သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာနယ္ေျမထဲက ေဒသခံေထာင္နဲ႔ခ်ီၿပီး မဲစာရင္းထဲမပါဘဲျဖစ္ေန


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi/Unicode)

တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာနယ္ေျမမွာ လာမယ့္ ႏုိ၀င္ဘာ ေရြးေကာက္ပဲြအတြက္ မဲေပးခြင့္ရွိသူစာရင္း ထုတ္ျပန္ရာမွာ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ မပါပဲျဖစ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစႏၵာႏြန္ သတင္းေပးပို႔ထားပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က မဲေပးခြင့္ရွိသူ စာရင္း ထုတ္ျပန္ရာမွာ မြန္ျပည္နယ္ ေရးေခ်ာင္းဖ်ားေဒသမွာရွိတဲ့ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာ နယ္ေျမအတြင္းက ေက်းရြာ ၁၀ ရြာမွာရွိတဲ့ လူဦးေရ ၃၆၀၀ ေလာက္ စာရင္းမွာ ပါမလာပဲ ျဖစ္ေနတာပါ။ ဒီအထဲမွာ ၁၅၀၀ ေလာက္ကေတာ့ ႏုိင္ငံသားမွတ္ပုံတင္ မရွိသူေတြ ပါ၀င္တယ္လုိ႔လည္း ေရြးေကာက္ပဲြ ေစာင့္ၾကည့္လႈပ္ရွားေနသူ ေဒသခံတဦးျဖစ္တဲ့ ဦးလြင္က ေျပာပါတယ္။

“မွတ္ပံုတင္ ရရွိေရး၊ မဲေပးခြင့္ရရွိေရးအတြက္ က်ေနာ္တို႔ ဆက္လက္လႈပ္ရွားေနပါတယ္။ ေစာေစာက လဝက၊ ေကာ္မရွင္၊ ေထြအုပ္ဆက္သြယ္ လိုက္ေတာ့ အဲ့ဒီေနရာမွာ မွတ္ပံုတင္ျပဳလုပ္ဖို႔အတြက္ကို ျပည္နယ္အစိုးရ ကေန တဆင့္ ႏိုင္ငံေတာ္သမၼတဆီကို တင္ထားပါတယ္ ဆိုၿပီးေတာ့ ကၽြန္ေတာ္ကို ၿပီးခ့ဲတဲ့ အခ်ိန္ပိုင္းအတြင္းမွာဘဲ ေျပာပါတယ္ခင္ဗ်ာ။ သမၼတခြင့္ျပဳခ်က္ရမွသာ အဲ့ေဒသကို မွတ္ပံုတင္ လုပ္ေပးလို႔ရမယ္လို႔ အဲ့လိုျပန္ဆက္သြယ္လာပါတယ္။”

ေရြးေကာက္ပဲြအတြက္ မဲေပးခြင့္ရွိသူစာရင္း ထုတ္ျပန္ရာမွာ အမွားအယြင္းေတြ ရွိေနတာနဲ႔ ပတ္သက္လုိ႔ မေန႔တုန္းက ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေရြးေကာက္ပဲြေကာ္မရွင္၊ လူ၀င္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန တာ၀န္ရွိသူေတြနဲ႔ အြန္လုိင္းကေန ေဆြးေႏြးခဲ့ၿပီး အခ်ိန္မီျပင္ဆင္ႏုိင္မယ့္ နည္းလမ္းေတြကုိလည္း ေျပာဆုိခဲ့ၾကတာပါ။

မတ္လဆန္းမွာတုန္းက ေဒသခံေတြအတြက္ အိမ္ေထာင္စုစာရင္းနဲ႔ ႏုိင္ငံသားစိစစ္ေရး မွတ္ပုံတင္ေတြ ရရွိဖုိ႔ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတို႔ကို တင္ျပထားေပမဲ့ တုိးတက္မႈမရွိေသးေၾကာင္းလည္း ေရြးေကာက္ပဲြေစာင့္ၾကည့္လႈပ္ရွားသူေတြက ေျပာပါတယ္။ ေရးၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးမွဴး ဦးမ်ဳိးခိုင္ကေတာ့ COVID-19 ကပ္ေရာဂါကာလမွာ ၾကန္႔ၾကာမႈေတြ ရွိေနတယ္လုိ႔ ေျပာပါတယ္။

“မတ္လ ၉ ရက္ေန႔မွာပဲ လဝကျပည္နယ္ ဦးစီးမွဴး ညႊန္ၾကားမႈျပဳဖို႔ ကၽြန္ေတာ္တင္ထားပါတယ္။ ဒီၾကားထဲမွာ ကိုဗစ္ကာလေတြျဖစ္ေနတဲ့အခါေတာ့ နည္းနည္းေလး လုပ္ငန္းေတြက ေႏွာင့္ေႏွးသြားတယ္ေပါ့ေနာ္္။ မြန္ျပည္နယ္အစိုးရကို ေရာက္တဲ့ေန႔ အဲ့ေနာက္ပိုင္း အခုမၾကာခင္ၿပီးခဲ့တဲ့လထဲ ဒီကိစၥကို သူတို႔မြန္ျပည္သစ္ပါတီကေန ဆက္သြယ္လာတဲ့အခါၾကေတာ့ ကၽြန္ေတာ္ကေတာ့ သူတို႔ကို မြန္ျပည္နယ္အစိုးရနဲ႔ သြားေရာက္ေတြ႔ဆံုးဖို႔ ဘယ္လိုပါ လမ္းျပေပးခဲ့တာေပါ့ အခုဆိုရင္ မြန္ျပည္နယ္ အစိုးရကေနၿပီးေတာ့ နိုင္ငံေတာ္ သမၼတ႐ုံးကို တင္မယ္ဆိုၿပီးေတာ့ ကၽြန္ေတာ္ကို လွမ္းၿပီးေတာ့ ရြာေတြက ဘယ္ရြာလဲ လုပ္မယ္လူေတြက ဘယ္သူလဲ အေရအတြက္ဘယ္ေလာက္လဲဆိုၿပီး လွမ္းေမးတာေပါ့။ သူ႕ရဲ႕လုပ္ငန္းသေဘာအရေတာ့ ႏိုင္ငံေတာ္သမၼတ႐ုံးကုိ ဆက္လက္တင္ျပမယ္လို႔ သိထားပါတယ္။”

မဲေပးခြင့္ရွိသူ စာရင္းမွာ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ပါမလာတဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ ေရးၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးညီညီေထြးကုိ ဆက္သြယ္ေမးျမန္းရာမွာေတာ့ ေျပာခြင့္မရွိေၾကာင္း တုန္႔ျပန္ခဲ့သလုိ၊ မြန္ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးဟိဏ္းလင္းထက္ကို ဆက္သြယ္ရာမွာလည္း တယ္လီဖုန္းနဲ႔ ေမးျမန္းတာကုိ ေျဖၾကားမွာမဟုတ္ေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ အစိုးရတာ၀န္ရွိသူေတြကေတာ့ မဲစာရင္းမွာ အမွားအယြင္း ရွိေနတာေတြကုိ အခ်ိန္မီျပင္ဆင္ဖုိ႔နဲ႔ မွတ္ပုံတင္ ထုတ္ေပးတဲ့ လုပ္ငန္းစဥ္ေတြကုိ အျမန္ဆုံး ေဆာင္ရြက္ေပးဖုိ႔ ႀကိဳးပမ္းမယ့္ အေၾကာင္း ေျပာဆုိထားပါတယ္။ ဇူလုိင္လ ၂၅ ရက္ေန႔က ပထမဆုံးအႀကိမ္ ထုတ္ျပန္တဲ့ မဲစာရင္းနဲ႔ ပတ္သက္လုိ႔ အမွားအယြင္းေတြကုိ ျပင္ဆင္ၿပီးေရြးေကာက္ပဲြမတုိင္ခင္ တလအလုိ ေအာက္တုိဘာလထဲမွာ ထပ္မံထုတ္ျပန္ဖုိ႔လည္း စီစဥ္ထားတာပါ။

ဒါေပမဲ့လည္း ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၃ လေလာက္သာ လုိေတာ့တဲ့အခ်ိန္မွာ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ မဲေပးခြင့္ရေအာင္ အခ်ိန္မီျပင္ဆင္ႏုိင္ပါ့မလားဆုိတာကုိ ဦးလြင္တုိ႔လုိ ေရြးေကာက္ပဲြ ေစာင့္ၾကည့္လႈပ္ရွားေနသူေတြက စုိးရိမ္ေနၾကပါတယ္။

“တကယ္ဆိုရင္ေတာ့ ႏိုင္ငံသား အခြင့္အေရးဆံုး႐ႈံးမႈက ပိုၿပီးေတာ့ ႀကီးမားတာေပါ့၊ ကၽြန္ေတာ္ မတ္လကတည္းက လုပ္ခဲ့ပါတယ္၊ ကိုဗစ္နဲ႔ဆံုေတာ့ မလုပ္ႏိုင္ဘူးေပါ့ အခု ဒီကာလအတြင္းမွာ အေပၚ႐ုံး၊ ေအာက္႐ုံးနဲ႔ သူတို႔လည္ေနတယ္၊ မနက္ျဖန္က မဲစာရင္းေနာက္ဆံုးရက္ျဖစ္ၿပီး တိုးနိုင္ဖို႔ မဲထဲပါႏိုင္ဖို႔ဆိုတာ ေတာ္ေတာ္ ခက္သြားပါၿပီးခင္ဗ်ာ။ ၂၀၀၈ တုန္းက အေျခခံဥပဒအတည္ျပဳဖို႔ဆိုၿပီးေတာ့ အဲ့ဒီမြန္ျပည္သစ္ထိန္းခ်ဳပ္နယ္ေျမ အနမ္ပံုရြာထိ မဲ႐ုံသြားေဆာက္ခဲ့ဖူးပါတယ္။ ၂၀၁၀၊ ၂၀၁၅ က မရေတာ့ပါဘူး”

ၿပီးခဲ့တဲ့ ဇူလုိင္လဆန္းမွာတုန္းက ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္တာ၀န္ရွိသူေတြ၊ အစုိးရအဖဲြ႔၀င္ေတြနဲ႔ သမၼတဦး၀င္းျမင့္ ေနျပည္ေတာ္မွာ ေတြ႔ဆုံရာမွာေတာ့ မဲေပးခြင့္ရွိသူတိုင္း မဲေပးပိုင္ခြင့္ မဆုံးရႈံးေစဖုိ႔၊ မဲေပးပိုင္ခြင့္ ဆုံးရႈံးတာဟာ ႏိုင္ငံသား တေယာက္ရဲ႕ ေမြးရာပါအခြင့္အေရး လူအခြင့္အေရး ဆုံးရႈံးရာေရာက္ေၾကာင္း သတိေပးခဲ့တာပါ။ ဒီအတြက္လည္း ႏုိင္ငံသားေတြရဲ႕ မဲေပးခြင့္ အခြင့္အေရး မဆုံးရႈံးရေအာင္ စီစဥ္ဖုိ႔ တာ၀န္ရွိတဲ့ ေရြးေကာက္ပဲြေကာ္မရွင္နဲ႔ သက္ဆုိင္ရာအစုိးရဌာနေတြ ပူးေပါင္းေဆာင္ရြက္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္




.............

မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေထဲက ဒေသခံထောင်နဲ့ချီပြီး မဲစာရင်းထဲမပါဘဲဖြစ်နေ
(Unicode)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ရာမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မပါပဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစန္ဒာနွန် သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲပေးခွင့်ရှိသူ စာရင်း ထုတ်ပြန်ရာမှာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာရှိတဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေအတွင်းက ကျေးရွာ ၁၀ ရွာမှာရှိတဲ့ လူဦးရေ ၃၆၀၀ လောက် စာရင်းမှာ ပါမလာပဲ ဖြစ်နေတာပါ။ ဒီအထဲမှာ ၁၅၀၀ လောက်ကတော့ နိုင်ငံသားမှတ်ပုံတင် မရှိသူတွေ ပါဝင်တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်လှုပ်ရှားနေသူ ဒေသခံတဦးဖြစ်တဲ့ ဦးလွင်က ပြောပါတယ်။

“မှတ်ပုံတင် ရရှိရေး၊ မဲပေးခွင့်ရရှိရေးအတွက် ကျနော်တို့ ဆက်လက်လှုပ်ရှားနေပါတယ်။ စောစောက လဝက၊ ကော်မရှင်၊ ထွေအုပ်ဆက်သွယ် လိုက်တော့ အဲ့ဒီနေရာမှာ မှတ်ပုံတင်ပြုလုပ်ဖို့အတွက်ကို ပြည်နယ်အစိုးရ ကနေ တဆင့် နိုင်ငံတော်သမ္မတဆီကို တင်ထားပါတယ် ဆိုပြီးတော့ ကျွန်တော်ကို ပြီးခဲ့တဲ့ အချိန်ပိုင်းအတွင်းမှာဘဲ ပြောပါတယ်ခင်ဗျာ။ သမ္မတခွင့်ပြုချက်ရမှသာ အဲ့ဒေသကို မှတ်ပုံတင် လုပ်ပေးလို့ရမယ်လို့ အဲ့လိုပြန်ဆက်သွယ်လာပါတယ်။”

ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ရှိနေတာနဲ့ ပတ်သက်လို့ မနေ့တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ပြီး အချိန်မီပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။

မတ်လဆန်းမှာတုန်းက ဒေသခံတွေအတွက် အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်တွေ ရရှိဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို တင်ပြထားပေမဲ့ တိုးတက်မှုမရှိသေးကြောင်းလည်း ရွေးကောက်ပွဲစောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးမှူး ဦးမျိုးခိုင်ကတော့ COVID-19 ကပ်ရောဂါကာလမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“မတ်လ ၉ ရက်နေ့မှာပဲ လဝကပြည်နယ် ဦးစီးမှူး ညွှန်ကြားမှုပြုဖို့ ကျွန်တော်တင်ထားပါတယ်။ ဒီကြားထဲမှာ ကိုဗစ်ကာလတွေဖြစ်နေတဲ့အခါတော့ နည်းနည်းလေး လုပ်ငန်းတွေက နှောင့်နှေးသွားတယ်ပေါ့နော်။ မွန်ပြည်နယ်အစိုးရကို ရောက်တဲ့နေ့ အဲ့နောက်ပိုင်း အခုမကြာခင်ပြီးခဲ့တဲ့လထဲ ဒီကိစ္စကို သူတို့မွန်ပြည်သစ်ပါတီကနေ ဆက်သွယ်လာတဲ့အခါကြတော့ ကျွန်တော်ကတော့ သူတို့ကို မွန်ပြည်နယ်အစိုးရနဲ့ သွားရောက်တွေ့ဆုံးဖို့ ဘယ်လိုပါ လမ်းပြပေးခဲ့တာပေါ့ အခုဆိုရင် မွန်ပြည်နယ် အစိုးရကနေပြီးတော့ နိုင်ငံတော် သမ္မတရုံးကို တင်မယ်ဆိုပြီးတော့ ကျွန်တော်ကို လှမ်းပြီးတော့ ရွာတွေက ဘယ်ရွာလဲ လုပ်မယ်လူတွေက ဘယ်သူလဲ အရေအတွက်ဘယ်လောက်လဲဆိုပြီး လှမ်းမေးတာပေါ့။ သူ့ရဲ့လုပ်ငန်းသဘောအရတော့ နိုင်ငံတော်သမ္မတရုံးကို ဆက်လက်တင်ပြမယ်လို့ သိထားပါတယ်။”

မဲပေးခွင့်ရှိသူ စာရင်းမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပါမလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီညီထွေးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြောခွင့်မရှိကြောင်း တုန့်ပြန်ခဲ့သလို၊ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ကို ဆက်သွယ်ရာမှာလည်း တယ်လီဖုန်းနဲ့ မေးမြန်းတာကို ဖြေကြားမှာမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရတာဝန်ရှိသူတွေကတော့ မဲစာရင်းမှာ အမှားအယွင်း ရှိနေတာတွေကို အချိန်မီပြင်ဆင်ဖို့နဲ့ မှတ်ပုံတင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကြိုးပမ်းမယ့် အကြောင်း ပြောဆိုထားပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းနဲ့ ပတ်သက်လို့ အမှားအယွင်းတွေကို ပြင်ဆင်ပြီးရွေးကောက်ပွဲမတိုင်ခင် တလအလို အောက်တိုဘာလထဲမှာ ထပ်မံထုတ်ပြန်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမဲ့လည်း ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လလောက်သာ လိုတော့တဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မဲပေးခွင့်ရအောင် အချိန်မီပြင်ဆင်နိုင်ပါ့မလားဆိုတာကို ဦးလွင်တို့လို ရွေးကောက်ပွဲ စောင့်ကြည့်လှုပ်ရှားနေသူတွေက စိုးရိမ်နေကြပါတယ်။

“တကယ်ဆိုရင်တော့ နိုင်ငံသား အခွင့်အရေးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားတာပေါ့၊ ကျွန်တော် မတ်လကတည်းက လုပ်ခဲ့ပါတယ်၊ ကိုဗစ်နဲ့ဆုံတော့ မလုပ်နိုင်ဘူးပေါ့ အခု ဒီကာလအတွင်းမှာ အပေါ်ရုံး၊ အောက်ရုံးနဲ့ သူတို့လည်နေတယ်၊ မနက်ဖြန်က မဲစာရင်းနောက်ဆုံးရက်ဖြစ်ပြီး တိုးနိုင်ဖို့ မဲထဲပါနိုင်ဖို့ဆိုတာ တော်တော် ခက်သွားပါပြီးခင်ဗျာ။ ၂၀၀၈ တုန်းက အခြေခံဥပဒအတည်ပြုဖို့ဆိုပြီးတော့ အဲ့ဒီမွန်ပြည်သစ်ထိန်းချုပ်နယ်မြေ အနမ်ပုံရွာထိ မဲရုံသွားဆောက်ခဲ့ဖူးပါတယ်။ ၂၀၁၀၊ ၂၀၁၅ က မရတော့ပါဘူး”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ တွေ့ဆုံရာမှာတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့၊ မဲပေးပိုင်ခွင့် ဆုံးရှုံးတာဟာ နိုင်ငံသား တယောက်ရဲ့ မွေးရာပါအခွင့်အရေး လူအခွင့်အရေး ဆုံးရှုံးရာရောက်ကြောင်း သတိပေးခဲ့တာပါ။ ဒီအတွက်လည်း နိုင်ငံသားတွေရဲ့ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးရအောင် စီစဉ်ဖို့ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာအစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG