သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းမဲဆႏၵရွင္စာရင္း ႐ိုဟင္ဂ်ာအေတာ္မ်ားမ်ား မပါ၀င္


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ မဲရံုတခုမွာ ေရြးေကာက္ပဲြတာ၀န္ရွိသူမ်ား မဲရံုမဖြင့္မီ ျပင္ဆင္ေနၾကတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူေတြ စာရင္းမွာ ႐ုိဟင္ဂ်ာေတြ ေတာ္ေတာ္ မ်ားမ်ား ပါမလာတဲ့အတြက္ မဲေပးခြင့္ ဆုံး႐ႈံးမွာ စုိးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

စစ္ေတြနဲ႔ ဘူးသီးေတာင္ ေမာင္ေတာၿမိဳ႕နယ္ေတြလို မြတ္ဆလင္ေတြ အမ်ားအျပားေနထုိင္ရာ ေဒသေတြမွာ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ မဲဆႏၵရွင္စာရင္းမွာ ႐ိုဟင္ဂ်ာအမ်ားအျပား ပါမလာတာ ေတြ႔ရတယ္လုိ႔ ေဒသခံေတြက ေျပာေနပါတယ္။

၂၀၁၀ ျပည့္နဲ႔ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြေတြမွာပါ မဲေပးခြင့္ရခဲ့တဲ့ စစ္ေတြၿမိဳ႕နယ္ သက္ကယ္ျပင္ေက်းရြာက ဦးျမင့္ႏိုင္ ကေတာ့ ဒီတႀကိမ္ မဲဆႏၵရွင္စာရင္းမွာ ပါမလာတဲ့အတြက္ မဲေပးခြင့္ဆုံး႐ႈံးမွာ စုိးရိမ္တယ္လုိ႔ ေျပာပါတယ္။

"၂၀၁၀ မွာေတာ့ က်ေနာ္တို႔ မဲေပးခဲ့ပါတယ္။ မဲစာရင္းမွာလည္း ပါခဲ့ပါတယ္။ အခု ဒီမွာလာတဲ့ မဲစာရင္းမွာ သြားၾကည့္တာ က်ေနာ္တို႔ကေတာ့ မဲစာရင္းမွာမပါဘူး။ က်ေနာ္တို႔ ႏိုင္ငံသား အခြင့္အေရး ဆံုးရႈံးသြားမွာကို က်ေနာ္တို႔ စိုးရိမ္တယ္။ က်ေနာ္တို႔ဘက္မွာဆုိရင္ ဒုကၡသည္စခန္းေရာ ေဒသခံေတြနဲ႔ ဆိုရင္ လူဦးေရ ၂၀၀,၀၀၀ ေလာက္ရွိတယ္။ အခုမဲစာရင္းပါတာက ရာဂဏန္းေလာက္ပဲရွိတယ္။"

ျမန္မာႏုိင္ငံမွာ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈ အဆုံးသတ္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ က်င္းပတဲ့ ၂၀၁၀ ျပည့္ ေရြးေကာက္ပဲြမွာ ႐ုိဟင္ဂ်ာေတာ္ေတာ္မ်ားမ်ား မဲေပးခြင့္ ရခဲ့ၾကသလုိ၊ ႐ုိဟင္ဂ်ာ လႊတ္ေတာ္ကုိယ္စားလွယ္ အနည္းဆုံး ၃ ေယာက္လည္း ေရြးခ်ယ္ခံခဲ့ရဖူးပါတယ္။ ဒါေပမဲ့လည္း ေနာက္ပုိင္းမွာ ႏုိင္ငံသားသတ္မွတ္ခ်က္နဲ႔ ပတ္သက္လုိ႔ မူ၀ါဒအေျပာင္းအလဲေတြနဲ႔အတူ မဲေပးခြင့္ မရတဲ့အေျခအေနနဲ႔ ရင္ဆုိင္လာၾကရတာပါ။

ဒီတႀကိမ္ ေရြးေကာက္ပဲြမွာ အရင္ေရြးေကာက္ပဲြေတြတုန္းက မဲေပးခြင့္ရခဲ့သူေတြပါ မဲဆႏၵရွင္စာရင္းမွာ ပါမလာတဲ့အတြက္ မဲေပးခြင့္ဆုံး႐ႈံးမွာ စုိးရိမ္မႈေတြ တုိးလာေနတာျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာအမ်ားစုရွိရာ ရခုိင္ျပည္နယ္က ေဒသတခ်ဳိ႕မွာ မဲစာရင္းအမွားအယြင္းေတြနဲ႔ ပတ္သက္လုိ႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို အေၾကာင္းၾကားထားတယ္လို႔လည္း ဒီမုိကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အတြင္းေရးမွဴး ဦးေက်ာ္စိုးေအာင္က ေျပာပါတယ္။

"ေမာင္ေတာခရိုင္မွာေရာ၊ စစ္ေတြခရိုင္မွာေရာ မဲစာရင္းကပ္တယ္။ ကပ္တဲ့ထဲမွာ က်ေနာ္တို႔လူေတြက မဲစာရင္းမွာပါတာ ေတာ္ေတာ္နည္းတယ္။ ျပည္မနဲ႔ ကြာတာက ဘာလဲဆိုေတာ့ အိမ္ေထာင္စုစာရင္းမွာပါတဲ့ ၁၈ႏွစ္ ျပည့္ၿပီး သားသူေတြ အကုန္လံုး မဲစာရင္းမွာပါတယ္။ ဒါေပမဲ့ ရိုဟင္ဂ်ာေတြက ပါမလာဘူးရခိုင္မွာ။ ေနာက္ထပ္ ထြက္လာေအာင္ေတာ့ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဆီကို လည္း စာပို႔ ထား တယ္။ ႏိုင္ငံေတာ္ သမၼတႀကီးဆီကိုလည္း စာပို႔ထားတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂိၢဳလ္ဆီကိုလည္း ပို႔ထား တယ္။"

ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္ ၂၅ ရက္ေန႔မွာ ထုတ္ျပန္ထားတဲ့ မဲဆႏၵရွင္စာရင္းေတြမွာ အခ်က္အလက္ မွားယြင္းတာေတြ မပါ၀င္တာေတြ ရွိတယ္ဆုိရင္ေတာ့ ျပင္ဆင္ခြင့္ေလွ်ာက္ထားဖုိ႔ ေသာၾကာေန႔အထိ အခ်ိန္ေပးထားပါတယ္။

ဒီအထဲက အခ်က္အလက္ အမွားအယြင္းေတြကို ျပင္ဆင္ျဖည့္စြက္ထားတဲ့ စာရင္းအသစ္ကိုေတာ့ ေ႐ြးေကာက္ပြဲ မက်င္းပခင္ တလေလာက္အလို ေအာက္တိုဘာလမွာ ထပ္မံထုတ္ျပန္သြားဖို႔လည္း ေကာ္မရွင္က စီစဥ္ထားပါတယ္။ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ ေျပာခြင့္ရ ဦးသူရိန္ထြဋ္ကေတာ့ မဲေပးခြင့္ရွိသူေတြအားလုံး စာရင္းထဲမွာပါေအာင္ ႀကိဳးပမ္းေနတယ္လုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ မဲစာရင္းေကာက္တုန္းက အိမ္တိုင္အေရာက္သြားေကာက္ၾကတာေပါ့။ အဲဒီထဲမွာ ေတာင္ တက္ဘာတက္ ဟုိသြားဒီသြားနဲ႔ မရွိဘူးဆိုေတာ့ အဲဒီအိမ္ကို ခ်န္ထားခဲ့မွာေပါ့ေနာ္။ ခ်န္ထားခဲ့ေတာ့ အခုမဲစာရင္းပါမွာ မဟုတ္ဘူးေပါ့။ ဒါေပမယ့္ အဲတာေတြကို အခုက ျပန္ေကာက္ ေနတာေလ။ အဲက်န္ခဲ့လူေတြ မက်န္ခဲ ေအာင္ဆိုၿပီးေတာ့ ေၾကျငာၿပီးေတာ့ကို ေသခ်ာမဲစာရင္း ကပ္ထားေပး တာေလ။ အဲတုန္းက က်န္ေနခဲ့တဲ့ သူေတြ ကို အခုအခ်ိန္ထည့္လိုက္ေပါ့ တာဆိုၿပီးသြားၿပီ ရွင္းရွင္း ေလးပဲ။"

ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားၿပီး၊ လူနည္းစုေတြကုိ ဖိႏွိပ္မႈေတြ အဆုံးသတ္ဖုိ႔နဲ႔ ႏုိင္ငံသားအခြင့္အေရးေတြ ေပးဖုိ႔လည္း တုိက္တြန္းေနၾကတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏုိင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ အေျခခံအခြင့္အေရးေတြကုိလည္း ဥပေဒနဲ႔အညီ ခံစားခြင့္ျပဳထားေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်းမဲဆန္ဒရှင်စာရင်း ရိုဟင်ဂျာအတော်များများ မပါဝင်

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ စာရင်းမှာ ရိုဟင်ဂျာတွေ တော်တော် များများ ပါမလာတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

စစ်တွေနဲ့ ဘူးသီးတောင် မောင်တောမြို့နယ်တွေလို မွတ်ဆလင်တွေ အများအပြားနေထိုင်ရာ ဒေသတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ရိုဟင်ဂျာအများအပြား ပါမလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

၂၀၁၀ ပြည့်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာပါ မဲပေးခွင့်ရခဲ့တဲ့ စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာက ဦးမြင့်နိုင် ကတော့ ဒီတကြိမ် မဲဆန္ဒရှင်စာရင်းမှာ ပါမလာတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

"၂၀၁၀ မှာတော့ ကျနော်တို့ မဲပေးခဲ့ပါတယ်။ မဲစာရင်းမှာလည်း ပါခဲ့ပါတယ်။ အခု ဒီမှာလာတဲ့ မဲစာရင်းမှာ သွားကြည့်တာ ကျနော်တို့ကတော့ မဲစာရင်းမှာမပါဘူး။ ကျနော်တို့ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ဘက်မှာဆိုရင် ဒုက္ခသည်စခန်းရော ဒေသခံတွေနဲ့ ဆိုရင် လူဦးရေ ၂၀၀,၀၀၀ လောက်ရှိတယ်။ အခုမဲစာရင်းပါတာက ရာဂဏန်းလောက်ပဲရှိတယ်။"

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၁၀ ပြည့် ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတော်တော်များများ မဲပေးခွင့် ရခဲ့ကြသလို၊ ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၃ ယောက်လည်း ရွေးချယ်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ နိုင်ငံသားသတ်မှတ်ချက်နဲ့ ပတ်သက်လို့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ မဲပေးခွင့် မရတဲ့အခြေအနေနဲ့ ရင်ဆိုင်လာကြရတာပါ။

ဒီတကြိမ် ရွေးကောက်ပွဲမှာ အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့်ရခဲ့သူတွေပါ မဲဆန္ဒရှင်စာရင်းမှာ ပါမလာတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်မှုတွေ တိုးလာနေတာဖြစ်ပါတယ်။ ရိုဟင်ဂျာအများစုရှိရာ ရခိုင်ပြည်နယ်က ဒေသတချို့မှာ မဲစာရင်းအမှားအယွင်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားတယ်လို့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

"မောင်တောခရိုင်မှာရော၊ စစ်တွေခရိုင်မှာရော မဲစာရင်းကပ်တယ်။ ကပ်တဲ့ထဲမှာ ကျနော်တို့လူတွေက မဲစာရင်းမှာပါတာ တော်တော်နည်းတယ်။ ပြည်မနဲ့ ကွာတာက ဘာလဲဆိုတော့ အိမ်ထောင်စုစာရင်းမှာပါတဲ့ ၁၈နှစ် ပြည့်ပြီး သားသူတွေ အကုန်လုံး မဲစာရင်းမှာပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေက ပါမလာဘူးရခိုင်မှာ။ နောက်ထပ် ထွက်လာအောင်တော့ ကျနော်တို့ ကြိုးစားနေတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို လည်း စာပို့ ထား တယ်။ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာပို့ထားတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကိုလည်း ပို့ထား တယ်။"

ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ အချက်အလက် မှားယွင်းတာတွေ မပါဝင်တာတွေ ရှိတယ်ဆိုရင်တော့ ပြင်ဆင်ခွင့်လျှောက်ထားဖို့ သောကြာနေ့အထိ အချိန်ပေးထားပါတယ်။

ဒီအထဲက အချက်အလက် အမှားအယွင်းတွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ စာရင်းအသစ်ကိုတော့ ရွေးကောက်ပွဲ မကျင်းပခင် တလလောက်အလို အောက်တိုဘာလမှာ ထပ်မံထုတ်ပြန်သွားဖို့လည်း ကော်မရှင်က စီစဉ်ထားပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရ ဦးသူရိန်ထွဋ်ကတော့ မဲပေးခွင့်ရှိသူတွေအားလုံး စာရင်းထဲမှာပါအောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ မဲစာရင်းကောက်တုန်းက အိမ်တိုင်အရောက်သွားကောက်ကြတာပေါ့။ အဲဒီထဲမှာ တောင် တက်ဘာတက် ဟိုသွားဒီသွားနဲ့ မရှိဘူးဆိုတော့ အဲဒီအိမ်ကို ချန်ထားခဲ့မှာပေါ့နော်။ ချန်ထားခဲ့တော့ အခုမဲစာရင်းပါမှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲတာတွေကို အခုက ပြန်ကောက် နေတာလေ။ အဲကျန်ခဲ့လူတွေ မကျန်ခဲ အောင်ဆိုပြီးတော့ ကြေငြာပြီးတော့ကို သေချာမဲစာရင်း ကပ်ထားပေး တာလေ။ အဲတုန်းက ကျန်နေခဲ့တဲ့ သူတွေ ကို အခုအချိန်ထည့်လိုက်ပေါ့ တာဆိုပြီးသွားပြီ ရှင်းရှင်း လေးပဲ။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ လူနည်းစုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံသားအခွင့်အရေးတွေ ပေးဖို့လည်း တိုက်တွန်းနေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ပြုထားကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG