဝင္းမင္း ။ ။ အခုလက္ရွိမွာ UNA နဲ႔ NLD ဆက္ဆံေရးအေနအထား ဘယ္လိုရွိလဲ၊ ေရွ႕မွာေရာ ဘယ္လိုျဖစ္လာႏိုင္မလဲ။

ဦးဦးလွျမင့္ ။ ။ ဆက္ဆံေရးကို ေျပာမယ္ဆိုရင္ေတာ့ ရပ္တန္႔ေနတယ္လို႔ ျမင္ရတယ္ဗ်။ အဲ ျမန္မာျပည္မွာ တိုင္းရင္းသားလူမ်ိဳးေတြနဲ႔ ႏိုင္ငံေရးျပႆနာေတြကို မေဆြးေႏြးဘဲနဲ႕ လက္ရွိ အၾကပ္အတည္းနဲ႔ အနာဂတ္ကို ခ်ီတက္ဖို႔ မျဖစ္ႏုိင္ဘူးဗ်။ အဲ့ဒါေၾကာင့္ ဘယ္ပါတီပဲ အာဏာရရ တိုင္းရင္းသားလူမ်ိဳးေတြနဲ႔ ေဆြးေႏြးတိုင္ပင္ညိွႏိႈင္းၿပီးမွ သြားလို႔ရမယ္။

ဝင္းမင္း ။ ။ ပါတီအေနနဲ႔ ေရြးေကာက္ပြဲ ႏိုင္ဖို႔ အေနအထားေရာ။

ဦးဦးလွျမင့္ ။ ။ ကၽြန္ေတာ္တို႔ ႏိုင္ဖို႔ ေသခ်ာပါတယ္။

ဝင္းမင္း ။ ။ အျခား ရခိုင္ပါတီေတြလည္း ရွိေတာ့၊ ဒီ မဲကြဲသြားမယ့့္ အေနအထားမ်ိဳးအတြက္ေရာ ညွိႏိႈင္းထားတာရွိလား။

ဦးဦးလွျမင့္ ။ ။ ညိွႏိႈင္းထားတာကေတာ့ မရွိဘူးဗ်။ သူတို႔လဲ အၿပိဳင္သေဘာနဲ႔ ဝင္ပါလိမ့္မယ္။

ဝင္းမင္း ။ ။ ေဒါက္တာတင္မာေအာင္ အေနနဲ႔ကေတာ့ ေတာင္ကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) မွာ ဝင္ၿပိဳင္မွာဆိုေတာ့၊ ဘယ္ပါတီနဲ႔ အဓိက ၿပိဳင္ရမယ္လို႔ထင္လဲ။

ဦးဦးလွျမင့္ ။ ။ ရခိုင္ပါတီနဲ႔ပဲ အဓိက ၿပိဳင္ရမယ့္သေဘာရွိတယ္လို႔ သံုးသပ္ပါတယ္။

ဝင္းမင္း ။ ။ ဘယ္ရခိုင္ပါတီနဲ႔ ၿပိဳင္ရမယ္လို႔ထင္လဲ။

ဦးဦးလွျမင့္ ။ ။ ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔လို႔ ျမင္ပါတယ္။

ဝင္းမင္း ။ ။ ေနာက္ပိုင္းမွာေရာ ဒီ တျခားရခိုင္ပါတီေတြနဲ႔ ညိွႏိႈင္းဖို႔ အလားအလာေတြေရာ။

ဦးဦးလွျမင့္ ။ ။ ကၽြန္ေတာ္တို႔ရဲ့ လက္စြဲမူကေတာ့ အျမဲတမ္း ညီညြတ္ဖို႔လိုတယ္။ ဒါေၾကာင္မို႔ ျပည္ေထာင္စု အေရးမွာျဖစ္ျဖစ္၊ ျပည္နယ္အေရးမွာျဖစ္ျဖစ္၊ ေဆြးေႏြးမယ္၊ ညိွႏိႈင္းမယ္။

ဝင္းမင္း ။ ။ ခုလို ေဒါက္တာတင္မာေအာင္ ဝင္ၿပိဳင္မယ့္ အေနအထားကေန ရခိုင္ႏုိင္ငံေရးတစ္ခုလံုးအတြက္၊ ဆိုလုိတာ အခု လက္နက္ကိုင္ေတာ္လွန္ေရးေတြျဖစ္ေနတယ္၊ ရခိုင္ပါတီေတြနဲ႔ NLD ပါတီအၾကားဆက္ဆံေရးမွာလည္း အဖုအထစ္ေတြရွိေနတယ္၊ ေဒါက္တာေအးေမာင္ဆို ဖမ္းခံေနတဲ့ အေနအထားမ်ိဳးဆိုေတာ့၊ အဲ့ဒီအေနအထားမ်ိဳးကေန အေကာင္းဘက္မ်ိဳးကိုေရာ။

ဦးဦးလွျမင့္ ။ ။ ဟုတ္တယ္ခင္ဗ် ကၽြန္ေတာ္တို႔ အေကာင္းဆံုး ေျပာင္းလဲႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီးေတာ့ ဒီ အလုပ္ကို လုပ္ျခင္းျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ပါတီရ့ဲ ရည္မွန္းခ်က္ျဖစ္တဲ့ စစ္မွန္တဲ့ ျပည္ေထာင္စု ျဖစ္လာဖို႔ရယ္၊ ရခိုင္ျပည္နယ္ရဲ့ အၾကပ္အတည္းကိုေရာ ေက်ာ္လႊားႏိုင္ လိမ့္မယ္လို႔ ေမွ်ာ္လင့္တာရယ္နဲ႔၊ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။

ဝင္းမင္း ။ ။ အခုလို ျပည့္ျပည့္စံုစံု ရွင္းျပေပးတဲ့အတြက္၊ ေက်းဇူးအထူးတင္ပါတယ္။

ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ (ALD) ေျပာခြင့္ရနဲ႔ ေအာင္ႏိုင္ေရး ေကာ္မတီဗဟို ဥကၠဌ ဦးဦးလွျမင့္ကို ကိုဝင္းမင္းက ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

ဆွေးနွေးအဖြေရှာရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင် မျှော်လင့်

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးဆုံးကိုယ်ရေးအရာရှိလုပ်ခဲ့သူ ဒေါက်တာ တင်မာအောင်၊ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကနေ ဝင်ပြိုင်တော့မှာပါ။

ဒီ ALD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲခဲ့ပြီး၊ ရခိုင်မှာ အများစုနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ပွဲတုန်းကလဲ၊ ANP ရခိုင်အမျိုးသားပါတီနဲ့ ပေါင်းပြိုင်ပြီး ထပ်အများစုနိုင်ခဲ့ကာ အခုလဲ ရခိုင်မဲဆန္ဒနယ်မြေ (၂၄) ခုမှာ ထပ်ပြိုင်သွားမှာပါ။

ဒီရခိုင်ပါတီကြီးကနေ ဒေါက်တာတင်မာအောင် ဘာကြောင့် ဝင်ပြိုင်ရတာပါလဲ၊ ရခိုင်ပဋိပက္ခအပေါ်လည်း ဘယ်လိုသက်ရောက်မူရှိနိုင်ပါလဲဆိုတာကို၊ ပါတီပြောခွင့်ရနဲ့ အောင်နိုင်ရေး ကော်မတီဗဟို ဥက္ကဌ ဦးဦးလှမြင့်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကနေ မြန်မာနိုင်ငံမှာ အရေးပါတဲ့ သူတစ်ယောက်ဖြစ်တဲ့ Dr. တင်မာအောင်၊ သူက ဒေါ်အောင်စုကြည်နဲ့လည်း အနီးကပ် နှစ်ပေါင်းကြာရှည်စွာလုပ်လာခဲ့တယ်၊ နောက် ဒီရခိုင်ပါတီတွေမှာလည်း နာမည်ကြီးတဲ့ ဒေါက်တာ စောမြအောင်ရဲ့ သမီးလည်းဖြစ်တယ်၊ အခု သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်လာတော့၊ ဘာကြောင့်မို့ ဒေါက်တာတင်မာအောင် ခုလိုဆုံးဖြတ် လိုက်တာလို့ထင်လဲ။

ဦးဦးလှမြင့် ။ ။ ဒေါက်တာတင်မာအောင် ဘာကြောင့်ဝင်ဖြစ်လဲဆိုတော့၊ ကျွန်တော်တို့ အခု ရခိုင်ပြည်နယ်ထဲမှာ လူမူရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည်အားဖြင့် အရေးအရာ အားလုံးဟာ ချွတ်ခြုံကျနေတယ်ဗျ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ ရခိုင်တွေ ဝင်ပြီးပါဖို့ လိုမယ်၊ ကူဖို့လိုမယ်။ အဲ့ဒါအတွက် ဒေါက်တာတင်မာအောင်မှာ တာဝန်ရှိတယ်ဗျ။ ဘာလို့လဲဆိုတော့၊ သူ့အဖေက ဒီလုပ်ငန်းကိုလုပ်ခဲ့တာလေ၊ တနည်းအားဖြင့် သူတို့မျိုးရိုးကိုက ဒီရခိုင် လူမူရေး၊ လူမျိုးရေး၊ ရခိုင်လူမျိုးတွေထဲမှာ ဦးဆောင်ဦးပြ ရှိနေခဲ့တဲ့ မိသားစုဗျ။ အဲ့ဒါကြောင့် ဒေါက်တာ ဦးစောမြအောင်ရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာတင်မာအောင်အနေနဲ့ လုပ်ဖို့ သင့်တော်တဲ့ အချိန်ကာလဖြစ်တဲ့အတွက် ခုလို ဆုံးဖြတ်တယ်လို့ ယုံကြည်ပါတယ်။

ဝင်းမင်း ။ ။ ခုလိုဆုံးဖြတ်လိုက်တာကြောင့် ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အနာဂတ် အနေအထားမှာ ဘယ်လိုဖြစ်လာမယ်ထင်လဲ။

ဦးဦးလှမြင့် ။ ။ လူထုတွေကလည်း မျှော်လင့်နေမယ်လို့ ထင်ပါတယ်။ လူထုရဲ့ထောက်ခံမူကို အများဆုံး ရနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုံရိပ်ဟာ သူ့အဖေ လက်ထက်ကလိုပဲ ပိုပြီးတော့ ပီပြင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဝင်းမင်း ။ ။ ဒေါက်တာတင်မာအောင်အနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင်၊ ဘယ်လိုမျိုး ထိထိရောက်ရောက် အပြောင်းအလဲတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားလဲ။

ဦးဦးလှမြင့် ။ ။ ကျွန်တော်တို့ ALD က ၁၉၈၈ ခုနှစ်ကထဲက နိုင်ငံရေးမှာ နှစ်ပေါင်းကြာရှည် မှတ်ပုံတင်ပြီး ပါလာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အဲ့ဒီလို ရှည်လျားတဲ့ သမိုင်းရှိတဲ့အတွက်၊ သူ့ကိုလည်း ရခိုင်ပြည်နယ်ထဲမှာ သူအောင်ပွဲရလာရင် ထိုက်သင့်တဲ့နေရာတစ်ခုတော့၊ တာဝန်တစ်ခုတော့ ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဝင်းမင်း ။ ။ အဓိကတော့ ရခိုင်ဝန်ကြီးချုပ်လိုနေရာမျိုးကနေ၊ ဒါမှမဟုတ်ရင်လည်း အရေးပါတဲ့ ဝန်ကြီး တစ်နေရာမျိုးကနေပြီးတော့ လုပ်ဆောင်ပေးနိုင်တာမျိုးပေါ့နော်။

ဦးဦးလှမြင့် ။ ။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ပြီးရင် သူဟာ ဒီပေးအပ်တဲ့တာဝန်အပေါ်မှာ အကောင်းဆုံး လက်တွဲပြီးတော့ ဘယ်သူနဲ့မဆို လုပ်နိုင်လိမ့်မယ်။ သူ့မူရင်းစိတ်နေသဘောထားကိုက ဆွေးနွေး တိုင်ပင်ညှိုနှိုင်းပြီးတော့ အဖြေရှာတဲ့ဟာကို ဒေါက်တာတင်မာအောင်က ကြိုက်ပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးမျှော်လင့်နိုင်မယ့် လူတစ်ယောက်အဖြစ် ကျွန်တော်တို့ မျှော်လင့်ထားတယ်၊ ပါတီကလည်း ယုံကြည်တယ်ဗျ။

ဝင်မင်း ။ ။ NLD နဲ့ ဆက်ဆံရေး အပေါ်မှာရော ဘယ်လိုဖြစ်လာမယ်ထင်လဲ။

ဦးဦးလှမြင့် ။ ။ UNA (ညီညွှတ်သော တိုင်းရင်သားလူမျိုးများ မဟာမိတ်အဖွဲ့) နဲ့ NLD နဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ နဂိုထဲက ပါခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးက UNA မှာ ပါတဲ့အတွက် အဲ့ဒီမူအတိုင်း ဆက်သွားနေကြတာ။

ဝင်းမင်း ။ ။ အခုလက်ရှိမှာ UNA နဲ့ NLD ဆက်ဆံရေးအနေအထား ဘယ်လိုရှိလဲ၊ ရှေ့မှာရော ဘယ်လိုဖြစ်လာနိုင်မလဲ။

ဦးဦးလှမြင့် ။ ။ ဆက်ဆံရေးကို ပြောမယ်ဆိုရင်တော့ ရပ်တန့်နေတယ်လို့ မြင်ရတယ်ဗျ။ အဲ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးပြဿနာတွေကို မဆွေးနွေးဘဲနဲ့ လက်ရှိ အကြပ်အတည်းနဲ့ အနာဂတ်ကို ချီတက်ဖို့ မဖြစ်နိုင်ဘူးဗျ။ အဲ့ဒါကြောင့် ဘယ်ပါတီပဲ အာဏာရရ တိုင်းရင်းသားလူမျိုးတွေနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီးမှ သွားလို့ရမယ်။

ဝင်းမင်း ။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲ နိုင်ဖို့ အနေအထားရော။

ဦးဦးလှမြင့် ။ ။ ကျွန်တော်တို့ နိုင်ဖို့ သေချာပါတယ်။

ဝင်းမင်း ။ ။ အခြား ရခိုင်ပါတီတွေလည်း ရှိတော့၊ ဒီ မဲကွဲသွားမယ့် အနေအထားမျိုးအတွက်ရော ညှိနှိုင်းထားတာရှိလား။

ဦးဦးလှမြင့် ။ ။ ညှိနှိုင်းထားတာကတော့ မရှိဘူးဗျ။ သူတို့လဲ အပြိုင်သဘောနဲ့ ဝင်ပါလိမ့်မယ်။

ဝင်းမင်း ။ ။ ဒေါက်တာတင်မာအောင် အနေနဲ့ကတော့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ဝင်ပြိုင်မှာဆိုတော့၊ ဘယ်ပါတီနဲ့ အဓိက ပြိုင်ရမယ်လို့ထင်လဲ။

ဦးဦးလှမြင့် ။ ။ ရခိုင်ပါတီနဲ့ပဲ အဓိက ပြိုင်ရမယ့်သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

ဝင်းမင်း ။ ။ ဘယ်ရခိုင်ပါတီနဲ့ ပြိုင်ရမယ်လို့ထင်လဲ။

ဦးဦးလှမြင့် ။ ။ ရခိုင်အမျိုးသားပါတီ (ANP) နဲ့လို့ မြင်ပါတယ်။

ဝင်းမင်း ။ ။ နောက်ပိုင်းမှာရော ဒီ တခြားရခိုင်ပါတီတွေနဲ့ ညှိနှိုင်းဖို့ အလားအလာတွေရော။

ဦးဦးလှမြင့် ။ ။ ကျွန်တော်တို့ရဲ့ လက်စွဲမူကတော့ အမြဲတမ်း ညီညွတ်ဖို့လိုတယ်။ ဒါကြောင်မို့ ပြည်ထောင်စု အရေးမှာဖြစ်ဖြစ်၊ ပြည်နယ်အရေးမှာဖြစ်ဖြစ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်။

ဝင်းမင်း ။ ။ ခုလို ဒေါက်တာတင်မာအောင် ဝင်ပြိုင်မယ့် အနေအထားကနေ ရခိုင်နိုင်ငံရေးတစ်ခုလုံးအတွက်၊ ဆိုလိုတာ အခု လက်နက်ကိုင်တော်လှန်ရေးတွေဖြစ်နေတယ်၊ ရခိုင်ပါတီတွေနဲ့ NLD ပါတီအကြားဆက်ဆံရေးမှာလည်း အဖုအထစ်တွေရှိနေတယ်၊ ဒေါက်တာအေးမောင်ဆို ဖမ်းခံနေတဲ့ အနေအထားမျိုးဆိုတော့၊ အဲ့ဒီအနေအထားမျိုးကနေ အကောင်းဘက်မျိုးကိုရော။

ဦးဦးလှမြင့် ။ ။ ဟုတ်တယ်ခင်ဗျ ကျွန်တော်တို့ အကောင်းဆုံး ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ ဒီ အလုပ်ကို လုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာဖို့ရယ်၊ ရခိုင်ပြည်နယ်ရဲ့ အကြပ်အတည်းကိုရော ကျော်လွှားနိုင် လိမ့်မယ်လို့ မျှော်လင့်တာရယ်နဲ့၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဝင်းမင်း ။ ။ အခုလို ပြည့်ပြည့်စုံစုံ ရှင်းပြပေးတဲ့အတွက်၊ ကျေးဇူးအထူးတင်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပြောခွင့်ရနဲ့ အောင်နိုင်ရေး ကော်မတီဗဟို ဥက္ကဌ ဦးဦးလှမြင့်ကို ကိုဝင်းမင်းက မေးမြန်းခဲ့တာပါ။

XS
SM
MD
LG