သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵရွင္စာရင္း အမွားျပင္ဆင္ခြင့္ ေလးရက္သာ က်န္ရွိ


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

[Zawgyi/Unicode]

ႏုိဝင္ဘာလ ေရြးေကာက္ပဲြအတြက္ မဲေပးခြင့္ရွိသူစာရင္းေတြကုိ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က ထုတ္ျပန္ထားေပမဲ့ အခ်က္အလက္ေတြ မွန္-မမွန္ လာေရာက္စစ္ေဆးတဲ့သူ အေရအတြက္ သိသိသာသာ နည္းပါးတဲ့ ေနရာေတြလည္း ရွိေနတဲ့အေၾကာင္း ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူစာရင္းကုိ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က ပထမအဆင့္အျဖစ္ ထုတ္ျပန္ရာမွာ အခ်က္အလက္ လဲြမွားေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ လာေရာက္ ၾကည့္႐ႈတဲ့သူ နည္းပါးတဲ့ေနရာေတြလည္း ရွိေနတာပါ။ မဲေပးခြင့္ရွိသူ စာရင္းမွာ လဲြမွားတဲ့အခ်က္အလက္ေတြ ပါတယ္ဆုိရင္ ျပင္ဆင္ႏုိင္ေအာင္ တင္ျပဖုိ႔ ၄ ရက္သာ အခ်ိန္က်န္ေတာ့ေပမဲ့ အခုအခ်ိန္အထိ မဲစာရင္းကုိ လာၾကည့္တဲ့သူ သိသိသာသာနည္းေနတုန္းပဲလုိ႔ ရန္ကုန္တုိင္းေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးၾကည္ျမင့္က ေျပာပါတယ္။

“ျပည္သူေတြက မိမိအမည္ပါဝင္ျခင္းရွိ မရွိ၊ မပါရင္လည္းပါဖို႔ တအိမ္ေထာင္ကို အနည္းဆံုး ၁ေယာက္ေလာက္ေတာ့ မဲစာရင္း သြားေရာက္ၾကည့္ရႈေစခ်င္ပါတယ္။ က်ေနာ္တို႔ရန္ကုန္တိုင္းမွာ ၂၀ ရာခုိင္ႏႈန္းေလာက္ပဲ လာၾကည့္တယ္။ ဆိုေတာ့ မိမိအခြင့္အေရး မဆံုးရႈံးရေအာင္ သြားၾကည့္ေစခ်င္ပါတယ္။”

ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္က ၿပီးခဲ့တဲ့လထဲ ထုတ္ျပန္ခဲ့တဲ့ ပထမအဆင့္ မဲဆႏၵရွင္ အမည္စာရင္းကုိေတာ့ ဒီလ ၈ ရက္ေန႔အထိ ၁၄ ရက္ၾကာ သတ္မွတ္ခဲ့ေပမဲ့ အမွားအယြင္းေတြ မ်ားေနတယ္ဆုိတဲ့သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ သီတင္း ၁ ပတ္ ထပ္မံရက္တုိးေပးထားပါတယ္။

မဲစာရင္းလာၾကည့္သူေတြအေနနဲ႔ ကုိယ့္အမည္စာရင္း ပါမလာခဲ့ရင္၊ ဒါမွမဟုတ္ မဲစာရင္းမွာေဖာ္ျပထားတဲ့ အခ်က္မွားေနရင္၊ ေနာက္ၿပီးေတာ့ မဲစာရင္းမွာ အမည္စာရင္းမပါသင့္သူ ပါေနခဲ့ရင္ ျပင္ဆင္ႏိုင္ဖို႔အတြက္ ပံုစံ (၃)၊ ပံုစံ (၄) နဲ႔ (၄-ဂ) တို႔ကို ျဖည့္စြက္ျပင္ဆင္ဖုိ႔ လိုပါတယ္။

မႏၱေလးတုိင္းမွာေတာ့ မေန႔ကအထိ လာၾကည့္သူေပါင္း ၁၀ သိန္းေက်ာ္ရွိေနၿပီး၊ အဲဒီထဲက ျဖည့္စြက္ျပင္ဆင္ဖုိ႔ ေတာင္းဆိုလႊာ ေလွ်ာက္ထားသူကေတာ့ ၁၀၀,၀၀၀ ေက်ာ္ရွိေနတယ္လို႔ မႏၱေလးတုိင္းေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

“ပံုစံ (၃) ၊ (၄) ၊ (၄-ဂ) နဲ႔ ျပင္ဆင္တာေတြကို က်ေနာ္တို႔က အျမန္ဆံုးျပင္ဆင္သြားပါမယ္။ ဒီလမကုန္ခင္ အၿပီးျပင္ဆင္ပါမယ္။ ဒုတိယအႀကိမ္ ၁၄ ရက္ ထပ္ကပ္ဦးမွာ။ အဲေတာ့ ပိုၿပီးေတာ့မွန္ေအာင္ေတာ့ မ်ားမ်ားၾကည့္၊ မ်ားမ်ားျပင္၊ မ်ားမ်ားမွန္ဆုိတဲ့ ေရွ႕ကုိေရာက္ခ်င္တဲ့ ရည္ရြယ္ခ်က္၊ ရည္မွန္းခ်က္ ထားပါတယ္ခင္ဗ်။”

အခုခ်ိန္ထိ မဲစာရင္းလာၾကည့္သူ နည္းပါးေနတာ ကပ္ေရာဂါကာလေၾကာင့္ ျဖစ္ႏုိင္သလုိ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမည္စာရင္း မၾကည့္ႏုိင္သူေတြအတြက္ အြန္လုိင္းကေနတဆင့္ ၾကည့္ႏုိင္ဖို႔ ေကာ္မရွင္နဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြ စီစဥ္ဖုိ႔လုိတယ္လုိ႔လည္း ေရြးေကာက္ပြဲပညာေပး လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ပဥၥမမ႑ိဳင္ရဲ႕ ဒါရိုက္တာဦးေနဝင္းႏုိင္က ေျပာပါတယ္။

“အခုက ကုိယ့္နာမည္စာရင္းပါ မပါသိခ်င္ရင္ အနည္းဆံုးေတာ့ ရပ္ကြက္ရံုးကုိသြားၾကည့္မွရတဲ့ ဒီ Only One Channel တခုပဲရွိေနတာ။ အဲဒါက သိပ္ၿပီးေတာ့မွ အဆင္ေျပမေနဘူးေပါ့ေလ။ အဲဒါေၾကာင့္ ၁၀ တန္းေအာင္စာရင္းကို ဒီအြန္လိုင္းကေန ထုတ္ျပန္သလိုမ်ိဳးပဲ၊ က်ေနာ္တုိ႔ရဲ႕ မဲစာရင္းကုိလည္းပဲ အြန္လုိင္းကေန ထုတ္ျပန္ႏုိင္မယ္ဆိုရင္ ပိုၿပီးေတာ့ လူထုရဲ႕စစ္ေဆးမႈေတြလည္း ပိုမ်ားလာမယ္။ ၿပီးရင္ ျပင္စရာေတြကိုလည္း အြန္လိုင္းကေနတဆင့္ လုပ္လုိက္ႏုိင္မယ္ဆိုရင္ ပိုေကာင္းသြားတာေပါ့။”

မဲစာရင္းလာမၾကည့္သူေတြထဲမွာ ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတုန္းက နာမည္စာရင္း ပါၿပီးသားျဖစ္လို႔ ဒီနွစ္မွာလာမၾကည့္ေတာ့သူေတြနဲ႔ မဲေပးႏုိင္ဖုိ႔အတြက္ဆုိရင္ ကုိယ့္အမည္စာရင္းမွန္မွန္ကန္ကန္ မဲစာရင္းမွာပါရမယ္ဆုိတာကို မသိသူေတြအျပင္၊ ေရြးေကာက္ပြဲအေပၚကုိ စိတ္မဝင္စားလုိ႔ သြားမၾကည့္သူေတြ ရွိေနတယ္လုိ႔လည္း သူကေျပာပါတယ္။

လာမယ့္ ေအာက္တုိဘာလထဲမွာေတာ့ ျပင္ဆင္ထားတဲ့ မဲဆႏၵရွင္ အမည္စာရင္း ဒုတိယအႀကိမ္ထပ္မံ ထုတ္ျပန္မွာပါ။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက မဲေပးခြင့္ရွိသူေတြရဲ႕ ၇၀ရာခိုင္ႏႈန္းေလာက္ မဲေပးခဲ့ၾကေပမဲ့ ဒီႏွစ္ေရြးေကာက္ပဲြ က်င္းပမယ့္ အခ်ိန္ဟာ ကပ္ေရာဂါနဲ႔ ႀကံဳေနရတဲ့ အခ်ိန္ျဖစ္ေနတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အေပၚ ထိခုိက္မွာကုိ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆန္ဒရှင်စာရင်း အမှားပြင်ဆင်ခွင့် လေးရက်သာ ကျန်ရှိ

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပေမဲ့ အချက်အလက်တွေ မှန်-မမှန် လာရောက်စစ်ဆေးတဲ့သူ အရေအတွက် သိသိသာသာ နည်းပါးတဲ့ နေရာတွေလည်း ရှိနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအဆင့်အဖြစ် ထုတ်ပြန်ရာမှာ အချက်အလက် လွဲမှားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ လာရောက် ကြည့်ရှုတဲ့သူ နည်းပါးတဲ့နေရာတွေလည်း ရှိနေတာပါ။ မဲပေးခွင့်ရှိသူ စာရင်းမှာ လွဲမှားတဲ့အချက်အလက်တွေ ပါတယ်ဆိုရင် ပြင်ဆင်နိုင်အောင် တင်ပြဖို့ ၄ ရက်သာ အချိန်ကျန်တော့ပေမဲ့ အခုအချိန်အထိ မဲစာရင်းကို လာကြည့်တဲ့သူ သိသိသာသာနည်းနေတုန်းပဲလို့ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။

“ပြည်သူတွေက မိမိအမည်ပါဝင်ခြင်းရှိ မရှိ၊ မပါရင်လည်းပါဖို့ တအိမ်ထောင်ကို အနည်းဆုံး ၁ယောက်လောက်တော့ မဲစာရင်း သွားရောက်ကြည့်ရှုစေချင်ပါတယ်။ ကျနော်တို့ရန်ကုန်တိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ လာကြည့်တယ်။ ဆိုတော့ မိမိအခွင့်အရေး မဆုံးရှုံးရအောင် သွားကြည့်စေချင်ပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ ပထမအဆင့် မဲဆန္ဒရှင် အမည်စာရင်းကိုတော့ ဒီလ ၈ ရက်နေ့အထိ ၁၄ ရက်ကြာ သတ်မှတ်ခဲ့ပေမဲ့ အမှားအယွင်းတွေ များနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သီတင်း ၁ ပတ် ထပ်မံရက်တိုးပေးထားပါတယ်။

မဲစာရင်းလာကြည့်သူတွေအနေနဲ့ ကိုယ့်အမည်စာရင်း ပါမလာခဲ့ရင်၊ ဒါမှမဟုတ် မဲစာရင်းမှာဖော်ပြထားတဲ့ အချက်မှားနေရင်၊ နောက်ပြီးတော့ မဲစာရင်းမှာ အမည်စာရင်းမပါသင့်သူ ပါနေခဲ့ရင် ပြင်ဆင်နိုင်ဖို့အတွက် ပုံစံ (၃)၊ ပုံစံ (၄) နဲ့ (၄-ဂ) တို့ကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုပါတယ်။

မန္တလေးတိုင်းမှာတော့ မနေ့ကအထိ လာကြည့်သူပေါင်း ၁၀ သိန်းကျော်ရှိနေပြီး၊ အဲဒီထဲက ဖြည့်စွက်ပြင်ဆင်ဖို့ တောင်းဆိုလွှာ လျှောက်ထားသူကတော့ ၁၀၀,၀၀၀ ကျော်ရှိနေတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

“ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) နဲ့ ပြင်ဆင်တာတွေကို ကျနော်တို့က အမြန်ဆုံးပြင်ဆင်သွားပါမယ်။ ဒီလမကုန်ခင် အပြီးပြင်ဆင်ပါမယ်။ ဒုတိယအကြိမ် ၁၄ ရက် ထပ်ကပ်ဦးမှာ။ အဲတော့ ပိုပြီးတော့မှန်အောင်တော့ များများကြည့်၊ များများပြင်၊ များများမှန်ဆိုတဲ့ ရှေ့ကိုရောက်ချင်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ထားပါတယ်ခင်ဗျ။”

အခုချိန်ထိ မဲစာရင်းလာကြည့်သူ နည်းပါးနေတာ ကပ်ရောဂါကာလကြောင့် ဖြစ်နိုင်သလို၊ အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မကြည့်နိုင်သူတွေအတွက် အွန်လိုင်းကနေတဆင့် ကြည့်နိုင်ဖို့ ကော်မရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ဖို့လိုတယ်လို့လည်း ရွေးကောက်ပွဲပညာပေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပဉ္စမမဏ္ဍိုင်ရဲ့ ဒါရိုက်တာဦးနေဝင်းနိုင်က ပြောပါတယ်။

“အခုက ကိုယ့်နာမည်စာရင်းပါ မပါသိချင်ရင် အနည်းဆုံးတော့ ရပ်ကွက်ရုံးကိုသွားကြည့်မှရတဲ့ ဒီ Only One Channel တခုပဲရှိနေတာ။ အဲဒါက သိပ်ပြီးတော့မှ အဆင်ပြေမနေဘူးပေါ့လေ။ အဲဒါကြောင့် ၁၀ တန်းအောင်စာရင်းကို ဒီအွန်လိုင်းကနေ ထုတ်ပြန်သလိုမျိုးပဲ၊ ကျနော်တို့ရဲ့ မဲစာရင်းကိုလည်းပဲ အွန်လိုင်းကနေ ထုတ်ပြန်နိုင်မယ်ဆိုရင် ပိုပြီးတော့ လူထုရဲ့စစ်ဆေးမှုတွေလည်း ပိုများလာမယ်။ ပြီးရင် ပြင်စရာတွေကိုလည်း အွန်လိုင်းကနေတဆင့် လုပ်လိုက်နိုင်မယ်ဆိုရင် ပိုကောင်းသွားတာပေါ့။”

မဲစာရင်းလာမကြည့်သူတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက နာမည်စာရင်း ပါပြီးသားဖြစ်လို့ ဒီနှစ်မှာလာမကြည့်တော့သူတွေနဲ့ မဲပေးနိုင်ဖို့အတွက်ဆိုရင် ကိုယ့်အမည်စာရင်းမှန်မှန်ကန်ကန် မဲစာရင်းမှာပါရမယ်ဆိုတာကို မသိသူတွေအပြင်၊ ရွေးကောက်ပွဲအပေါ်ကို စိတ်မဝင်စားလို့ သွားမကြည့်သူတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

လာမယ့် အောက်တိုဘာလထဲမှာတော့ ပြင်ဆင်ထားတဲ့ မဲဆန္ဒရှင် အမည်စာရင်း ဒုတိယအကြိမ်ထပ်မံ ထုတ်ပြန်မှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရှိသူတွေရဲ့ ၇၀ရာခိုင်နှုန်းလောက် မဲပေးခဲ့ကြပေမဲ့ ဒီနှစ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ဟာ ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အချိန်ဖြစ်နေတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG