သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားပါတီႀကီး ၅ ခု ေရြးေကာက္ပြဲေအာင္ႏုိင္ေရးမဟာဗ်ဴဟာ ေဆြးေႏြး


ပထမအႀကိမ္ တိုင္းရင္းသားပါတီစုံ လူငယ္အစည္းအေဝးမွာ KSPP၊ KySDP၊ KNDP၊ CNLD၊ MUP တို႔က လူငယ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံေဆြးေႏြးတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - KSPP Youth Facebook - ဇူလိုင္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပဲြမွာ အႏုိင္ရေရး ပူးေပါင္းျပင္ဆင္ၾကဖုိ႔ တုိင္းရင္းသား ႏုိင္ငံေရးပါတီႀကီး ၅ ခု ေတြ႔ဆုံေဆြးေႏြးၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္ စတဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီႀကီး ၅ ခု ဒီရက္ပိုင္း ေတြ႕ဆုံခဲ့ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး မဟာဗ်ဳဟာေတြကုိ ေဆြးေႏြးခဲ့ၾကတာပါ။ ေရြးေကာက္ပဲြမွာ ျပည္နယ္ေတြက သက္ဆုိင္ရာ တုိင္းရင္းသားႏုိင္ငံေရး ပါတီေတြ အႏုိင္ရေရး ပထမဆုံးအႀကိမ္ ပူးေပါင္းမႈအျဖစ္နဲ႔လည္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဗဟိုေအာင္ႏိုင္ေရးအဖြဲ႕ အတြင္းေရးမႉး ဦးေနာ္ခုန႔္က ဗြီအိုေအကို ေျပာျပပါတယ္။

“ျပည္နယ္အေနနဲ႔ ေတြ႕ဆုံတာ ဒါပထမဆုံးအႀကိမ္ပါ။ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ က်ေနာ္တို႔ေတြက တျပည္နယ္ရဲ႕ ေအာင္ႏိုင္ေရးကို တျပည္နယ္က ပံ့ပိုးရမယ္ဆိုတဲ့ သေဘာတူညီခ်က္ေတြ က်ေနာ္တို႔ ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔က တျပည္နယ္တည္း ေအာင္ႏိုင္လို႔ မျဖစ္ဘူးဆိုတဲ့ ခံယူခ်က္ေတြ တူညီစြာရွိပါတယ္။”

ေ႐ြးေကာက္ပြဲကာလမွာ တုိင္းရင္းသားႏုိင္ငံေရး ပါတီႀကီး ၅ ခုက လူငယ္ေတြကတဆင့္ ေဒသခံေတြကို အသိပညာေပးတာေတြ အပါအ၀င္ ပူးေပါင္းေဆာင္ရြက္မယ့္ မဟာဗ်ဳဟာေတြကုိ ေရးဆဲြႏုိင္ငံေရး ေဆြးေႏြးခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ႏုိ၀င္ဘာေရြးေကာက္ပဲြမွာ အာဏာရ အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီက တုိင္းရင္းသားနယ္ေျမတခ်ဳိ႕မွာ ယွဥ္ၿပိဳင္တာေတြ မလုပ္ဖုိ႔ ေၾကညာထားသလုိ၊ တုိင္းရင္းသား နယ္ေျမေတြမွာ ေထာက္ခံမႈေတြ အားနည္းႏုိင္တယ္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြ ထြက္ေပၚေနခ်ိန္မွာပဲ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ ပူးေပါင္းၿပီး ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရး ျပင္ဆင္လာၾကတာပါ။ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီက ဦးေနာ္ခုန႔္ကေတာ့ ႏုိင္ငံေရးမွာ မွ်တတဲ့ ကုိယ္စားျပဳမႈရွိဖုိ႔ ရည္ရြယ္ၿပီး မဟာမိတ္ဆက္ဆံေရး ထူေထာင္ဖုိ႔ ႀကိဳးစားတာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ ႏွစ္ေပါင္း ၇၀ အေတြ႕အႀကဳံအရ ျမန္မာႏိုင္ငံကို ပါတီတခုတည္းပဲ လြတ္လြတ္လပ္လပ္ အထိန္းအကြပ္မဲ့ လႊတ္ေတာ္မွာေရာ၊ အစိုးရအဖြဲ႕မွာေရာ က်ေနာ္တို႔က တနည္းတဖုံအားျဖင့္ ထိန္းညႇိႏႈိင္းတဲ့ အေျခအေန တခုကိုေရာက္ေအာင္ ဝိုင္းဝန္းႀကိဳးစားမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျပဳလုပ္ရတာပါ။”

ပထမအႀကိမ္ တိုင္းရင္းသားပါတီစုံ လူငယ္အစည္းအေဝးမွာ KSPP၊ KySDP၊ KNDP၊ CNLD ၊ MUP တို႔မွ လူငယ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - KSPP Youth Facebook - ဇူလိုင္ ၃၀၊ ၂၀၂၀)
ပထမအႀကိမ္ တိုင္းရင္းသားပါတီစုံ လူငယ္အစည္းအေဝးမွာ KSPP၊ KySDP၊ KNDP၊ CNLD ၊ MUP တို႔မွ လူငယ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - KSPP Youth Facebook - ဇူလိုင္ ၃၀၊ ၂၀၂၀)

တုိင္းရင္းသား ႏုိင္ငံေရးပါတီႀကီး ၅ ခု ေဆြးေႏြးမႈေတြမွာေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ျပည္နယ္ေရးရာ ကိစၥေတြကုိလည္း ေဆြးေႏြးခဲ့ၾကတာပါ။ စစ္မွန္တဲ့ ျပည္ေထာင္စု တည္ေဆာက္ေရးမွာ တုိင္းရင္းသား အင္အားစုေတြရဲ႕ အခန္းက႑ အေရးႀကီးတာေၾကာင့္ ေရြးေကာက္ပဲြမွာ တိုင္းရင္းသားပါတီေတြ အႏိုင္ရဖို႔ အေရးႀကီးေၾကာင္းလည္း ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP ရဲ႕ အေထြေထြအတြင္းေရးမႉး ခူးသဲရယ္က ေျပာပါတယ္။

“ဆိုေတာ့ က်ေနာ္တို႔က ပါတီႀကီးေတြကိုပဲ အားကိုးၿပီး ေနေနလို႔ေတာ့ မရေတာ့ဘူး။ ဒီအခ်ိန္မွာ တိုင္းရင္းသားပါတီေတြက အႏိုင္ရရွိေအာင္ လုပ္ၿပီးေတာ့မွ ျပည္ေထာင္စုအဆင့္မွာေရာ၊ ျပည္နယ္ အဆင့္မွာေရာ က်ေနာ္တို႔ရဲ႕ အခန္းက႑နဲ႔ ပတ္သက္ၿပီးေတာ့မွ အားရွိေအာင္ဘယ္လို လုပ္ၾကမလဲဆိုတဲ့ ဟာမ်ိဳး ေဆြးေႏြးျဖစ္တာေပါ့။ ေနာက္ၿပီး ျပည္နယ္အဆင့္မွာ အစိုးရဖြဲ႕ခြင့္ ရွိတဲ့အထိေပါ့ေနာ္ ဒါေတြက ဆက္လက္ၿပီးေတာ့မွ လုပ္သြားဖို႔ ရွိတာေပါ့ေနာ္။”

အခုေဆြးေႏြးၾကတဲ့ တုိင္းရင္းသားႏုိင္ငံေရး ပါတီ ၅ ခုဟာ သက္ဆုိင္ရာ ေဒသေတြက ႏုိင္ငံေရးပါတီေတြကုိ စုစည္းၿပီးဖဲြ႔စည္းထားၾကတဲ့ ႏုိင္ငံေရးအင္အားစုေတြလည္း ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ကခ်င္တုိင္းရင္းသား ႏုိင္ငံေရးပါတီ ၄ ခုနဲ႔ အရပ္သားႏိုင္ငံေရးအဖြဲ႕ေတြ ေပါင္းစည္းထားၿပီး၊ ခ်င္းအမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ CNLD ပါတီဟာ ဆုိရင္လည္း ခ်င္း ႏုိင္ငံေရးပါတီ ၃ ခုေပါင္းစည္းထားတာပါ။ မြန္ညီၫြတ္ေရးပါတီ MUP ကေတာ့ အဓိက မြန္ပါတီႀကီး ၂ ေပါင္းစည္းထာၿပီး ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP ဟာလည္း ကယားႏုိင္ငံေရးပါတီ ၂ ခု ေပါင္းစည္းထားသလုိ၊ ကရင္အမ်ဳိးသား ဒီမုိကရက္တစ္ပါတီ KNDP ပါတီကလည္း ပါတီ ၄ ခု ေပါင္းစည္းထားတာ ျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသားပါတီကြီး ၅ ခု ရွေးကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာ ဆွေးနွေး

လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရေး ပူးပေါင်းပြင်ဆင်ကြဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီကြီး ၅ ခု တွေ့ဆုံဆွေးနွေးကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီကြီး ၅ ခု ဒီရက်ပိုင်း တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျုဟာတွေကို ဆွေးနွေးခဲ့ကြတာပါ။ ရွေးကောက်ပွဲမှာ ပြည်နယ်တွေက သက်ဆိုင်ရာ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ အနိုင်ရရေး ပထမဆုံးအကြိမ် ပူးပေါင်းမှုအဖြစ်နဲ့လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနော်ခုန့်က ဗွီအိုအေကို ပြောပြပါတယ်။

“ပြည်နယ်အနေနဲ့ တွေ့ဆုံတာ ဒါပထမဆုံးအကြိမ်ပါ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျနော်တို့တွေက တပြည်နယ်ရဲ့ အောင်နိုင်ရေးကို တပြည်နယ်က ပံ့ပိုးရမယ်ဆိုတဲ့ သဘောတူညီချက်တွေ ကျနော်တို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တပြည်နယ်တည်း အောင်နိုင်လို့ မဖြစ်ဘူးဆိုတဲ့ ခံယူချက်တွေ တူညီစွာရှိပါတယ်။”

ရွေးကောက်ပွဲကာလမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီကြီး ၅ ခုက လူငယ်တွေကတဆင့် ဒေသခံတွေကို အသိပညာပေးတာတွေ အပါအဝင် ပူးပေါင်းဆောင်ရွက်မယ့် မဟာဗျုဟာတွေကို ရေးဆွဲနိုင်ငံရေး ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တိုင်းရင်းသားနယ်မြေတချို့မှာ ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ကြေညာထားသလို၊ တိုင်းရင်းသား နယ်မြေတွေမှာ ထောက်ခံမှုတွေ အားနည်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်လာကြတာပါ။ ကချင်ပြည်နယ် ပြည်သူ့ပါတီက ဦးနော်ခုန့်ကတော့ နိုင်ငံရေးမှာ မျှတတဲ့ ကိုယ်စားပြုမှုရှိဖို့ ရည်ရွယ်ပြီး မဟာမိတ်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။

“ကျနော်တို့ နှစ်ပေါင်း ၇၀ အတွေ့အကြုံအရ မြန်မာနိုင်ငံကို ပါတီတခုတည်းပဲ လွတ်လွတ်လပ်လပ် အထိန်းအကွပ်မဲ့ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာရော ကျနော်တို့က တနည်းတဖုံအားဖြင့် ထိန်းညှိနှိုင်းတဲ့ အခြေအနေ တခုကိုရောက်အောင် ဝိုင်းဝန်းကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာပါ။”

တိုင်းရင်းသား နိုင်ငံရေးပါတီကြီး ၅ ခု ဆွေးနွေးမှုတွေမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်ရေးရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသား အင်အားစုတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတာကြောင့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အရေးကြီးကြောင်းလည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ရဲ့ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ပြောပါတယ်။

“ဆိုတော့ ကျနော်တို့က ပါတီကြီးတွေကိုပဲ အားကိုးပြီး နေနေလို့တော့ မရတော့ဘူး။ ဒီအချိန်မှာ တိုင်းရင်းသားပါတီတွေက အနိုင်ရရှိအောင် လုပ်ပြီးတော့မှ ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ် အဆင့်မှာရော ကျနော်တို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ အားရှိအောင်ဘယ်လို လုပ်ကြမလဲဆိုတဲ့ ဟာမျိုး ဆွေးနွေးဖြစ်တာပေါ့။ နောက်ပြီး ပြည်နယ်အဆင့်မှာ အစိုးရဖွဲ့ခွင့် ရှိတဲ့အထိပေါ့နော် ဒါတွေက ဆက်လက်ပြီးတော့မှ လုပ်သွားဖို့ ရှိတာပေါ့နော်။”

အခုဆွေးနွေးကြတဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီ ၅ ခုဟာ သက်ဆိုင်ရာ ဒေသတွေက နိုင်ငံရေးပါတီတွေကို စုစည်းပြီးဖွဲ့စည်းထားကြတဲ့ နိုင်ငံရေးအင်အားစုတွေလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီ ၄ ခုနဲ့ အရပ်သားနိုင်ငံရေးအဖွဲ့တွေ ပေါင်းစည်းထားပြီး၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဟာ ဆိုရင်လည်း ချင်း နိုင်ငံရေးပါတီ ၃ ခုပေါင်းစည်းထားတာပါ။ မွန်ညီညွတ်ရေးပါတီ MUP ကတော့ အဓိက မွန်ပါတီကြီး ၂ ပေါင်းစည်းထာပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ဟာလည်း ကယားနိုင်ငံရေးပါတီ ၂ ခု ပေါင်းစည်းထားသလို၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ပါတီကလည်း ပါတီ ၄ ခု ပေါင်းစည်းထားတာ ဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG