သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ စည္း႐ုံးလႈပ္ရွားမႈေတြမွာ သတိထားဖုိ႔ အကဲခတ္ေတြ သတိေပး


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက မႏၱေလးၿမိဳ႕ရွိ မဲဆႏၵရံုတခုမွာ မဲမ်ားေရတြက္ေနၾကတဲ့ ေရြးေကာက္ပဲြတာ၀န္ရွိသူမ်ား။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ နီးလာတာနဲ႔အမွ် ႏိုင္ငံေရး စည္း႐ုံးလႈပ္ရွားမႈေတြ တိုးလာေနခ်ိန္မွာ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားသူေတြနဲ႔ ေထာက္ခံသူေတြ သတိထားသင့္တာေတြ ရွိေနတယ္လို႔ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ လႈပ္ရွားသူေတြ သတိေပးေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

ေ႐ြးေကာက္ပြဲက်င္းပဖို႔ အခ်ိန္ ၂ လေက်ာ္သာ လိုေတာ့ေပမယ့္ အခုကာလဟာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ေနဆဲကာလျဖစ္လို႔ ဥပေဒအရဆို ဒီအခ်ိန္မွာ ကိုယ္စားလွယ္ေလာင္းအေနနဲ႔ မဲဆြယ္စည္း႐ုံးခြင့္ မရွိေသးပါဘူး။ ဒါေပမဲ့လည္း တခ်ိဳ႕ေနရာေတြမွာ ပါတီကိုယ္စားျပဳအလံ လိုက္လံေဝတာမ်ိဳးေတြ ရွိေနပါတယ္။ မဲဆြယ္စည္း႐ုံးေရး ကာလမေရာက္ခင္မွာ အခုလိုလုပ္ေဆာင္တာေတြကို သတိျပဳသင့္တယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕ ဖန္တီးအိမ္ရဲ႕ ဒါ႐ိုက္တာ ေဒၚခင္ေလးငယ္က ေျပာပါတယ္။

“က်မတို႔ေတြ သြားရင္းလာရင္း တခ်ိဳ႕ေနရာေတြမွာဆို ပါတီကိုကိုယ္စားျပဳတဲ့ အလံေတြလႊင့္ၿပီးေတာ့ ဆိုက္ကားေတြ၊ ေမာ္ေတာ္ကားေတြ စသျဖင့္ေပါ့။ အဲဒါေတြလႊင့္ၿပီးသြားေနတာေတြက တကယ္ေတာ့ ကိုယ္ေထာက္ခံတဲ့ပါတီအတြက္လည္း အရမ္းအႏၲရာယ္မ်ားပါတယ္။ အဲဒါေၾကာင့္ အဲလိုလူေတြက ဘယ္လိုလမ္းၫႊန္ခ်က္ေတြနဲ႔ လုပ္ေနသလဲေပါ့။ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ လုပ္တာဆိုရင္လည္း အဲဒါက အဲဒီပါတီအတြက္ အရမ္းအႏၲရာယ္မ်ားတဲ့အတြက္ အဲဒီပါတီတာဝန္ရွိသူေတြအေနနဲ႔လည္း ကမ္ပိန္းကာလမတိုင္ခင္မွာ ဒါမ်ိဳးမလုပ္သင့္ဘူးဆိုတာ သတိေပးထုတ္ျပန္တာေတြ လုပ္ေပးသင့္တယ္လို႔ က်မထင္ပါတယ္။”

ျပည္သူေတြအေနနဲ႔ မဲေပးခြင့္ရွိသူစာရင္းထဲမွာ ကိုယ့္ရဲ႕အမည္စာရင္းပါ၊ မပါ စစ္ေဆးႏိုင္ဖို႔ တရက္သာက်န္ေတာ့ၿပီး၊ အမည္စာရင္းတင္သြင္းထားတဲ့ ကိုယ္စားလွယ္ေလာင္းေတြကို ေကာ္မရွင္အေနနဲ႔ စတင္စိစစ္ေနခ်ိန္ကာလျဖစ္လို႔ မဲဆြယ္စည္း႐ုံးဖို႔ကို တရားဝင္ခြင့္ျပဳမထားေၾကာင္း ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေက်ာ္ေက်ာ္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ တရားဝင္ခြင့္ျပဳထားတာ မရွိပါဘူးဗ်။ အထက္ကၫႊန္ၾကားရင္ေတာ့ ၫႊန္ၾကားတဲ့အတိုင္း တားျမစ္ရမွာေပါ့။ ခုခ်ိန္ကေတာ့ ၫႊန္ၾကားခ်က္ေတြ ဘာမွမေျပာေသးေတာ့ ဒါေတြက နဂိုကတည္းကလည္း သူတို႔ဆိုက္ကားေတြမွာ သုံးေနတာလည္းရွိတယ္ေလ။ စည္း႐ုံးေရးကာလကေတာ့ လိုပါေသးတယ္။”

ေ႐ြးေကာက္ပြဲဝင္မယ့္ ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္ေတြဟာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေၾကညာတဲ့ေန႔ကစၿပီး ပါတီစည္း႐ုံးေရးနဲ႔ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကို ျပည္ေထာင္စုအစိုးရအဖြဲ႕ဥပေဒအရ လုပ္ပိုင္ခြင့္ရထားတာပါ။ အခုလို အလံနဲ႔ ပါတီဆိုင္းဘုတ္ေထာင္တဲ့ ကိစၥမ်ိဳးေတြမွာ ဒီဥပေဒနဲ႔ သက္ဆိုင္ေပမယ့္လို႔ အဲဒီနယ္ေျမမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းပါလာမယ္ဆိုရင္ မဲဆြယ္စည္း႐ုံးေရး ျဖစ္သြားႏိုင္တယ္လို႔ ေ႐ြးေကာက္ပြဲပညာေပး လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ပၪၥမမ႑ိဳင္ရဲ႕ ဒါ႐ိုက္တာ ဦးေနဝင္းႏိုင္က ေျပာပါတယ္။

“က်ေနာ္တို႔ႏိုင္ငံကလည္း ဥပေဒေတြက သိပ္ကိုမ်ားျပားၿပီးေတာ့ ရႈပ္ေထြးတာေပါ့ေလ။ အဲဒါေၾကာင့္မို႔ လုပ္လို႔ရတယ္ဆိုတိုင္း မလုပ္တာကေတာ့ ပိုေကာင္းတာေပါ့ေလ။ ဘာေၾကာင့္လဲလို႔ေျပာတဲ့အခါမွာ က်ေနာ္တို႔ႏိုင္ငံေတာ္က ဒီေ႐ြးေကာက္ပြဲက ၅ႏွစ္မွတႀကိမ္ ရွိေပမဲ့လို႔ ဒီႏိုင္ငံေတာ္မွာရွိေနတဲ့ ျပည္သူလူထုေတြ၊ တိုင္းရင္းသားျပည္သူေတြအားလုံးက ဒီႏိုင္ငံမွာပဲအတူတူေနၾကမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီေ႐ြးေကာက္ပြဲေပၚ မူတည္ၿပီးမွ တေယာက္နဲ႔ တေယာက္စိတ္ဝမ္းကြဲမယ့္ဟာမ်ိဳးေတြ၊ အာဃာတ ႀကီးသြားမယ့္ဟာမ်ိဳးေတြ ျဖစ္ႏိုင္တယ္ဆိုလို႔ရွိရင္ေတာ့ ဥပေဒကလုပ္ပါလို႔ ေျပာထားေပမဲ့လည္း မလုပ္ဘဲနဲ႔ ဆင္ျခင္တာကေတာ့ အေကာင္းဆုံးျဖစ္မယ္လို႔ပဲ က်ေနာ္အႀကံျပဳခ်င္ပါတယ္ခင္ဗ်။”

ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္မတိုင္ခင္ တရက္အလိုအထိ ရက္ေပါင္း ၆၀ အတြင္း မဲဆြယ္စည္း႐ုံးခြင့္ရွိတယ္လို႔ ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတုန္းက သတ္မွတ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ကိုဗစ္ကပ္ေရာဂါကာလနဲ႔ ႀကဳံေနရခ်ိန္မွာ က်င္းပမယ့္ ဒီတႀကိမ္ ေ႐ြးေကာက္ပြဲအတြက္ကိုေတာ့ ေကာ္မရွင္က တိတိက်က် ထုတ္ျပန္မထားေသးပါဘူး။ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ႏိုင္ငံသားတိုင္း အခြင့္အေရးမဆုံးရႈံးဖို႔နဲ႔ ပါတီဝင္ကိုယ္စားလွယ္ေလာင္းေတြ တန္းတူညီမွ်တဲ့ အခြင့္အေရးရဖို႔ကို ေလ့လာေစာင့္ၾကည့္သူေတြက လိုလားေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေမှာ သတိထားဖို့ အကဲခတ်တွေ သတိပေး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေနဲ့ ထောက်ခံသူတွေ သတိထားသင့်တာတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လှုပ်ရှားသူတွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

ရွေးကောက်ပွဲကျင်းပဖို့ အချိန် ၂ လကျော်သာ လိုတော့ပေမယ့် အခုကာလဟာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်နေဆဲကာလဖြစ်လို့ ဥပဒေအရဆို ဒီအချိန်မှာ ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးခွင့် မရှိသေးပါဘူး။ ဒါပေမဲ့လည်း တချို့နေရာတွေမှာ ပါတီကိုယ်စားပြုအလံ လိုက်လံဝေတာမျိုးတွေ ရှိနေပါတယ်။ မဲဆွယ်စည်းရုံးရေး ကာလမရောက်ခင်မှာ အခုလိုလုပ်ဆောင်တာတွေကို သတိပြုသင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ဖန်တီးအိမ်ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

“ကျမတို့တွေ သွားရင်းလာရင်း တချို့နေရာတွေမှာဆို ပါတီကိုကိုယ်စားပြုတဲ့ အလံတွေလွှင့်ပြီးတော့ ဆိုက်ကားတွေ၊ မော်တော်ကားတွေ စသဖြင့်ပေါ့။ အဲဒါတွေလွှင့်ပြီးသွားနေတာတွေက တကယ်တော့ ကိုယ်ထောက်ခံတဲ့ပါတီအတွက်လည်း အရမ်းအန္တရာယ်များပါတယ်။ အဲဒါကြောင့် အဲလိုလူတွေက ဘယ်လိုလမ်းညွှန်ချက်တွေနဲ့ လုပ်နေသလဲပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်တာဆိုရင်လည်း အဲဒါက အဲဒီပါတီအတွက် အရမ်းအန္တရာယ်များတဲ့အတွက် အဲဒီပါတီတာဝန်ရှိသူတွေအနေနဲ့လည်း ကမ်ပိန်းကာလမတိုင်ခင်မှာ ဒါမျိုးမလုပ်သင့်ဘူးဆိုတာ သတိပေးထုတ်ပြန်တာတွေ လုပ်ပေးသင့်တယ်လို့ ကျမထင်ပါတယ်။”

ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသူစာရင်းထဲမှာ ကိုယ့်ရဲ့အမည်စာရင်းပါ၊ မပါ စစ်ဆေးနိုင်ဖို့ တရက်သာကျန်တော့ပြီး၊ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်အနေနဲ့ စတင်စိစစ်နေချိန်ကာလဖြစ်လို့ မဲဆွယ်စည်းရုံးဖို့ကို တရားဝင်ခွင့်ပြုမထားကြောင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ တရားဝင်ခွင့်ပြုထားတာ မရှိပါဘူးဗျ။ အထက်ကညွှန်ကြားရင်တော့ ညွှန်ကြားတဲ့အတိုင်း တားမြစ်ရမှာပေါ့။ ခုချိန်ကတော့ ညွှန်ကြားချက်တွေ ဘာမှမပြောသေးတော့ ဒါတွေက နဂိုကတည်းကလည်း သူတို့ဆိုက်ကားတွေမှာ သုံးနေတာလည်းရှိတယ်လေ။ စည်းရုံးရေးကာလကတော့ လိုပါသေးတယ်။”

ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့နေ့ကစပြီး ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ လုပ်ပိုင်ခွင့်ရထားတာပါ။ အခုလို အလံနဲ့ ပါတီဆိုင်းဘုတ်ထောင်တဲ့ ကိစ္စမျိုးတွေမှာ ဒီဥပဒေနဲ့ သက်ဆိုင်ပေမယ့်လို့ အဲဒီနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းပါလာမယ်ဆိုရင် မဲဆွယ်စည်းရုံးရေး ဖြစ်သွားနိုင်တယ်လို့ ရွေးကောက်ပွဲပညာပေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပဉ္စမမဏ္ဍိုင်ရဲ့ ဒါရိုက်တာ ဦးနေဝင်းနိုင်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံကလည်း ဥပဒေတွေက သိပ်ကိုများပြားပြီးတော့ ရှုပ်ထွေးတာပေါ့လေ။ အဲဒါကြောင့်မို့ လုပ်လို့ရတယ်ဆိုတိုင်း မလုပ်တာကတော့ ပိုကောင်းတာပေါ့လေ။ ဘာကြောင့်လဲလို့ပြောတဲ့အခါမှာ ကျနော်တို့နိုင်ငံတော်က ဒီရွေးကောက်ပွဲက ၅နှစ်မှတကြိမ် ရှိပေမဲ့လို့ ဒီနိုင်ငံတော်မှာရှိနေတဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားပြည်သူတွေအားလုံးက ဒီနိုင်ငံမှာပဲအတူတူနေကြမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲပေါ် မူတည်ပြီးမှ တယောက်နဲ့ တယောက်စိတ်ဝမ်းကွဲမယ့်ဟာမျိုးတွေ၊ အာဃာတ ကြီးသွားမယ့်ဟာမျိုးတွေ ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ ဥပဒေကလုပ်ပါလို့ ပြောထားပေမဲ့လည်း မလုပ်ဘဲနဲ့ ဆင်ခြင်တာကတော့ အကောင်းဆုံးဖြစ်မယ်လို့ပဲ ကျနော်အကြံပြုချင်ပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်မတိုင်ခင် တရက်အလိုအထိ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက သတ်မှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ကပ်ရောဂါကာလနဲ့ ကြုံနေရချိန်မှာ ကျင်းပမယ့် ဒီတကြိမ် ရွေးကောက်ပွဲအတွက်ကိုတော့ ကော်မရှင်က တိတိကျကျ ထုတ်ပြန်မထားသေးပါဘူး။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးဖို့နဲ့ ပါတီဝင်ကိုယ်စားလှယ်လောင်းတွေ တန်းတူညီမျှတဲ့ အခွင့်အရေးရဖို့ကို လေ့လာစောင့်ကြည့်သူတွေက လိုလားနေကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG