သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သက်ငယ်မုဒိန်းမှု ရဲတပ်ဖွဲ့ ရှင်းလင်းချက်အပေါ် တုံ့ပြန်ချက်များ


မြန်မာနိုင်ငံမှာ လူအများအာရုံစိုက်တဲ့ ဗစ်တိုရီးယားအမှုလို့ လူသိများတဲ့ သက်ငယ်မုဒိန်းမှု တခုနဲ့ ပတ်သက်ပြီး မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျုးလွန်ခံရသူ ခလေးငယ်ရဲ့အမည်နဲ့ မိသားစုနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို ရဲအရာရှိက ဖွင့်ပြောသွားတာကြောင့် ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရပါတယ်။ ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကနဲ့ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌက VOA ကို ပြောပါတယ်။ ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း တရားစွဲဆိုချင်တဲ့ ဆန္ဒရှိကြောင်း သတင်းမီဒီယာတွေကို VOA သတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG