သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေကာ့မွဴးမွာ ေဒၚစုနဲ႔ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္းေတြရဲ႕ အလားအလာ


ေဒၚေအာင္ဆန္းစုၾကည္ (၂၀၁၅ ႏို၀င္ဘာလ ၁၆ ရက္ေန႔)

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြမွာ အႏိုင္ရၿပီး ျပည္သူ႔လႊတ္ေတာ္ထဲကို ေရာက္ခဲ့ရင္ ဖြဲ႔စည္းပုံအေျခခံဥပေဒသစ္ ေရးဆြဲေရးကိစၥကို အဓိက ဦးစားေပး အေကာင္ထည္ေဖၚသြားမယ္လုိ႔ ရန္ကုန္တုိင္း ေကာ့မႉးၿမဳိ႕နယ္မွာ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိပ္တိုက္ယွဥ္ၿပဳိင္မယ့္ UNDP ပါတီဥကၠဌ ဦးေဒးဗစ္လွျမင့္က ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အႏိုင္ရပါ့မလားဆိုတဲ့အေပၚမွာ သံသယ ဝင္ေနသူေတြလည္း ရွိတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ရန္ကုန္တုိင္း ေကာ့မႉးၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ညီညြတ္ေသာ တိုင္းရင္းသားလူမ်ဳိးမ်ား ဒီမုိကေရစီပါတီ UNDP ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ အဖဲြ႔က သူ႔ကို ေရြးခ်ယ္ တာဝန္ေပးခဲ့တာ ျဖစ္တယ္လို႔ UNDP ဥကၠဌ ဦးေဒးဗစ္လွျမင့္က VOA ကိုရွင္းျပပါတယ္။

UNDP ဥကၠဌ ဦးေဒးဗစ္လွျမင့္ (ဓါတ္ပံု-UNDP)
UNDP ဥကၠဌ ဦးေဒးဗစ္လွျမင့္ (ဓါတ္ပံု-UNDP)

" ေကာ့မႉးမွာ ေရြးေကာက္ပြဲဝင္ၿပဳိင္ရတဲ့ အေၾကာင္းရင္းကေတာ့ ေကာ့မႉးေဒသ ျပည္သူေတြကလည္း လက္ရွိအေျခအေနေပၚမွာ သူတို႔ အားမရတဲ့အေၾကာင္းေတြရွိတယ္၊ သူတို႔ ေမွ်ာ္လင့္ထားသလို ျဖစ္မလာတဲ့ အတုိင္းအတာေတြ ရွိလာတဲ့အခါက်ေတာ့ ဒီအေနအထားေပၚမွာ အျခားေသာ ႏိုင္ငံေရးအင္အားစုေတြကို ေမွ်ာ္လင့္ေနတဲ့ အပိုင္းေတြရွိတယ္။ ရွိတဲ့အတြက္ က်ေနာ္တို႔က ျပည္သူလူထု လိုလားတဲ့ေနရာတခုမွာ ဝင္ေရာက္ယွဥ္ၿပဳိင္ရင္ေတာ့ ကုိယ့္အတြက္ ႏိုင္ငံေရးအရ အမ်ားႀကီးအားသာခ်က္ ရွိလာမယ္ဆိုတဲ့ က်ေနာ္တုိ႔ပါတီ CEC က သုံးသပ္ၿပီးေတာ့၊ ေနာက္ဆုံးမွာ ေကာ့မႉးကို သြားၿပဳိင္ပါဆိုၿပီး က်ေနာ့္ကို ေရြးလုိက္တာပဲ။ ဒါေၾကာင့္ က်ေနာ္ ေကာ့မႉးကေန ဝင္ၿပဳိင္မွာပါခင္ဗ်။ "

တကယ္ေတာ့ ေကာ့မႉးၿမဳိ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာကို ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပဲြမွာေရာ ၊ ၂၀၁၅ အေထြေထြ ေရြးေကာက္ပဲြမွာပါ NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က အႏိုင္ရထားတာ ျဖစ္ပါတယ္။

ဒါေပမဲ့ NLD အစိုးရရဲ႕ သက္တမ္းအတြင္း ဖဲြ႔စည္းပုံ အေျခခံဥပေဒအေရးနဲ႔ ၿငိမ္းခ်မ္းေရး လိုကိစၥ ေတြမွာ လုပ္သင့္လုပ္ထိုက္တာေတြ မလုပ္ခဲ့တာကို အားမရလို႔ ကုိယ္တိုင္က ပါတီေထာင္ၿပီး ေရြးေကာက္ပဲြ ဝင္ဖို႔အထိ ျဖစ္လာရတာလို႔ UNDP ဥကၠဌ ဦးေဒးဗစ္လွျမင့္က သူ႕ခံယူခ်က္ကို ေျပာပါတယ္။

" အေရးႀကီးတဲ့အခ်က္ကေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံ ဥပေဒဆုိင္ရာကိစၥပဲဗ်။ ဒီဖဲြ႔စည္းပုံ အေျခခံဥပေဒက က်ေနာ္တို႔ႏိုင္ငံရဲ႕ တိုးတက္ေရးကိစၥ ေျပာင္းလဲေရးကိစၥမွာ အဓိက အဟန္႔အတားပဲ။ အခုဟာက ဖဲြ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဆိုတဲ့ ေခါင္းစဥ္ေအာက္ပဲသြားေနတာ ေတြ႔ရတယ္။ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ျပင္မယ္ဆိုတဲ့ လမ္းေၾကာင္းနဲ႔ သြားေနတဲ့ ကာလပတ္လုံး က်ေနာ္တုိ႔ လိုခ်င္တဲ့ ႏိုင္ငံမ်ဳိး စနစ္မ်ဳိးကို ဘယ္ေတာ့မွ ေရာက္စရာအေၾကာင္း မရွိဘူး။ ဆိုေတာ့ ဖဲြ႔စည္းပုံအေျခခံ ဥပေဒတခုကို အသစ္ျပန္လည္ေရးဆဲြလိုက္တာက အေကာင္းဆုံး ျဖစ္လိမ့္မယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္။ အဲဒီလို လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ေတြကို တာဝန္ရွိသူေတြက မလုပ္ႏိုင္တဲ့အခါက်ေတာ့ က်ေနာ္တို႔ကိုယ္တိုင္ပဲ ဝင္လုပ္ေတာ့မယ္ ဆုိၿပီးေတာ့၊ လႊတ္ေတာ္အခင္းအက်င္းကို က်ေနာ္တုိ႔ အခုလို ဝင္ေရာက္လာျခင္း ျဖစ္တယ္။ ေနာက္တခုက ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ကိစၥေတြ ၊ က်ေနာ္တို႔ ႀကဳိတင္ကန္႔သတ္ခ်က္ မရွိပဲနဲ႔ ပြင့္လင္းျမင္သာၿပီး လြတ္လြတ္လပ္လပ္ ေဆြးေႏြးညွိႏႈိင္းတဲ့ ၿငိမ္းခ်မ္းေရးမ်ဳိးကိုပဲ က်ေနာ္တို႔သြားေစခ်င္တယ္ ေဆြးေႏြးပြဲေတြ ျဖစ္ေစခ်င္တယ္ ။ ဒါမွလည္းပဲ တဖက္နဲ႔တဖက္ အေပးအယူေတြ ညွိႏႈိင္းမႈေတြ လုပ္လို႔ရတယ္။ "

ဖြဲ႔စည္းပုံ အေျခခံဥပေဒကို အသစ္ေရးမယ္ဆိုရင္ ဒီ ၂၀၀၈ ဥပေဒကို စတင္ေရးဆဲြခဲ့တဲ့ တပ္မေတာ္ အင္အားစုနဲ႔ ထိပ္တိုက္ ျဖစ္လာႏိုင္စရာအေၾကာင္း ရွိႏိုင္ေပမဲ့ ဒါကို ရင္ဆုိင္ ေက်ာ္လႊားသြားမယ္လုိ႔ ဦးေဒးဗစ္လွျမင့္က ေျပာပါတယ္။

" ဖဲြ႔စည္းပုံအေျခခံဥပေဒအသစ္ ေရးမယ္ဆိုရင္ေတာ့ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ကာကြယ္မယ့္ ပုဂၢိဳလ္မ်ားနဲ႔ေတာ့ ထိပ္တိုက္ ေတြ႔ႏိုင္တာေပါ့ဗ်ာ။ သို႔ေပမယ့္ က်ေနာ္တုိ႔က လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ကို လုပ္ရမွာ။ လုပ္သင့္လုပ္ထုိက္တာ လုပ္ရမွာကုိ ထိပ္တိုက္ ေတြ႔မွာစိုးလို႔ ေရွာင္မယ္ဆိုရင္ က်ေနာ္တို႔ ဒီအဝန္းအဝုိင္းထဲ လာစရာအေၾကာင္း မရိွိေတာ့ဘူး၊ ျပည္သူလူထုအက်ဳိး တုိင္းျပည္ အက်ဳိးအတြက္ ဆုိလို႔ရွိရင္ ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔ ရင္ဆိုင္ရမွာပဲ၊ ေရွာင္လႊဲသြားလို႔ မရဘူး။"

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕နယ္ေျမျဖစ္တဲ့ ေကာ့မႉးၿမဳိ႕နယ္မွာ ေအာင္ႏိုင္စရာ အေျခအေနေတြ ရွိတာေၾကာင့္လည္း ဒီၿမဳိ႕နယ္ကို ေရြးခ်ယ္ ယွဥ္ျပဳိင္ျခင္း ျဖစ္တယ္လို႔ ဦးေဒးဗစ္လွျမင့္က တြက္ျပပါတယ္။

" က်ေနာ္တို႔ကလည္း ေရြးေကာက္ပဲြ ဝင္ၿပဳိင္တယ္ဆိုကတည္းက ေရြးေကာက္ပဲြကို တကယ္ပဲ အႏိုင္ရရွိေအာင္ ေဆာင္ရြယ္မယ္ဆုိၿပီးေတာ့ က်ေနာ္တို႔ ဝင္လာတာဗ် ေပါ့ေပါ့ဆဆနဲ႔ ဝင္ၿပဳိင္ျခင္း မဟုတ္ဘူးေပါ့ေနာ္။ ေကာ့မႉးၿမဳိ႕နယ္နဲ႔ က်ေနာ္တို႔နဲ႔ကေတာ့ ပါတီေထာင္မွ ေရြးေကာက္ပဲြဝင္မွ ထိေတြ႔တာ မဟုတ္ဘူးခင္ဗ်။ အဲဒီ ေကာ့မႉးၿမဳိ႕နယ္မွာ က်ေနာ္တို႔က ဘာေတြလုပ္ထားလဲဆိုေတာ့ လြန္ခဲ့တဲ့ ၆ ႏွစ္ေလာက္ ကတည္းက ၿမဳိ႕နယ္အဆင့္ ရပ္/ေက်းအဆင့္ အဖြဲ႔ေတြ က်ေနာ္တို႔ တည္ေဆာက္ၿပီးသားရွိတယ္။ ေနာက္တခါ လူ႔အခြင့္အေရး ခ်ဳိးေဖါက္တဲ့ကိစၥေတြကို လုိက္လံ ေျဖရွင္းေပးတဲ့ကိစၥ၊ လယ္သမားေတြ လယ္သိမ္းခံ ေျမသိမ္းခံ ကိစၥေတြကို လုိက္လံေျဖရွင္းေပးတဲ့ ကိစၥေတြက ေကာ့မႉးၿမဳိ႕နယ္မွာ အကုန္လုံး က်ေနာ္တုိ႔က အဆင့္ဆင့္တည္ေဆာက္ထားၿပီးသား ျဖစ္တဲ့အတြက္ ေကာ့မႉးေဒသနဲ႔ က်ေနာ္တုိ႔က လုံးဝ မစိမ္းဘူးေပါ့ေနာ္။ က်ေနာ္တို႔ လုပ္ေဆာင္ခ်က္ေတြကိုလည္း ေကာ့မႉးေဒသက အေတာ္မ်ားမ်ားသိတယ္။ ဟုိး ရြာေတြအထိ သိတယ္။ အဲဒီေတာ့ က်ေနာ္တို႔ခုလို ေရြးေကာက္ပဲြ ဝင္လာတဲ့အခါက်ေတာ့ လူထုေထာက္ခံမႈလည္း ရႏိုင္တယ္၊ ႏိုင္သြားႏိုင္တယ္ ဆိုတဲ့ ယုံၾကည္မႈရွိတယ္။ အဲဒီယုံၾကည္မႈအတုိင္းပဲ က်ေနာ္ ဝင္ေရာက္ယွဥ္ျပဳိင္ျခင္း ျဖစ္ပါတယ္။"

UNDP ပါတီဥကၠဌ တဦးအေနနဲ႔ ေကာ့မႉးၿမဳိ႕နယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ယွဥ္ၿပဳိင္ အႏိုင္ရဖို႔ အလားအလာက ဘယ္လို ရွိမွာပါလဲ ။ အေမရိကန္ျပည္ေထာင္စု အင္ဒီယားနားျပည္နယ္က ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာ တင္ေဆြက ခုလို ျမင္ပါတယ္။

" ပြင့္ပြင့္လင္းလင္း အားမနာတမ္း တည့္တည့္ ေျပာရရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုေက်ာ္ၿပီး ႏိုင္စရာ ဘယ္ကိုယ္စားလွယ္ေလာင္းမွ မရွိပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ေပါ့ ။ ခုတင္ျပတဲ့ ကုိယ္စားလွယ္ ေတြထက္ ပိုၿပီးႀကီးက်ယ္တဲ့ ပိုၿပီးခ်မ္းသာတဲ့ ပိုၿပီးလူသိမ်ားတဲ့ လူေတြလာၿပဳိင္လည္း ႏိုင္ႏိုင္မယ္လို႔ က်ေနာ္ကေတာ့ မထင္ဘူးေပါ့ေနာ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အရွိန္အဝါဟာ ဒီကေန႔အခ်ိန္ထိ က်မသြားပဲနဲ႔ အရင္ထက္ေတာ့ မေလ်ာ့ဘူးလို႔ က်ေနာ္ထင္တယ္။ ဒါေၾကာင့္ ဒီေန႔ကာလမွာေတာ့ သူ႔ထက္ေက်ာ္ေအာင္ လုပ္ႏိုင္မယ္ဆုိၿပီး မဲဆႏၵရွင္ေတြက ယုံမယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ "

ဦးေဒးဗစ္လွျမင့္ဟာ NLD ပါတီဝင္ေဟာင္းတဦး ျဖစ္ၿပီး ၊ ၁၉၉၀ ခုႏွစ္ေရြးေကာက္ပဲြတုန္းက NLD ပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဧရာဝတီတိုင္း ငပုေတာၿမဳိ့နယ္ကေန အေရြးခ်ယ္ခံခဲ့ရတဲ့ အမတ္ေဟာင္း တဦးလည္းျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြအတြင္း ေကာ့မႉးၿမဳိ႕နယ္မွာ ယွဥ္ၿပဳိင္ခြင့္ရွိတာက ျပည္သူ႔လႊတ္ေတာ္အတြက္ မဲဆႏၵနယ္ေျမ (၁)ေနရာ ၊ အမ်ဳိးသားလႊတ္ေတာ္အတြက္ (၁)ေနရာနဲ႔ ရန္ကုန္တုိင္း ေဒသႀကီး လႊတ္ေတာ္အတြက္ (၂)ေနရာ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ေနရာအတြက္ NLD ပါတီက ေဒၚေအာင္ဆန္းစုၾကည္၊ UNDP ပါတီက ဦးေဒးဗစ္လွျမင့္နဲ႔ Orchid Hotel စီးပြားေရးလုပ္ငန္းရွင္ ဦးေဌးေအာင္တို႔ ဝင္ျပဳိင္မွာျဖစ္ၿပီး ၊ စစ္အစိုးရလက္ထက္ လူ႔အခြင့္အေရးတက္ၾကြလႈပ္ရွားသူ လက္ရွိမွာ လယ္သမားအေရးေဆာင္ရြက္ေနတဲ့ မစုစုေႏြးကေတာ့ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပဳိင္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကော့မှူးမှာ ဒေါ်စုနဲ့ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အလားအလာ

(Unicode)

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲကို ရောက်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးကိစ္စကို အဓိက ဦးစားပေး အကောင်ထည်ဖေါ်သွားမယ်လို့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်မယ့် UNDP ပါတီဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရပါ့မလားဆိုတဲ့အပေါ်မှာ သံသယ ဝင်နေသူတွေလည်း ရှိတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သူ့ကို ရွေးချယ် တာဝန်ပေးခဲ့တာ ဖြစ်တယ်လို့ UNDP ဥက္ကဌ ဦးဒေးဗစ်လှမြင့်က VOA ကိုရှင်းပြပါတယ်။

" ကော့မှူးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ အကြောင်းရင်းကတော့ ကော့မှူးဒေသ ပြည်သူတွေကလည်း လက်ရှိအခြေအနေပေါ်မှာ သူတို့ အားမရတဲ့အကြောင်းတွေရှိတယ်၊ သူတို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အတိုင်းအတာတွေ ရှိလာတဲ့အခါကျတော့ ဒီအနေအထားပေါ်မှာ အခြားသော နိုင်ငံရေးအင်အားစုတွေကို မျှော်လင့်နေတဲ့ အပိုင်းတွေရှိတယ်။ ရှိတဲ့အတွက် ကျနော်တို့က ပြည်သူလူထု လိုလားတဲ့နေရာတခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်တော့ ကိုယ့်အတွက် နိုင်ငံရေးအရ အများကြီးအားသာချက် ရှိလာမယ်ဆိုတဲ့ ကျနော်တို့ပါတီ CEC က သုံးသပ်ပြီးတော့၊ နောက်ဆုံးမှာ ကော့မှူးကို သွားပြိုင်ပါဆိုပြီး ကျနော့်ကို ရွေးလိုက်တာပဲ။ ဒါကြောင့် ကျနော် ကော့မှူးကနေ ဝင်ပြိုင်မှာပါခင်ဗျ။ "

တကယ်တော့ ကော့မှူးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာရော ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာပါ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ NLD အစိုးရရဲ့ သက်တမ်းအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရေးနဲ့ ငြိမ်းချမ်းရေး လိုကိစ္စ တွေမှာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့တာကို အားမရလို့ ကိုယ်တိုင်က ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့အထိ ဖြစ်လာရတာလို့ UNDP ဥက္ကဌ ဦးဒေးဗစ်လှမြင့်က သူ့ခံယူချက်ကို ပြောပါတယ်။

" အရေးကြီးတဲ့အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စပဲဗျ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ကျနော်တို့နိုင်ငံရဲ့ တိုးတက်ရေးကိစ္စ ပြောင်းလဲရေးကိစ္စမှာ အဓိက အဟန့်အတားပဲ။ အခုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ပဲသွားနေတာ တွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သွားနေတဲ့ ကာလပတ်လုံး ကျနော်တို့ လိုချင်တဲ့ နိုင်ငံမျိုး စနစ်မျိုးကို ဘယ်တော့မှ ရောက်စရာအကြောင်း မရှိဘူး။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုကို အသစ်ပြန်လည်ရေးဆွဲလိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီလို လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို တာဝန်ရှိသူတွေက မလုပ်နိုင်တဲ့အခါကျတော့ ကျနော်တို့ကိုယ်တိုင်ပဲ ဝင်လုပ်တော့မယ် ဆိုပြီးတော့၊ လွှတ်တော်အခင်းအကျင်းကို ကျနော်တို့ အခုလို ဝင်ရောက်လာခြင်း ဖြစ်တယ်။ နောက်တခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ၊ ကျနော်တို့ ကြိုတင်ကန့်သတ်ချက် မရှိပဲနဲ့ ပွင့်လင်းမြင်သာပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးညှိနှိုင်းတဲ့ ငြိမ်းချမ်းရေးမျိုးကိုပဲ ကျနော်တို့သွားစေချင်တယ် ဆွေးနွေးပွဲတွေ ဖြစ်စေချင်တယ် ။ ဒါမှလည်းပဲ တဖက်နဲ့တဖက် အပေးအယူတွေ ညှိနှိုင်းမှုတွေ လုပ်လို့ရတယ်။ "

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးမယ်ဆိုရင် ဒီ ၂၀၀၈ ဥပဒေကို စတင်ရေးဆွဲခဲ့တဲ့ တပ်မတော် အင်အားစုနဲ့ ထိပ်တိုက် ဖြစ်လာနိုင်စရာအကြောင်း ရှိနိုင်ပေမဲ့ ဒါကို ရင်ဆိုင် ကျော်လွှားသွားမယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

" ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ့် ပုဂ္ဂိုလ်များနဲ့တော့ ထိပ်တိုက် တွေ့နိုင်တာပေါ့ဗျာ။ သို့ပေမယ့် ကျနော်တို့က လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ရမှာ။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာကို ထိပ်တိုက် တွေ့မှာစိုးလို့ ရှောင်မယ်ဆိုရင် ကျနော်တို့ ဒီအဝန်းအဝိုင်းထဲ လာစရာအကြောင်း မရှိတော့ဘူး၊ ပြည်သူလူထုအကျိုး တိုင်းပြည် အကျိုးအတွက် ဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ရင်ဆိုင်ရမှာပဲ၊ ရှောင်လွှဲသွားလို့ မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့နယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ အောင်နိုင်စရာ အခြေအနေတွေ ရှိတာကြောင့်လည်း ဒီမြို့နယ်ကို ရွေးချယ် ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဦးဒေးဗစ်လှမြင့်က တွက်ပြပါတယ်။

" ကျနော်တို့ကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်တယ်ဆိုကတည်းက ရွေးကောက်ပွဲကို တကယ်ပဲ အနိုင်ရရှိအောင် ဆောင်ရွယ်မယ်ဆိုပြီးတော့ ကျနော်တို့ ဝင်လာတာဗျ ပေါ့ပေါ့ဆဆနဲ့ ဝင်ပြိုင်ခြင်း မဟုတ်ဘူးပေါ့နော်။ ကော့မှူးမြို့နယ်နဲ့ ကျနော်တို့နဲ့ကတော့ ပါတီထောင်မှ ရွေးကောက်ပွဲဝင်မှ ထိတွေ့တာ မဟုတ်ဘူးခင်ဗျ။ အဲဒီ ကော့မှူးမြို့နယ်မှာ ကျနော်တို့က ဘာတွေလုပ်ထားလဲဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက် ကတည်းက မြို့နယ်အဆင့် ရပ်/ကျေးအဆင့် အဖွဲ့တွေ ကျနော်တို့ တည်ဆောက်ပြီးသားရှိတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ကိစ္စတွေကို လိုက်လံ ဖြေရှင်းပေးတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံ မြေသိမ်းခံ ကိစ္စတွေကို လိုက်လံဖြေရှင်းပေးတဲ့ ကိစ္စတွေက ကော့မှူးမြို့နယ်မှာ အကုန်လုံး ကျနော်တို့က အဆင့်ဆင့်တည်ဆောက်ထားပြီးသား ဖြစ်တဲ့အတွက် ကော့မှူးဒေသနဲ့ ကျနော်တို့က လုံးဝ မစိမ်းဘူးပေါ့နော်။ ကျနော်တို့ လုပ်ဆောင်ချက်တွေကိုလည်း ကော့မှူးဒေသက အတော်များများသိတယ်။ ဟိုး ရွာတွေအထိ သိတယ်။ အဲဒီတော့ ကျနော်တို့ခုလို ရွေးကောက်ပွဲ ဝင်လာတဲ့အခါကျတော့ လူထုထောက်ခံမှုလည်း ရနိုင်တယ်၊ နိုင်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်မှုရှိတယ်။ အဲဒီယုံကြည်မှုအတိုင်းပဲ ကျနော် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။"

UNDP ပါတီဥက္ကဌ တဦးအနေနဲ့ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင် အနိုင်ရဖို့ အလားအလာက ဘယ်လို ရှိမှာပါလဲ ။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်က နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ တင်ဆွေက ခုလို မြင်ပါတယ်။

" ပွင့်ပွင့်လင်းလင်း အားမနာတမ်း တည့်တည့် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နိုင်စရာ ဘယ်ကိုယ်စားလှယ်လောင်းမှ မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ။ ခုတင်ပြတဲ့ ကိုယ်စားလှယ် တွေထက် ပိုပြီးကြီးကျယ်တဲ့ ပိုပြီးချမ်းသာတဲ့ ပိုပြီးလူသိများတဲ့ လူတွေလာပြိုင်လည်း နိုင်နိုင်မယ်လို့ ကျနော်ကတော့ မထင်ဘူးပေါ့နော်။ ဘာ့ကြောင့်လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါဟာ ဒီကနေ့အချိန်ထိ ကျမသွားပဲနဲ့ အရင်ထက်တော့ မလျော့ဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် ဒီနေ့ကာလမှာတော့ သူ့ထက်ကျော်အောင် လုပ်နိုင်မယ်ဆိုပြီး မဲဆန္ဒရှင်တွေက ယုံမယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ "

ဦးဒေးဗစ်လှမြင့်ဟာ NLD ပါတီဝင်ဟောင်းတဦး ဖြစ်ပြီး ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ငပုတောမြို့နယ်ကနေ အရွေးချယ်ခံခဲ့ရတဲ့ အမတ်ဟောင်း တဦးလည်းဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ကော့မှူးမြို့နယ်မှာ ယှဉ်ပြိုင်ခွင့်ရှိတာက ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ (၁)နေရာ ၊ အမျိုးသားလွှတ်တော်အတွက် (၁)နေရာနဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် (၂)နေရာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်၊ UNDP ပါတီက ဦးဒေးဗစ်လှမြင့်နဲ့ Orchid Hotel စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်တို့ ဝင်ပြိုင်မှာဖြစ်ပြီး ၊ စစ်အစိုးရလက်ထက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လက်ရှိမှာ လယ်သမားအရေးဆောင်ရွက်နေတဲ့ မစုစုနွေးကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG