သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပြဲ တိုင္းရင္းသားပါတီေတြ အလားအလာ


၂၀၁၅ ေရြးေကာက္ပြဲမွာ မဲေပးဖို႔ ႀကိဳတင္ေလ့က်င့္မႈအတြင္း ေတြ႔ရတဲ့ ရွမ္းတုိင္းရင္းသူတဦး။ (ေမ ၁၅၊ ၂၀၁၅)

(Zawgyi / Unicode)

ႏို၀င္ဘာလ က်င္းပမယ့္ ၂၀၂၀ ေရြးေကာက္ပဲြမွာ တိုင္းရင္းသားပါတီေတြ အႏိုင္ရဖို႔ အလားအလာ၊ ေနာက္ တိုင္းရင္းသားပါတီေတြ အႏုိင္ရခဲ့ရင္ တိုင္းရင္းသားေဒသေတြအတြက္ အက်ိဳးအျမတ္ ဘာေတြရွိႏုိင္မလဲ ဆိုတာကို ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

လာမယ့္ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြ အရင္ ၂၀၁၅ ေရြးေကာက္ပြဲထက္ ပိုၿပီး အလားအလာေကာင္းတယ္လို႔ သံုးသပ္သူတခ်ိဳ႕က ႐ႈျမင္ပါတယ္။ သူတို႔က ဘာေၾကာင့္ အခုလို သုံးသပ္ၾကတာပါလဲ။

အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္း ကယ္လီဖိုးနီးယားျပည္နယ္က ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္း ဥကၠ႒ ေဒါက္တာစိုင္းေထြးေမာင္က ခုလို ေျပာပါတယ္။

“ဘာျဖစ္လို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ ၅ ႏွစ္ ၂၀၁၅ တုန္းက က်ေနာ္တို႔ တိုင္းရင္းသားေတြကလည္း NLD ကို အရမ္းအားကိုး ယုံၾကည္ၿပီးေတာ့ မဲေတြ အမ်ားႀကီး ထည့္ေပးလိုက္တယ္။ အဲဒီမွာ NLD က အႏိုင္ရၿပီးေတာ့ အစိုးရျဖစ္ၿပီး အုပ္ခ်ဳပ္လာတဲ့အခါမွာ က်ေနာ္တို႔ တိုင္းရင္းသားေတြလည္း အားမလို အားမရ ျဖစ္ၾကတယ္။ တိုင္းရင္းသား ျပည္နယ္ေတြအတြက္လည္း ဘာမွ ထူးထူးျခားျခား လုပ္ေပးတာလည္း မေတြ႔ရဘူး။ ဆိုေတာ့ က်ေနာ္တုိ႔ တိုင္းရင္းသားေတြက အခုဆိုလို႔ရွိရင္ NLD ေရာ ျပည္မက ပါတီေတြပါ သိပ္ၿပီးေတာ့ အားမကိုးခ်င္ေတာ့ဘူး၊ အယုံအၾကည္လည္း သိပ္နည္းလာတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ တုိင္းရင္းသားပါတီေတြကိုပဲ ဦးစားေပးၿပီးမွ သူတို႔ မဲေပးၾကလိမ့္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။”

အင္ဒီယားနားျပည္နယ္မွာေနတဲ့ ျမန္မာ့ႏုိင္ငံေရးအကဲခတ္ ေဒါက္တာတင့္ေဆြကေတာ့ ကခ်င္နဲ႔ မြန္ျပည္နယ္မွာလို ေဒသခံ တိုင္းရင္းသားပါတီေတြၾကား တစုတည္း ေပါင္းစည္းမႈေတြက ၂၀၂၀ ေရြးေကာက္ပဲြမွာ အႏိုင္ရဖို႔ အားသာခ်က္ ျဖစ္လာေစမယ္လို႔ ႐ႈျမင္ပါတယ္။

“တုိင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားအမည္နဲ႔ ဝင္အေရြးခံတဲ့ ႏိုင္ငံေရးပါတီေတြ ပုိၿပီးေတာ့ ႏိုင္မွာ ေသခ်ာပါတယ္ခင္ဗ်။ ၂၀၁၅ အေတြ႔အႀကဳံကို ယူၿပီးေတာ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြဟာ ကခ်င္ေရာ မြန္ေရာ ဒီေဒသႏွစ္ခုက ပါတီေတြကို တခုတည္းျဖစ္ေအာင္ ႀကဳိးစားမႈဟာ အင္မတန္ မွန္ကန္တဲ့ ဗ်ဴဟာတခုခ်ၿပီး ေဆာင္ရြက္ထားတဲ့အတြက္ ၂၀၁၅ ထက္ပိုၿပီးေတာ့ ဒီ ၂၀၂၀ မွာ အဲလို စုစည္းညီညြတ္မႈ ျပႏိုင္တဲ့အတြက္ တိုင္းရင္းသား အင္အားစုေတြက ပိုအလားအလာေကာင္းတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

အကယ္၍ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အမ်ားစု အႏိုင္ရလာရင္ အရင္နဲ႔မတူတဲ့ တုိးတက္မႈေတြ ရွိလာႏိုင္တယ္လို႔ ေဒါက္တာစိုင္းေထြးေမာင္က သုံးသပ္ပါတယ္။

“တကယ္လို႔ က်ေနာ္တို႔ တိုင္းရင္းသားပါတီေတြက တိုင္းရင္းသားျပည္နယ္မွာ အမ်ားစု အႏုိင္ရတယ္ဆိုလို႔ရွိရင္ ျပည္နယ္အစိုးရ ဖဲြ႔စည္းတဲ့အခါမွာ တိုင္းရင္းသားပါတီေတြက ဦးေဆာင္ၿပီး ဖဲြ႔စည္းႏိုင္မယ္။ က်ေနာ္တို႔ စီးပြားေရး လုံၿခဳံေရးကအစ ျပည္နယ္ေတြမွာ ပိုၿပီးမွလည္း အေလးေပးႏိုင္မယ္။ ျပည္နယ္ေတြ ပိုၿပီး တုိးတက္လာမယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္မိတယ္။”

ေဒါက္တာတင့္ေဆြကေတာ့ ၂၀၀၈ ဖဲြ႔စည္းပုံအေျခခံဥပေဒ ဆက္လက္ တည္ၿမဲေနေသးတာေၾကာင့္ တုိင္းရင္းသားေတြ ဖြံ႔ၿဖဳိးတိုးတက္ေရးကိစၥဟာ အင္အားႀကီးတဲ့ ႏိုင္ငံေရးပါတီႀကီးေတြနဲ႔ တုိင္းရင္းသားပါတီေတြၾကား ဘယ္ေလာက္ညႇိႏႈိင္း ပူးေပါင္းေဆာင္ရြက္ႏိုင္မလဲ ဆိုတဲ့အေပၚ မူတည္တယ္လို႔ ျမင္ပါတယ္။

“အဲဒီေတာ့ ၂၀၀၈ ဖဲြ႔စည္းပုံကို ဘယ္သူမွ ေက်ာ္လို႔လည္းမရဘူး၊ လြန္လို႔လည္း မရဘူး၊ ေလွ်ာ့လို႔လည္း မရတဲ့ အေနအထား ျဖစ္တယ္။ ဆုိေတာ့ ဗဟုိမွာ တက္တဲ့ ပါတီႀကီးကေန တင္လိုက္တဲ့ သမၼတကေနၿပီးေတာ့ ျပည္နယ္ဆုိင္ရာေတြ ခန္႔ရမယ္၊ ျပည္နယ္လႊတ္ေတာ္ ကိစၥမွာလည္းပဲ လႊတ္ေတာ္ဥကၠ႒ ခန္႔ရမယ့္ကိစၥေတြ ရွိတာေပါ့။ အဲဒီေတာ့ ဗဟုိအစိုးရကေရာ တိုင္းရင္းသားေဒသက ပါတီေတြကပါ အျမင္က်ယ္တဲ့ ပူးေပါင္းေဆာင္ရြက္မႈ လုပ္ၾကရင္ေတာ့ ပုိေကာင္းလာမွာေပါ့ေနာ္။ ဒီဟာကလည္းပဲ ၂၀၀၈ ဖဲြ႔စည္းပုံေအာက္ကပဲ လုပ္ရမွာ ျဖစ္တဲ့အတြက္ အကန္႔အသတ္ေတြ ႀကီးတဲ့အတြက္ ဗဟုိအစိုးရနဲ႔ တုိင္းရင္းသား ပါတီေတြဟာ အားၿပဳိင္မႈေတြ ဆက္ရွိဦးမယ္လို႔ က်ေနာ္ထင္ပါတယ္။”

တိုင္းရင္းသားပါတီေတြဟာ အထူးသျဖင့္ သူတို႔ တိုင္းရင္းသားေဒသ ျပည္နယ္ေတြမွာသာ အဓိကထား ယွဥ္ၿပဳိင္ၾကမွာ ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္မွာ ေဒသခံ ကခ်င္ပါတီႀကီး ၄ ခု ေပါင္းစည္းႏိုင္ခဲ့သလို မြန္ျပည္နယ္မွာလည္း မြန္ပါတီႀကီး ၂ ခု ေပါင္းဖဲြ႔ထားေပမယ့္ ရွမ္းမွာ ရွမ္းပါတီႀကီး ၂ ခု မပူးေပါင္းႏိုင္ေသးဘဲ ရခိုင္ျပည္နယ္မွာလည္း ရခုိင္ပါတီ ၂ ခု သီးျခား ရပ္တည္ေနဆဲ ျဖစ္ပါတယ္။

NLD၊ ျပည္ခိုင္ၿဖဳိး၊ ၈၈ မ်ဳိးဆက္ ဦးကိုကုိႀကီးတို႔ရဲ႕ ျပည္သူ႔ပါတီ၊ ဦးေရႊမန္းရဲ႕ UBP၊ ေဒါက္တာ ေဒၚသက္သက္ခုိင္တို႔ရဲ႕ PPP စတဲ့ပါတီေတြကေတာ့ ျမန္မာတႏုိင္ငံလုံး အတုိင္းအတာအရ ၿခဳံၿပီး ၂၀၂၀ ေရြးေကာက္ပဲြကုိ ဝင္ၿပဳိင္ၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

၂၀၂၀ ရွေးကောက်ပွဲ တိုင်းရင်းသားပါတီတွေ အလားအလာ

နိုဝင်ဘာလ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အလားအလာ၊ နောက် တိုင်းရင်းသားပါတီတွေ အနိုင်ရခဲ့ရင် တိုင်းရင်းသားဒေသတွေအတွက် အကျိုးအမြတ် ဘာတွေရှိနိုင်မလဲ ဆိုတာကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အရင် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး အလားအလာကောင်းတယ်လို့ သုံးသပ်သူတချို့က ရှုမြင်ပါတယ်။ သူတို့က ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က ခုလို ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၅ တုန်းက ကျနော်တို့ တိုင်းရင်းသားတွေကလည်း NLD ကို အရမ်းအားကိုး ယုံကြည်ပြီးတော့ မဲတွေ အများကြီး ထည့်ပေးလိုက်တယ်။ အဲဒီမှာ NLD က အနိုင်ရပြီးတော့ အစိုးရဖြစ်ပြီး အုပ်ချုပ်လာတဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားတွေလည်း အားမလို အားမရ ဖြစ်ကြတယ်။ တိုင်းရင်းသား ပြည်နယ်တွေအတွက်လည်း ဘာမှ ထူးထူးခြားခြား လုပ်ပေးတာလည်း မတွေ့ရဘူး။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေက အခုဆိုလို့ရှိရင် NLD ရော ပြည်မက ပါတီတွေပါ သိပ်ပြီးတော့ အားမကိုးချင်တော့ဘူး၊ အယုံအကြည်လည်း သိပ်နည်းလာတယ်။ ဒါကြောင့်မို့ ကျနော်တို့ တိုင်းရင်းသားပါတီတွေကိုပဲ ဦးစားပေးပြီးမှ သူတို့ မဲပေးကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

အင်ဒီယားနားပြည်နယ်မှာနေတဲ့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာတင့်ဆွေကတော့ ကချင်နဲ့ မွန်ပြည်နယ်မှာလို ဒေသခံ တိုင်းရင်းသားပါတီတွေကြား တစုတည်း ပေါင်းစည်းမှုတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အားသာချက် ဖြစ်လာစေမယ်လို့ ရှုမြင်ပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအမည်နဲ့ ဝင်အရွေးခံတဲ့ နိုင်ငံရေးပါတီတွေ ပိုပြီးတော့ နိုင်မှာ သေချာပါတယ်ခင်ဗျ။ ၂၀၁၅ အတွေ့အကြုံကို ယူပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ ကချင်ရော မွန်ရော ဒီဒေသနှစ်ခုက ပါတီတွေကို တခုတည်းဖြစ်အောင် ကြိုးစားမှုဟာ အင်မတန် မှန်ကန်တဲ့ ဗျူဟာတခုချပြီး ဆောင်ရွက်ထားတဲ့အတွက် ၂၀၁၅ ထက်ပိုပြီးတော့ ဒီ ၂၀၂၀ မှာ အဲလို စုစည်းညီညွတ်မှု ပြနိုင်တဲ့အတွက် တိုင်းရင်းသား အင်အားစုတွေက ပိုအလားအလာကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

အကယ်၍ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အများစု အနိုင်ရလာရင် အရင်နဲ့မတူတဲ့ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ဒေါက်တာစိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“တကယ်လို့ ကျနော်တို့ တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားပြည်နယ်မှာ အများစု အနိုင်ရတယ်ဆိုလို့ရှိရင် ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ တိုင်းရင်းသားပါတီတွေက ဦးဆောင်ပြီး ဖွဲ့စည်းနိုင်မယ်။ ကျနော်တို့ စီးပွားရေး လုံခြုံရေးကအစ ပြည်နယ်တွေမှာ ပိုပြီးမှလည်း အလေးပေးနိုင်မယ်။ ပြည်နယ်တွေ ပိုပြီး တိုးတက်လာမယ်လို့ ကျနော်တို့ မျှော်လင့်မိတယ်။”

ဒေါက်တာတင့်ဆွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆက်လက် တည်မြဲနေသေးတာကြောင့် တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စဟာအင်အားကြီးတဲ့ နိုင်ငံရေးပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေကြား ဘယ်လောက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ မြင်ပါတယ်။

“အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်သူမှ ကျော်လို့လည်းမရဘူး၊ လွန်လို့လည်း မရဘူး၊ လျှော့လို့လည်း မရတဲ့ အနေအထား ဖြစ်တယ်။ ဆိုတော့ ဗဟိုမှာ တက်တဲ့ ပါတီကြီးကနေ တင်လိုက်တဲ့ သမ္မတကနေပြီးတော့ ပြည်နယ်ဆိုင်ရာတွေ ခန့်ရမယ်၊ ပြည်နယ်လွှတ်တော် ကိစ္စမှာလည်းပဲ လွှတ်တော်ဥက္ကဋ္ဌ ခန့်ရမယ့်ကိစ္စတွေ ရှိတာပေါ့။ အဲဒီတော့ ဗဟိုအစိုးရကရော တိုင်းရင်းသားဒေသက ပါတီတွေကပါ အမြင်ကျယ်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ကြရင်တော့ ပိုကောင်းလာမှာပေါ့နော်။ ဒီဟာကလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကပဲ လုပ်ရမှာ ဖြစ်တဲ့အတွက် အကန့်အသတ်တွေ ကြီးတဲ့အတွက် ဗဟိုအစိုးရနဲ့ တိုင်းရင်းသား ပါတီတွေဟာ အားပြိုင်မှုတွေ ဆက်ရှိဦးမယ်လို့ ကျနော်ထင်ပါတယ်။”

တိုင်းရင်းသားပါတီတွေဟာ အထူးသဖြင့် သူတို့ တိုင်းရင်းသားဒေသ ပြည်နယ်တွေမှာသာ အဓိကထား ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဒေသခံ ကချင်ပါတီကြီး ၄ ခု ပေါင်းစည်းနိုင်ခဲ့သလို မွန်ပြည်နယ်မှာလည်း မွန်ပါတီကြီး ၂ ခု ပေါင်းဖွဲ့ထားပေမယ့် ရှမ်းမှာ ရှမ်းပါတီကြီး ၂ ခု မပူးပေါင်းနိုင်သေးဘဲ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပါတီ ၂ ခု သီးခြား ရပ်တည်နေဆဲ ဖြစ်ပါတယ်။

NLD၊ ပြည်ခိုင်ဖြိုး၊ ၈၈ မျိုးဆက် ဦးကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီ၊ ဦးရွှေမန်းရဲ့ UBP၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့ရဲ့ PPP စတဲ့ပါတီတွေကတော့မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ခြုံပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG