သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္က ခ်န္ခဲ့တဲ့ေနရာေတြမွာ NLD ၀င္ၿပိဳင္ဖုိ႔ဆုံးျဖတ္


ရန္ကုန္ၿမို႕ရွိ ပါတီ ဌာနခ်ဳပ္ ၊၂၀၁၄ စက္တင္ဘာ။ (မွတ္တမ္းဓါတ္ပံု - courtesy photo/NLD)

(Zawgyi/Unicode)

လာမယ့္ ေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္အေနနဲ႔၊ ရခိုင္ျပည္နယ္မွာ ယခင္ခ်န္လွပ္ခဲ့တဲ့ မဲဆႏၵနယ္ေျမ (၁၂) ခုမွာ အခုဝင္ၿပိဳင္ဖို႔ ေၾကညာလိုက္ပါၿပီ။

ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ တႏိုင္ငံလံုးအေနနဲ႔ တခဲနက္အႏိုင္ရခဲ့တဲ့ NLD ပါတီအေနနဲ႔၊ ယခင္ခ်န္လွပ္ခဲ့တဲ့ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ပု႑ားကၽြန္းၿမိဳ.ေတြက နယ္ေျမေတြမွာ ခုလို တိုးၿပိဳင္မွာပါ။ ဘာေၾကာင့္ပါလဲ၊ ေအာင္ႏိုင္ေရး အလားအလာ ဘယ္လိုရွိပါလဲ။

အခု ႏိုဝင္ဘာ (၈) ရက္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရး အဓိကဦးေဆာင္လုပ္ေနတဲ့၊ NLD ဒုဥကၠဌ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ကို ကိုဝင္းမင္းက သီးသန္႔ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း။ ။ အခု NLD အေနနဲ႔ ရခိုင္ျပည္နယ္မွာ အရင္တစ္ေခါက္ ခ်န္လွပ္ထားတဲ့ ကိုယ္စားလွယ္ ေနရာေတြမွာ ထပ္တိုးၿပိဳင္ဖို႔ ဆံုးျဖတ္လိုက္တယ္လို႔ ၾကားရပါတယ္၊ ဘာေၾကာင့္မို႔ ခုလို ထပ္တိုး ၿပိဳင္လိုက္ရတာလဲ။

ေဒါက္တာ ေဇာ္ျမင့္ေမာင္ ။ ။ ဒီေနရာထပ္တိုးတာ၊ ကၽြန္ေတာ္တို႔က၊ အေစာႀကီးထဲက လူရွိတယ္ဗ်၊ ဟိုတစ္ေခါက္ ရခိုင္ကို ပထမ တင္လိုက္ေတာ့ တခ်ိဳ.ေနရာေတြ ေတာ္ေတာ္မ်ားမ်ား လြတ္ပါတယ္၊ က်န္တယ္၊ ဒါေပမဲ့ လူက ရွိတယ္ဗ်။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ကိုယ္တိုင္က စဥ္းစားေနတာေပါ့ဗ်ာ၊ ဘာလို႔လဲဆိုေတာ့၊ ၿပိဳင္ခ်င္တဲ့သူေတြ ထည့္လိုက္ေတာ့မယ္ဆိုရင္၊ သူတို႔လာၿပီး ၿပိဳင္မယ္ဆိုရင္၊ ကၽြန္ေတာ္တို႔ဘက္က NLD အေနနဲ႔ ေစာင့္ေရွာက္ေပးရမဲ့ တာဝန္ရွိတယ္ေလ။ ဒါေပမဲ့ ဒါေတြကို တင္မယ္လို႔ေတာ့ ကၽြန္ေတာ္တို႔က ရည္ရြယ္ခ်က္ရွိၿပီးသားပါ။ ေတာ္ၾကာေန တခ်ိဳ႕ေနရာေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဝင္မၿပိဳင္လိုက္တဲ့အခါက်ေတာ့၊ ေရြးေကာက္ပြဲေတာ့ ျဖစ္တယ္၊ ၿပိဳင္ဘက္မရွိလို႔ဆိုၿပီး ႏိုင္သြားမယ္ဆိုတာမ်ိဳး မျဖစ္ရေအာင္၊ ကၽြန္ေတာ္တို႔ ၿပိဳင္ဖို႔ကေတာ့ စဥ္းစားၿပီးသားပါ။ အဲ့ဒါေၾကာင့္ အခ်ိန္ကပ္လာတဲ့အခါက်ေတာ့ ရွိၿပီးသား၊ ေရြးထားတဲ့ ရည္မွန္းထားတဲ့လူေတြကို တင္လိုက္တာေပါ့ဗ်ာ။ အဲ့ဒါေၾကာင့္ (၁၂) ေယာက္ ထပ္တိုးသြားတာပါ။ အမ်ိဳးသားလႊတ္ေတာ္က (၅) ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ (၂) ေနရာနဲ႔ ျပည္နယ္တိုင္းေဒသႀကီး (၅) ေနရာေပါ့ဗ်ာ။

ကိုဝင္းမင္း။ ။ ဆရာတို႔ အရင္စိုးရိမ္ခဲ့တဲ ေစာင္ေရွာက္ေပးရဖို႔ အေနအထားဆိုတာက လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ေနတဲ့အေနအထားကို ေျပာတာလား။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ အဲ့ဒါလဲ တစ္ခ်က္ေတာ့ ပါမွာေပါ့ဗ်ာ။ ဘာလို႔လဲဆိုေတာ့ တခ်ိဳ.ကိုယ္စားလွယ္ေတြက ရခိုင္မွာ ေနတဲ့လူေတြ မဟုတ္ဘူးေလ။ ရန္ကုန္မွာ ေနတဲ့သူေတြပဲ၊ ဒီလိုပဲ ရန္ကုန္ကေန ၿပိဳင္ေနၾကတာဆိုေတာ့၊ ကၽြန္ေတာ္တို႔မွာလဲ ဒီလိုရွိတဲ့အခါက်ေတာ့၊ သူတို႔ကို ေနဖို႔ထိုင္ဖို႔ကအစ ေစာင့္ေရွာက္ဖို႔ကအစ ကၽြန္ေတာ္တို႔ ရခိုင္မွာရွိတဲ့ ျပည္နယ္ အလုပ္အမူေဆာင္ အဖြဲ႔က တာဝန္ရွိတာေပါ့ဗ်ာ။ အဲဒါလဲ တစ္ခ်က္ပါပါတယ္။

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ သူတို႕က ေဒသခံ မဟုတ္တဲ့သေဘာေပါ့ေနာ္၊ ရန္ကုန္မွာ ေနတယ္ဆိုေတာ့။

ေဒါက္တာေဇာ္ျမင့္ေမာင္ ။ ။ ေဒသခံမဟုတ္ဘူးဆိုတာ၊ တခ်ိဳ႕ေနရာေတြမွာ ဒီဟာေတြ ဇာတိ၊ ဟိုဟာေပါ့ တျခားေနရာေတြကေန လာၿပိဳင္ၾကတာပါပဲ၊ အထူးသျဖင့္ ရခိုင္မွာပါ၊ မ်ားေသာအားျဖင့္ ရန္ကုန္မွာေနၾကတဲ့သူေတြပါ။

ဝင္းမင္း။ အဲ့ဒီေတာ့ ေအာက္ေျခက တင္တဲ့လူေတြေတာ့ ျဖစ္တယ္ေပါ့။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။။ ဒါေပါ့၊ ဟုတ္ကဲ့ တင္တဲ့သူေတြပါပဲ။ ကၽြန္ေတာ္တို႔ဆီကေန လိုလိုလားလား Willingness ပါ။ ကၽြန္ေတာ္တို႔ရဲ့ ဟိုဟာမ်ိဳးမဟုတ္ဘူး။ သူတို႔ကိုယ္တိုင္က သူတို႔ဟာသူတို႔ ဆႏၵရွိလို႔၊ ၿပိဳင္ခ်င္တယ္ အဲ့ဒီမွာပဲ ဆိုလို႔။

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ သူတို႔ကို ေရြးတဲ့အခါက်ေတာ့ ပဋိပကၡေဒသျဖစ္တဲ့အတြက္ သီးသန္႔ ထည့္စဥ္စားတဲ့ အခ်က္ေတြရွိေသးလား။

ေဒါက္တာေဇာ္ျမင့္ေမာင္ ။ ။ မရွိပါဘူးခင္ဗ်။ သူတို႔ကိုယ္တိုင္ကလဲ ၿပိဳင္ခ်င္တယ္၊ ကၽြန္ေတာ္တို႔မွာလဲ ဒီကိုပို႔ဖို႔ လူကရွိၿပီးသား၊ သူတို႔ေလွ်ာက္တဲ့ထဲမွာလည္း ပါတယ္ေလ၊ ဗဟိုကေန ဘယ္ေနရာပို႔ဖို႔ ေျပာသူလည္းရွိ၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ရခိုင္ကို သီးသန္႔ေလွ်ာက္တဲ့သူလည္း ရွိပါတယ္။

ကိုဝင္းမင္း။ ။ အရင္ေရြးေကာက္ပြဲေတြတံုးကေတာ့ ၁၉၉၀ ေရာ ၂၀၁၅ မွာပါ၊ ရခိုင္ျပည္နယ္မွာ NLD အေနနဲ႔ အမ်ားစု မဲ မႏိုင္ခဲ့ဘူး၊ ရခိုင္ပါတီေတြပဲ အဓိက ႏိုင္ခဲ့ေတာ့ ဒီတစ္ေခါက္ေရာ NLD အတြက္ ႏိုင္ႏိုင္ေျခ အေနအထား။

ေဒါက္တာေဇာ္ျမင့္ေမာင္ ။ ။ ကၽြန္ေတာ္တို႔ကေတာ့ ျပည္နယ္ေတြမွာ ရည္မွန္းခ်က္ကေတာ့၊ အရင္ႏိုင္ၿပီးသား ေနရာေတြမွာကေတာ့ ျပန္ႏိုင္ေအာင္ ႀကိုးစားထားၿပီးသားပါ။ အဲ့ေတာ့ နယ္ေျမ အသစ္ေတြမွာလည္း ကၽြန္ေတာ္တို႔ စည္းရံုးထားတာေတြ ရွိတာကိုးဗ်။ ဒါကေတာ့ ဒီမိုကေရစီကေတာ့ ဝင္ၿပိဳင္တာပဲဗ်ာ။ ကၽြန္ေတာ္တို႔ အင္အားႀကီး ပါတီအေနနဲ႔ ေနရာေပါင္းစံုမွာ ဝင္ၿပိဳင္ႏိုင္တယ္၊ ကၽြန္ေတာ္တို႔မွာ လူရွိတယ္ဆိုတာ အင္အားျပၿပီးသားလည္း ျဖစ္တာေပါ့ဗ်ာ။

ကိုဝင္းမင္း။ ။ အရင္ႏိုင္ခဲ့တဲ့ ေဒသေတြဆိုေတာ့ ဂြတို႔၊၊ သံတြဲတို႔၊ ေတာင္ကုတ္တို႔ကို ဆိုလိုတာေပါ့ေနာ္၊ ၂၀၁၅ တုန္းက။

ေဒါက္တာေဇာ္ျမင့္ေမာင္။ ။ ဒါေပါ့၊ အရင္ႏိုင္ၿပီးသားေနရာေတြကေတာ့၊ Solid (အျပည့္) ျပန္ႏိုင္ေအာင္ေတာ့ ကၽြန္ေတာ္တို႔ လုပ္ကိုလုပ္ရမွာေပါ့ေလ။ ေနာက္ထပ္တိုးႏိုင္ဖို႔အတြက္လည္း စည္းရံုးေရးတို႔၊ စီမံခ်က္ေတြေတာ့ လုပ္ရတာေပါ့ဗ်ာ။ မရွိလို႔မၿပိဳင္ရဘူးဆိုတာမ်ိဳး မျဖစ္ရေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားတာေပါ့၊ ေမွ်ာ္လင့္ခ်က္လဲ ကၽြန္ေတာ္တို႔ ထားထားတာေပါ့။

ကိုဝင္းမင္း။ ။ အခုလာမယ့္ ေရြးေကာက္ပြဲမွာ တစ္ႏိုိုင္ငံလံုးအေနအထားနဲ႔ NLD မဲ အမ်ားဆံုး ႏိုင္ခဲ့လွ်င္၊ ရခိုင္ျပည္နယ္မွာ အခုလက္ရွိ ပဋိပကၡေတြ၊ မေက်နပ္မူေတြမ်ိဳးျဖစ္ေနတဲ့အတြက္ ဘယ္လိုမ်ိဳး ပိုတိုးလုပ္ေပးဖို႔ ျပင္ဆင္ထားလဲ။

ေဒါက္တာေဇာ္ျမင့္ေမာင္ ။ ။ အဲ့ဒါကေတာ့ Dream (အိမ္မက္) ေတြ ျဖစ္ေနပါလိမ့္မယ္ဗ်ာ၊ မဟုတ္ဘူးလား။ ႏိုင္တဲ့အခါက် ဆိုေတာ့။ ဒါေပမဲ့ အခုလက္ရွိလည္း ရခိုင္ျပည္နယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္၊ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ အဖြဲ႔ကို ဦးေဆာင္ၿပီးေတာ့၊ ရခိုင္ျပည္နယ္အတြက္ လုပ္ေပးေနတာပဲေလ၊ အထူးဧရိယာအေနနဲ႔ ဦးစားေပးအေနနဲ႔ လုပ္ေပးေနတာပါဗ်ာ။

ကိုဝင္းမင္း။ ။ တကယ္လို႔မ်ား NLD အေနနဲ႔ တစ္ႏိုင္ငံလံုး အမ်ားစု မႏိုင္ခဲ့ရင္ေရာ။

ေဒါက္တာေဇာ္ျမင့္ေမာင္။ ။ ကၽြန္ေတာ္တို႔ ေလာေလာဆယ္အထိကေတာ့ အဲ့ဒါကို မစဥ္းစားေသး။ အဲ့ဒါ ဘာျဖစ္လို႔လဲဆိုေတာ့၊ ညႊန္႔ေပါင္း ညြန္႔ေပါင္း ေျပာေနၾကတာပါ။ ကၽြန္ေတာ္တို႔ကေတာ့ အစိုးရဖြဲ႔ႏိုင္ေအာင္ ႀကိဳးစားမွာပဲဗ်ာ။ ဒီမိုကေရစီ ခိုင္မာဖို႔၊ ကၽြန္ေတာ္တို႔ NLD အႏိုင္ရေအာင္ ႀကိဳးစားမွာပဲ။

ကိုဝင္းမင္း။ ။ ေက်းဇူး အမ်ားႀကီးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......

(Unicode)

လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့၊ ရခိုင်ပြည်နယ်မှာ ယခင်ချန်လှပ်ခဲ့တဲ့ မဲဆန္ဒနယ်မြေ (၁၂) ခုမှာ အခုဝင်ပြိုင်ဖို့ ကြေညာလိုက်ပါပြီ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ တခဲနက်အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့၊ ယခင်ချန်လှပ်ခဲ့တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်းမြို.တွေက နယ်မြေတွေမှာ ခုလို တိုးပြိုင်မှာပါ။ ဘာကြောင့်ပါလဲ၊ အောင်နိုင်ရေး အလားအလာ ဘယ်လိုရှိပါလဲ။

အခု နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲအောင်နိုင်ရေး အဓိကဦးဆောင်လုပ်နေတဲ့၊ NLD ဒုဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်ကို ကိုဝင်းမင်းက သီးသန့်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ အခု NLD အနေနဲ့ ရခိုင်ပြည်နယ်မှာ အရင်တစ်ခေါက် ချန်လှပ်ထားတဲ့ ကိုယ်စားလှယ် နေရာတွေမှာ ထပ်တိုးပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြားရပါတယ်၊ ဘာကြောင့်မို့ ခုလို ထပ်တိုး ပြိုင်လိုက်ရတာလဲ။

ဒေါက်တာ ဇော်မြင့်မောင် ။ ။ ဒီနေရာထပ်တိုးတာ၊ ကျွန်တော်တို့က၊ အစောကြီးထဲက လူရှိတယ်ဗျ၊ ဟိုတစ်ခေါက် ရခိုင်ကို ပထမ တင်လိုက်တော့ တချို.နေရာတွေ တော်တော်များများ လွတ်ပါတယ်၊ ကျန်တယ်၊ ဒါပေမဲ့ လူက ရှိတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်က စဉ်းစားနေတာပေါ့ဗျာ၊ ဘာလို့လဲဆိုတော့၊ ပြိုင်ချင်တဲ့သူတွေ ထည့်လိုက်တော့မယ်ဆိုရင်၊ သူတို့လာပြီး ပြိုင်မယ်ဆိုရင်၊ ကျွန်တော်တို့ဘက်က NLD အနေနဲ့ စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ဒါတွေကို တင်မယ်လို့တော့ ကျွန်တော်တို့က ရည်ရွယ်ချက်ရှိပြီးသားပါ။ တော်ကြာနေ တချို့နေရာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မပြိုင်လိုက်တဲ့အခါကျတော့၊ ရွေးကောက်ပွဲတော့ ဖြစ်တယ်၊ ပြိုင်ဘက်မရှိလို့ဆိုပြီး နိုင်သွားမယ်ဆိုတာမျိုး မဖြစ်ရအောင်၊ ကျွန်တော်တို့ ပြိုင်ဖို့ကတော့ စဉ်းစားပြီးသားပါ။ အဲ့ဒါကြောင့် အချိန်ကပ်လာတဲ့အခါကျတော့ ရှိပြီးသား၊ ရွေးထားတဲ့ ရည်မှန်းထားတဲ့လူတွေကို တင်လိုက်တာပေါ့ဗျာ။ အဲ့ဒါကြောင့် (၁၂) ယောက် ထပ်တိုးသွားတာပါ။ အမျိုးသားလွှတ်တော်က (၅) နေရာ၊ ပြည်သူ့လွှတ်တော် (၂) နေရာနဲ့ ပြည်နယ်တိုင်းဒေသကြီး (၅) နေရာပေါ့ဗျာ။

ကိုဝင်းမင်း။ ။ ဆရာတို့ အရင်စိုးရိမ်ခဲ့တဲ စောင်ရှောက်ပေးရဖို့ အနေအထားဆိုတာက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့အနေအထားကို ပြောတာလား။

ဒေါက်တာ ဇော်မြင့်မောင်။ အဲ့ဒါလဲ တစ်ချက်တော့ ပါမှာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ တချို.ကိုယ်စားလှယ်တွေက ရခိုင်မှာ နေတဲ့လူတွေ မဟုတ်ဘူးလေ။ ရန်ကုန်မှာ နေတဲ့သူတွေပဲ၊ ဒီလိုပဲ ရန်ကုန်ကနေ ပြိုင်နေကြတာဆိုတော့၊ ကျွန်တော်တို့မှာလဲ ဒီလိုရှိတဲ့အခါကျတော့၊ သူတို့ကို နေဖို့ထိုင်ဖို့ကအစ စောင့်ရှောက်ဖို့ကအစ ကျွန်တော်တို့ ရခိုင်မှာရှိတဲ့ ပြည်နယ် အလုပ်အမူဆောင် အဖွဲ့က တာဝန်ရှိတာပေါ့ဗျာ။ အဲဒါလဲ တစ်ချက်ပါပါတယ်။

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ သူတို့က ဒေသခံ မဟုတ်တဲ့သဘောပေါ့နော်၊ ရန်ကုန်မှာ နေတယ်ဆိုတော့။

ဒေါက်တာဇော်မြင့်မောင် ။ ။ ဒေသခံမဟုတ်ဘူးဆိုတာ၊ တချို့နေရာတွေမှာ ဒီဟာတွေ ဇာတိ၊ ဟိုဟာပေါ့ တခြားနေရာတွေကနေ လာပြိုင်ကြတာပါပဲ၊ အထူးသဖြင့် ရခိုင်မှာပါ၊ များသောအားဖြင့် ရန်ကုန်မှာနေကြတဲ့သူတွေပါ။

ဝင်းမင်း။ အဲ့ဒီတော့ အောက်ခြေက တင်တဲ့လူတွေတော့ ဖြစ်တယ်ပေါ့။

ဒေါက်တာ ဇော်မြင့်မောင်။။ ဒါပေါ့၊ ဟုတ်ကဲ့ တင်တဲ့သူတွေပါပဲ။ ကျွန်တော်တို့ဆီကနေ လိုလိုလားလား Willingness ပါ။ ကျွန်တော်တို့ရဲ့ ဟိုဟာမျိုးမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က သူတို့ဟာသူတို့ ဆန္ဒရှိလို့၊ ပြိုင်ချင်တယ် အဲ့ဒီမှာပဲ ဆိုလို့။

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ သူတို့ကို ရွေးတဲ့အခါကျတော့ ပဋိပက္ခဒေသဖြစ်တဲ့အတွက် သီးသန့် ထည့်စဉ်စားတဲ့ အချက်တွေရှိသေးလား။

ဒေါက်တာဇော်မြင့်မောင် ။ ။ မရှိပါဘူးခင်ဗျ။ သူတို့ကိုယ်တိုင်ကလဲ ပြိုင်ချင်တယ်၊ ကျွန်တော်တို့မှာလဲ ဒီကိုပို့ဖို့ လူကရှိပြီးသား၊ သူတို့လျှောက်တဲ့ထဲမှာလည်း ပါတယ်လေ၊ ဗဟိုကနေ ဘယ်နေရာပို့ဖို့ ပြောသူလည်းရှိ၊ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်ကို သီးသန့်လျှောက်တဲ့သူလည်း ရှိပါတယ်။

ကိုဝင်းမင်း။ ။ အရင်ရွေးကောက်ပွဲတွေတုံးကတော့ ၁၉၉၀ ရော ၂၀၁၅ မှာပါ၊ ရခိုင်ပြည်နယ်မှာ NLD အနေနဲ့ အများစု မဲ မနိုင်ခဲ့ဘူး၊ ရခိုင်ပါတီတွေပဲ အဓိက နိုင်ခဲ့တော့ ဒီတစ်ခေါက်ရော NLD အတွက် နိုင်နိုင်ခြေ အနေအထား။

ဒေါက်တာဇော်မြင့်မောင် ။ ။ ကျွန်တော်တို့ကတော့ ပြည်နယ်တွေမှာ ရည်မှန်းချက်ကတော့၊ အရင်နိုင်ပြီးသား နေရာတွေမှာကတော့ ပြန်နိုင်အောင် ကြိုးစားထားပြီးသားပါ။ အဲ့တော့ နယ်မြေ အသစ်တွေမှာလည်း ကျွန်တော်တို့ စည်းရုံးထားတာတွေ ရှိတာကိုးဗျ။ ဒါကတော့ ဒီမိုကရေစီကတော့ ဝင်ပြိုင်တာပဲဗျာ။ ကျွန်တော်တို့ အင်အားကြီး ပါတီအနေနဲ့ နေရာပေါင်းစုံမှာ ဝင်ပြိုင်နိုင်တယ်၊ ကျွန်တော်တို့မှာ လူရှိတယ်ဆိုတာ အင်အားပြပြီးသားလည်း ဖြစ်တာပေါ့ဗျာ။

ကိုဝင်းမင်း။ ။ အရင်နိုင်ခဲ့တဲ့ ဒေသတွေဆိုတော့ ဂွတို့၊၊ သံတွဲတို့၊ တောင်ကုတ်တို့ကို ဆိုလိုတာပေါ့နော်၊ ၂၀၁၅ တုန်းက။

ဒေါက်တာဇော်မြင့်မောင်။ ။ ဒါပေါ့၊ အရင်နိုင်ပြီးသားနေရာတွေကတော့၊ Solid (အပြည့်) ပြန်နိုင်အောင်တော့ ကျွန်တော်တို့ လုပ်ကိုလုပ်ရမှာပေါ့လေ။ နောက်ထပ်တိုးနိုင်ဖို့အတွက်လည်း စည်းရုံးရေးတို့၊ စီမံချက်တွေတော့ လုပ်ရတာပေါ့ဗျာ။ မရှိလို့မပြိုင်ရဘူးဆိုတာမျိုး မဖြစ်ရအောင် ကျွန်တော်တို့ ကြိုးစားတာပေါ့၊ မျှော်လင့်ချက်လဲ ကျွန်တော်တို့ ထားထားတာပေါ့။

ကိုဝင်းမင်း။ ။ အခုလာမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ NLD မဲ အများဆုံး နိုင်ခဲ့လျှင်၊ ရခိုင်ပြည်နယ်မှာ အခုလက်ရှိ ပဋိပက္ခတွေ၊ မကျေနပ်မူတွေမျိုးဖြစ်နေတဲ့အတွက် ဘယ်လိုမျိုး ပိုတိုးလုပ်ပေးဖို့ ပြင်ဆင်ထားလဲ။

ဒေါက်တာဇော်မြင့်မောင် ။ ။ အဲ့ဒါကတော့ Dream (အိမ်မက်) တွေ ဖြစ်နေပါလိမ့်မယ်ဗျာ၊ မဟုတ်ဘူးလား။ နိုင်တဲ့အခါကျ ဆိုတော့။ ဒါပေမဲ့ အခုလက်ရှိလည်း ရခိုင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီးတော့၊ ရခိုင်ပြည်နယ်အတွက် လုပ်ပေးနေတာပဲလေ၊ အထူးဧရိယာအနေနဲ့ ဦးစားပေးအနေနဲ့ လုပ်ပေးနေတာပါဗျာ။

ကိုဝင်းမင်း။ ။ တကယ်လို့များ NLD အနေနဲ့ တစ်နိုင်ငံလုံး အများစု မနိုင်ခဲ့ရင်ရော။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျွန်တော်တို့ လောလောဆယ်အထိကတော့ အဲ့ဒါကို မစဉ်းစားသေး။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့၊ ညွှန့်ပေါင်း ညွန့်ပေါင်း ပြောနေကြတာပါ။ ကျွန်တော်တို့ကတော့ အစိုးရဖွဲ့နိုင်အောင် ကြိုးစားမှာပဲဗျာ။ ဒီမိုကရေစီ ခိုင်မာဖို့၊ ကျွန်တော်တို့ NLD အနိုင်ရအောင် ကြိုးစားမှာပဲ။

ကိုဝင်းမင်း။ ။ ကျေးဇူး အများကြီးတင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG