သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗစ္တိုးရီးယားအမႈ ကို ရဲတပ္ဖြဲ႕ကိုင္တြယ္ပံု မွန္ကန္ရဲ႕လား


(Zawgyi/Unicode)

ဗစ္တုိးရီးယားအမႈ နဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲကိုၾကည့္ရင္ ျမန္မာႏုိင္ငံ တရားဥပေဒစုိးမိုးေရးမွာ အဓိက တာဝန္ရွိတဲ့ ရဲတပ္ဖြဲ႔ရဲ႕ ေဆာင္ရြက္မႈေတြမွာ ေပ်ာ့ကြက္ ဟာကြက္ေတြကို ေတြ႔ရၿပီး၊ ျမန္မာႏို္င္ငံရဲ႕ တရားစီရင္ေရးစနစ္ဟာ ျပည္သူေတြ အားကိုးေလာက္စရာအေျခေန မရွိေသးဘူးလို႔ (Legal Aid Network) ဥေပဒအေထာက္အကူျပဳေရးကြန္ယက္ တည္ေထာင္သူ လူ႔အခြင့္အေရး ေရွ႕ေန ဦးေအာင္ထူးက ေထာက္ျပပါတယ္။ အဓမၼျပဳက်င့္ခံရတဲ့ မိန္းကေလးငယ္ရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြကို ျမန္မာႏို္င္ငံ မႈခင္းရဲ တပ္ဖြဲ႔က သတင္းစာရွင္းလင္းပြဲအတြင္း ေဖၚထုတ္ေျပာဆိုတာဟာ ဥေပေဒကုိ ခ်ဳိးေဖာက္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ဦးေအာင္ထူးက ခုလို စရွင္းျပပါတယ္။

ဦးေအာင္ထူး။ ။မ်ားေသာအားျဖင့္ ျပစ္မႈက်ဴးလြန္ခံရတဲ့ မုဒိမ္းက်င့္ခံရတဲ့ မိန္းကေလးရဲ႕ ဂုဏ္သိကၡာနဲ႔ အရွက္ကို ကာကြယ္ဖို႔ တာ၀န္ရွိတယ္ေလ။ အဲလိုကာကြယ္ႏိုင္ဖို႔ရန္အတြက္က သက္ဆိုင္ရာ ကာယကံရွင္ရဲ႕ အမည္တို႔၊ မိဘအမည္တို႔ ေနရပ္လိပ္စာတို႔ကို အမ်ားျပည္သူသိေအာင္ မေဖာ္ထုတ္ရဘူးေပါ့ေနာ္။ တဘက္ကလည္း အဲလိုမေဖာ္ထုတ္ဘူး ဆိုတဲ့ဘက္က လုပ္လာခဲ့ၿပီးတဲ့ေနာက္မွ အခုက်မွ ေဖာ္ထုတ္လိုက္တာက ကာယကံရွင္နဲ႔ မိသားစု ဂုဏ္သိကၡာကို လံုး၀ ထိခိုက္သြားေစပါတယ္။ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၄၉၉/၅၀၀ ကို က်ဴးလြန္ရာေရာက္သြားတယ္။ အသေရဖ်က္မႈေလ တရားစြဲသင့္တယ္ေလ၊ ဒီကေလးမေလးက အသက္ငယ္လြန္းတယ္ဗ်ာ သူ႔ရဲ႕ အရွက္နဲ႔ ဂုဏ္သိကၡာကို ကာကြယ္ဖို႔ တာ၀န္ရွိတယ္ ရဲတပ္ဖြဲ႔က။

ေမး။ ။ဒီ ရဲတပ္ဖြဲ႔ သတင္းစာ ရွင္းလင္းပြဲဟာ ျပည္သူေတြ သိခ်င္ေနတဲ့ အခ်က္ေတြကို အမွန္အတုိင္း ရွင္းရွင္းလင္းလင္း ေျဖၾကားေပးတဲ့ သတင္းစာ ရွင္းလင္းပြဲလားခင္ဗ်ာ။

ဦးေအာင္ထူး။ ။ က်ေနာ္ၾကည့္ရတာကေတာ့ အဲလိုမ်ိဳး လံုး၀မေပၚဘူးခင္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ မ်က္ႏွာအမူအရာေတြၾကည့္ရတာနဲ႔ ေျပာတဲ့ စကားလံုးေတြ ၾကည့္ရတာက တံု႔ဆိုင္းေနၿပီးေတာ့ တေယာက္မ်က္ႏွာ တေယာက္ၾကည့္တဲ့ ပံုစံမ်ိဳးေတြ မၾကာခဏေတြ႔ရတယ္။ ေနာက္တခုက သတင္းေထာက္ေတြ ေမးတဲ့ေမးခြန္းက ရွင္းရွင္းလင္းလင္းေမးတာျဖစ္ရဲ႕သားနဲ႔ တိုက္ရိုက္မေျဖတာ ေတာ္ေတာ္မ်ားမ်ားေတြ႔ရတယ္။ ေနာက္ၿပီးေတာ့ လုပ္ထံုးလုပ္နည္း procedure ကို အဓိက ေျဖသြားတာ ေတြ႔ရတယ္။ သတင္းစာ ရွင္းလင္းပြဲတခုလံုးက ရႈပ္ေနတာကို က်ေနာ္တို႔ ေတြ႔လိုက္ရတယ္။

ေမး။ ။ ဟုတ္ကဲ့။ ဗစ္တုိးရီးယား အမႈနဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႔ရဲ႕ ကိုင္တြယ္ပုံက ဥပေဒေၾကာင္းနဲ႔ ညီညြတ္မႈ ရွိရဲ႕လားခင္ဗ်ား။

ဦးေအာင္ထူး။ ။က်ေနာ္ ၂ ခ်က္ပဲ ေျပာခ်င္တယ္ခင္ဗ် ။ အဲဒါက စကားမေျပာတဲ့ သက္ေသလို႔ ေခၚတယ္ လူသက္ေသမဟုတ္တဲ့ ပစၥည္း သက္ေသေတြျဖစ္တဲ့ Documentary Evidence ေတြျဖစ္တယ္။ တခုက CCTV ေနာက္တခုက သုတ္ပိုး။ CCTV ကို ပထမဦးဆံုး နယ္ေျမစခန္းက တခုလံုး သိမ္းလာရမယ့္အစား မသိမ္းပဲနဲ႔ copy လုပ္ထားတဲ့ stick ကိုပဲ ယူလာတယ္ဆိုတာက မရိုးသားမႈ က်ဴးလြန္ရာေရာက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါကရွင္းေနတာပဲ CCTV မွာ တရားခံေပၚလာႏိုင္တယ္ဆိုတာ အားလံုးသိတယ္။ CCTV တခုလံုးယူလာရမွာ အဲလိုမယူလာပဲနဲ႔ copy ေပးလိုက္တဲ့ Stick ကိုပဲ ယူလာတယ္ က်န္တဲ့ဟာေတြ CCTVကို ဆက္ထားၿပီး သံုးခြင့္ေပးလိုက္ကတည္းကိုက ဒါမရိုးသားတာျဖစ္တယ္။ ဒုတိယအခ်က္က သုတ္ပိုး မီဒီယာေတြဘက္က ေမးတဲ့အခါမွာ ကေလးမေလး ဗစ္တုိးရီးယားဆီမွာ သုတ္ပိုး က်န္ခဲ့တယ္။ ေအာင္ႀကီးဆီမွာလည္း သုတ္ပိုး စစ္လို႔ရတယ္။ ဆိုေတာ့ ဒီ ၂ ခုက တိုက္လား၊ မတိုက္လားဆိုတာကေတာ့ ရွင္းရွင္းေလးပဲ။ ဒီ ႏွစ္ခုက တူတယ္ ၊ မတူဘူးဆိုတာကို ရိုးရိုးေျဖလိုက္ရံုပဲ။ အဲဒီေမးခြန္းကို မေျဖပဲနဲ႔ ေ၀့လည္ေၾကာင္ပတ္ေျဖသြားၿပီးေတာ့ မလိုတာေတြ ေလွ်ာက္ေျပာသြားတာဟာ ရဲတပ္ဖြဲ႔က တခုခု ဖုံးကြယ္ေနတာျဖစ္တယ္လို႔ က်ေနာ္ေျပာလို႔ရတယ္။

ေမး။ ။ဆိုေတာ့ ဒီဗစ္တုိးရီးယားအမႈမွာေပါ့ေလ၊ တစုံတေယာက္ကို ကာကြယ္ခ်င္လို႔ ေအာင္ႀကီးဆုိသူကို ရဲက တမင္ အမႈဆင္ခဲ့တာလို႔ ေဝဖန္ သုံးသပ္ခ်က္ေတြ အေပၚမွာေရာ ဆရာ ဘယ္လိုမွတ္ခ်က္ ေပးခ်င္ပါသလဲ။

ဦးေအာင္ထူး။ ။ အခုက်ေနာ္ေလ့လာရတဲ့ သတင္းစာရွင္းလင္းပြဲတခုလံုးအေပၚမွာ ခုနက ဥပေဒေၾကာင္းအရ သံုးသပ္တာနဲ႔ ဆက္စပ္ရင္ေတာ့ အဲဒါက အတိအက်ပဲလို႔ ေျပာလို႔ ရတယ္။ ဘာလုပ္သင့္သလဲဆိုေတာ့ ရဲတပ္ဖြဲ႔ကို ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၂၀၁ အရ ျပစ္မႈ က်ဴးလႊန္သူကို ကာကြယ္ရန္အႀကံအစည္နဲ႔ သက္ေသခံပစၥည္း ေဖ်ာက္ဖ်က္တဲ့အမႈနဲ႔ တရားစြဲလို႔ရတယ္။ တရားစြဲလိုက္ရင္ က်ေနာ္ထင္တယ္ ဒီဗစ္တုိးရီးယားအမႈက အစအဆံုးေပၚလာလိမ့္မယ္။

ေမး။ ။ ဒီ NLD အစိုးရ တက္လာကတည္းက တရားဥပေဒ စိုးမုိးေရး ဦးစားေပးလုပ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဒီအမႈကို လႊမ္းျခဳံေျပာရင္ ျမန္မာႏို္င္ငံရဲ႕ တရားစီရင္ေရး စနစ္ဟာ ျပည္သူေတြ အားကိုးရေလာက္တဲ့ အေျခအေနမ်ဳိးကို ေရာက္လာပါၿပီလား ခင္ဗ်ား ။

ဦးေအာင္ထူး ။ ။ ဒီလုိဗ် ဥပေဒစိုးမုိးေရးရဲ႕ ဝင္ရုိးဟာ လြတ္လပ္၊ ဘက္မလိုက္၊ ထက္ျမက္ၿပီးေတာ့ Resources based လို႔ေခၚတဲ့ လုိအပ္တဲ့ ေငြေၾကး၊ ႐ုပ္ဝတၳဳပစၥည္း အကူအညီအျပည့္အစုံ ျဖည့္ဆည္းခံထားရတဲ့ တရားစီရင္ေရး ျဖစ္ဖို႔လုိတယ္။ သို႔ေသာ္ ကေန႔အခ်ိန္ထိ ေဒၚေအာင္ဆန္းစုၾကည္ တက္လာကတည္းကုိက အဲလိုမ်ဳိး တရားစီရင္ေရးမ်ဳိး ေပၚလာေအာင္ မူဝါဒက ဘယ္လိုခ်မွတ္ ေဆာင္ရြက္မလဲ ေနာ္၊ တရားသူႀကီးေတြ ေရြးခ်ယ္ရာမွာ ဘယ္လိုေရြးခ်ယ္သြားမလဲ၊ ခန္႔တာ ဘယ္လိုခန္႔မလဲ၊ ဘယ္အခါမွာ အေရးယူမလဲ ဆိုတဲ့အေျခခံကေနၿပီးေတာ့မွ လြတ္လပ္ ဘက္မလုိက္ ထက္ျမက္တဲ့ Resources based judiciary မ်ဳိးေပၚလာေအာင္ လုပ္သြားမယ္ဆိုတဲ့ လုပ္ငန္းစဥ္က လုံးဝ က်ေနာ္ မေတြ႔ရဘူး။ ဒုတိယအခ်က္က တရား႐ုံးေတြ ေတာ္ေတာ္မ်ားမ်ားမွာ အာဏာပိုင္ေတြရဲ႕ ဝင္ေရာက္စြက္ဖက္မႈက ပိုႀကီးလာၿပီးေတာ့မွ အစိုးရအာဏာပုိင္ေတြ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြ အလုိက် စီရင္ရတဲ့အမႈေတြ အမ်ားႀကီး ထြက္လာတယ္။ တတိယ အခ်က္က ဒီေရွ႕ေနႀကီးေတြ ကုိယ္တုိင္ကသိတယ္၊ တရားစီရင္ေရးဟာ သုံးလုိ႔မရေတာ့ဘူး ခၽြတ္ၿခဳံက်ေနၿပီဆိုတာ က်ေနာ္တို႔ေတြ႔ရတယ္။ ဒီလုိအေျခအေန အခ်က္အလက္ေတြအရ ဥေပဒစိုးမုိးေရးကို ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ NLD အစိုးရနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ ေတြက ပါးစပ္ကေျပာေနေသာ္လည္း လက္ေတြ႔အေျခအေနမွာ ျဖစ္ေနတာက တရားစီရင္ေရးရဲ႕အေျခအေနဟာ ဆုိးဝါးသထက္ဆိုးဝါး ေနတယ္ဆိုတာ က်ေနာ္တို႔ေတြ႔ရတယ္။

လူ႔အခြင့္အေရး ေရွ႕ေန ဦးေအာင္ထူးကို ကိုဉာဏ္ဝင္းေအာင္ ကေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


........................

ဗစ်တိုးရီးယားအမှု ကို ရဲတပ်ဖွဲ့ကိုင်တွယ်ပုံ မှန်ကန်ရဲ့လား

(Unicode)

ဗစ်တိုးရီးယားဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုကြည့်ရင် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးမှာ အဓိက တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေမှာ ပျော့ကွက် ဟာကွက်တွေကို တွေ့ရပြီး၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ပြည်သူတွေ အားကိုးလောက်စရာအခြေနေ မရှိသေးဘူးလို့ (Legal Aid Network) ဥပေဒအထောက်အကူပြုရေးကွန်ယက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ထောက်ပြပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြန်မာနိုင်ငံ မှုခင်းရဲ တပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲအတွင်း ဖေါ်ထုတ်ပြောဆိုတာဟာ ဥပေဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးအောင်ထူးက ခုလို စရှင်းပြပါတယ်။

ဦးအောင်ထူး။ ။များသောအားဖြင့် ပြစ်မှုကျူးလွန်ခံရတဲ့ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်လေ။ အဲလိုကာကွယ်နိုင်ဖို့ရန်အတွက်က သက်ဆိုင်ရာ ကာယကံရှင်ရဲ့ အမည်တို့၊ မိဘအမည်တို့ နေရပ်လိပ်စာတို့ကို အများပြည်သူသိအောင် မဖော်ထုတ်ရဘူးပေါ့နော်။ တဘက်ကလည်း အဲလိုမဖော်ထုတ်ဘူး ဆိုတဲ့ဘက်က လုပ်လာခဲ့ပြီးတဲ့နောက်မှ အခုကျမှ ဖော်ထုတ်လိုက်တာက ကာယကံရှင်နဲ့ မိသားစု ဂုဏ်သိက္ခာကို လုံး၀ ထိခိုက်သွားစေပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၉/၅၀၀ ကို ကျူးလွန်ရာရောက်သွားတယ်။ အသရေဖျက်မှုလေ တရားစွဲသင့်တယ်လေ၊ ဒီကလေးမလေးက အသက်ငယ်လွန်းတယ်ဗျာ သူ့ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တာဝန်ရှိတယ် ရဲတပ်ဖွဲ့က။

မေး။ ။ဒီ ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ပြည်သူတွေ သိချင်နေတဲ့ အချက်တွေကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ဖြေကြားပေးတဲ့ သတင်းစာ ရှင်းလင်းပွဲလားခင်ဗျာ။

ဦးအောင်ထူး။ ။ ကျနော်ကြည့်ရတာကတော့ အဲလိုမျိုး လုံးဝမပေါ်ဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့ မျက်နှာအမူအရာတွေကြည့်ရတာနဲ့ ပြောတဲ့ စကားလုံးတွေ ကြည့်ရတာက တုံ့ဆိုင်းနေပြီးတော့ တယောက်မျက်နှာ တယောက်ကြည့်တဲ့ ပုံစံမျိုးတွေ မကြာခဏတွေ့ရတယ်။ နောက်တခုက သတင်းထောက်တွေ မေးတဲ့မေးခွန်းက ရှင်းရှင်းလင်းလင်းမေးတာဖြစ်ရဲ့သားနဲ့ တိုက်ရိုက်မဖြေတာ တော်တော်များများတွေ့ရတယ်။ နောက်ပြီးတော့ လုပ်ထုံးလုပ်နည်း procedure ကို အဓိက ဖြေသွားတာ တွေ့ရတယ်။ သတင်းစာ ရှင်းလင်းပွဲတခုလုံးက ရှုပ်နေတာကို ကျနော်တို့ တွေ့လိုက်ရတယ်။

မေး။ ။ ဟုတ်ကဲ့။ ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံက ဥပဒေကြောင်းနဲ့ ညီညွတ်မှု ရှိရဲ့လားခင်ဗျား။

ဦးအောင်ထူး။ ။ကျနော် ၂ ချက်ပဲ ပြောချင်တယ်ခင်ဗျ ။ အဲဒါက စကားမပြောတဲ့ သက်သေလို့ ခေါ်တယ် လူသက်သေမဟုတ်တဲ့ ပစ္စည်း သက်သေတွေဖြစ်တဲ့ Documentary Evidence တွေဖြစ်တယ်။ တခုက CCTV နောက်တခုက သုတ်ပိုး။ CCTV ကို ပထမဦးဆုံး နယ်မြေစခန်းက တခုလုံး သိမ်းလာရမယ့်အစား မသိမ်းပဲနဲ့ copy လုပ်ထားတဲ့ stick ကိုပဲ ယူလာတယ်ဆိုတာက မရိုးသားမှု ကျူးလွန်ရာရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါကရှင်းနေတာပဲ CCTV မှာ တရားခံပေါ်လာနိုင်တယ်ဆိုတာ အားလုံးသိတယ်။ CCTV တခုလုံးယူလာရမှာ အဲလိုမယူလာပဲနဲ့ copy ပေးလိုက်တဲ့ Stick ကိုပဲ ယူလာတယ် ကျန်တဲ့ဟာတွေ CCTVကို ဆက်ထားပြီး သုံးခွင့်ပေးလိုက်ကတည်းကိုက ဒါမရိုးသားတာဖြစ်တယ်။ ဒုတိယအချက်က သုတ်ပိုး မီဒီယာတွေဘက်က မေးတဲ့အခါမှာ ကလေးမလေး ဗစ်တိုးရီးယားဆီမှာ သုတ်ပိုး ကျန်ခဲ့တယ်။ အောင်ကြီးဆီမှာလည်း သုတ်ပိုး စစ်လို့ရတယ်။ ဆိုတော့ ဒီ ၂ ခုက တိုက်လား၊ မတိုက်လားဆိုတာကတော့ ရှင်းရှင်းလေးပဲ။ ဒီ နှစ်ခုက တူတယ် ၊ မတူဘူးဆိုတာကို ရိုးရိုးဖြေလိုက်ရုံပဲ။ အဲဒီမေးခွန်းကို မဖြေပဲနဲ့ ဝေ့လည်ကြောင်ပတ်ဖြေသွားပြီးတော့ မလိုတာတွေ လျှောက်ပြောသွားတာဟာ ရဲတပ်ဖွဲ့က တခုခု ဖုံးကွယ်နေတာဖြစ်တယ်လို့ ကျနော်ပြောလို့ရတယ်။

မေး။ ။ဆိုတော့ ဒီဗစ်တိုးရီးယားအမှုမှာပေါ့လေ၊ တစုံတယောက်ကို ကာကွယ်ချင်လို့ အောင်ကြီးဆိုသူကို ရဲက တမင် အမှုဆင်ခဲ့တာလို့ ဝေဖန် သုံးသပ်ချက်တွေ အပေါ်မှာရော ဆရာ ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။

ဦးအောင်ထူး။ ။ အခုကျနော်လေ့လာရတဲ့ သတင်းစာရှင်းလင်းပွဲတခုလုံးအပေါ်မှာ ခုနက ဥပဒေကြောင်းအရ သုံးသပ်တာနဲ့ ဆက်စပ်ရင်တော့ အဲဒါက အတိအကျပဲလို့ ပြောလို့ ရတယ်။ ဘာလုပ်သင့်သလဲဆိုတော့ ရဲတပ်ဖွဲ့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၁ အရ ပြစ်မှု ကျူးလွှန်သူကို ကာကွယ်ရန်အကြံအစည်နဲ့ သက်သေခံပစ္စည်း ဖျောက်ဖျက်တဲ့အမှုနဲ့ တရားစွဲလို့ရတယ်။ တရားစွဲလိုက်ရင် ကျနော်ထင်တယ် ဒီဗစ်တိုးရီးယားအမှုက အစအဆုံးပေါ်လာလိမ့်မယ်။

မေး။ ။ ဒီ NLD အစိုးရ တက်လာကတည်းက တရားဥပဒေ စိုးမိုးရေး ဦးစားပေးလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီအမှုကို လွှမ်းခြုံပြောရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ဟာ ပြည်သူတွေ အားကိုးရလောက်တဲ့ အခြေအနေမျိုးကို ရောက်လာပါပြီလား ခင်ဗျား ။

ဦးအောင်ထူး ။ ။ ဒီလိုဗျ ဥပဒေစိုးမိုးရေးရဲ့ ဝင်ရိုးဟာ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီးတော့ Resources based လို့ခေါ်တဲ့ လိုအပ်တဲ့ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်း အကူအညီအပြည့်အစုံ ဖြည့်ဆည်းခံထားရတဲ့ တရားစီရင်ရေး ဖြစ်ဖို့လိုတယ်။ သို့သော် ကနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် တက်လာကတည်းကိုက အဲလိုမျိုး တရားစီရင်ရေးမျိုး ပေါ်လာအောင် မူဝါဒက ဘယ်လိုချမှတ် ဆောင်ရွက်မလဲ နော်၊ တရားသူကြီးတွေ ရွေးချယ်ရာမှာ ဘယ်လိုရွေးချယ်သွားမလဲ၊ ခန့်တာ ဘယ်လိုခန့်မလဲ၊ ဘယ်အခါမှာ အရေးယူမလဲ ဆိုတဲ့အခြေခံကနေပြီးတော့မှ လွတ်လပ် ဘက်မလိုက် ထက်မြက်တဲ့ Resources based judiciary မျိုးပေါ်လာအောင် လုပ်သွားမယ်ဆိုတဲ့ လုပ်ငန်းစဉ်က လုံးဝ ကျနော် မတွေ့ရဘူး။ ဒုတိယအချက်က တရားရုံးတွေ တော်တော်များများမှာ အာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ပိုကြီးလာပြီးတော့မှ အစိုးရအာဏာပိုင်တွေ မြန်မာစစ်တပ်ခေါင်းဆောင်တွေ အလိုကျ စီရင်ရတဲ့အမှုတွေ အများကြီး ထွက်လာတယ်။ တတိယ အချက်က ဒီရှေ့နေကြီးတွေ ကိုယ်တိုင်ကသိတယ်၊ တရားစီရင်ရေးဟာ သုံးလို့မရတော့ဘူး ချွတ်ခြုံကျနေပြီဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒီလိုအခြေအနေ အချက်အလက်တွေအရ ဥပေဒစိုးမိုးရေးကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင် တွေက ပါးစပ်ကပြောနေသော်လည်း လက်တွေ့အခြေအနေမှာ ဖြစ်နေတာက တရားစီရင်ရေးရဲ့အခြေအနေဟာ ဆိုးဝါးသထက်ဆိုးဝါး နေတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။

လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကို ကိုဉာဏ်ဝင်းအောင် ကမေးမြန်းထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG