သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗစ္တိုးရီးယားအမႈ ရဲတပ္ဖြဲ႔လုပ္ရပ္ ကေလးသူငယ္ဥပေဒနဲ႔ ၿငိစြန္း


(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သူတို႔ရဲ႕သတင္းစာရွင္းလင္းပြဲမွာ ဗစ္တိုးရီးယားရဲ႕ အမည္အရင္းအပါအဝင္၊ အမႈမွာပါရွိတဲ့ အခ်က္အလက္ေတြကို ခ်ျပခဲ့တာနဲ႔ပတ္သက္ၿပီး ဒါဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းေနတာေၾကာင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠနဲ႔ ေဆြးေႏြးၿပီး ဆက္လက္ေဆာင္႐ြက္သြားဖို႔ စီစဥ္ေနတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီ ဥကၠဌက ေျပာပါတယ္။ ဗစ္တိုးရီးယားရဲ႕ဖခင္ျဖစ္သူကိုယ္တိုင္ကလည္း တရားစြဲဆိုခ်င္တဲ့ ဆႏၵရွိေၾကာင္း သတင္းမီဒီယာေတြကို ထုတ္ေဖၚေျပာဆိုထားတာပါ။

ဒီအေၾကာင္း အျပည့္အစုံကို ဗြီအိုေအသတင္းေထာက္ စုစုကေျပာျပေပးမွာပါ။

လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံထားရတဲ့ သုံးႏွစ္အ႐ြယ္ မိန္းကေလး ဗစ္တိုးရီးယားရဲ႕ အမည္ရင္းနဲ႔ သူ႔မိဘေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က မေန႔ကသတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး၊ ေဖ့ဘုတ္လူမႈကြန္ယက္မွာလည္း တင္ခဲ့ပါတယ္။ ဒါဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းေနတယ္လို႔ ဥပေဒပညာရွင္ေတြက ေဝဖန္ေထာက္ျပၾကသလို၊ အမ်ားျပည္သူကလည္း ကန႔္ကြက္ရႈတ္ခ်ခဲ့ပါတယ္။

ရဲတပ္ဖြဲ႕အေနနဲ႔ အခုလိုလုပ္ေဆာင္ခဲ့တာဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒကို မသိခဲ့လို႔ လုပ္တာမ်ိဳးမျဖစ္ႏိုင္ဘူးလို႔ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီဥကၠ႒ ေဒါက္တာေဒၚခင္စိုးစိုးၾကည္က ေျပာပါတယ္။

“ဒီကေလးေတြက က်ဴးလြန္ခံရတဲ့ ကေလးပဲျဖစ္ေစ၊ သက္ေသပါတဲ့ ကေလးပဲျဖစ္ေစ သူနဲ႔သက္ဆိုင္တဲ့သူေတြကလည္း ထုတ္ေဖာ္မေျပာရဘူး။ ဒါေၾကာင့္မို႔ ဗစ္တိုးရီးယား Case မွာဆို အၿမဲတမ္းေစာင့္ၾကည့္ေနတာ။ ဘာလို႔ေျပာၾကတာလဲ ေနာက္ဆုံးက်ဴးလြန္ခံရတဲ့ကေလးေပါ့ေနာ္ ။ သူဟာ တရားလိုအျဖစ္လည္း စစ္ေဆးခံေနရတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔က တခ်က္ကေတာ့ က်မတို႔လည္း စဥ္းစားပါတယ္။ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒကို မသိတာလား။ ဒါေတာ့ မျဖစ္လည္း မျဖစ္သင့္ဘူး။ မျဖစ္လည္း မျဖစ္ႏိုင္ဘူးလို႔ က်မတို႔ယူဆပါတယ္။”

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ဗစ္တိုးရီးယားအမႈနဲ႔ သက္ဆိုင္တဲ့အခ်က္အလက္ေတြကို ေဖ့ဘုတ္လူမႈကြန္ယက္မွာ ထုတ္ျပအၿပီး ျပန္လည္ျဖဳတ္ခ်ခဲ့ေပမယ့္ ေတာ္ေတာ္မ်ားမ်ားျပန႔္ႏွံ႔ သြားတာေၾကာင့္ ကေလးငယ္အတြက္ နစ္နာရသလို၊ မိဘေတြလည္း ထိခိုက္ခံစားရတယ္လို႔ ေဒါက္တာေဒၚခင္စိုးစိုးၾကည္က ေျပာပါတယ္။ ဒီကိစၥအေပၚ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြ အေနနဲ႔ ဘယ္လိုအေရးယူ ေဆာင္႐ြက္ သြားမယ္ ဆိုတာကို ေမးရမယ့္ အခ်ိန္ ေရာက္ေနၿပီလို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး ဗစ္တိုးရီးယားရဲ႕ဖခင္ျဖစ္သူကေတာ့ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြကို တရားစြဲဖိ ဆိုခ်င္တဲ့ ဆႏၵရွိတာကို သတင္းမီဒီယာေတြကို ထုတ္ေဖၚေျပာဆိုေနတာ ျဖစ္ၿပီး ဗစ္တိုးရီးယားအမႈရဲ႕ က်ဴးလြန္သူတရားခံအစစ္အမွန္ ေပၚေပါက္ေရးအတြက္ အနီးကပ္ဝန္းရံသူတဦးျဖစ္တဲ့ ကိုသကၠမိုးညိဳကေတာ့

“ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္တဲ့အခါမွာ ဆိုလို႔ရွိရင္ ေသခ်ာေပါက္ၿငိတာဆိုလို႔ရွိရင္ ဥပမာအားျဖင့္ က်ေနာ္တို႔က ဒီတရား႐ုံးမွာ သက္ေသဝင္ေသာ ကေလးတေယာက္ရဲ႕ အမည္နာမကို ထည့္ၿပီးမေျပာရဘူးဆိုတာ ဒါက ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ ပါရွိၿပီးသား။ ဒါကေသခ်ာေပါက္ ၿငိတယ္။ သို႔ေသာ္လည္းပဲ ခုနကေျပာသလို က်န္တဲ့ၿငိႏိုင္တာေတြ ရွိေနေသးလားဆိုတာ က်ေနာ္တို႔က ျပန္ၿပီးေတာ့ဆက္လက္ ရွာေဖြမယ္။ ဥပမာအားျဖင့္ သမီးေလး ေဖေဖေရာ ေမေမေရာ ႏိုင္ငံ့ဝန္ထမ္းေတြ။ ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ Privacy ကို ခ်ိဳးေဖာက္ၿပီးကာမွ နာမည္ေတြကိုေဖာ္ျပတာသည္ ႏိုင္လြတ္လုံနဲ႔ၿငိ မၿငိဆိုတာမ်ိဳးေတြ၊ ၆၆(ဃ) နဲ႔ ၿငိ ၊ မၿငိဆိုတာမ်ိဳးေတြ က်ေနာ္တို႔ျပန္လည္ရွာေဖြမယ္။ ရွာေဖြၿပီးေတာ့ လိုအပ္သလို ဆက္လက္ေဆာင္႐ြက္သြားပါမယ္။”

ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အမည္ရင္းကို ေဖာ္ထုတ္ခဲ့ၿပီး၊ မိသားစုကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကိုပါ ထုတ္ျပခဲ့တဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္အေပၚ ဗစ္တိုးရီးယားရဲ႕ဖခင္ျဖစ္သူသာမကဘဲ၊ အမႈမွန္ေပၚေပါက္ေရးအတြက္ ဝန္းရံသူေတြအပါအဝင္၊ ဥပေဒပညာရွင္ေတြကလည္း တရားစြဲဆိုႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္


...............

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့လုပ်ရပ် ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်း

(Unicode)

မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူတို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အမည်အရင်းအပါအဝင်၊ အမှုမှာပါရှိတဲ့ အချက်အလက်တွေကို ချပြခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကနဲ့ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌက ပြောပါတယ်။ ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း တရားစွဲဆိုချင်တဲ့ ဆန္ဒရှိကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုထားတာပါ။

ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြပေးမှာပါ။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ သုံးနှစ်အရွယ် မိန်းကလေး ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ သူ့မိဘတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ ဖေ့ဘုတ်လူမှုကွန်ယက်မှာလည်း တင်ခဲ့ပါတယ်။ ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြသလို၊ အများပြည်သူကလည်း ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အခုလိုလုပ်ဆောင်ခဲ့တာဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိခဲ့လို့ လုပ်တာမျိုးမဖြစ်နိုင်ဘူးလို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။

“ဒီကလေးတွေက ကျူးလွန်ခံရတဲ့ ကလေးပဲဖြစ်စေ၊ သက်သေပါတဲ့ ကလေးပဲဖြစ်စေ သူနဲ့သက်ဆိုင်တဲ့သူတွေကလည်း ထုတ်ဖော်မပြောရဘူး။ ဒါကြောင့်မို့ ဗစ်တိုးရီးယား Case မှာဆို အမြဲတမ်းစောင့်ကြည့်နေတာ။ ဘာလို့ပြောကြတာလဲ နောက်ဆုံးကျူးလွန်ခံရတဲ့ကလေးပေါ့နော် ။ သူဟာ တရားလိုအဖြစ်လည်း စစ်ဆေးခံနေရတဲ့အချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့က တချက်ကတော့ ကျမတို့လည်း စဉ်းစားပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာလား။ ဒါတော့ မဖြစ်လည်း မဖြစ်သင့်ဘူး။ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျမတို့ယူဆပါတယ်။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဗစ်တိုးရီးယားအမှုနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို ဖေ့ဘုတ်လူမှုကွန်ယက်မှာ ထုတ်ပြအပြီး ပြန်လည်ဖြုတ်ချခဲ့ပေမယ့် တော်တော်များများပြန့်နှံ့ သွားတာကြောင့် ကလေးငယ်အတွက် နစ်နာရသလို၊ မိဘတွေလည်း ထိခိုက်ခံစားရတယ်လို့ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။ ဒီကိစ္စအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက် သွားမယ် ဆိုတာကို မေးရမယ့် အချိန် ရောက်နေပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူကတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို တရားစွဲဖိ ဆိုချင်တဲ့ ဆန္ဒရှိတာကို သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုနေတာ ဖြစ်ပြီး ဗစ်တိုးရီးယားအမှုရဲ့ ကျူးလွန်သူတရားခံအစစ်အမှန် ပေါ်ပေါက်ရေးအတွက် အနီးကပ်ဝန်းရံသူတဦးဖြစ်တဲ့ ကိုသက္ကမိုးညိုကတော့

“ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်တဲ့အခါမှာ ဆိုလို့ရှိရင် သေချာပေါက်ငြိတာဆိုလို့ရှိရင် ဥပမာအားဖြင့် ကျနော်တို့က ဒီတရားရုံးမှာ သက်သေဝင်သော ကလေးတယောက်ရဲ့ အမည်နာမကို ထည့်ပြီးမပြောရဘူးဆိုတာ ဒါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပါရှိပြီးသား။ ဒါကသေချာပေါက် ငြိတယ်။ သို့သော်လည်းပဲ ခုနကပြောသလို ကျန်တဲ့ငြိနိုင်တာတွေ ရှိနေသေးလားဆိုတာ ကျနော်တို့က ပြန်ပြီးတော့ဆက်လက် ရှာဖွေမယ်။ ဥပမာအားဖြင့် သမီးလေး ဖေဖေရော မေမေရော နိုင်ငံ့ဝန်ထမ်းတွေ။ နိုင်ငံ့ဝန်ထမ်းတွေရဲ့ Privacy ကို ချိုးဖောက်ပြီးကာမှ နာမည်တွေကိုဖော်ပြတာသည် နိုင်လွတ်လုံနဲ့ငြိ မငြိဆိုတာမျိုးတွေ၊ ၆၆(ဃ) နဲ့ ငြိ ၊ မငြိဆိုတာမျိုးတွေ ကျနော်တို့ပြန်လည်ရှာဖွေမယ်။ ရှာဖွေပြီးတော့ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားပါမယ်။”

ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို ဖော်ထုတ်ခဲ့ပြီး၊ မိသားစုကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပါ ထုတ်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူသာမကဘဲ၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝန်းရံသူတွေအပါအဝင်၊ ဥပဒေပညာရှင်တွေကလည်း တရားစွဲဆိုနိုင်ဖို့အတွက် ပြင်ဆင်နေတာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG