သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်င့္၀တ္ဥပေဒခ်ိဳးေဖာက္တဲ့ရဲအရာရွိမ်ား အေရးယူဖို႔ ဆႏၵျပေတာင္းဆို


(Zawgyi/Unicode)

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ျပည္သူေတြရဲ႕အခြင့္အေရးကိုကာကြယ္ရမယ့္အစား က်င့္ဝတ္ခ်ိဳးေဖာက္ခဲ့တဲ့ ဥပေဒမဲ့လုပ္ရပ္ေတြ‌ေၾကာင့္ တရားဥပေဒစိုးမိုးမႈဟာ စိုးရိမ္စရာျဖစ္လာၿပီး လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြအေပၚမွာ ျပည္သူလူထုရဲ႕ ယုံၾကည္မႈကို ဆုံးရႈံးေနၿပီျဖစ္လို႔ တရားမွ်တမႈရေစခ်င္ပါတယ္လို႔ ဗစ္တိုးရီးယားအမႈ တရားမွ်တေရး လူထုက ေတာင္းဆိုလိုက္ပါတယ္။ ဒီကေန႔ ရန္ကုန္ၿမိဳ႕လည္ ၿမိဳ႕ေတာ္ခမ္းမေရွ႕မွာ လူထု ရာနဲ႔ခ်ီ ၿငိမ္းခ်မ္းစြာ ခ်ီတက္စုေဝးခဲ့ၾကၿပီး ေနျပည္ေတာ္က Wisdom Hill ေက်ာင္းမွာ လိင္ပိုင္းဆုိင္ရာ အႏုိင္က်င့္ခံခဲ့ရတဲ့ အသက္သံုးႏွစ္အရြယ္ မူၾကိဳေက်ာင္းသူေလး ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈေဖာ္ေဆာင္ေပးေရး ေတာင္းဆိုခဲ့ၾကပါတယ္။ မဆုမြန္က တင္ျပေပးမွာပါ။

“က်င့္၀တ္ဥပေဒခ်ိဳးေဖာက္တဲ့ရဲအရာရွိမ်ား အေရးယူေပး… အေရးယူေပး

ဗစ္တိုးရီးယားအမႈ တရားမွ်တမႈေဖာ္ေဆာင္ေရး တို႔အေရး…. တို႔အေရး

ရဲတပ္ဖြဲ႔ရဲ႕ ဥပေဒမဲ့ လုပ္ရပ္မ်ား ……………… ဆန္႔က်င္ၾက…… ဆန္႔က်င္ၾက

မတရားအမိန္႔အာဏာမွန္သမွ်………………. ဖီဆန္ၾက…. ဖီဆန္ၾက

ဗစ္တိုးရီးယားအမႈ တရားမွ်တမႈေဖာ္ေဆာင္ေရး တို႔အေရး…. တို႔အေရး”

လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံထားရတဲ့ ဒီကေလးငယ္ ဗစ္တိုးရီးယားရဲ႕အမည္အရင္းနဲ႔ အမႈမွာပါဝင္သူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ထုတ္ေဖာ္ခဲ့တဲ့ ရဲတပ္ဖြဲ႕ရဲ႕လုပ္ရပ္ဟာ တရားဥပေဒစိုးမိုးေရး ပ်က္ျပားသြားတဲ့ျပ႐ုပ္ ျဖစ္ေၾကာင္း တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ က ေျပာဆို လိုက္ပါတယ္။ ဗစ္တိုးရီးယားအမႈမွာ ရဲတပ္ဖြဲ႔ရဲ႕လုပ္ရပ္ဟာ ဥပေဒမဲ့ လုပ္ရပ္ျဖစ္လာတဲ့အတြက္ ျပည္သူေတြနဲ႔အတူ ဥပေဒပညာရွင္ေတြပါ ဝန္းရံေတာင္းဆိုခဲ့ၾကတာျဖစ္တယ္လို႔ ေရွ႕ေနၾကီး ဦးၾကီးျမင့္က ေျပာပါတယ္။

“အခုကိစၥကေတာ့ အေတာ့ကို တရားလြန္တယ္ေပါ့ေနာ္။ သိပ္ကိုတရားလြန္တယ္။ အမႈ စၿပီးတည္ေဆာက္စဥ္က အမႈက Vitoria ထြက္တဲ့အတိုင္း ကိုကို၊ ညီညီနဲ႔ တာ၀န္ရွိတဲ့ သံသယရွိတဲ့ လူကို တန္းစီၿပီးေတာ့ ထြက္ျပခိုင္းလိုက္ရင္ ဒါက ႏွစ္ပတ္နဲ႔ ေပၚရမယ့္အမႈ၊ တရားခံဆိုတာ ဘယ္သူဆိုတာ ေပၚရမယ့္အမႈကို တမင္လမ္းေၾကာင္းလႊဲၿပီးေတာ့ တည္ေဆာက္တာ။ ျပည္သူေတြကေတာ့ ၀န္းရံတယ္ သို႔ေသာ္လည္း ကာယကံရွင္မိသားစုကေတာ့ အလြန္ပင္ပန္းစိတ္ဆင္းရဲတယ္ ဒီအတြက္ က်ေနာ္တုိ႔ ၀န္းရံတာျဖစ္ပါတယ္။ အဲဒီေတာ့ ဒီလိုလာေရာက္၀န္းရံတာက အေၾကာင္းမဲ့မဟုတ္ဘူး၊ က်ေနာ္တို႔ႏိုင္ငံရဲ႕ ကေလးသူငယ္၊ မုဒိမ္းမႈေတြ လြယ္လြယ္ကူကူမျဖစ္ေအာင္၊ ပေျပာက္သြားေအာင္ ၊ တရားဥပေဒ အမွန္အတိုင္းျဖစ္ေအာင္ ၀ိုင္းရံတာျဖစ္တယ္လို႔ က်ေနာ္တုိ႔ ဒီလိုယူဆပါေၾကာင္း နိဂုန္းခ်ဳပ္တင္ျပပါတယ္။”

ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ ရေစခ်င္ပါတယ္လို႔လည္း ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ ကလည္းေျပာပါတယ္။

“အလြန္တရာမွ စိုးရိမ္ဖြယ္ရာပါ။တရားဥပေဒစိုးမိုးေရးဟာ ဘာေၾကာင့္လဲဆိုေတာ့ ဥပေဒ သက္၀င္လႈပ္ရွားမႈ မရွိတဲ့ တိုင္းျပည္မွာ ဥပေဒဘက္ေသာ္သားေတြကိုယ္တိုင္က ဥပေဒကို ခ်ိဳးေဖာက္ေနတဲ့ အေျခအေနနဲ႔ အခ်ိန္အခါမ်ိဳးမွာ တရားဥပေဒစိုးမိုးေရးကို ဘယ္လုိလုပ္သြားတည္ေဆာက္မလဲ ။ ေနာက္တခုက တည္ဆဲအစိုးရရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ကင္းလြတ္ေနတဲ့ ဌာနဆိုင္ရာ အဖြဲ႔အစည္းေတြပါ။ ပူးေပါင္းလိုတဲ့စိတ္၊ သင့္ျမတ္လိုတဲ့စိတ္ မရွိဘူးဆိုတာကလည္း ၁၉ ရက္ေန႔ သတင္းစာရွင္းလင္းပြဲကေန သက္ေသခံေနတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ တိုင္းျပည္တရားဥပေဒစိုးမိုးေရးဟာ အလြန္တရာမွ စိုးရိမ္ေရအမွတ္ကို ေရာက္ေနတယ္လို႔ ဒီေနရာကေနၿပီးေတာ့ သတင္းစကားပါးခ်င္ပါတယ္။”

ဒီကေန႔ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခမ္းမေရွ႕က Justice for Victoria ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ လူထုလႈပ္ရွားမႈမွာေတာ့ ႏိုင္ငံေရးလႈပ္ရွားသူေတြ၊ ဥပေဒပညာရွင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ အမ်ားျပည္သူေတြ အပါအဝင္ စိတ္ဝင္စားသူရာနဲ႔ခ်ီ ပါဝင္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၁၈)ရက္ေန႔မွာ အမႈရဲ႕ သံသယတရားခံ ေအာင္ႀကီးကို တရား႐ုံးက တရားရွင္လႊတ္ေပးခဲ့တဲ့ေနာက္တစ္ရက္ ဒီဇင္ဘာလ(၁၉)ရက္ ရဲတပ္ဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲအတြင္း ေအာင္ႀကီးကိုလႊတ္ေပးတာ ေစာေသး‌ေၾကာင္းအျပင္ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အမည္အရင္းနဲ႔ မိသားစုအခ်က္အလက္ ေနရပ္လိပ္စာေတြကို ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက ရဲဇာနည္ဆိုတဲ့ လူမႈကြန္ရက္မွာ ထုတ္ေဖာ္ျပသခဲ့တာပါ။

ဗစ္တိုးရီးယားအမႈ အမႈမွန္ေပၚေပါက္ေရးနဲ႔ က်င့္ဝတ္ေဖာက္ဖ်က္ခဲ့တဲ့ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြကို ဥပေဒအရ တရားစြဲဆိုသြားမယ္လို႔ ကာယကံရွင္ ဗစ္တိုးရီးယားမိသားစုနဲ႔ နီးစပ္သူေတြက ေျပာဆိုထားပါတယ္။ ဗစ္တုိးရီးယားအမႈ ရင္ဆိုင္ေနခ်ိန္မွာပဲ အမႈလိုက္ေရွ႕ေနေတြကိုပါ အျပန္အလွန္တရားစြဲဆိုမႈေတြ ျဖစ္ပြားခဲ့တဲ့ ျပည္သူအမ်ားစိတ္ဝင္စားေနတဲ့ ဒီအမႈမွာ ျမန္မာႏိုင္ငံရဲ႕တပ္ဖြဲ႕ရဲ႕ တုံ႔ျပန္ေဆာင္႐ြက္ခ်က္ေတြဟာ က်င့္ဝတ္ေဖာက္ဖ်က္ခဲ့တာေၾကာင့္ လက္ရွိအစိုးရအေနနဲ႔ တစ္စုံတစ္ရာအေရးယူေပးဖို႔ တက္ႂကြလႈပ္ရွားသူေတြနဲ႔ အမ်ားျပည္သူက ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကျင့်ဝတ်ဥပဒေချိုးဖောက်တဲ့ရဲအရာရှိများ အရေးယူဖို့ ဆန္ဒပြတောင်းဆို

(Unicode)

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုကာကွယ်ရမယ့်အစား ကျင့်ဝတ်ချိုးဖောက်ခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်တွေ‌ကြောင့် တရားဥပဒေစိုးမိုးမှုဟာ စိုးရိမ်စရာဖြစ်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးနေပြီဖြစ်လို့ တရားမျှတမှုရစေချင်ပါတယ်လို့ ဗစ်တိုးရီးယားအမှု တရားမျှတရေး လူထုက တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့လည် မြို့တော်ခမ်းမရှေ့မှာ လူထု ရာနဲ့ချီ ငြိမ်းချမ်းစွာ ချီတက်စုဝေးခဲ့ကြပြီး နေပြည်တော်က Wisdom Hill ကျောင်းမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရတဲ့ အသက်သုံးနှစ်အရွယ် မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအတွက် တရားမျှတမှုဖော်ဆောင်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ မဆုမွန်က တင်ပြပေးမှာပါ။

“ကျင့်ဝတ်ဥပဒေချိုးဖောက်တဲ့ရဲအရာရှိများ အရေးယူပေး… အရေးယူပေး

ဗစ်တိုးရီးယားအမှု တရားမျှတမှုဖော်ဆောင်ရေး တို့အရေး…. တို့အရေး

ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ လုပ်ရပ်များ ……………… ဆန့်ကျင်ကြ…… ဆန့်ကျင်ကြ

မတရားအမိန့်အာဏာမှန်သမျှ………………. ဖီဆန်ကြ…. ဖီဆန်ကြ

ဗစ်တိုးရီးယားအမှု တရားမျှတမှုဖော်ဆောင်ရေး တို့အရေး…. တို့အရေး”

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ ဒီကလေးငယ် ဗစ်တိုးရီးယားရဲ့အမည်အရင်းနဲ့ အမှုမှာပါဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားတဲ့ပြရုပ် ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတချို့ က ပြောဆို လိုက်ပါတယ်။ ဗစ်တိုးရီးယားအမှုမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်လာတဲ့အတွက် ပြည်သူတွေနဲ့အတူ ဥပဒေပညာရှင်တွေပါ ဝန်းရံတောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

“အခုကိစ္စကတော့ အတော့ကို တရားလွန်တယ်ပေါ့နော်။ သိပ်ကိုတရားလွန်တယ်။ အမှု စပြီးတည်ဆောက်စဉ်က အမှုက Vitoria ထွက်တဲ့အတိုင်း ကိုကို၊ ညီညီနဲ့ တာဝန်ရှိတဲ့ သံသယရှိတဲ့ လူကို တန်းစီပြီးတော့ ထွက်ပြခိုင်းလိုက်ရင် ဒါက နှစ်ပတ်နဲ့ ပေါ်ရမယ့်အမှု၊ တရားခံဆိုတာ ဘယ်သူဆိုတာ ပေါ်ရမယ့်အမှုကို တမင်လမ်းကြောင်းလွှဲပြီးတော့ တည်ဆောက်တာ။ ပြည်သူတွေကတော့ ဝန်းရံတယ် သို့သော်လည်း ကာယကံရှင်မိသားစုကတော့ အလွန်ပင်ပန်းစိတ်ဆင်းရဲတယ် ဒီအတွက် ကျနော်တို့ ဝန်းရံတာဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုလာရောက်ဝန်းရံတာက အကြောင်းမဲ့မဟုတ်ဘူး၊ ကျနော်တို့နိုင်ငံရဲ့ ကလေးသူငယ်၊ မုဒိမ်းမှုတွေ လွယ်လွယ်ကူကူမဖြစ်အောင်၊ ပပြောက်သွားအောင် ၊ တရားဥပဒေ အမှန်အတိုင်းဖြစ်အောင် ဝိုင်းရံတာဖြစ်တယ်လို့ ကျနော်တို့ ဒီလိုယူဆပါကြောင်း နိဂုန်းချုပ်တင်ပြပါတယ်။”

ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရစေချင်ပါတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကလည်းပြောပါတယ်။

“အလွန်တရာမှ စိုးရိမ်ဖွယ်ရာပါ။တရားဥပဒေစိုးမိုးရေးဟာ ဘာကြောင့်လဲဆိုတော့ ဥပဒေ သက်ဝင်လှုပ်ရှားမှု မရှိတဲ့ တိုင်းပြည်မှာ ဥပဒေဘက်သော်သားတွေကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေတဲ့ အခြေအနေနဲ့ အချိန်အခါမျိုးမှာ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုလုပ်သွားတည်ဆောက်မလဲ ။ နောက်တခုက တည်ဆဲအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကင်းလွတ်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပါ။ ပူးပေါင်းလိုတဲ့စိတ်၊ သင့်မြတ်လိုတဲ့စိတ် မရှိဘူးဆိုတာကလည်း ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲကနေ သက်သေခံနေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည်တရားဥပဒေစိုးမိုးရေးဟာ အလွန်တရာမှ စိုးရိမ်ရေအမှတ်ကို ရောက်နေတယ်လို့ ဒီနေရာကနေပြီးတော့ သတင်းစကားပါးချင်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့က Justice for Victoria ဗစ်တိုးရီးယားအတွက် တရားမျှတမှု လူထုလှုပ်ရှားမှုမှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အများပြည်သူတွေ အပါအဝင် စိတ်ဝင်စားသူရာနဲ့ချီ ပါဝင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ အမှုရဲ့ သံသယတရားခံ အောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးခဲ့တဲ့နောက်တစ်ရက် ဒီဇင်ဘာလ(၁၉)ရက် ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အောင်ကြီးကိုလွှတ်ပေးတာ စောသေး‌ကြောင်းအပြင် ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်အရင်းနဲ့ မိသားစုအချက်အလက် နေရပ်လိပ်စာတွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ရဲဇာနည်ဆိုတဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြသခဲ့တာပါ။

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျင့်ဝတ်ဖောက်ဖျက်ခဲ့တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ကာယကံရှင် ဗစ်တိုးရီးယားမိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။ ဗစ်တိုးရီးယားအမှု ရင်ဆိုင်နေချိန်မှာပဲ အမှုလိုက်ရှေ့နေတွေကိုပါ အပြန်အလှန်တရားစွဲဆိုမှုတွေ ဖြစ်ပွားခဲ့တဲ့ ပြည်သူအများစိတ်ဝင်စားနေတဲ့ ဒီအမှုမှာ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့တာကြောင့် လက်ရှိအစိုးရအနေနဲ့ တစ်စုံတစ်ရာအရေးယူပေးဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အများပြည်သူက တောင်းဆိုခဲ့ကြပါတယ်

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG