သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU ထိန္းခ်ဳပ္နယ္ေျမမွာ ေရြးေကာက္ပဲြက်င္းပမည္


၂၀၁၀ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး ေရြးေကာက္ပဲြအတြက္ မဲေပးပံုကို ျပသေနတဲ့ ကရင္အမ်ိဳးသားတဦးကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၀၁၊ ၂၀၁၀)

[Zawgyi/Unicode]

ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) အပါအ၀င္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမတခ်ဳိ႕မွာ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြက်ရင္ ပထမဆုံးအႀကိမ္ မဲေပးခြင့္ရေတာ့မယ့္အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးပါမယ္။

ကရင္ျပည္နယ္ ၾကာအင္ဆိပ္ႀကီးၿမိဳ႕နယ္မွာ KNU ထိန္းခ်ဳပ္နယ္ေျမမွာ လာမယ့္ေရြးေကာက္ပဲြက်ရင္ ပထမဆုံးအႀကိမ္အျဖစ္ မဲေပးခြင့္ရၾကေတာ့မွာ ျဖစ္ပါတယ္။ အစုိးရအုပ္ခ်ဳပ္မႈ မရွိေပမဲ့လည္း မဲေပးႏုိင္ေအာင္ စီစဥ္ထားတဲ့အေၾကာင္း ကရင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးေမာင္ေမာင္ႏိုင္က ေျပာပါတယ္။

“အဓိက က်ေနာ္တို႔က ၿမိဳ႕တိုင္းၿမိဳ႕တိုင္းမွာ KNU ေနရာမွာလည္း တိုးတယ္၊ ဒီဘက္က ၿမိဳ႕ေတြက လူဦးေရေတြက မ်ားလာတာ၊ တိုးတာ ရွိတာေပ့ါ၊ ထူးထူးျခားျခားေတာ့ ၾကာအင္ဆိပ္ႀကီးဘက္က KNU ထိန္းခ်ဳပ္ေျမထဲမွာဆိုလို႔ရွိရင္ အုပ္ခ်ဳပ္ေရးမွဴးဘာညာ မရွိေသာ္ညာလည္း လူဦးေရစာရင္းေတြ မဲစာရင္းေတြ ညိွႏိႈင္းၿပီးေတာ့မွ ေကာက္ခံတာ သူတို႔ကို မဲေပးလို႔ရေအာင္ေတာ့ က်ေနာ္တို႔က အဲ့ဘက္မွာ မဲရုံေတြ တိုးေပးထားတာရွိတယ္၊ အဲ့ဘက္မွာဆိုရင္ေတာ့ ၾကာအင္ဆိပ္ႀကီးမွာဆိုရင္ေတာ့ မဲရုံေပါ့ အထူးအေနနဲ႔ လုပ္ေပးထားတာ ၁၂ ရုံေပါ့။ အျခားေနရာေတြက ဒီတိုင္းပဲ ရြာေတြမွာ တိုးတဲ့ဟာလည္း ရွိပါတယ္ခင္ဗ်ာ။”

ခန္႔မွန္းေျခ မဲေပးခြင့္ရွိသူ ၂၀၀,၀၀၀ ေက်ာ္ေလာက္ရွိတဲ့ ၾကာအင္ဆိပ္ႀကီးၿမိဳ႕နယ္က ျမန္မာအစုိးရနဲ႔ အပစ္အခတ္ ရပ္စဲထားတဲ့ KNU ထိန္းခ်ဳပ္ရာနယ္ေျမမွာ ေရြးေကာက္ပဲြ လုပ္ငန္းေတြကုိ လြတ္လြတ္လပ္လပ္ ခြင့္ျပဳထားတယ္လုိ႔လည္း KNU ဒူပလာရာခရိုင္း အတြင္းေရးမွဴးေစာလစ္စတန္က ေျပာပါတယ္။

“ဒီမွာတခ်ိဳ႕ရပ္ကြက္ရဲ႕ စာေရးေတြ လာေတြ႕ဆံုၿပီးေျပာတယ္။ ေနာက္တစ္ခုကေတာ့ တခ်ိဳ႕ႏုိင္ငံေရးပါတီေတြလာၿပီး ခ်ဥ္းကပ္တာေတြ ရွိတယ္။ အဲ့ဒါပါပဲ လာၿပီးေတာ့ စာေရးလာေျပာတဲ့ဟာက မဲေပးပိုင္ခြင့္ရွိေသာသူမ်ားရဲ႕ စာရင္းမ်ား လာၿပီးေတာ့ ကပ္ေပးခ်င္လို႔ပါတဲ့ လာကပ္ေပးပိုင္းခြင့္ရွိပါလား၊ လာညိွႏိႈင္းေတာ့ ခြင့္ျပဳခ်က္ေပးလိုက္ပါတယ္။”

ျမန္မာအစုိးရနဲ႔ အပစ္အခတ္ရပ္စဲမထားတဲ့ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ တခုျဖစ္တဲ့ ေျမာက္ပုိင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA ထိန္းခ်ဳပ္နယ္ေျမမွာလည္း ေရြးေကာက္ပဲြ လုပ္ငန္းေတြ လုပ္ခြင့္ရေနတယ္လုိ႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ စုိင္းထြန္းေအာင္လြင္က ေျပာပါတယ္။

“ဝမ့္ဟိုင္း အဲ့မွာေတြပဲ သူတို႔ေျပာတဲ့ သတင္းေတြအရ SSPP က ထုတ္တဲ့ ပံုအရ သူတို႔ ေကာ္မရွင္စာရင္းေတြလည္း ပါမွာေပ့ါေနာ္။ အနိမ့္ဆံုး လူဦးေရ ၁၀,၀၀၀ ေလာက္ရွိတယ္ေပါ့။ ဒါေပမဲ့ သူတို႔ ထိန္းခ်ဳပ္နယ္ေျမလို႔ေခၚတဲ့ အဲ့ဒီ မိုင္းရူးနဲ႔ ေက်းသီး နယ္ေျမတို႔မွာလည္း လူဦးေရက ၂၀၀,၀၀၀ ေလာက္ရွိတယ္ဆိုေတာ့ အဲ့ဒီနယ္ေတြထဲ လြတ္လြတ္လပ္လပ္မဲဆြယ္စည္းရုံးတာေတြ ဘာေတြလည္း ေပးလုပ္မယ္ ... သေဘာမ်ဳိးေျပာထားတယ္ျဖစ္ပါတယ္ဗ်။ ဒါေတာ့ ထိန္းခ်ဳပ္နယ္ေျမေျပာတာေပါ့ေနာ္။ လႈပ္ရွားနယ္ေျမ ေျပာမယ္ဆိုရင္ေတာ့တန္႔ယန္း၊ မုိင္းရယ္တို႔၊ လာရိႈ႕တို႔ဘက္က သီေပါတို႔ အဲ့လိုဘက္ေတြပါ ပါတယ္ေပါ့။”

ၿပီးခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတုန္းက ဝမ့္ဟုိုင္းမွာ ေရြးေကာက္ပြဲ က်င္းပခြင့္ရခဲ့သလုိ၊ မိုင္းရႈး၊ ေက်းသီးၿမိဳ႕နယ္ေတြမွာ ၂၀၁၇ ခုႏွစ္တုန္းက ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပခြင့္ရခဲ့ေပမဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြမွာေတာ့ တုိက္ပဲြေတြေၾကာင့္ ရွမ္းျပည္နယ္တြင္းက ၿမိဳ႕နယ္တခ်ဳိ႕မွာ ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KNU ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲကျင်းပမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတချို့မှာ နိုဝင်ဘာလ ရွေးကောက်ပွဲကျရင် ပထမဆုံးအကြိမ် မဲပေးခွင့်ရတော့မယ့်အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ်မှာ KNU ထိန်းချုပ်နယ်မြေမှာ လာမယ့်ရွေးကောက်ပွဲကျရင် ပထမဆုံးအကြိမ်အဖြစ် မဲပေးခွင့်ရကြတော့မှာ ဖြစ်ပါတယ်။ အစိုးရအုပ်ချုပ်မှု မရှိပေမဲ့လည်း မဲပေးနိုင်အောင် စီစဉ်ထားတဲ့အကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။

“အဓိက ကျနော်တို့က မြို့တိုင်းမြို့တိုင်းမှာ KNU နေရာမှာလည်း တိုးတယ်၊ ဒီဘက်က မြို့တွေက လူဦးရေတွေက များလာတာ၊ တိုးတာ ရှိတာပေ့ါ၊ ထူးထူးခြားခြားတော့ ကြာအင်ဆိပ်ကြီးဘက်က KNU ထိန်းချုပ်မြေထဲမှာဆိုလို့ရှိရင် အုပ်ချုပ်ရေးမှူးဘာညာ မရှိသော်ညာလည်း လူဦးရေစာရင်းတွေ မဲစာရင်းတွေ ညှိနှိုင်းပြီးတော့မှ ကောက်ခံတာ သူတို့ကို မဲပေးလို့ရအောင်တော့ ကျနော်တို့က အဲ့ဘက်မှာ မဲရုံတွေ တိုးပေးထားတာရှိတယ်၊ အဲ့ဘက်မှာဆိုရင်တော့ ကြာအင်ဆိပ်ကြီးမှာဆိုရင်တော့ မဲရုံပေါ့ အထူးအနေနဲ့ လုပ်ပေးထားတာ ၁၂ ရုံပေါ့။ အခြားနေရာတွေက ဒီတိုင်းပဲ ရွာတွေမှာ တိုးတဲ့ဟာလည်း ရှိပါတယ်ခင်ဗျာ။”

ခန့်မှန်းခြေ မဲပေးခွင့်ရှိသူ ၂၀၀,၀၀၀ ကျော်လောက်ရှိတဲ့ ကြာအင်ဆိပ်ကြီးမြို့နယ်က မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KNU ထိန်းချုပ်ရာနယ်မြေမှာ ရွေးကောက်ပွဲ လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုထားတယ်လို့လည်း KNU ဒူပလာရာခရိုင်း အတွင်းရေးမှူးစောလစ်စတန်က ပြောပါတယ်။

“ဒီမှာတချို့ရပ်ကွက်ရဲ့ စာရေးတွေ လာတွေ့ဆုံပြီးပြောတယ်။ နောက်တစ်ခုကတော့ တချို့နိုင်ငံရေးပါတီတွေလာပြီး ချဉ်းကပ်တာတွေ ရှိတယ်။ အဲ့ဒါပါပဲ လာပြီးတော့ စာရေးလာပြောတဲ့ဟာက မဲပေးပိုင်ခွင့်ရှိသောသူများရဲ့ စာရင်းများ လာပြီးတော့ ကပ်ပေးချင်လို့ပါတဲ့ လာကပ်ပေးပိုင်းခွင့်ရှိပါလား၊ လာညှိနှိုင်းတော့ ခွင့်ပြုချက်ပေးလိုက်ပါတယ်။”

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေမှာလည်း ရွေးကောက်ပွဲ လုပ်ငန်းတွေ လုပ်ခွင့်ရနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

“ဝမ့်ဟိုင်း အဲ့မှာတွေပဲ သူတို့ပြောတဲ့ သတင်းတွေအရ SSPP က ထုတ်တဲ့ ပုံအရ သူတို့ ကော်မရှင်စာရင်းတွေလည်း ပါမှာပေ့ါနော်။ အနိမ့်ဆုံး လူဦးရေ ၁၀,၀၀၀ လောက်ရှိတယ်ပေါ့။ ဒါပေမဲ့ သူတို့ ထိန်းချုပ်နယ်မြေလို့ခေါ်တဲ့ အဲ့ဒီ မိုင်းရူးနဲ့ ကျေးသီး နယ်မြေတို့မှာလည်း လူဦးရေက ၂၀၀,၀၀၀ လောက်ရှိတယ်ဆိုတော့ အဲ့ဒီနယ်တွေထဲ လွတ်လွတ်လပ်လပ်မဲဆွယ်စည်းရုံးတာတွေ ဘာတွေလည်း ပေးလုပ်မယ် ... သဘောမျိုးပြောထားတယ်ဖြစ်ပါတယ်ဗျ။ ဒါတော့ ထိန်းချုပ်နယ်မြေပြောတာပေါ့နော်။ လှုပ်ရှားနယ်မြေ ပြောမယ်ဆိုရင်တော့တန့်ယန်း၊ မိုင်းရယ်တို့၊ လာရှို့တို့ဘက်က သီပေါတို့ အဲ့လိုဘက်တွေပါ ပါတယ်ပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဝမ့်ဟိုင်းမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရခဲ့သလို၊ မိုင်းရှုး၊ ကျေးသီးမြို့နယ်တွေမှာ ၂၀၁၇ ခုနှစ်တုန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခွင့်ရခဲ့ပေမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တွင်းက မြို့နယ်တချို့မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။

XS
SM
MD
LG