သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်အမျိုးသမီးအသတ်ခံရမှု တရားမ ျှတရေးတောင်းဆိုသူတွေ ငြိမ်းစုစီနဲ့ အမှုဖွင့်ခံရ


ကရင်အမျိုးသမီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ ဆန္ဒပြသူတချို့ကို တွေ့ရ။ (ဓာတ်ပုံ - Karen National Union- KNU - သြဂုတ် ၀၆၊ ၂၀၂၀)
ကရင်အမျိုးသမီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ ဆန္ဒပြသူတချို့ကို တွေ့ရ။ (ဓာတ်ပုံ - Karen National Union- KNU - သြဂုတ် ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အမျိုးသမီးတဦးကို စစ်သား နှစ် ယောက်က ပစ္စည်းလုယူ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် တရားမျှတမှုရှိရေး ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ ဦးဆောင် ဆန္ဒပြသူတွေ ဖမ်းဆီးအရေးယူ ခံခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က အမျိုးသမီးတဦးကို တပ်မတော်သား နှစ် ဦးကနေ ရွှေဆွဲကြိုးနဲ့ ပစ္စည်း လုယက်ပြီး ပစ်ခတ် သတ်ဖြတ်မှုအတွက် တရားမျှတမှု ရရှိရေးတောင်းဆိုပြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဒေသခံ တိုင်းရင်းသားတွေ မနေ့က ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် နှစ် ဦးကိုတော့ ရဲတပ်ဖွဲ့ကနေ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဖမ်းဆီးခေါ်ဆောင်ထားပြီး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့အမှုဖွင့်လိုက်ကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ နော်ဆေးဆေးကပြောပါတယ်။

“နှစ်ယောက်ပဲ ဖမ်းတယ်။ စခန်းမှာသူတို့ကို ဖမ်းတာနှစ်ယောက်ပဲ။ သူကိုယ်တိုင်ပြောတာပေါ့နော်။ ရဲကသူ့ကိုပြောတယ်၊ ပုဒ်မ ၁၉ နဲ့ ဖမ်းတာတဲ့။ ငြိမ်းစုစီလား ဘာလဲမသိဘူး။ သူတို့က ၅ ရက်နေ့တုန်းကလည်း တခေါက်ဆန္ဒထုတ် ဖေါ်တာရှိတယ်။ ကျောက်ကြီးမှာတခေါက်ရှိတယ်။ ဒါတော့ မနေ့တုန်းက စီစဉ်တဲ့အထဲမှာပေါ့။ နောက်ဆက်တွဲပေါ့ တရားမျှ တရေးအတွက် ပြီးလို့ ရှိရင်ဒီ သူတို့ဘဝလုံခြုံဖို့အတွက် တပ်မတော်တွေ ပြန်ရုပ်သိမ်းပေးဖို့အတွက်အဲဒီအကြောင်းပဲ ဆန္ဒပြတာ။”

သြဂုတ်လ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်မှာ ရွှေကျင်မြို့နယ် ကျေးရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၂၀၆ ဦးစုစည်းပြီးတော့ စလူချောင်းကနေ ဒုံဇရစ် ကျုံချောင်မှာဆန္ဒထုတ် ဖော်ပြသခဲ့တာဖြစ်ပြီး အပြန်မှာ ဆန္ဒပြအဖွဲ့ ဦးဆောင်သူ စောအယ်စတားနဲ့ စောကြည်ဝင်း နှစ် ဦးကို ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ဆောင်သွားတာပါ။

ဆန္ဒပြခေါင်းဆောင် နှစ် ဦး တရားစွဲဆိုခံရတာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့လည်း ရွှေကျင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကပြောပါတယ်။

“ကျနော်တို့လေ ကိုယ်စားလှယ်တင်တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ပဲခူးရောက်နေတယ်။ အဲဒီတော့ ကျနော်တို့ ဖြေတာလွှဲသွားနိုင်တယ်လေ။”

တရားစွဲဆိုမှုအခြေအနေနဲ့ ပက်သက်လို့ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်အစီအစဉ်တာဝန်ခံ နော်ဝါးခူရှီးကတော့ တရားမျှတမှု ရရှိစေဖို့ ရည်ရွယ်ပြီးဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေကို အရေးယူတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

“နော်မုအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ကတော့ ဟိုတောင်းဆိုချက်တွေ ရှိတယ်လေ။ တရားမျှတမှုနဲ့ ပက်သက်ပြီးတော့ စစ်တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ပေါ့နော်။ စစ်တပ်စခန်းနားရှိလို့ရှိရင် သူတို့အတွက်လုံခြုံမှု မရှိဘူးပေါ့နော်။ လုံခြုံမှု မရှိလို့ သူတို့ ဒီလိုမျိုးတောင်းဆိုတာဖြစ်တယ်။ အခုတော့ ကျမတို့ ကြားတာကတော့ နှစ်ယောက်လား တရားစွဲခံရတယ်။ ဒါကတော့မဖြစ်သင့်ဘူးပေါ့နော်။”

ဇူလိုင် ၁၆ ရက်နေ့က တပ်မတော်သားနှစ်ဦးဟာ ဖာပွန်မြို့နယ် ပိုလိုးထာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ဇနီး နော်မူးနော်ထံ ပစ္စည်းလုရင်း လူသတ်တဲ့အထိ ပြစ်မှှု ကျူးလွန်သွားခဲ့သလို အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားဖို့နဲ့ လူမှှုဘဝ လုံခြုံမှှုရှိစေဖို့ရန်အတွက် တပ်စခန်းတွေ ပြန်ရုပ်သိမ်းပေးဖို့ သြဂုတ်လ ၅ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၈၀၀ ခန့်က ဆန္ဒဖေါ်ထုတ်ခဲ့သလို ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ဖာပွန်မြို့နယ်ဒေသခံကျေးရွာသား ၁,၅၀၀ ကျော်က တပ်မတော်စခန်း ၄ ခုရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ကရင်ပြည်နယ် ဖာပွန်ဒေသခံ နော်မူးနော် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူ တပ်မတော်သားနှစ်ဦးကို စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး အမြင့်ဆုံးပြစ်ဒဏ်နဲ့ ချမှတ်လိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြစ်မှှုကျူးလွန်သူ တပ်မတော်သား နှစ် ဦးကို စစ်ဆေးဆောင်ရွက်ချိန်မှာလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နဲ့ ရပ်မိရပ်ဖအချို့ တက်ရောက် လေ့လာတာရှိတယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်လိုပြစ်ဒဏ်တွေလည်း ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ကရင်ပြည်နယ်ဖါးပွန်ခရိုင်ဘက်မှာတော့ NCA အပစ်ရပ် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ အောက်ခြေတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား လမ်းဖေါက်လုပ်ရေးကိစ္စနဲ့ပက်သက်ပြီး နှစ်ဘက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



ကရင်အမျိုးသမီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ ဆန္ဒပြသူတချို့ကို တွေ့ရ။ (ဓာတ်ပုံ - KNU - သြဂုတ် ၀၆၊ ၂၀၂၀)
ကရင်အမျိုးသမီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ ဆန္ဒပြသူတချို့ကို တွေ့ရ။ (ဓာတ်ပုံ - KNU - သြဂုတ် ၀၆၊ ၂၀၂၀)














XS
SM
MD
LG