သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါတီကိုၾကည့္မလား လူကိုၾကည့္မလား


21 pinglong
ပါတီကိုၾကည့္မလား လူကိုၾကည့္မလား
please wait

No media source currently available

0:00 0:12:05 0:00
တိုက္႐ိုက္ လင့္ခ္

ဒီတပတ္ ျမန္မာ့အေရးသုံးသပ္ခ်က္ အစီအစဥ္မွာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ပါတီကိုၾကည့္ရမလား လူကိုၾကည့္ရမလား ဆိုတာ ျမန္မာ့ႏိုင္ငံေရး ေစာင့္ၾကည့္သူ ေဒါက္တာတင့္ေဆြ နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြတုံးက ျမန္မာႏိုင္ငံ မဲဆႏၵရွင္အမ်ားစုဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္နဲ႔အညီ အမတ္ေလာင္း ဘယ္သူဘယ္ဝါဆိုတာ လူကိုမၾကည့္ဘဲ၊ ပါတီကိုၾကည့္ၿပီး မဲေပးခဲ့ၾကတယ္ဆိုရင္ မွားမယ္ မဟုတ္ပါဘူး။ အခုလာမယ့္ ေ႐ြးေကာက္ပြဲမွာ အရင္လို ပါတီကိုပဲၾကည့္ၿပီး မဲေပးၾကအံုးမွာလား၊ သို႔တည္းမဟုတ္ မိမိတို႔ အမတ္ေလာင္းရဲ႕ လုပ္ရည္ကိုရည္၊ ကိုယ္ရည္ကိုယ္ေသြးကို ၾကည့္ၿပီးမဲၾကမွာပါလား။

၁၉၉၀ ျပည့္ေ႐ြးေကာက္ပြဲတုန္းက သူကိုယ္တိုင္ ေ႐ြးေကာက္ခံ အမတ္ေလာင္းတဦးျဖစ္ခဲ့သူ ေဒါက္တာတင့္ေဆြက အခုလို စတင္ေဆြးေႏြးပါတယ္။

ေျဖ ။ ။ စစ္အစိုးရေနာက္ပိုင္း ေရြးေကာက္ပြဲေတြမွာ ၁၉၉၀ နဲ႔ ၂၀၁၀၊ ၂၀၁၅ နဲ႔ အခု ၂၀၂၀ တို႔ မတူပါဘူး။ ၁၉၉၀ တုန္းကေတာ့ တစ္ပါတီအာဏာျပဳတ္က်ေရးကို ဦးတည္ခဲ့ပါတယ္။ အဲဒီတုန္းက ႏုိင္ငံေရးပါတီေတြ (၂၃၅) ခု ရိွတယ္။ ေရြးေကာက္ပြဲဝင္ေတာ့ (၉၇) ပါတီ ဝင္ခဲ့ပါတယ္။ (၉၇) ခုႏွစ္ထဲမွာ NLD က (၉၂.၆) အျပတ္အသတ္ ႏိုင္ခဲ့တယ္ဆိုေတာ့ အဲဒီတုန္းကေတာ့ ဒီမိုကေရစီဆိုတဲ့ စံတစ္ခုကို အမည္တစ္ခုကို ဦးတည္ခဲ့၊ ေရြးခ်ယ္ခဲ့တယ္လို႔ က်ေနာ္တို႔ သံုးသပ္လို႔ ရပါတယ္။ ၂၀၁၀ ကေတာ့ သိတဲ့အတိုင္း တျခားလဲ ေရြးခ်ယ္စရာ မရိွေတာ့၊ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီကိုပဲ ေရြးခဲ့ၾကတယ္။ ၂၀၁၂ ၾကားျဖတ္နဲ႔၊ ၂၀၁၅ တုန္းကေတာ့ အခုေမးခြန္းအတိုင္းပဲ လူကိုမၾကည့္နဲ႔ ပါတီကိုၾကည့္ဆိုတဲ့ ေဆာင္ပုဒ္ကို NLD ကိုယ္ႏိႈက္က တင္ခဲ့ပါတယ္။ တခါ အခုေတာ့ NLD က (၅) ႏွစ္ အစိုးရလုပ္တဲ့အခါမွာ အားမရတာေတြ၊ မျဖစ္ေစခ်င္တာေတြ၊ ျဖစ္သင့္သေလာက္ မျဖစ္တာေတြစတဲ့ ေဝဖန္မႈေတြေၾကာင့္ ဒီလို လူကိုၾကည့္ရမလားဆိုတဲ့ စဥ္းစားခ်က္ေတြ ရိွလာတာေတာ့ အမွန္ပါပဲ။ ဒါေပမဲ့ က်ေနာ့္အျမင္က လူကိုၾကည့္ရင္ အမတ္ေလာင္းတစ္ေယာက္ထဲပဲ ကိုယ့္ေဒသက ၾကည့္မယ္ဆိုရင္ ဒီအမတ္တစ္ေယာက္က လႊတ္ေတာ္မွာ တစ္ေယာက္စာ ကိုယ္ႀကိဳက္တဲ့တစ္ေယာက္ ရသြားမယ္။ သို႔ေသာ္လဲပဲ တုိင္းျပည္တခုလံုးနဲ႔ဆိုင္တဲ့ ကိစၥေတြကို ကိုယ္တင္တဲ့ ကိုယ္က လူကိုၾကည့္ၿပီးေတာ့ ဘယ္ပါတီကျဖစ္ျဖစ္ တင္လိုက္တဲ့ အမတ္တစ္ေယာက္ဟာ လႊတ္ေတာ္ထဲမွာ သူက မဲတစ္မဲတည္းပဲ ရတယ္။ အဲဒီေတာ့ တိုင္းျပည္တခုလံုးနဲ႔ဆိုင္တဲ့ ကိစၥေတြကို လူတစ္ဦးတည္း၊ အမတ္တစ္ေယာက္တည္း သို႔မဟုတ္ အမတ္ အေရအတြက္ တစံုတခုကေန ၿခံဳၿပီးေဆာင္ရြက္ႏိုင္ပါ့မလားဆိုတဲ့ စဥ္းစားခ်က္လဲ ရိွမွာမလြဲဘူးလို႔ က်ေနာ္ယူဆပါတယ္။

ဒါေၾကာင့္ ၂၀၂၀ လဲပဲ အရင္နဲ႔မကြာတဲ့ ပါတီကိုၾကည့္ရမလားဆိုတဲ့ အားကေတာ့ သာဆဲျဖစ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ က်ေနာ္ ေလ့လာဖူးသေလာက္ေတာ့ တခ်ဳိ ႔ဒီမိုကေရစီ ထြန္းကားတဲ့ ႏုိင္ငံေတြမွာ မဲဆႏၵရွင္ေတြရဲ ႔ Rights and Responsibilities, Voter rights and responsibilities ဆိုၿပီး ျပဌာန္းထားတာ ရိွပါတယ္။ အဓိကေတာ့ responsibilities မဲဆႏၵရွင္ေတြရဲ ႔ တာဝန္မွာ ဘာေရးထားသလဲဆိုေတာ့ Familiarize candidates and issues - သူတုိ႔မဲေပးတဲ့လူရဲ ႔ အေၾကာင္းနဲ႔ သူတုိိ႔ႏုိ္င္ငံမွာ သူတို႔ႀကံဳေတြ႔ေနရတဲ့ ျပႆနာေတြက ဘာေတြလဲ။ အဓိကလုပ္ေဆာင္ေပးရမယ့္ issues ေတြ။ ဒါေတြကို အဓိကထားၿပီးေတာ့ စဥ္းစားေပးဖို႔က မဲ့ဆႏၵရွင္ေတြရဲ ႔ တာဝန္လို႔ ထင္ပါတယ္။ ဆိုေတာ့ ျမန္မာႏုိ္င္ငံမွာလဲ လူပုဂၢိဳလ္တစ္ေယာက္ထဲကိုပဲ ၾကည့္တယ္ဆိုတဲ့ ေနရာမွာ လူ ပုဂၢိဳလ္တစ္ေယာက္ထဲနဲ႔ ဆက္စပ္ၿပီးေတာ့ ႏုိင္ငံရဲ ႔ ရင္ဆိုင္ေနရတဲ့၊ ႏုိင္ငံေရးျပႆနာ၊ စီးပြားေရး၊ ပညာေရးကိစၥေတြလဲ စဥ္းစားၿပီးေတာ့ ၾကည့္ရမွာေပါ့။ ဆိုေတာ့ ဒီေနရာမွာ ေျပာခ်င္တာက အခု issues ေတြကိုၾကည့္မယ္ - ျမန္မာႏုိ္င္ငံေရးကိစၥေတြကို ေျပာမယ္ဆိုရင္ အဓိက အေျခခံအက်ဆံုးကေတာ့ ေလာေလာဆယ္ ဖြဲ႔စည္းပံုကို ဘယ္ေလာက္ျပင္ႏုိင္မလဲ။ အထူးသျဖင့္ တိုင္းရင္းသားေတြရဲ ႔ လိုခ်င္တဲ့ဆႏၵ။ သူတုိ႔ေဒသေတြကို ေပးထားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဖြဲ႔စည္းပံုမွာပါတဲ့ဟာကို ေဘာင္ခ်ဲ ႔ၿပီးေတာ့ ဘယ္ေလာက္ေပးႏိုင္မလဲဆိုတာရယ္။ ေနာက္ၿပီးေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ ဘယ္ေလာာက္ၿငိိမ္းခ်မ္းေရး ရႏိုင္မလဲဆိုတာေတြက အေရးႀကီးတဲ့ issues ေတြ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒါေတြကို လူေတြက်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားၾကမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အခုေမးခြန္းအတိုင္းပဲ အင္မတန္မွ တုိင္းျပည္တစ္ခုလံုး၊ တုိင္းျပည္ရဲ ႔အနာဂတ္ႀကီးတစ္ခုလံုးကို သက္ဆိုင္တဲ့ issues ေခၚတဲ့ အေရးအရာေတြကို စဥ္းစားတဲ့ မဲဆႏၵရွင္ေတြ ရိွလာတာေတာ့ အမွန္ပါပဲ။ က်ေနာ္တို႔ မဲဆႏၵရွင္ေတြဟာ (၅) ႏွစ္ တစ္ခါ ရင့္ၾကတ္ၿပီးေတာ့ က်ယ္ျပန္႔တဲ့ ေတြးေခၚမႈေတြ ရိွလာတာေတာ့ အမွန္ပါပဲ။ သို႔ေသာ္လဲပဲ အဲဒီအေရအတြက္ကို က်ေနာ္ကေတာ့ အားမရေသးဘူး။ ေနာက္ ဗမာျပည္ရဲ ႔ လက္ရိွအေနအထားကလဲ အဲဒီေလာက္အထိ ျဖစ္ႏုိ္င္တဲ့ အလားအလာ ၂၀၀၈ ဖြဲ႔စည္းပံုႀကီးေအာက္မွာ မျဖစ္ႏုိင္ၾကဘူးဆိုတဲ့ အသိကလဲ အမ်ားစုက သိထားၾကေတာ့ ဖြဲ႔စည္းပံုျပင္ဆင္ေရး၊ ျဖစ္ႏိုင္ေရးကို ဦးေဆာင္ႏို္င္တဲ့ ႏိုင္ငံေရးပါတီကို ေရြးမယ္ဆိုတဲ့၊ ေရြးခ်င္တယ္ဆိုတဲ့ ဆႏၵကေတာ့ လူထက္ပိုၿပီးေတာ့ မ်ားေသးတယ္လို႔ က်ေနာ္ ယူဆတယ္။ ေနာက္ ေမးခြန္းထဲမွာ ပါသလိုပဲ တုိင္းရင္းသားအေရးနဲ႔ စည္းလံုးညီညႊတ္ေရး၊၊ တပ္မေတာ္နဲ႔ ဆက္ဆံေရးကိစၥေတြမွာ သိတဲ့အတိုင္းေပါ့ ၂၀၁၅ နဲ႔ မတူတဲ့ အခင္းအက်င္းေတြ ၂၀၂၀ မွာ ရိွလာတယ္လို႔ က်ေနာ္ ယူဆလိုက္တယ္။ တိုင္းရင္းသားေတြဘက္လဲ ရိွတယ္။ တပ္မေတာ္ဘက္ကလဲ ရိွတယ္လို႔ က်ေနာ္ ယူဆတယ္။

အဲဒီရိွတဲ့ အရိွေတြဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကို ဦးတည္တဲ့ ေျပာင္းလဲမႈ မဟုတ္ဘဲနဲ႔ ေျပာင္းျပန္ေတာ့ ျဖစ္ေနသလားလို႔ ဒီလိုသံသယ ရိွတယ္။ ဒါေၾကာင့္ issues က ဘယ္ေလာက္ေကာင္းေကာင္း၊ လက္ရိွ ျမန္မာႏုိင္ငံရဲ ႔ ႏုိ္င္ငံေရးအေနအထား၊ အခင္းအက်င္းဟာ ၂၀၁၅ ထက္ ပိုၿပီးေတာ့ ေကာင္းမလာေသးဘူးလို႔ ယူဆတဲ့အတြက္ ဘယ္ေလာက္ပဲ စိတ္ကူးယဥ္ေနေပမယ့္ အိပ္မက္ဆိုးေတြ မက္ေနတုန္းပဲလို႔ ဒီေရြးေကာက္ပြဲတစ္ခုကေန ျပင္ဆင္ဖို႔ဆိုတာ အေတာ္ခဲယဥ္းေသးတယ္လို႔ က်ေနာ္ ယူဆပါတယ္။

ေမး ။ ။ ေနာက္တစ္ခုက ဆရာက စိတ္ကူးယဥ္တယ္ ဘာညာေျပာေျပာ လူေတြတခ်ဳိ ႔က ေတြးေနၾကတာ။ တခ်ဳိ ႔က ထုတ္ေဖာ္ၿပီးေတာ့လဲ ေျပာၾကတယ္။ တကယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က သမၼတ ျဖစ္လာရင္ေတာ့ ဖြဲ႔စည္းပံုျပင္ဆင္ေရးဟာ ပိုၿပီးေတာ့ လမ္းပြင့္သြားႏိုင္တယ္ဆိုၿပီးေတာ့ ယူဆခ်က္တခ်ဳိ ႔လဲ ၾကားရပါတယ္။ ဆိုေတာ့ လူေတြက အဲဒီလိုပဲ စဥ္းစားၾကမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ စဥ္းစားခ်က္ေတာ့ ရိွတယ္။ သို႔ေသာ္ လက္ေတြ႔ျဖစ္ႏိုင္မယ္လို႔ ယူဆတဲ့လူ ေတာ္ေတာ္ရွားပါလိမ့္မယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ နာမည္ကို ဒီလိုအသံုးျပဳခ်င္တာဟာ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးနဲ႔ တပ္မေတာ္ဘက္က၊ တပ္မေတာ္နဲ႔ ပလူးပလဲလုပ္တဲ့ ပါတီေတြကေန ဒါဟာ ႏုိင္ငံေရးေဆာင္ပုဒ္တစ္ခုအေနနဲ႔ မပိုဘူးလို႔ ယူဆပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ သမၼတျဖစ္ျဖစ္၊ သမၼတထက္ အေရးပါတဲ့ေနရာတစ္ေနရာျဖစ္ျဖစ္ ဖြဲ႔စည္းပံု ျပင္ဆင္ေရးဟာ သူ႔ေၾကာင့္မရတာ မဟုတ္ဘဲနဲ႔ သူ႔အထက္က အရင္ကတည္းက အခုအခ်ိန္အထိ သက္ရိွထင္ရွားျဖစ္တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ အပါအဝင္ အဲဒီအုပ္စုကေန ေဆာင္ရြက္ထားတာေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေက်ာ္လႊာႏိုင္မယ္လို႔ က်ေနာ္ မထင္တဲ့အတြက္ ဒီစဥ္းစားခ်က္ကလဲ က်ေနာ္ထင္တယ္ အုပ္စုတစ္စုကို ဝင္ရေရးအတြက္ တင္တဲ့ ႏိုင္ငံေရး issue တစ္ခုထက္ မပိုဘူးလို႔ က်ေနာ္ထင္ပါတယ္။

ေမး ။ ။ သူတုိ႔အထက္က ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊတို႔ အသိုင္းအဝိုင္းေတာ့ ထားလိုက္ပါေတာ့။ သူတုိ႔ေတြလဲ အသက္အရြယ္ေတာ့ ႀကီးလွၿပီ၊ ျမန္မာ့ႏို္င္ငံေရးမွာ ဘယ္ေလာက္ ေနာက္ကေန ႀကိဳးဆြဲႏိုင္ေသးသလား ဆိုတာေတာ့ က်ေနာ္တို႔ မေသခ်ာဘူးေပါ့ ဆရာ။ ဒါေပမဲ့ ဒီေနရာမွာ က်ေနာ္ဆက္ၿပီးေတာ့ ေမးခ်င္တာက နမူနာတစ္ခုကို ျပန္ၾကည့္ရင္ တိုင္းရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရး ေစ့စပ္တဲ့ေနရာမွာ ဗိုလ္ခ်ဳပ္ႀကီးဦးသိန္းစိန္ သမၼတ ျဖစ္ခဲ့တုန္းက ပိုၿပီးေတာ့ ခရီးတြင္ခဲ့တယ္။ ပိုၿပီးေတာ့ ထိေရာက္ခဲ့တယ္လို႔ လူအမ်ားက လက္ခံခဲ့ၾကပါတယ္။ ဒါက ဘာေၾကာင့္လဲဆိုရင္ သမၼတအေနနဲ႔ တပ္မေတာ္ကို တစံုတခုေသာ အတိုင္းအတာအထိ လႊမ္းမိုးႏိုင္တဲ့ အေနအထားမွာရိွလို႔ ျဖစ္တယ္လို႔ ယူဆခဲ့ၾကပါတယ္။ ဆိုေတာ့ ဗိုလ္ခ်ဳပ္မွူးႀကီးမင္းေအာင္လိႈင္သာ သမၼတ ဦးမင္းေအာင္လိႈင္ ျဖစ္လာခဲ့ရင္ သူ႔အေနနဲ႔ ဒီလိုပံုစံမ်ဳိး လုပ္ၿပီးေတာ့ တိုင္းရင္းသားေတြနဲ႔ ေစ့စပ္တဲ့ေနရာမွာ တပ္မေတာ္ရဲ ႔ ေထာ္ေလာ္ကန္႔လန္႔လုပ္မႈေတြ ပိုၿပီးေတာ့ နည္းပါးသြားမယ္လို႔ ယူဆႏုိင္စရာ အေၾကာင္းမရိွဘူးလား။

ေျဖ ။ ။ အဲဒါကေတာ့ ဦးသိန္းစိန္ သမၼတျဖစ္ေတာ့ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို စၿပီးေတာ့ အေကာင္အထည္ေဖာ္တယ္။ အဲဒီေဖာ္တဲ့အတြက္ တုိင္းျပည္တျပည္လံုးက အားေပးခဲ့ၾကတယ္။ လူထုက ၿငိမ္းခ်မ္းခ်င္ၾကတာဆိုေတာ့။ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရတက္ေတာ့လဲ ဒီလမ္းေပၚမွာပဲ ဆက္ေလွ်ာက္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ ႀကိဳးပမ္းၿပီးေတာ့ ေဆာင္ရြက္ႏုိင္စြမ္းရိွတဲ့ ေခါင္းေဆာင္တစ္ဦးလို႔ က်ေနာ္ မယူဆဘူး။ သူတက္တက္ခ်င္းလဲ တပ္မေတာ္က ဖြဲ႔စည္းပံုကို အသက္ေပးၿပီး ကာကြယ္ရမယ္ဆိုတဲ့ အသံုးအႏႈန္းေတြကို သူသံုးခဲ့တယ္။ ေနာက္တခါ ဒီၾကားထဲမွာလဲ တိုင္းရင္းသားေတြနဲ႔ ပတ္သက္ရင္ ပံုသိပ္ဆိုးလွတဲ့ အေနအထားတရပ္ - တိတိက်က်ေျပာရင္ အေနာက္စစ္မ်က္ႏွာလို႔ေျပာတဲ့ ရခိုင္ျပည္နယ္က စစ္ေရးကိစၥရယ္။ အေရွ ႔ေျမာက္က ဝျပည္နယ္က ကိစၥ ဒီႏွစ္ခုဟာ ဒီလက္ထက္မွာ ပိုဆိုးလာတယ္။ ဒီ (၅) ႏွစ္အတြင္း ပိုဆိုးလာတာဟာ အစိုးရဆိုတာထက္ စစ္တပ္နဲ႔ ဆိုင္ေနတယ္။ စစ္တပ္လုိ႔ေျပာရင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က တာဝန္အရိွဆံုး ျဖစ္ပါတယ္။ ဒါေၾကာင့္ သူသာ သမၼတျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ တိုင္းျပည္ရဲ ႔ တုိ္င္းရင္းသားေတြနဲ႔ ပတ္သက္တဲ့အေရးကို ကိုင္တြယ္ရတဲ့အခါ ပိုၿပီးလို႔ေတာင္ ဆိုးသြားႏုိင္တယ္လို႔ က်ေနာ္က ယူဆပါတယ္။

ေမး ။ ။ တိုင္းရင္းသားေဒသတခ်ဳိ ႔က လူေတြက NLD အစုိးရရဲ ႔ တုိင္းရင္းသားေတြအေပၚ သေဘာထားကို သိပ္မေက်နပ္ၾကဘူး။ အစာမေၾကၾကဘူး။ အဲဒါေၾကာင့္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကေတာ့ တုိင္းရင္းသားေတြနဲ႔ ပိုၿပီးေတာ့ နီးစပ္မႈ ရိွမယ္လို႔ ေတြးတဲ့အေတြးကလည္း ရိွပါတယ္။ တကယ္လို႔ တစ္ပါတီသီးသန္႔ အစိုးရ မဖြဲ႔ႏိုင္တဲ့ အေျခအေန ျဖစ္ေနရင္ ညႊန္ေပါင္းဖြဲ႔မယ္ဆိုရင္ေတာင္မွ တပ္မေတာ္လိုလားတဲ့ဘက္နဲ႔ေပါင္းၿပီးေတာ့ ဖြဲ႔ႏိုင္တယ္ သေဘာထားေတြလည္း ထြက္ေနတာကို ၾကားရပါတယ္။ အဲဒီကိစၥကိုေရာ လံုးဝမျဖစ္ႏုိင္ဘူးလို႔ ဆရာ ထင္ပါသလား။

ေျဖ ။ ။ ေရြးေကာက္ပြဲ နီးလာတဲ့အခါမွာ ႏုိင္ငံေရး slogan ေတြနဲ႔ ႏိုင္ငံေရး ပံုစံအမ်ဳိးမ်ဳိးနဲ႔ ေဆာင္ရြက္လာၾကေတာ့ ဒါက စဥ္းစားမႈေတြ အမ်ဳိးမ်ဳိးေထြျပားလာၾကတာေတာ့ အမွန္ပါပဲ။ သို႔ေသာ္လဲပဲ မဲေပးမယ့္လူေတြရဲ ႔ စဥ္းစားခ်က္ကေတာ့ ေတာ္ေတာ္ေလး တည္ၿငိမ္ၿပီးေတာ့ ရင့္ၾကတ္လာတယ္လို႔ေတာ့ ယူဆပါတယ္။ သို႔ေသာ္လဲပဲ လူက အမ်ဳိးမ်ဳိးေပါ့ - ဒီလိုကာလမွာ ေပးေကၽြးၿပီးေတာ့၊ ခြန္႔ၿပီးေတာ့ လုပ္တဲ့ကိစၥေတြ။ ျဖစ္ႏို္င္တယ္ ဒီဟာေတြလဲ မရိွဘူးလို႔ ေျပာလို႔မရဘူး။ NLD လည္း (၅) ႏွစ္စာ လုပ္ထားတာ အားမရခ်က္ေတြအတြက္ ေပးဆပ္ရမယ့္ မဲဆႏၵနယ္ေျမတခ်ဳိ ႔ ရိွေကာင္းရိွမယ္။ ေျပာလို႔ေတာ့္ မရဘူးေပါ့ နည္းနည္းေလးေတာ့ ေဝဖန္ရတာ ေစာေသးတဲ့အတြက္ အမ်ဳိးမ်ဳိး ျဖစ္ႏုိင္တယ္လို႔ပဲ ယူဆပါတယ္။

ေမး ။ ။ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ႏုိင္ငံေရးအရ ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားႏုိင္ဖို႔ကလဲ ျပည္သူေတြအေနနဲ႔ ေရြးေကာက္ပြဲ နီးကပ္လာလတဲ့အခါမွာ ကိုယ္စားလွယ္ေတြ၊ ပါတီေတြနဲ႔ ၿပိဳင္ပြဲဝင္ေနေတြနဲ႔ ထိေတြ႔မႈကလဲ မ်ားမ်ားလိုတာေပါ့။ အျပန္အလွန္ လြတ္လြတ္လပ္လပ္ ေျပာႏုိင္္တဲ့ တန္းတူၿပိဳင္ကြင္းမွာ level playing field ရၿပီးေတာ့ ေျပာႏုိင္ဆိုႏုိင္တဲ့ အေျခအေနကလဲ လိုအပ္တာေပါ့။ ျမန္မာႏုိင္ငံမွာ အခုထက္ထိေတာ့ ရတာသိပ္မေတြ႔ေသးဘူး။ ကိုဗစ္-၁၉ ေၾကာင့္လား။ ႏိုင္ငံေရးအေျခအေနေၾကာင့္လား

ေျဖ ။ ။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေရြးေကာက္ပြဲကို သက္ေရာက္မႈရိွတာေတာ့ အမွန္ပဲ။ အမတ္ေလာင္းေတြ၊ ေခါင္းေဆာင္ေတြနဲ႔ မဲေပးတဲ့လူေတြအထိ ထိေတြ႔မႈကလဲ ၂၀၁၅ ေလာက္ေတာ့ က်ယ္ျပန္႔မယ္လို႔ က်ေနာ္ မထင္တဲ့အတြက္ အျပန္အလွန္ နားလည္မႈအပိုင္းမွာေတာ့ တစံုတရာေတာ့ အားနည္းခ်က္ေတြ ရိွပါတယ္။

==Unicode==

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုကြည့်ရမလား လူကိုကြည့်ရမလား ဆိုတာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုံးက မြန်မာနိုင်ငံ မဲဆန္ဒရှင်အများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုက်တွန်းချက်နဲ့အညီ အမတ်လောင်း ဘယ်သူဘယ်ဝါဆိုတာ လူကိုမကြည့်ဘဲ၊ ပါတီကိုကြည့်ပြီး မဲပေးခဲ့ကြတယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင်လို ပါတီကိုပဲကြည့်ပြီး မဲပေးကြအုံးမှာလား၊ သို့တည်းမဟုတ် မိမိတို့ အမတ်လောင်းရဲ့ လုပ်ရည်ကိုရည်၊ ကိုယ်ရည်ကိုယ်သွေးကို ကြည့်ပြီးမဲကြမှာပါလား။

၁၉၉၀ ပြည့်ရွေးကောက်ပွဲတုန်းက သူကိုယ်တိုင် ရွေးကောက်ခံ အမတ်လောင်းတဦးဖြစ်ခဲ့သူ ဒေါက်တာတင့်ဆွေက အခုလို စတင်ဆွေးနွေးပါတယ်။

ဖြေ ။ ။ စစ်အစိုးရနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ ၁၉၉၀ နဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ အခု ၂၀၂၀ တို့ မတူပါဘူး။ ၁၉၉၀ တုန်းကတော့ တစ်ပါတီအာဏာပြုတ်ကျရေးကို ဦးတည်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံရေးပါတီတွေ (၂၃၅) ခု ရှိတယ်။ ရွေးကောက်ပွဲဝင်တော့ (၉၇) ပါတီ ဝင်ခဲ့ပါတယ်။ (၉၇) ခုနှစ်ထဲမှာ NLD က (၉၂.၆) အပြတ်အသတ် နိုင်ခဲ့တယ်ဆိုတော့ အဲဒီတုန်းကတော့ ဒီမိုကရေစီဆိုတဲ့ စံတစ်ခုကို အမည်တစ်ခုကို ဦးတည်ခဲ့၊ ရွေးချယ်ခဲ့တယ်လို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။ ၂၀၁၀ ကတော့ သိတဲ့အတိုင်း တခြားလဲ ရွေးချယ်စရာ မရှိတော့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုပဲ ရွေးခဲ့ကြတယ်။ ၂၀၁၂ ကြားဖြတ်နဲ့၊ ၂၀၁၅ တုန်းကတော့ အခုမေးခွန်းအတိုင်းပဲ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ဆိုတဲ့ ဆောင်ပုဒ်ကို NLD ကိုယ်နှိုက်က တင်ခဲ့ပါတယ်။ တခါ အခုတော့ NLD က (၅) နှစ် အစိုးရလုပ်တဲ့အခါမှာ အားမရတာတွေ၊ မဖြစ်စေချင်တာတွေ၊ ဖြစ်သင့်သလောက် မဖြစ်တာတွေစတဲ့ ဝေဖန်မှုတွေကြောင့် ဒီလို လူကိုကြည့်ရမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိလာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျနော့်အမြင်က လူကိုကြည့်ရင် အမတ်လောင်းတစ်ယောက်ထဲပဲ ကိုယ့်ဒေသက ကြည့်မယ်ဆိုရင် ဒီအမတ်တစ်ယောက်က လွှတ်တော်မှာ တစ်ယောက်စာ ကိုယ်ကြိုက်တဲ့တစ်ယောက် ရသွားမယ်။ သို့သော်လဲပဲ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကိုယ်တင်တဲ့ ကိုယ်က လူကိုကြည့်ပြီးတော့ ဘယ်ပါတီကဖြစ်ဖြစ် တင်လိုက်တဲ့ အမတ်တစ်ယောက်ဟာ လွှတ်တော်ထဲမှာ သူက မဲတစ်မဲတည်းပဲ ရတယ်။ အဲဒီတော့ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေကို လူတစ်ဦးတည်း၊ အမတ်တစ်ယောက်တည်း သို့မဟုတ် အမတ် အရေအတွက် တစုံတခုကနေ ခြုံပြီးဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ စဉ်းစားချက်လဲ ရှိမှာမလွဲဘူးလို့ ကျနော်ယူဆပါတယ်။

ဒါကြောင့် ၂၀၂၀ လဲပဲ အရင်နဲ့မကွာတဲ့ ပါတီကိုကြည့်ရမလားဆိုတဲ့ အားကတော့ သာဆဲဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ ကျနော် လေ့လာဖူးသလောက်တော့ တချို့ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ မဲဆန္ဒရှင်တွေရဲ့ Rights and Responsibilities, Voter rights and responsibilities ဆိုပြီး ပြဌာန်းထားတာ ရှိပါတယ်။ အဓိကတော့ responsibilities မဲဆန္ဒရှင်တွေရဲ့ တာဝန်မှာ ဘာရေးထားသလဲဆိုတော့ Familiarize candidates and issues - သူတို့မဲပေးတဲ့လူရဲ့ အကြောင်းနဲ့ သူတို့နိုင်ငံမှာ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေက ဘာတွေလဲ။ အဓိကလုပ်ဆောင်ပေးရမယ့် issues တွေ။ ဒါတွေကို အဓိကထားပြီးတော့ စဉ်းစားပေးဖို့က မဲ့ဆန္ဒရှင်တွေရဲ့ တာဝန်လို့ ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလဲ လူပုဂ္ဂိုလ်တစ်ယောက်ထဲကိုပဲ ကြည့်တယ်ဆိုတဲ့ နေရာမှာ လူ ပုဂ္ဂိုလ်တစ်ယောက်ထဲနဲ့ ဆက်စပ်ပြီးတော့ နိုင်ငံရဲ့ ရင်ဆိုင်နေရတဲ့၊ နိုင်ငံရေးပြဿနာ၊ စီးပွားရေး၊ ပညာရေးကိစ္စတွေလဲ စဉ်းစားပြီးတော့ ကြည့်ရမှာပေါ့။ ဆိုတော့ ဒီနေရာမှာ ပြောချင်တာက အခု issues တွေကိုကြည့်မယ် - မြန်မာနိုင်ငံရေးကိစ္စတွေကို ပြောမယ်ဆိုရင် အဓိက အခြေခံအကျဆုံးကတော့ လောလောဆယ် ဖွဲ့စည်းပုံကို ဘယ်လောက်ပြင်နိုင်မလဲ။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့ဆန္ဒ။ သူတို့ဒေသတွေကို ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖွဲ့စည်းပုံမှာပါတဲ့ဟာကို ဘောင်ချဲ့ပြီးတော့ ဘယ်လောက်ပေးနိုင်မလဲဆိုတာရယ်။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လောာက်ငြိမ်းချမ်းရေး ရနိုင်မလဲဆိုတာတွေက အရေးကြီးတဲ့ issues တွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါတွေကို လူတွေကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အခုမေးခွန်းအတိုင်းပဲ အင်မတန်မှ တိုင်းပြည်တစ်ခုလုံး၊ တိုင်းပြည်ရဲ့အနာဂတ်ကြီးတစ်ခုလုံးကို သက်ဆိုင်တဲ့ issues ခေါ်တဲ့ အရေးအရာတွေကို စဉ်းစားတဲ့ မဲဆန္ဒရှင်တွေ ရှိလာတာတော့ အမှန်ပါပဲ။ ကျနော်တို့ မဲဆန္ဒရှင်တွေဟာ (၅) နှစ် တစ်ခါ ရင့်ကြတ်ပြီးတော့ ကျယ်ပြန့်တဲ့ တွေးခေါ်မှုတွေ ရှိလာတာတော့ အမှန်ပါပဲ။ သို့သော်လဲပဲ အဲဒီအရေအတွက်ကို ကျနော်ကတော့ အားမရသေးဘူး။ နောက် ဗမာပြည်ရဲ့ လက်ရှိအနေအထားကလဲ အဲဒီလောက်အထိ ဖြစ်နိုင်တဲ့ အလားအလာ ၂၀၀၈ ဖွဲ့စည်းပုံကြီးအောက်မှာ မဖြစ်နိုင်ကြဘူးဆိုတဲ့ အသိကလဲ အများစုက သိထားကြတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖြစ်နိုင်ရေးကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေးပါတီကို ရွေးမယ်ဆိုတဲ့၊ ရွေးချင်တယ်ဆိုတဲ့ ဆန္ဒကတော့ လူထက်ပိုပြီးတော့ များသေးတယ်လို့ ကျနော် ယူဆတယ်။ နောက် မေးခွန်းထဲမှာ ပါသလိုပဲ တိုင်းရင်းသားအရေးနဲ့ စည်းလုံးညီညွှတ်ရေး၊၊ တပ်မတော်နဲ့ ဆက်ဆံရေးကိစ္စတွေမှာ သိတဲ့အတိုင်းပေါ့ ၂၀၁၅ နဲ့ မတူတဲ့ အခင်းအကျင်းတွေ ၂၀၂၀ မှာ ရှိလာတယ်လို့ ကျနော် ယူဆလိုက်တယ်။ တိုင်းရင်းသားတွေဘက်လဲ ရှိတယ်။ တပ်မတော်ဘက်ကလဲ ရှိတယ်လို့ ကျနော် ယူဆတယ်။

အဲဒီရှိတဲ့ အရှိတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့ ပြောင်းလဲမှု မဟုတ်ဘဲနဲ့ ပြောင်းပြန်တော့ ဖြစ်နေသလားလို့ ဒီလိုသံသယ ရှိတယ်။ ဒါကြောင့် issues က ဘယ်လောက်ကောင်းကောင်း၊ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထား၊ အခင်းအကျင်းဟာ ၂၀၁၅ ထက် ပိုပြီးတော့ ကောင်းမလာသေးဘူးလို့ ယူဆတဲ့အတွက် ဘယ်လောက်ပဲ စိတ်ကူးယဉ်နေပေမယ့် အိပ်မက်ဆိုးတွေ မက်နေတုန်းပဲလို့ ဒီရွေးကောက်ပွဲတစ်ခုကနေ ပြင်ဆင်ဖို့ဆိုတာ အတော်ခဲယဉ်းသေးတယ်လို့ ကျနော် ယူဆပါတယ်။

မေး ။ ။ နောက်တစ်ခုက ဆရာက စိတ်ကူးယဉ်တယ် ဘာညာပြောပြော လူတွေတချို့က တွေးနေကြတာ။ တချို့က ထုတ်ဖော်ပြီးတော့လဲ ပြောကြတယ်။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဖြစ်လာရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ပိုပြီးတော့ လမ်းပွင့်သွားနိုင်တယ်ဆိုပြီးတော့ ယူဆချက်တချို့လဲ ကြားရပါတယ်။ ဆိုတော့ လူတွေက အဲဒီလိုပဲ စဉ်းစားကြမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ စဉ်းစားချက်တော့ ရှိတယ်။ သို့သော် လက်တွေ့ဖြစ်နိုင်မယ်လို့ ယူဆတဲ့လူ တော်တော်ရှားပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာမည်ကို ဒီလိုအသုံးပြုချင်တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်ဘက်က၊ တပ်မတော်နဲ့ ပလူးပလဲလုပ်တဲ့ ပါတီတွေကနေ ဒါဟာ နိုင်ငံရေးဆောင်ပုဒ်တစ်ခုအနေနဲ့ မပိုဘူးလို့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ဖြစ်၊ သမ္မတထက် အရေးပါတဲ့နေရာတစ်နေရာဖြစ်ဖြစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ သူ့ကြောင့်မရတာ မဟုတ်ဘဲနဲ့ သူ့အထက်က အရင်ကတည်းက အခုအချိန်အထိ သက်ရှိထင်ရှားဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အဲဒီအုပ်စုကနေ ဆောင်ရွက်ထားတာတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျော်လွှာနိုင်မယ်လို့ ကျနော် မထင်တဲ့အတွက် ဒီစဉ်းစားချက်ကလဲ ကျနော်ထင်တယ် အုပ်စုတစ်စုကို ဝင်ရရေးအတွက် တင်တဲ့ နိုင်ငံရေး issue တစ်ခုထက် မပိုဘူးလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ သူတို့အထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အသိုင်းအဝိုင်းတော့ ထားလိုက်ပါတော့။ သူတို့တွေလဲ အသက်အရွယ်တော့ ကြီးလှပြီ၊ မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် နောက်ကနေ ကြိုးဆွဲနိုင်သေးသလား ဆိုတာတော့ ကျနော်တို့ မသေချာဘူးပေါ့ ဆရာ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်ဆက်ပြီးတော့ မေးချင်တာက နမူနာတစ်ခုကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်တဲ့နေရာမှာ ဗိုလ်ချုပ်ကြီးဦးသိန်းစိန် သမ္မတ ဖြစ်ခဲ့တုန်းက ပိုပြီးတော့ ခရီးတွင်ခဲ့တယ်။ ပိုပြီးတော့ ထိရောက်ခဲ့တယ်လို့ လူအများက လက်ခံခဲ့ကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် သမ္မတအနေနဲ့ တပ်မတော်ကို တစုံတခုသော အတိုင်းအတာအထိ လွှမ်းမိုးနိုင်တဲ့ အနေအထားမှာရှိလို့ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတ ဦးမင်းအောင်လှိုင် ဖြစ်လာခဲ့ရင် သူ့အနေနဲ့ ဒီလိုပုံစံမျိုး လုပ်ပြီးတော့ တိုင်းရင်းသားတွေနဲ့ စေ့စပ်တဲ့နေရာမှာ တပ်မတော်ရဲ့ ထော်လော်ကန့်လန့်လုပ်မှုတွေ ပိုပြီးတော့ နည်းပါးသွားမယ်လို့ ယူဆနိုင်စရာ အကြောင်းမရှိဘူးလား။

ဖြေ ။ ။ အဲဒါကတော့ ဦးသိန်းစိန် သမ္မတဖြစ်တော့ ငြိမ်းချမ်းရေးလမ်းစဉ်ကို စပြီးတော့ အကောင်အထည်ဖော်တယ်။ အဲဒီဖော်တဲ့အတွက် တိုင်းပြည်တပြည်လုံးက အားပေးခဲ့ကြတယ်။ လူထုက ငြိမ်းချမ်းချင်ကြတာဆိုတော့။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်တော့လဲ ဒီလမ်းပေါ်မှာပဲ ဆက်လျှောက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ဦးလို့ ကျနော် မယူဆဘူး။ သူတက်တက်ချင်းလဲ တပ်မတော်က ဖွဲ့စည်းပုံကို အသက်ပေးပြီး ကာကွယ်ရမယ်ဆိုတဲ့ အသုံးအနှုန်းတွေကို သူသုံးခဲ့တယ်။ နောက်တခါ ဒီကြားထဲမှာလဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် ပုံသိပ်ဆိုးလှတဲ့ အနေအထားတရပ် - တိတိကျကျပြောရင် အနောက်စစ်မျက်နှာလို့ပြောတဲ့ ရခိုင်ပြည်နယ်က စစ်ရေးကိစ္စရယ်။ အရှေ့မြောက်က ဝပြည်နယ်က ကိစ္စ ဒီနှစ်ခုဟာ ဒီလက်ထက်မှာ ပိုဆိုးလာတယ်။ ဒီ (၅) နှစ်အတွင်း ပိုဆိုးလာတာဟာ အစိုးရဆိုတာထက် စစ်တပ်နဲ့ ဆိုင်နေတယ်။ စစ်တပ်လို့ပြောရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဒါကြောင့် သူသာ သမ္မတဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အရေးကို ကိုင်တွယ်ရတဲ့အခါ ပိုပြီးလို့တောင် ဆိုးသွားနိုင်တယ်လို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ တိုင်းရင်းသားဒေသတချို့က လူတွေက NLD အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် သဘောထားကို သိပ်မကျေနပ်ကြဘူး။ အစာမကြေကြဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးစပ်မှု ရှိမယ်လို့ တွေးတဲ့အတွေးကလည်း ရှိပါတယ်။ တကယ်လို့ တစ်ပါတီသီးသန့် အစိုးရ မဖွဲ့နိုင်တဲ့ အခြေအနေ ဖြစ်နေရင် ညွှန်ပေါင်းဖွဲ့မယ်ဆိုရင်တောင်မှ တပ်မတော်လိုလားတဲ့ဘက်နဲ့ပေါင်းပြီးတော့ ဖွဲ့နိုင်တယ် သဘောထားတွေလည်း ထွက်နေတာကို ကြားရပါတယ်။ အဲဒီကိစ္စကိုရော လုံးဝမဖြစ်နိုင်ဘူးလို့ ဆရာ ထင်ပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ နိုင်ငံရေး slogan တွေနဲ့ နိုင်ငံရေး ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်လာကြတော့ ဒါက စဉ်းစားမှုတွေ အမျိုးမျိုးထွေပြားလာကြတာတော့ အမှန်ပါပဲ။ သို့သော်လဲပဲ မဲပေးမယ့်လူတွေရဲ့ စဉ်းစားချက်ကတော့ တော်တော်လေး တည်ငြိမ်ပြီးတော့ ရင့်ကြတ်လာတယ်လို့တော့ ယူဆပါတယ်။ သို့သော်လဲပဲ လူက အမျိုးမျိုးပေါ့ - ဒီလိုကာလမှာ ပေးကျွေးပြီးတော့၊ ခွန့်ပြီးတော့ လုပ်တဲ့ကိစ္စတွေ။ ဖြစ်နိုင်တယ် ဒီဟာတွေလဲ မရှိဘူးလို့ ပြောလို့မရဘူး။ NLD လည်း (၅) နှစ်စာ လုပ်ထားတာ အားမရချက်တွေအတွက် ပေးဆပ်ရမယ့် မဲဆန္ဒနယ်မြေတချို့ ရှိကောင်းရှိမယ်။ ပြောလို့တော့် မရဘူးပေါ့ နည်းနည်းလေးတော့ ဝေဖန်ရတာ စောသေးတဲ့အတွက် အမျိုးမျိုး ဖြစ်နိုင်တယ်လို့ပဲ ယူဆပါတယ်။

မေး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်ဖို့ကလဲ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ နီးကပ်လာလတဲ့အခါမှာ ကိုယ်စားလှယ်တွေ၊ ပါတီတွေနဲ့ ပြိုင်ပွဲဝင်နေတွေနဲ့ ထိတွေ့မှုကလဲ များများလိုတာပေါ့။ အပြန်အလှန် လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ တန်းတူပြိုင်ကွင်းမှာ level playing field ရပြီးတော့ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေကလဲ လိုအပ်တာပေါ့။ မြန်မာနိုင်ငံမှာ အခုထက်ထိတော့ ရတာသိပ်မတွေ့သေးဘူး။ ကိုဗစ်-၁၉ ကြောင့်လား။ နိုင်ငံရေးအခြေအနေကြောင့်လား

ဖြေ ။ ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲကို သက်ရောက်မှုရှိတာတော့ အမှန်ပဲ။ အမတ်လောင်းတွေ၊ ခေါင်းဆောင်တွေနဲ့ မဲပေးတဲ့လူတွေအထိ ထိတွေ့မှုကလဲ ၂၀၁၅ လောက်တော့ ကျယ်ပြန့်မယ်လို့ ကျနော် မထင်တဲ့အတွက် အပြန်အလှန် နားလည်မှုအပိုင်းမှာတော့ တစုံတရာတော့ အားနည်းချက်တွေ ရှိပါတယ်။

XS
SM
MD
LG