သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ သက္ငယ္မုဒိမ္းမႈ ကာယကံရွင္ကေလး ကုိယ္တုိင္ထြက္ဆုိ


ဗစ္တိုးရီးယားအမႈမွာ အဓိကအေရးပါတဲ့ သက္ေသအျဖစ္ ကာယကံရွင္ျဖစ္တဲ့ အသက္သံုးႏွစ္အရြယ္ ကေလးငယ္ကို ေနျပည္ေတာ္ ဒကၡိဏခရိုင္တရားရံုးမွာ ဒီကေန႕စစ္ေဆးပါတယ္။ ဗစ္တိုးရီးယားလို႕ နာမည္၀ွက္ေပးထားတဲ့ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရသူ ကေလးငယ္က သူ႕အေပၚက်ဴးလြန္ခဲ့သူေတြကို ဓာတ္ပံုမွတ္တမ္းေတြထဲကေန အတိအက် သက္ေသထြက္ဆိုခဲ့တယ္လို႕ တရားလိုအက်ိဳးေဆာင္ေရွ႕ေနက ေျပာပါတယ္။

ဒီကေန႕ ေနျပည္ေတာ္က ဗစ္တိုးရီးယား အမႈစစ္ေဆးခ်က္အေၾကာင္း ကိုစည္သူ ေျပာျပေပးမွာပါ။

ဗစ္တိုးရီးယားအမႈ ၆ ႀကိမ္ေျမာက္ရံုးခ်ိန္းမွာ အဓိကသက္ေသအျဖစ္ထြက္ဆိုခဲ့သူ ကေလးငယ္က သူ႕အေပၚက်ဴးလြန္သူေတြရဲ႕ ဓာတ္ပံုေတြကို ထုတ္ေဖာ္ျပသခဲ့တယ္လို႕ တရားလိုအက်ိဳးေဆာင္ေရွ႕ေန ေဒၚရြက္ႏုေအာင္က တရားရံုးအထြက္မွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

“ CCTV မွာ ပရင့္ထုတ္ထားတဲ့ ကိုေအာင္ႀကီးထြက္သြားတဲ့ပံုပါတဲ့ ပံုေတြကို ျပၿပီးေတာ့ ကေလးေလးကို ေမးတယ္ ။ ေမးတဲ့အခါ သမီးေလးက ဒါကိုမသိဘူးေပါ့ ဒီလူကိုမသိဘူးဆိုၿပီး ေျပာတယ္။ ဒီက်န္တဲ့ သက္ေသခံ (ဂ) မွာပါတဲ့ ပံုေတြကိုေတာ့ သမီးေလးကို ျပၿပီးေတာ့ ေမးတဲ့အခါမွာ သမီးေလးက သက္ေသခံ (ဂ) မွာတင္တုန္းကလိုပဲ သူ႕ရဲ႕ ဖင္ဗူးကိုဆိတ္တဲ့သူေတြဟာ ဘယ္သူေတြပါဆိုၿပီးေတာ့ ဆြဲထုတ္ျပတယ္။ တစ္ခုခ်င္းကိုအကုန္ျပတယ္။ ျပၿပီးေတာ့ အဲဒီမွာပဲ မေက်နပ္ဘူးဆိုၿပီးေတာ့ အဲ့ဒီဓာတ္ပံုကို ေျခေထာက္ေတြနဲ႕ ေပါက္တယ္။ စားပြဲေပၚတင္ထားတဲ့ ဓါတ္ပံုကို ကေလးက စိတ္ဆိုးၿပီးေတာ့ ေျခေထာက္ေတြနဲ႕ ေပါက္တယ္ အဲလိုမ်ိဳးလုပ္တယ္ေပါ့ေနာ္ “

ၿပီးခဲ့တဲ့ ေလးႀကိမ္ေျမာက္ရံုးခ်ိန္းတုန္းကသံသယရွိသူေတြ အပါအ၀င္ အမႈနဲ႔ ဆက္ႏြယ္ေနသူေတြရဲ႕ ဓာတ္ပုံေတြကုိ ဖခင္နဲ႕ ဦးေလးျဖစ္သူတို႕က သမီးကုိ ျပသၿပီး ေမးျမန္းထားတဲ့ ဗြီဒီယုိ မွတ္တမ္းတခုကုိလည္း သက္ေသခံ (ဂ) အေနနဲ႔တရားရံုးမွာ သက္ေသအျဖစ္ တင္သြင္းခဲ့တာပါ။

တရားခြင္မတိုင္ခင္ ပဏာမေမးခြန္းေတြနဲ႕ ဥာဏ္စမ္းေမးခြန္းေတြကိုလည္း ကေလးငယ္က ေကာင္းေကာင္း မြန္မြန္ တက္တက္ၾကြၾကြနဲ႕ ေျဖဆိုႏိုင္ခဲ့တယ္လို႕လည္း ေဒၚရြက္ႏုေအာင္က ေျပာပါတယ္။ အဓိက သက္ေသျဖစ္တဲ့ ကေလးငယ္ရဲ႕ ထြက္ဆိုခ်က္ေတြက အမႈအတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္လိမ့္မယ္လို႕ ယံုၾကည္ေၾကာင္းနဲ႕ အားရေက်နပ္ေၾကာင္း ေဒၚရြက္ႏုေအာင္က ေျပာပါတယ္။

ကေလးငယ္ရဲ႕ထြက္ဆိုခ်က္ေတြဟာ ယခင္တင္သြင္းတဲ့ သက္ေသခံေတြထက္ ပိုမိုတိက်ေၾကာင္း ေဒၚရြက္ႏုေအာင္က ေျပာပါတယ္။

“ဆရာမ ႏွင္းနုက ဖင္ဗူးကိုေရေဆးေပးတယ္။ ဘယ္ေနရာဆိုတာကအစ လက္နဲ႕ ကေလးက ကိုင္ျပတယ္။ အဲေလာက္ထိကို ကေလးက ဥာဏ္ေကာင္းတယ္။ ဒီေနရာမွာကေလးက ကိုကိုညီညီလို႕မသံုးဘူး ။ ကိုကိုအငယ္လို႔ေျပာတယ္ ကိုကိုအငယ္က သူ႕ရဲ႕ ရင္ဘတ္ေတြကို ထုတယ္ေပါ့ေနာ္ အဲလိုေျပာတယ္။ ကိုကိုအႀကီးက သူ႕ဖင္ဗူးကို ဆိတ္တယ္ေပါ့။ အဲလိုမ်ိဳးကေလးေလးက ထြက္ဆိုတယ္”

ဒီကေန႕ရံုးခ်ိန္းဟာ အရင္ေန႕ရံုးခ်ိန္းေတြနဲ႕ မတူပဲ ေလ့လာသူေတြ သတင္းသမားေတြကို ၀င္ေရာက္ေလ့လာခြင့္ မေပးခဲ့ပါဘူး။ တရားခြင္မွာ ဒီအမႈနဲ႕သက္ဆိုင္သူ အနည္းငယ္ပဲရွိၿပီးေတာ့ တရားသူႀကီးက ေမးခြန္းေတြကို တျခားအခန္းမွာရွိေနတဲ့ ကေလးငယ္ကိုဗီြဒီယိုရုပ္သံကေနတဆင့္ တိုက္ရိုက္ ေမးျမန္းခဲ့တာပါ။

သီးသန္႕စီစဥ္ထားတဲ့ အခန္းတစ္ခုမွာေတာ့ဗစ္တိုးရီးယားလို႕ အမည္၀ွက္ေပးထားတဲ့ ကေလးငယ္နဲ႕ သူ႕ရဲ႕အေဒၚျဖစ္သူတစ္ဦး၊ကေလးငယ္ရဲ႕ မိန္းကေလးသူငယ္ခ်င္း ကေလးတစ္ေယာက္နဲ႕ တရားသူႀကီးရဲ႕ ေမးခြန္းေတြကို ကေလးနားလည္ေအာင္ ျပန္ေမးေပးရတဲ့ တရားေရး၀န္ထမ္း အမ်ိဳးသမီးတစ္ဦးတို႕ကို သီးသန္႕ထားရွိ စစ္ေမးခဲ့တာပါ။

စစ္ေဆးခံရမယ့္အခန္းေနရာနဲ႕ ရင္းႏွီးေအာင္ ကေလးနဲ႕မိဘေတြ ကေလးငယ္ကိုထားရွိစစ္ေဆးတဲ့ အခန္းကို စက္တင္ဘာ ၉ ရက္ေန႕တုန္းက ႀကိဳတင္လာေရာက္ခဲ့ၾကပါတယ္။

တရားခြင္စစ္ေဆးခ်က္အရ ဗစ္တိုးရီးယားအေနနဲ သံသယတရားခံ ေအာင္ႀကီးကိုေတာ့ တစ္စံုတစ္ရာ ထြက္ဆိုခဲ့ျခင္းမရွိဘူးလို႕ ေအာင္ႀကီးရဲ႕အက်ိဳးေဆာင္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေျဖတာေတြအကုန္လံုးက ကိုေအာင္ႀကီးအေၾကာင္း တခုမွ မပါဘူး။ ဘာမွမပါဘူး ပံုေတြျပၿပီးေတာ့ ေမးတာေပါ့ေနာ္။ ဗီြဒီယိုဖိုင္ေတြျပၿပီးေတာ့ ေမးတာ ကိုေအာင္ႀကီးလို႔ေျပာတာ တခုမွ မပါဘူး သို႔ေသာ္ သူထြက္သြားတဲ့ နာမည္ေတြရွိတယ္ ဘယ္သူက လုပ္တယ္ စသျဖင့္ေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ေမလထဲ ေနျပည္ေတာ္မွာရွိတဲ့ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းမွာ အႏုိင္က်င့္ေစာ္ကားခံခဲ့ရတဲ့ ျဖစ္ရပ္ဟာ လူမႈကြန္ရက္ေတြကတဆင့္ အႀကီးအက်ယ္ ျပန္႔ႏွံ႔ခဲ့ရာက တစ္ႏိုင္ငံလံုးက ဒီအမႈကို စိတ္၀င္စား ေစာင့္ၾကည့္ေနၾကတာပါ။ ဗစ္တိုးရီးယား အမႈဟာ အခုႏွစ္ပိုင္းေတြအတြင္း ႏိုင္ငံတ၀ိုင္းျဖစ္ေပၚေနတဲ့ ကေလးသူငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈ သက္ငယ္မဒိမ္းမႈ ေလ်ာ့ပါး ပေပ်ာက္ေရးၾကိဳးပမ္းမႈေတြအတြက္ စံျပအမႈတစ္ခု ျဖစ္လာလိမ့္မယ္လို႕ သံုးသပ္ေနၾကတာပါ။ အမႈနဲ႔ ပတ္သက္လုိ႔ အျဖစ္မွန္ကုိ စုံစမ္းေဖာ္ထုတ္ဖုိ႔ ညႊန္ၾကားထားေၾကာင္းလည္း သမၼတ႐ုံးတာ၀န္ရွိသူက ေျပာဆိုထားပါတယ္။

ဗစ္တိုးရီးယားအမႈ ၇ ႀကိမ္ေျမာက္ရံုးခ်ိန္းကို လာမယ့္စက္တင္ဘာလ (၂၄) ရက္ေန႕မွာမူႀကိဳေက်ာင္း၀န္ထမ္း ၂ ဦးကို ဒဏၡိဏခရိုင္တရားရံုးမွာ ဆက္လက္စစ္ေဆးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode version

ဗစ်တိုးရီးယားအမှုမှာ အဓိကအရေးပါတဲ့ သက်သေအဖြစ် ကာယကံရှင်ဖြစ်တဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့စစ်ဆေးပါတယ်။ ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူ ကလေးငယ်က သူ့အပေါ်ကျူးလွန်ခဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းတွေထဲကနေ အတိအကျ သက်သေထွက်ဆိုခဲ့တယ်လို့ တရားလိုအကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုစစ်ဆေးချက်အကြောင်း ကိုစည်သူ ပြောပြပေးမှာပါ။

ဗစ်တိုးရီးယားအမှု ၆ ကြိမ်မြောက်ရုံးချိန်းမှာ အဓိကသက်သေအဖြစ်ထွက်ဆိုခဲ့သူ ကလေးငယ်က သူ့အပေါ်ကျူးလွန်သူတွေရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ တရားလိုအကျိုးဆောင်ရှေ့နေ ဒေါ်ရွက်နုအောင်က တရားရုံးအထွက်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

“ CCTV မှာ ပရင့်ထုတ်ထားတဲ့ ကိုအောင်ကြီးထွက်သွားတဲ့ပုံပါတဲ့ ပုံတွေကို ပြပြီးတော့ ကလေးလေးကို မေးတယ် ။ မေးတဲ့အခါ သမီးလေးက ဒါကိုမသိဘူးပေါ့ ဒီလူကိုမသိဘူးဆိုပြီး ပြောတယ်။ ဒီကျန်တဲ့ သက်သေခံ (ဂ) မှာပါတဲ့ ပုံတွေကိုတော့ သမီးလေးကို ပြပြီးတော့ မေးတဲ့အခါမှာ သမီးလေးက သက်သေခံ (ဂ) မှာတင်တုန်းကလိုပဲ သူ့ရဲ့ ဖင်ဗူးကိုဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါဆိုပြီးတော့ ဆွဲထုတ်ပြတယ်။ တစ်ခုချင်းကိုအကုန်ပြတယ်။ ပြပြီးတော့ အဲဒီမှာပဲ မကျေနပ်ဘူးဆိုပြီးတော့ အဲ့ဒီဓာတ်ပုံကို ခြေထောက်တွေနဲ့ ပေါက်တယ်။ စားပွဲပေါ်တင်ထားတဲ့ ဓါတ်ပုံကို ကလေးက စိတ်ဆိုးပြီးတော့ ခြေထောက်တွေနဲ့ ပေါက်တယ် အဲလိုမျိုးလုပ်တယ်ပေါ့နော် “

ပြီးခဲ့တဲ့ လေးကြိမ်မြောက်ရုံးချိန်းတုန်းကသံသယရှိသူတွေ အပါအဝင် အမှုနဲ့ ဆက်နွယ်နေသူတွေရဲ့ ဓာတ်ပုံတွေကို ဖခင်နဲ့ ဦးလေးဖြစ်သူတို့က သမီးကို ပြသပြီး မေးမြန်းထားတဲ့ ဗွီဒီယို မှတ်တမ်းတခုကိုလည်း သက်သေခံ (ဂ) အနေနဲ့တရားရုံးမှာ သက်သေအဖြစ် တင်သွင်းခဲ့တာပါ။

တရားခွင်မတိုင်ခင် ပဏာမမေးခွန်းတွေနဲ့ ဉာဏ်စမ်းမေးခွန်းတွေကိုလည်း ကလေးငယ်က ကောင်းကောင်း မွန်မွန် တက်တက်ကြွကြွနဲ့ ဖြေဆိုနိုင်ခဲ့တယ်လို့လည်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။ အဓိက သက်သေဖြစ်တဲ့ ကလေးငယ်ရဲ့ ထွက်ဆိုချက်တွေက အမှုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ အားရကျေနပ်ကြောင်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ကလေးငယ်ရဲ့ထွက်ဆိုချက်တွေဟာ ယခင်တင်သွင်းတဲ့ သက်သေခံတွေထက် ပိုမိုတိကျကြောင်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“ဆရာမ နှင်းနုက ဖင်ဗူးကိုရေဆေးပေးတယ်။ ဘယ်နေရာဆိုတာကအစ လက်နဲ့ ကလေးက ကိုင်ပြတယ်။ အဲလောက်ထိကို ကလေးက ဉာဏ်ကောင်းတယ်။ ဒီနေရာမှာကလေးက ကိုကိုညီညီလို့မသုံးဘူး ။ ကိုကိုအငယ်လို့ပြောတယ် ကိုကိုအငယ်က သူ့ရဲ့ ရင်ဘတ်တွေကို ထုတယ်ပေါ့နော် အဲလိုပြောတယ်။ ကိုကိုအကြီးက သူ့ဖင်ဗူးကို ဆိတ်တယ်ပေါ့။ အဲလိုမျိုးကလေးလေးက ထွက်ဆိုတယ်”

ဒီကနေ့ရုံးချိန်းဟာ အရင်နေ့ရုံးချိန်းတွေနဲ့ မတူပဲ လေ့လာသူတွေ သတင်းသမားတွေကို ဝင်ရောက်လေ့လာခွင့် မပေးခဲ့ပါဘူး။ တရားခွင်မှာ ဒီအမှုနဲ့သက်ဆိုင်သူ အနည်းငယ်ပဲရှိပြီးတော့ တရားသူကြီးက မေးခွန်းတွေကို တခြားအခန်းမှာရှိနေတဲ့ ကလေးငယ်ကိုဗွီဒီယိုရုပ်သံကနေတဆင့် တိုက်ရိုက် မေးမြန်းခဲ့တာပါ။

သီးသန့်စီစဉ်ထားတဲ့ အခန်းတစ်ခုမှာတော့ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထားတဲ့ ကလေးငယ်နဲ့ သူ့ရဲ့အဒေါ်ဖြစ်သူတစ်ဦး၊ကလေးငယ်ရဲ့ မိန်းကလေးသူငယ်ချင်း ကလေးတစ်ယောက်နဲ့ တရားသူကြီးရဲ့ မေးခွန်းတွေကို ကလေးနားလည်အောင် ပြန်မေးပေးရတဲ့ တရားရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ကို သီးသန့်ထားရှိ စစ်မေးခဲ့တာပါ။

စစ်ဆေးခံရမယ့်အခန်းနေရာနဲ့ ရင်းနှီးအောင် ကလေးနဲ့မိဘတွေ ကလေးငယ်ကိုထားရှိစစ်ဆေးတဲ့ အခန်းကို စက်တင်ဘာ ၉ ရက်နေ့တုန်းက ကြိုတင်လာရောက်ခဲ့ကြပါတယ်။

တရားခွင်စစ်ဆေးချက်အရ ဗစ်တိုးရီးယားအနေနဲ သံသယတရားခံ အောင်ကြီးကိုတော့ တစ်စုံတစ်ရာ ထွက်ဆိုခဲ့ခြင်းမရှိဘူးလို့ အောင်ကြီးရဲ့အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဖြေတာတွေအကုန်လုံးက ကိုအောင်ကြီးအကြောင်း တခုမှ မပါဘူး။ ဘာမှမပါဘူး ပုံတွေပြပြီးတော့ မေးတာပေါ့နော်။ ဗွီဒီယိုဖိုင်တွေပြပြီးတော့ မေးတာ ကိုအောင်ကြီးလို့ပြောတာ တခုမှ မပါဘူး သို့သော် သူထွက်သွားတဲ့ နာမည်တွေရှိတယ် ဘယ်သူက လုပ်တယ် စသဖြင့်ပေါ့နော်။”

ပြီးခဲ့တဲ့ မေလထဲ နေပြည်တော်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်တွေကတဆင့် အကြီးအကျယ် ပြန့်နှံ့ခဲ့ရာက တစ်နိုင်ငံလုံးက ဒီအမှုကို စိတ်ဝင်စား စောင့်ကြည့်နေကြတာပါ။ ဗစ်တိုးရီးယား အမှုဟာ အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံတဝိုင်းဖြစ်ပေါ်နေတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သက်ငယ်မဒိမ်းမှု လျော့ပါး ပပျောက်ရေးကြိုးပမ်းမှုတွေအတွက် စံပြအမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ အမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားကြောင်းလည်း သမ္မတရုံးတာဝန်ရှိသူက ပြောဆိုထားပါတယ်။

ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက်ရုံးချိန်းကို လာမယ့်စက်တင်ဘာလ (၂၄) ရက်နေ့မှာမူကြိုကျောင်းဝန်ထမ်း ၂ ဦးကို ဒဏ္ခိဏခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG