သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ေရြးေကာက္ပြဲနဲ႔ ေဒၚ၀င္းျမျမ ေမွ်ာ္မွန္းခ်က္


NLD ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚဝင္းျမျမ (ဓါတ္ပံု Credit- DualArts Press Blog)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ အနာဂတ္ လႊတ္ေတာ္မွာ ဘာသာေပါင္းစံု ကိုယ္စားျပဳသူေတြ ပိုမိုပါ၀င္လာေရး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မႈနဲ႔ NLD က စတင္ႀကိဳးစားေဆာင္ရြက္ ေနေၾကာင္းပါတီကိုယ္စားလွယ္ေလာင္းျဖစ္သူ ေဒၚ၀င္းျမျမက ဗီြအိုေအကိုေျပာပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရခဲ့ေပမယ့္ အခု ၂၀၂၀ျပည့္ေ႐ြးေကာက္ပြဲမွာ NLD ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္တဦးအျဖစ္ ေ႐ြးခ်ယ္ ခံခဲ့ရတဲ့ မႏၲေလးၿမိဳ႕က ႏိုင္ငံေရးအရ ထင္ရွားလူသိမ်ားတဲ့ ေဒၚဝင္းျမျမ ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုစည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕ဝင္လည္းျဖစ္၊ မႏၲေလးတိုင္းေဒသႀကီး ဒုဥကၠဥလည္းျဖစ္တဲ့ ေဒၚဝင္းျမျမဟာ လာမယ့္ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲမွာေက်ာက္ဆည္ခ႐ိုင္ စဥ့္ကိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမမွာ ပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တဦးအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္မွာပါ။

၁၉၈၈ခုႏွစ္ ရွစ္ေလးလုံး လူထုလႈပ္ရွားမႈႀကီးကို စစ္တပ္က လက္နက္နဲ႔ အၾကမ္းဖက္ ၿဖိဳခြဲၿပီး အာဏာသိမ္းၿပီး ေနာက္ပိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ကို စတင္တည္ေထာင္ကတည္းက ပါဝင္ခဲ့တဲ့ ေဒၚဝင္းဝင္းျမျမဟာ ပါတီအေပၚ မမွိတ္မသုန္ယုံၾကည္မႈနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းခဲ့တယ္လို႔ ဗြီအိုေအကို သူက အခုလိုေျပာပါတယ္။

" ပါတီက က်မကို ပါတီတာ၀န္ေပးရင္လည္း ပါတီတာ၀န္ထမ္းမွာပဲ၊ လႊတ္ေတာ္ကိုယ္စားလွယ္ တာ၀န္ေပးရင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ တာ၀န္ထမ္းမွာပဲ။ အခု က်မက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာတင္လိုက္တယ္။ ပါတီကလည္း က်မကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တာ၀န္ေပးလိုက္ပါတယ္။

အင္ၾကင္းႏိုင္ ။။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ေဒၚဝင္းျမျမ ပါဝင္ခြင့္မရပဲ အခု ၂၀၂၀ျပည့္ေ႐ြးေကာက္ပြဲက်မွ ပါတီ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ အေနအထားကိုေရာ ဘယ္လိုျမင္ပါလဲ။

ေဒၚ၀င္းျမျမ ။။ ၂၀၁၅ တုန္းက က်မက လႊတ္္ေတာ္ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာတင္ပါတယ္။ ေနာက္ က်မအေနနဲ႔ ဦးစားေပးရမယ့္ အလုပ္တခုရွိတာေၾကာင့္ အဲဒီတာ၀န္ကိုပဲ ဦးစားေပးၿပီးေတာ့မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာကို ျပန္ရုပ္သိမ္းခဲ့တာပါ။ ဒီႏွစ္ေတာ့ က်မလည္း ေလွ်ာက္တယ္။ ပါတီကလည္း လက္ခံတယ္။ ဒါပါပဲ။

အင္ၾကင္းႏိုင္ ။။ အခု ျမန္မာလႊတ္ေတာ္ထဲမွာ မြတ္စလင္အမတ္ တေယာက္မွမရွိဘူး။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ NLD ကေန မြတ္စလင္အမတ္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ခဲ့တာမ်ိဳး လုံးဝမရွိဘူး။ အခု ၂၀၂၀ ျပည့္ေ႐ြးေကာက္ပြဲေရာက္မွာ မြတ္စလင္ ႏွစ္ဦး ေ႐ြးခဲ့တယ္။ ဒါေပမယ့္ လူဦးေရအခ်ိဳးအစားအရဆိုရင္ လႊတ္ေတာ္ထဲမွာ မြတ္စလင္ အမတ္ဦးေရ အရမ္းနည္းေနတာကို ေဝဖန္ခံရတဲ့အေပၚ ေဒၚဝင္းျမျမ ဘယ္လိုျမင္ပါလဲ။

ေဒၚ၀င္းျမျမ ။။ ဘာသာေပါင္းစံု ပါဖို႔အေရး ႏိုင္ငံတကာစံခ်ိန္စံညြန္း အတိုင္းျဖစ္ဖို႔ အကုန္လံုးက ဆႏၵရွိၾကပါတယ္။ တေျဖးေျဖးျဖစ္သြားမွာပါ။ အခုက်မတို႔ေခါင္းေဆာင္က စၿပီး ႀကိဳးစားၿပီးေတာ့မွ အခုလုပ္ေနတာပဲေလ။ ေရွ႕ၾကရင္ က်မတို႔က ဒီထက္မက အမ်ားႀကီးပိုၿပီး တိုးတက္လာမယ္။ လူသား၀ါဒကို က်မတို႔ ႏိုင္ငံမွာ ရင္းႏွီးသြားေအာင္လို႔ က်မတို႔ ေခါင္းေဆာင္ကေန ႀကိဳးစားၿပီး ေဆာင္ရြက္ေနတယ္လို႔ က်မ ေျပာခ်င္ပါတယ္။

အင္ၾကင္းႏိုင္ ။ ။ ျမန္မာႏိုင္ငံမွာ ဘာသာေရးနဲ႔ ပတ္သက္ရင္ အေတာ္ေလးခြဲျခား ဆက္ဆံမႈေတြ ရွိေနတယ္ဆိုတဲ့ ေဝဖန္ခံေနရတဲ့အေပၚ ဘယ္လိုျမင္လဲ။ ဒီလိုအေျခအေနေတြ တိုးတက္လာေအာင္ ဘယ္လိုလုပ္သင့္ပါလဲ။

ေဒၚ၀င္းျမျမ ။ ။ က်မတို႔ ျမန္မာႏိုင္ငံထဲမွာ ေတာ္ေတာ္ေလးနည္းတဲ့ လူအုပ္စုကေနၿပီးေတာ့ အမုန္းစကားေတြေျပာမယ္။ ဘာသာေရးခဲြျခားတယ္။ ဒါမ်ဳိးေတြရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ား လူအမ်ားကေတာ့ ဒါမ်ဳိးမရွိပါဘူး။ ႏိုင္ငံတိုးတက္ေစခ်င္တယ္။ ျပည္တြင္း ၿငိမ္းခ်မ္းခ်င္တယ္။ အားလံုး လူ႔အခြင့္အေရးကို ရရွိေစခ်င္တယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တယ္။ ဘာသာေပါင္းစံု ခ်စ္ၾကည္ေရး အဖဲြ႔ေတြလည္း ရွိပါတယ္။ ဒီအဖဲြ႔ေတြကေန ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဘာသာေပါင္းစံု ခ်စ္ၾကည္ေရး တစိုက္မတ္မတ္လုပ္ေဆာင္ေနသလို အစြန္းေရာက္တဲ့ ပုဂၢိဳလ္တခ်ဳိ႕လည္း ရွိပါတယ္။ ဒါေပမယ့္ ဘာသာေပါင္းစံုခ်စ္ၾကည္ရင္းႏွီးမွဳ ေဆာင္ရြက္ေနသူေတြလည္း အမ်ားႀကီးရွိေတာ့ ေရွ႕ေလ်ာက္ ပိုၿပီးေကာင္းသြားမယ္လို႔ က်မ ေျပာခ်င္ပါတယ္။

အင္ၾကင္းႏိုင္ ။ ။ ဘာပဲေျပာေျပာ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒကလည္းရွိေနတယ္။ အဲဒီေအာက္မွာ က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ကိုယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာဆိုေတာ့ ဒီ ၂၀၀၈ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ ပတ္သက္လို႔ ေဒၚဝင္းျမျမ အျမင္ ဘယ္လိုရွိပါလဲ။

ေဒၚ၀င္းျမျမ ။ ။ ကမၻာေပၚမွာေတာင္ အေတာ္ေလးျပင္ရခက္တဲ့ ဖဲြ႕စည္းပံုအေျခခံဥပေဒလို႔ က်မတို႔သိရပါတယ္။ ဒါေပမယ့္ က်မတို႔ ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ဒီဖဲြ႕စည္းပံုႀကီးရွိရဲ႕သာနဲ႔ က်မတို႔က ကိုယ့္အလုပ္ကို ကိုယ္လုပ္ရင္း ခရီးဒီေလာက္အထိ ေရာက္လာတယ္လို႔ က်မေျပာခ်င္ပါတယ္။ အဲေတာ့ က်မတို႔ကလည္း အလုပ္ပဲ လုပ္ရမွာပဲ။ အလုပ္က ပံုမွန္လုပ္ေနရင္ သြားပါမ်ား ခရီးေရာက္ဆိုသလို က်မတို႔ လိုခ်င္တဲ့ ပန္းတိုင္ေရာက္ဖို႔ ေအာင္ျမင္မႈရမွာပါ။

NLD ေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဦးေဆာင္မႈ အရည္အခ်င္းကို သူ႔အေနနဲ႔ အျပည့္အဝယုံၾကည္တဲ့အတြက္ ႏွစ္ေပါင္း ၃၀ေက်ာ္ၾကာ ေနာက္လိုက္ေကာင္းအေနနဲ႔ ရပ္တည္ခဲ့တာျဖစ္တယ္လို႔ ေဒၚဝင္းျမျမက ေျပာပါတယ္။

ႏိုင္ငံေရးလႈပ္ရွားမႈေတြနဲ႔ ႏွစ္ရွည္လမ်ား အႀကိမ္ႀကိမ္ဖမ္းဆီးခံခဲ့ရတဲ့ အသက္ (၇၁)ႏွစ္အရြယ္ ေဒၚဝင္းျမျမဟာ ၂၀၀၃ ဒီပဲယင္းလုပ္ႀကံမႈမွာ အၾကမ္းဖက္ လူအုပ္စုႀကီးရဲ႕ ႐ိုက္ႏွက္ခံရၿပီး အသက္မေသ ခဲ့ေပမယ့္လက္ႏွစ္ဖက္က်ိဳးခဲ့ရသလို၊စစ္အစိုးရလက္ထက္တေလ်ာက္လုံး မိသားစုအလိုက္ ဖိႏွိပ္ ေထာင္ခ်ခံခဲ့ရတာျဖစ္ပါတယ္။ ဒါအျပင္ ေဒၚ၀င္းျမျမဟာ ၂၀၀၇ ေရႊ၀ါေရာင္ သံဃာ့ေတာ္လွန္ေရးမွာ တက္တက္ၾကြၾကြ ပါ၀င္ကူညီခဲ့သူျဖစ္ပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ မြတ္စလင္ျဖစ္တဲ့အတြက္ ပါတီက ေဒၚ၀င္းျမျမကုိ ေရြးခ်ယ္ခဲ့ျခင္းမရွိဘူးဆုိတဲ့ ေ၀ဖန္ ေျပာဆုိမႈေတြလည္း ထြက္ခဲ့ပါတယ္။

အခုေတာ့ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာၿပီးေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ဖို႔ သူ႔ရဲ႕မိခင္ ပါတီက ေဒၚ၀င္းျမျမကို ပထမဆုံးအႀကိမ္ အခြင့္အေရးေပးႏိုင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

ဗုဒၶဘာသာဝင္အမ်ားစုျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ လူမ်ိဳးေရး၊ ဘာသာေရး ခြဲျခားမႈေတြ အက်ယ္အျပန႔္ရွိေနတယ္ဆိုၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ျပစ္တင္ရႈတ္ခ်မႈအျပင္ ျပည္တြင္းမွာလည္း အစြန္းေရာက္ ဗုဒၶဘာသာဝင္တခ်ိဳ႕ရဲ႕ ဆန႔္က်င္လႈပ္ရွားမႈေတြကို ရင္ဆိုင္ေနရတဲ့ NLD ေခါင္းေဆာင္ေတြအေနနဲ႔ ေဒၚဝင္းျမျမအပါအဝင္ အစၥလာမ္ဘာသာဝင္တခ်ိဳ႕ကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအျဖစ္ေ႐ြးခ်ယ္ခဲ့တာဟာ ႏိုင္ငံတကာစံခ်ိန္ စံၫြန္းေတြနဲ႔ ကိုက္ညီေအာင္ ႀကိဳးစားမႈတခုျဖစ္တယ္လို႔ ျမန္မာ့အေရးသံုးသပ္သူေတြက ရွဳျမင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

မြန်မာနိုင်ငံ အနာဂတ် လွှတ်တော်မှာ ဘာသာပေါင်းစုံ ကိုယ်စားပြုသူတွေ ပိုမိုပါဝင်လာရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ NLD က စတင်ကြိုးစားဆောင်ရွက် နေကြောင်းပါတီကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ်ဝင်းမြမြက ဗွီအိုအေကိုပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် အခု ၂၀၂၀ပြည့်ရွေးကောက်ပွဲမှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရွေးချယ် ခံခဲ့ရတဲ့ မန္တလေးမြို့က နိုင်ငံရေးအရ ထင်ရှားလူသိများတဲ့ ဒေါ်ဝင်းမြမြ ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်လည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီး ဒုဥက္ကဥလည်းဖြစ်တဲ့ ဒေါ်ဝင်းမြမြဟာ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲမှာကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်မြေမှာ ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးအနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာပါ။

၁၉၈၈ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးကို စစ်တပ်က လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့ ဒေါ်ဝင်းဝင်းမြမြဟာ ပါတီအပေါ် မမှိတ်မသုန်ယုံကြည်မှုနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တယ်လို့ ဗွီအိုအေကို သူက အခုလိုပြောပါတယ်။

" ပါတီက ကျမကို ပါတီတာဝန်ပေးရင်လည်း ပါတီတာဝန်ထမ်းမှာပဲ၊ လွှတ်တော်ကိုယ်စားလှယ် တာဝန်ပေးရင်လည်း လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းမှာပဲ။ အခု ကျမက လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်လိုက်တယ်။ ပါတီကလည်း ကျမကို လွှတ်တော်ကိုယ်စားလှယ်လောင်း တာဝန်ပေးလိုက်ပါတယ်။

အင်ကြင်းနိုင် ။။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါ်ဝင်းမြမြ ပါဝင်ခွင့်မရပဲ အခု ၂၀၂၀ပြည့်ရွေးကောက်ပွဲကျမှ ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ အနေအထားကိုရော ဘယ်လိုမြင်ပါလဲ။

ဒေါ်ဝင်းမြမြ ။။ ၂၀၁၅ တုန်းက ကျမက လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ပါတယ်။ နောက် ကျမအနေနဲ့ ဦးစားပေးရမယ့် အလုပ်တခုရှိတာကြောင့် အဲဒီတာဝန်ကိုပဲ ဦးစားပေးပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ပြန်ရုပ်သိမ်းခဲ့တာပါ။ ဒီနှစ်တော့ ကျမလည်း လျှောက်တယ်။ ပါတီကလည်း လက်ခံတယ်။ ဒါပါပဲ။

အင်ကြင်းနိုင် ။။ အခု မြန်မာလွှတ်တော်ထဲမှာ မွတ်စလင်အမတ် တယောက်မှမရှိဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကနေ မွတ်စလင်အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့တာမျိုး လုံးဝမရှိဘူး။ အခု ၂၀၂၀ ပြည့်ရွေးကောက်ပွဲရောက်မှာ မွတ်စလင် နှစ်ဦး ရွေးခဲ့တယ်။ ဒါပေမယ့် လူဦးရေအချိုးအစားအရဆိုရင် လွှတ်တော်ထဲမှာ မွတ်စလင် အမတ်ဦးရေ အရမ်းနည်းနေတာကို ဝေဖန်ခံရတဲ့အပေါ် ဒေါ်ဝင်းမြမြ ဘယ်လိုမြင်ပါလဲ။

ဒေါ်ဝင်းမြမြ ။။ ဘာသာပေါင်းစုံ ပါဖို့အရေး နိုင်ငံတကာစံချိန်စံညွန်း အတိုင်းဖြစ်ဖို့ အကုန်လုံးက ဆန္ဒရှိကြပါတယ်။ တဖြေးဖြေးဖြစ်သွားမှာပါ။ အခုကျမတို့ခေါင်းဆောင်က စပြီး ကြိုးစားပြီးတော့မှ အခုလုပ်နေတာပဲလေ။ ရှေ့ကြရင် ကျမတို့က ဒီထက်မက အများကြီးပိုပြီး တိုးတက်လာမယ်။ လူသားဝါဒကို ကျမတို့ နိုင်ငံမှာ ရင်းနှီးသွားအောင်လို့ ကျမတို့ ခေါင်းဆောင်ကနေ ကြိုးစားပြီး ဆောင်ရွက်နေတယ်လို့ ကျမ ပြောချင်ပါတယ်။

အင်ကြင်းနိုင် ။ ။ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ပတ်သက်ရင် အတော်လေးခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်ခံနေရတဲ့အပေါ် ဘယ်လိုမြင်လဲ။ ဒီလိုအခြေအနေတွေ တိုးတက်လာအောင် ဘယ်လိုလုပ်သင့်ပါလဲ။

ဒေါ်ဝင်းမြမြ ။ ။ ကျမတို့ မြန်မာနိုင်ငံထဲမှာ တော်တော်လေးနည်းတဲ့ လူအုပ်စုကနေပြီးတော့ အမုန်းစကားတွေပြောမယ်။ ဘာသာရေးခွဲခြားတယ်။ ဒါမျိုးတွေရှိပါတယ်။ တော်တော်များများ လူအများကတော့ ဒါမျိုးမရှိပါဘူး။ နိုင်ငံတိုးတက်စေချင်တယ်။ ပြည်တွင်း ငြိမ်းချမ်းချင်တယ်။ အားလုံး လူ့အခွင့်အရေးကို ရရှိစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေလည်း ရှိပါတယ်။ ဒီအဖွဲ့တွေကနေ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး တစိုက်မတ်မတ်လုပ်ဆောင်နေသလို အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တချို့လည်း ရှိပါတယ်။ ဒါပေမယ့် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်နေသူတွေလည်း အများကြီးရှိတော့ ရှေ့လျောက် ပိုပြီးကောင်းသွားမယ်လို့ ကျမ ပြောချင်ပါတယ်။

အင်ကြင်းနိုင် ။ ။ ဘာပဲပြောပြော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းရှိနေတယ်။ အဲဒီအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကိုယ်က ဝင်ရောက်ယှဉ်ပြိုင်ရမှာဆိုတော့ ဒီ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒေါ်ဝင်းမြမြ အမြင် ဘယ်လိုရှိပါလဲ။

ဒေါ်ဝင်းမြမြ ။ ။ ကမ္ဘာပေါ်မှာတောင် အတော်လေးပြင်ရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ကျမတို့သိရပါတယ်။ ဒါပေမယ့် ကျမတို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဖွဲ့စည်းပုံကြီးရှိရဲ့သာနဲ့ ကျမတို့က ကိုယ့်အလုပ်ကို ကိုယ်လုပ်ရင်း ခရီးဒီလောက်အထိ ရောက်လာတယ်လို့ ကျမပြောချင်ပါတယ်။ အဲတော့ ကျမတို့ကလည်း အလုပ်ပဲ လုပ်ရမှာပဲ။ အလုပ်က ပုံမှန်လုပ်နေရင် သွားပါများ ခရီးရောက်ဆိုသလို ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အောင်မြင်မှုရမှာပါ။

NLD ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အရည်အချင်းကို သူ့အနေနဲ့ အပြည့်အဝယုံကြည်တဲ့အတွက် နှစ်ပေါင်း ၃၀ကျော်ကြာ နောက်လိုက်ကောင်းအနေနဲ့ ရပ်တည်ခဲ့တာဖြစ်တယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ နှစ်ရှည်လများ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၇၁)နှစ်အရွယ် ဒေါ်ဝင်းမြမြဟာ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုမှာ အကြမ်းဖက် လူအုပ်စုကြီးရဲ့ ရိုက်နှက်ခံရပြီး အသက်မသေ ခဲ့ပေမယ့်လက်နှစ်ဖက်ကျိုးခဲ့ရသလို၊စစ်အစိုးရလက်ထက်တလျောက်လုံး မိသားစုအလိုက် ဖိနှိပ် ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင် ဒေါ်ဝင်းမြမြဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ကူညီခဲ့သူဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မွတ်စလင်ဖြစ်တဲ့အတွက် ပါတီက ဒေါ်ဝင်းမြမြကို ရွေးချယ်ခဲ့ခြင်းမရှိဘူးဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ခဲ့ပါတယ်။

အခုတော့ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ သူ့ရဲ့မိခင် ပါတီက ဒေါ်ဝင်းမြမြကို ပထမဆုံးအကြိမ် အခွင့်အရေးပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ အကျယ်အပြန့်ရှိနေတယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုအပြင် ပြည်တွင်းမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တချို့ရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ရင်ဆိုင်နေရတဲ့ NLD ခေါင်းဆောင်တွေအနေနဲ့ ဒေါ်ဝင်းမြမြအပါအဝင် အစ္စလာမ်ဘာသာဝင်တချို့ကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်ရွေးချယ်ခဲ့တာဟာ နိုင်ငံတကာစံချိန် စံညွန်းတွေနဲ့ ကိုက်ညီအောင် ကြိုးစားမှုတခုဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

XS
SM
MD
LG