သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ နမ့္ခမ္းတိုက္ပဲြ ေဒသခံမ်ား တ႐ုတ္နယ္စပ္တိမ္းေရွာင္


ရွမ္းျပည္နယ္ ေလာက္ကိုင္ၿမိဳ႕နယ္ကေန ထြက္ေျပးတိမ္းေရွာင္လာခဲ့ၾကရေသာ စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ေဖေဖာ္၀ါရီ ၁၄၊ ၂၀၁၅)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္အတြင္း ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSA နဲ႔ ျမန္မာ့တပ္မေတာ္တို႔ မေန႔ ညေနပိုင္း ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးျပီး ရြာသားေတြ တိမ္းေရွာင္ေနရရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

မေန႔က ညေနပိုင္းမွာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/ SSA နဲ႔ ျမန္မာ့တပ္မေတာ္တို႔ နမ့္ခမ္းၿမိဳ႕နယ္ ဟတ္ဟင္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့လို႔ ရာနဲ႔ ခ်ီတဲ့ ရြာသားေတြလည္း တရုတ္နယ္စပ္ဘက္ကို တိမ္းေရွာင္ထြက္ေျပးေနရတာပါ။

နမ့္ခမ္းၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ပြါးေၾကာင္း အတည္ျပဳေျပာဆိုေပမဲ့ ထိခိုက္မႈနဲ႔ အေသးစိတ္အေျခအေနကို မသိရေသးဘူးလို႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းဆိုင္ကေျပာပါတယ္။

“ျဖစ္တာေတာ့ ျဖစ္တယ္ခင္ဗ်။ ဒါေပမဲ့ က်ေနာ္တို႔ ေအာက္ေျခတပ္ကေတာ့ သတင္းမတက္ေသးဘူး ခင္ဗ်။”

တိုက္ပြဲျဖစ္ပြါးရာ ဟတ္ဟင္ေက်းရြာသားေတြဟာ နီးစပ္ရာတရုတ္နယ္စပ္ဘက္ကိုတိမ္းေရွာင္ေနရတယ္လို႔ ေဒသခံ ရြာသားေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားျပီး ရွမ္းသံေတာ္ဆင့္သတင္းဌာနအယ္ဒီတာနန္းဟြန္က အခုလိုေျပာပါတယ္။

“ေျပးရတာက ၀မ္ဟတ္ဟင္ဆိုတဲ့ရြာေပါ့ေနာ္။ အဲဒီရြာကနမ္ခမ္းျမိဳ႕နယ္ထဲမွာ။ အဲဒီရြာကေျပးရတာ။ တရုတ္ထဲေျပး တာေလ။ ရြာသားေတြ ၀င္ထြက္သြားလာတဲ့ နယ္စပ္အေပါက္ေပါ့ေနာ္။ နယ္စပ္မွာ ရွိပါတယ္ အဲဒီရြာက။ ရြာသားဦးေရက ၁၀၀ ေက်ာ္တယ္၊ တရုတ္ဘက္ေျပးတာက။ ဒီမနက္ေတာ့ ဘာမွထပ္မၾကားမိဘူးလို႔ ေျပးတဲ့လူလည္း ေနရပ္ျပန္ၾကျပီးလို႔ ေျပာတယ္။”

တိုက္ပြဲျဖစ္ပြားတဲ့ေနရာဟာ ျမန္မာ-တ႐ုတ္နယ္စပ္နဲ႕ နီးကပ္တာေၾကာင့္ တ႐ုတ္စစ္တပ္ဘက္ကလည္း နယ္စပ္ဘက္ မွာ လုံျခံဳေရးယူထားျပီး စစ္ေရးလႈပ္ရွားမႈေတြ ရွိေနတယ္လို႔ နယ္စပ္ေဒသခံေတြကေျပာပါတယ္။

နမ့္ခမ္းၿမိဳ႕နယ္ဘက္ တိုက္ပြဲျဖစ္စဥ္ကို သိရွိဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့လဲ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒီရက္ပိုင္းအတြင္း နမ့္ခမ္းၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္ဘက္ကေန အင္အားတိုးခ်ဲ႕လာတယ္လို႔ RCSS/SSA ေျပာခြင့္ရ ဒုဗိုလ္မွဴးၾကီးစိုင္းအုမ္ေခးက ေျပာပါတယ္။

“ေန႔တိုင္းလို ထပ္ျဖည့္ေနတာ ၄၀၀ ေက်ာ္၊ ၅၀၀ နီးပါးရွိျပီလို႔ အဲဒီလိုၾကား သိရတယ္ဗ်ာ။ တိုက္ပြဲေတြေလွ်ာက္လုပ္ျပီးေတာ့ ျပည္သူလူထုေတြ လန္႔ေၾကာက္ရြံ႕ျပီး ထြက္ေျပးရတာတို႔ ျပီးေတာ့ ေရြးေကာက္ပြဲလည္း နီးလာတာတို႔ မတည္မျငိမ္ျဖစ္တာတို႔ နည္းနည္းေတာ့ စိုးရိမ္မႈ ရွိတာေပါ့ေနာ္။”

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ထိုးထားတဲ့အဖြဲ႕ျဖစ္ေပမဲ့လည္း ျမန္မာစစ္တပ္နဲ႔ေတာ့ ရံဖန္ရံခါတိုက္ပြဲျဖစ္ပြါးေနပါတယ္။

ျပီးခဲ့တဲ့မတ္ ၂၅ ရက္ေန႔မွာ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတုံၿမိဳ႕နယ္အတြင္း RCSS/SSA ရွမ္းလက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာ့တပ္မေတာ္တို႕အၾကား တိုက္ပြဲျဖစ္ပြါးခဲ့သလို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကေန မတ္လ ၃ ရက္ေန႔အထိ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္၊ ေက်းသီးနဲ႔ မိုင္းေနာင္ျမိဳ႕နယ္တို႔မွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဒီလအတြင္းမွာ၂၁ ရာစုပင္လုံေခၚ ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံ က်င္းပဖို႔ အစိုးရ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအၾကား သေဘာတူညီမႈ ရရွိျပီးျဖစ္ပါတယ္။

RCSS/SSA အဖြဲ႕အေနနဲ႔ ျပည္ေထာင္စုျငိမ္းခ်မ္းေရး ညီလာခံကို တက္ေရာက္မွာျဖစ္ျပီး တတ္နိုင္တဲ့နည္းလမ္းနဲ႔ နိုင္ငံေရးေဆြးေႏြးသြားမယ္လို႔ ဒုဗိုလ္မွဴးၾကီးစိုင္းအုမ္ေခးကေျပာပါတယ္။

ျမန္မာတပ္မေတာ္အေနနဲ႔ ရွမ္းျပည္နယ္ဘက္မွာ အပစ္ရပ္ေၾကညာထားတယ္ဆိုေပမဲ့ တအာင္းပေလာင္ TNLA အဖြဲ႕နဲ႔ အစဥ္လိုလိုတိုက္ပြဲျဖစ္ပြါးေနျပီး ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/ SSA ကခ်င္လြတ္လပ္ေရးအဖြဲ႕KIA ကိုးကန္႔တပ္ဖြဲ႔တို႔နဲ႔လည္း မၾကာခဏ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည် နမ့်ခမ်းတိုက်ပွဲ ဒေသခံများ တရုတ်နယ်စပ်တိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ မနေ့ ညနေပိုင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးပြီး ရွာသားတွေ တိမ်းရှောင်နေရရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

မနေ့က ညနေပိုင်းမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ မြန်မာ့တပ်မတော်တို့ နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့လို့ ရာနဲ့ ချီတဲ့ ရွာသားတွေလည်း တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင်ထွက်ပြေးနေရတာပါ။

နမ့်ခမ်းမြို့နယ်ဘက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောဆိုပေမဲ့ ထိခိုက်မှုနဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းဆိုင်ကပြောပါတယ်။

“ဖြစ်တာတော့ ဖြစ်တယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ အောက်ခြေတပ်ကတော့ သတင်းမတက်သေးဘူး ခင်ဗျ။”

တိုက်ပွဲဖြစ်ပွါးရာ ဟတ်ဟင်ကျေးရွာသားတွေဟာ နီးစပ်ရာတရုတ်နယ်စပ်ဘက်ကိုတိမ်းရှောင်နေရတယ်လို့ ဒေသခံ ရွာသားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရှမ်းသံတော်ဆင့်သတင်းဌာနအယ်ဒီတာနန်းဟွန်က အခုလိုပြောပါတယ်။

“ပြေးရတာက ဝမ်ဟတ်ဟင်ဆိုတဲ့ရွာပေါ့နော်။ အဲဒီရွာကနမ်ခမ်းမြို့နယ်ထဲမှာ။ အဲဒီရွာကပြေးရတာ။ တရုတ်ထဲပြေး တာလေ။ ရွာသားတွေ ဝင်ထွက်သွားလာတဲ့ နယ်စပ်အပေါက်ပေါ့နော်။ နယ်စပ်မှာ ရှိပါတယ် အဲဒီရွာက။ ရွာသားဦးရေက ၁၀၀ ကျော်တယ်၊ တရုတ်ဘက်ပြေးတာက။ ဒီမနက်တော့ ဘာမှထပ်မကြားမိဘူးလို့ ပြေးတဲ့လူလည်း နေရပ်ပြန်ကြပြီးလို့ ပြောတယ်။”

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြန်မာ-တရုတ်နယ်စပ်နဲ့ နီးကပ်တာကြောင့် တရုတ်စစ်တပ်ဘက်ကလည်း နယ်စပ်ဘက် မှာ လုံခြုံရေးယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ နယ်စပ်ဒေသခံတွေကပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဘက် တိုက်ပွဲဖြစ်စဉ်ကို သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း နမ့်ခမ်းမြို့နယ်ဘက်မှာ တပ်မတော်ဘက်ကနေ အင်အားတိုးချဲ့လာတယ်လို့ RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ပြောပါတယ်။

“နေ့တိုင်းလို ထပ်ဖြည့်နေတာ ၄၀၀ ကျော်၊ ၅၀၀ နီးပါးရှိပြီလို့ အဲဒီလိုကြား သိရတယ်ဗျာ။ တိုက်ပွဲတွေလျှောက်လုပ်ပြီးတော့ ပြည်သူလူထုတွေ လန့်ကြောက်ရွံ့ပြီး ထွက်ပြေးရတာတို့ ပြီးတော့ ရွေးကောက်ပွဲလည်း နီးလာတာတို့ မတည်မငြိမ်ဖြစ်တာတို့ နည်းနည်းတော့ စိုးရိမ်မှု ရှိတာပေါ့နော်။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပေမဲ့လည်း မြန်မာစစ်တပ်နဲ့တော့ ရံဖန်ရံခါတိုက်ပွဲဖြစ်ပွါးနေပါတယ်။

ပြီးခဲ့တဲ့မတ် ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့သလို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီလအတွင်းမှာ၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။

RCSS/SSA အဖွဲ့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်မှာဖြစ်ပြီး တတ်နိုင်တဲ့နည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးသွားမယ်လို့ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးကပြောပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ရှမ်းပြည်နယ်ဘက်မှာ အပစ်ရပ်ကြေညာထားတယ်ဆိုပေမဲ့ တအာင်းပလောင် TNLA အဖွဲ့နဲ့ အစဉ်လိုလိုတိုက်ပွဲဖြစ်ပွါးနေပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA ကချင်လွတ်လပ်ရေးအဖွဲ့KIA ကိုးကန့်တပ်ဖွဲ့တို့နဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG