သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ ေစာင့္ၾကည့္ခြင့္မရတဲ့အေပၚ အရပ္ဘက္အဖဲြ႔ေတြကန္႔ကြက္


၂၀၂၀ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာမႈနဲ႔ ပတ္သတ္ၿပီး သတင္းစာရွင္းလင္းပြဲ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

အရပ္ဘက္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ တခုျဖစ္တဲ့ PACE ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေစာင့္ၾကည့္ေလ့လာခြင့္ ပိတ္လိုက္တဲ့အတြက္ ေ႐ြးေကာက္ပြဲ ပြင့္လင္းျမင္သာမႈအေပၚမွာ အရပ္ဘက္အဖြဲ႕ေတြက ကန္႔ကြက္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ PACE ဟာ အသင္းအဖြဲ႔ မွတ္ပုံတင္ထားျခင္းမရွိဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာခြင့္ေပးဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျငင္းဆိုလိုက္တာပါ။

ဒါဟာ အရပ္ဘက္အဖြဲ႔အစည္းတခုကို ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာခြင့္ပိတ္တာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲ ပြင့္လင္းျမင္သာမႈအတြက္ စိုးရိမ္စရာျဖစ္ေၾကာင္း PACE ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ဒီေန႔ ဩဂုတ္လ ၁၃ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

“အရပ္ဘက္အဖြဲ႕ေတြရဲ႕ ေ႐ြးေကာက္ပြဲဆိုင္ရာ ေစာင့္ၾကည့္ေလ့လာခြင့္ကို ကန႔္သတ္လိုက္တာဟာ ေ႐ြးေကာက္ပြဲရဲ႕ ပြင့္လင္းျမင္သာမႈ၊ ေနာက္ေ႐ြးေကာက္ပြဲ ျဖစ္စဥ္ရဲ႕ တည္ၿငိမ္မႈ၊ ပိုဆိုးတာက က်ေနာ္တို႔ေ႐ြးေကာက္ပြဲ အလြန္ကာလမွာ ရွိတဲ့ အျငင္းပြားမႈနဲ႔ တည္ၿငိမ္မႈေတြအတြက္ကို က်ေနာ္တို အင္မတန္ စိုးရိမ္တယ္။ ဒါေၾကာင့္မို႔လည္း က်ေနာ္တို႔အေနနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဒီေနရာကေန ထပ္ၿပီးေတာ့ တိုက္တြန္းတာက ဒီဆုံးျဖတ္ခ်က္ကို ျပန္ၿပီးေတာ့ စဥ္းစားပါ၊ စဥ္းစားေပးဖို႔ ေမတၱာရပ္ခံတယ္။ ဒီ COVID-19 ကာလျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ဖို႔ဆိုရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၊ ႏိုင္ငံေရးပါတီ၊ အရပ္ဘက္အဖြဲ႔နဲ႔ သတင္းမီဒီယာေတြရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈ မပါဘဲ ဒီေ႐ြးေကာက္ပြဲဟာ ယုံယုံၾကည္ၾကည္နဲ႔ ေအာင္ေအာင္ျမင္ျမင္ျဖစ္ဖို႔ အင္မတန္ခဲယဥ္းပါတယ္။”

ေရြးေကာက္ပဲြ ေစာင့္ၾကည့္အကဲခတ္ခြင့္ ျငင္းပယ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ တာ၀န္ရွိသူေတြကုိ ဆက္သြယ္ခဲ့ေပမဲ့ တုံ႔ျပန္ေျဖၾကားသူေတာ့ မရွိခဲ့ပါဘူး။

PACE အဖဲြ႔ကေတာ့ ကပ္ေရာဂါကာလမို႔ ႏိုင္ငံတကာ ေစာင့္ၾကည့္ေလ့လာသူေတြ နည္းပါးႏုိင္တဲ့ အေျခအေနမ်ဳိးမွာ ျပည္တြင္းအရပ္ဘက္အဖြဲ႕ေတြရဲ႕ အခန္းက႑က ပိုအေရးပါႏိုင္တယ္လို႔ေျပာပါတယ္။ တျခားေစာင့္ၾကည့္ေလ့လာတဲ့အဖြဲ႕ေတြလည္း ကန႔္ကြက္ခံရမလားဆိုတာ စိုးရိမ္ေနတာလည္းရွိပါတယ္။

ဖန္တီးအိမ္အဖြဲ႕ကလည္း ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာခြင့္ကို မနက္ျဖန္ေလွ်ာက္ထားဖို႔ရွိတယ္လုိ႔ ဒါ႐ိုက္တာ ေဒၚခင္ေလးငယ္က ဗြီအိုေအကို ေျပာပါတယ္။

“နည္းစနစ္တက်လုပ္တဲ့ အဖြဲ႕အစည္းတခုကို အသင္းအဖြဲ႕မွတ္ပုံတင္ မလုပ္တာေလးတခုတည္းနဲ႔ အေၾကာင္းျပၿပီးေတာ့ ေစာင့္ၾကည့္ေလ့လာခြင့္ မေပးဘူး ဆိုတာကေတာ့ က်မတို႔အေနနဲ႔ ဝမ္းနည္းပါတယ္ရွင့္။ ေလ့လာတဲ့ အရပ္ဘက္အဖြဲ႕ေတြရဲ႕ အစီရင္ခံစာေတြ ထြက္လာမွသာ ကမာၻကေရာ ျမန္မာႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲမွာ တရားမွ်တမႈ၊ လြတ္လပ္မႈ၊ ပြင့္လင္းမႈကို ဒါ အေထာက္အပံ့ ျဖစ္ေစတယ္ဆိုတာမ်ိဳးေတြ တခုခုေပါ့ေနာ္ သက္ေရာက္မႈေတာ့ ရွိလာလိမ့္မယ္လို႔ ထင္တယ္ရွင့္။”

New Myanmar Foundation ရဲ႕ ေ႐ြးေကာက္ပြဲဆိုင္ရာ အႀကံေပး မျမနႏၵာသင္းကေတာ့ ေစာင့္ၾကည့္အကဲခတ္ခြင့္ မျပဳတဲ့ ကိစၥနဲ႔ပတ္သက္လုိ႔ ေကာ္မရွင္နဲ႔ သက္ဆိုင္ရာအဖြဲ႕ေတြ ျပန္ေဆြးေႏြးေစခ်င္ေၾကာင္း ေျပာပါတယ္။

“က်မတို႔ကေလ တကယ္တမ္းေတာ့ ဒီအသင္းအဖြဲ႕ဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့မွေလ ဥပေဒအရ မွတ္ပုံတင္လို႔လည္း ရတယ္၊ မွတ္ပုံမတင္ဘဲနဲ႔လည္း ေနႏိုင္တယ္ဆိုတဲ့ အေနအထားတခုေလ။ အဲလိုရွိတယ္ဆိုေတာ့ က်မထင္တယ္ မွတ္ပုံတင္ျခင္း၊ မတင္ျခင္းက အကန႔္အသတ္တခုအေနနဲ႔ေတာ့ ရွိမေနသင့္ဘူးေပါ့ေနာ္။”

၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲမွာ PACE အဖြဲ႕အပါအဝင္ အရပ္ဘက္အဖြဲ႕အစည္း ၅၀ ေက်ာ္က ေစတနာ့ဝန္ထမ္း ၁၁,၃၀၀ ေက်ာ္ဟာ မဲဆႏၵရွင္စာရင္းေၾကညာ ျပသတဲ့လုပ္ငန္း၊ မဲရလဒ္ေတြ စုစည္းတဲ့လုပ္ငန္းနဲ႔ ေ႐ြးေကာက္ပြဲျဖစ္စဥ္တခုလုံး ေစာင့္ၾကည့္တဲ့လုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ခဲ့တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်မရတဲ့အပေါ် အရပ်ဘက်အဖွဲ့တွေကန့်ကွက်

အရပ်ဘက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ PACE ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့် ပိတ်လိုက်တဲ့အတွက် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုအပေါ်မှာ အရပ်ဘက်အဖွဲ့တွေက ကန့်ကွက်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ဟာ အသင်းအဖွဲ့ မှတ်ပုံတင်ထားခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်တာပါ။

ဒါဟာ အရပ်ဘက်အဖွဲ့အစည်းတခုကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ပိတ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုအတွက် စိုးရိမ်စရာဖြစ်ကြောင်း PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဒီနေ့ ဩဂုတ်လ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“အရပ်ဘက်အဖွဲ့တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာခွင့်ကို ကန့်သတ်လိုက်တာဟာ ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှု၊ နောက်ရွေးကောက်ပွဲ ဖြစ်စဉ်ရဲ့ တည်ငြိမ်မှု၊ ပိုဆိုးတာက ကျနော်တို့ရွေးကောက်ပွဲ အလွန်ကာလမှာ ရှိတဲ့ အငြင်းပွားမှုနဲ့ တည်ငြိမ်မှုတွေအတွက်ကို ကျနော်တို အင်မတန် စိုးရိမ်တယ်။ ဒါကြောင့်မို့လည်း ကျနော်တို့အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီနေရာကနေ ထပ်ပြီးတော့ တိုက်တွန်းတာက ဒီဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ စဉ်းစားပါ၊ စဉ်းစားပေးဖို့ မေတ္တာရပ်ခံတယ်။ ဒီ COVID-19 ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲ အောင်မြင်ဖို့ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့နဲ့ သတင်းမီဒီယာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါဘဲ ဒီရွေးကောက်ပွဲဟာ ယုံယုံကြည်ကြည်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။”

ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်ခွင့် ငြင်းပယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားသူတော့ မရှိခဲ့ပါဘူး။

၂၀၂၀ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာမႈနဲ႔ ပတ္သတ္တဲ့ သတင္းစာရွင္းလင္းပြဲ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၃၊ ၂၀၂၀)
၂၀၂၀ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာမႈနဲ႔ ပတ္သတ္တဲ့ သတင္းစာရွင္းလင္းပြဲ က်င္းပတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၃၊ ၂၀၂၀)

PACE အဖွဲ့ကတော့ ကပ်ရောဂါကာလမို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ နည်းပါးနိုင်တဲ့ အခြေအနေမျိုးမှာ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေရဲ့ အခန်းကဏ္ဍက ပိုအရေးပါနိုင်တယ်လို့ပြောပါတယ်။ တခြားစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေလည်း ကန့်ကွက်ခံရမလားဆိုတာ စိုးရိမ်နေတာလည်းရှိပါတယ်။

ဖန်တီးအိမ်အဖွဲ့ကလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို မနက်ဖြန်လျှောက်ထားဖို့ရှိတယ်လို့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ဗွီအိုအေကို ပြောပါတယ်။

“နည်းစနစ်တကျလုပ်တဲ့ အဖွဲ့အစည်းတခုကို အသင်းအဖွဲ့မှတ်ပုံတင် မလုပ်တာလေးတခုတည်းနဲ့ အကြောင်းပြပြီးတော့ စောင့်ကြည့်လေ့လာခွင့် မပေးဘူး ဆိုတာကတော့ ကျမတို့အနေနဲ့ ဝမ်းနည်းပါတယ်ရှင့်။ လေ့လာတဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ အစီရင်ခံစာတွေ ထွက်လာမှသာ ကမ္ဘာကရော မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမှုကို ဒါ အထောက်အပံ့ ဖြစ်စေတယ်ဆိုတာမျိုးတွေ တခုခုပေါ့နော် သက်ရောက်မှုတော့ ရှိလာလိမ့်မယ်လို့ ထင်တယ်ရှင့်။”

New Myanmar Foundation ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းကတော့ စောင့်ကြည့်အကဲခတ်ခွင့် မပြုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပြန်ဆွေးနွေးစေချင်ကြောင်း ပြောပါတယ်။

“ကျမတို့ကလေ တကယ်တမ်းတော့ ဒီအသင်းအဖွဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့မှလေ ဥပဒေအရ မှတ်ပုံတင်လို့လည်း ရတယ်၊ မှတ်ပုံမတင်ဘဲနဲ့လည်း နေနိုင်တယ်ဆိုတဲ့ အနေအထားတခုလေ။ အဲလိုရှိတယ်ဆိုတော့ ကျမထင်တယ် မှတ်ပုံတင်ခြင်း၊ မတင်ခြင်းက အကန့်အသတ်တခုအနေနဲ့တော့ ရှိမနေသင့်ဘူးပေါ့နော်။”

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ PACE အဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က စေတနာ့ဝန်ထမ်း ၁၁,၃၀၀ ကျော်ဟာ မဲဆန္ဒရှင်စာရင်းကြေညာ ပြသတဲ့လုပ်ငန်း၊ မဲရလဒ်တွေ စုစည်းတဲ့လုပ်ငန်းနဲ့ ရွေးကောက်ပွဲဖြစ်စဉ်တခုလုံး စောင့်ကြည့်တဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG