သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းပုံ


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများအပြား ရှိနေပါတယ်။ အထူးသဖြင့် မကြာသေးခင်က နေပြည်တော်မှာ ဖြစ်သွားတဲ့ Victoria လေးရဲ့ သက်ငယ်မုဒိန်းမှု အပါအဝင် တခြား မုဒိန်းမှုတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံအပေါ် မေးခွန်း ထုတ်စရာတွေ အများအပြား ရှိနေတာကြောင့် ပြည်သူ လူထုအကြား ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုတွေ ပိုပြီးတော့ လျော့ကျလာစေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုတွေ အပေါ် ကိုင်တွယ် ဖြေရှင်းနေတဲ့ ပုံစံတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူဇန်နာလှလှစိုး (Susanna Hla Hla Soe) တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG