သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ခ်ဳပ္နဲ႔ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္ ေတြ႔ဆုံ


တပ္ခ်ဳပ္နဲ႔ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္ ေတြ႔ဆုံ (ဓါတ္ပံု www.seniorgeneralminaunghlaing.com)

(Zawgyi/Unicode)

အဓိကအတိုက္အခံ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ ၃၀ ေက်ာ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံၿပီး ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့တဲ့အေပၚ ေမးခြန္းေတြ ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ ၃၄ ခု က ေခါင္းေဆာင္ေတြ ေနျပည္ေတာ္မွာ ေတြ႕ဆုံၿပီး ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ လက္ရွိႀကဳံေနရတဲ့ ျပႆနာေတြကို ေဆြးေႏြးခဲ့တယ္လို႔ ေတြ႕ဆုံမႈမွာ ပါဝင္သူေတြက ေျပာပါတယ္။ အထူးသျဖင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြမွာ မမွ်တတဲ့ လုပ္ရပ္ေတြ ရွိေနတယ္လို႔ ယူဆတဲ့ ကိစၥေတြကိုလည္း ကာကြယ္ေရးဦးစီးခ်ဳပ္ကို တင္ျပခဲ့ေၾကာင္း လူထုပါတီ ဥကၠ႒ ဦးပါစီျပည္ဟိန္းကေျပာပါတယ္။

“ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ပတ္သတ္လို႔က်ေနာ္တို႔ ပါတီကေန ျဖစ္ခ်င္တာေတြ၊ ဘာဘဲတင္ျပ ပယ္ခံရတယ္၊ ေတြ႕ခြင့္ေတာင္းလဲ မေတြ႕ဘူး။ အဲလိုမ်ိဳး။ ဘက္လိုက္ေနတာေတြကို ေတာ္ေတာ္မ်ားမ်ားပါတီေတြ တင္ျပၾကတယ္။ က်ေနာ္တို႔ အဓိကက ေရွ႕လုပ္ငန္းစဥ္ေတြေပါ့ေလ။ ေ႐ြးေကာက္ပြဲျဖတ္သန္းတာ ဘယ္လိုျဖတ္သန္းမလဲ။ ကာခ်ဳပ္ကလည္း ေ႐ြးေကာက္ပြဲၿပီးရင္ ဘယ္လို လုပ္ၾကမလဲ အဲလိုေလးေတြ ေဆြးေႏြးၾကတာပါ”

ေတြ႕ဆုံမႈအတြင္း အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီေခၚဖို႔၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြ လဲလွယ္ဖို႔ ကိစၥေတြကိုလည္း ႏိုင္ငံေရးပါတီေတြက ကိုယ္စားလွယ္တခ်ိဳ႕က တင္ျပခဲ့တယ္လို႔ တက္ေရာက္သူ တခ်ိဳ႕က ေျပာပါတယ္။ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကေတာ့ ေ႐ြးေကာက္ပြဲ မွ်မွ်တတ က်င္းပႏိုင္ေရး အကူအညီေပးဖို႔ ကတိျပဳခဲ့ေၾကာင္းလည္း ဦးပါစီျပည္ဟိန္းက ေျပာပါတယ္။

“သူကေတာ့ေ႐ြးေကာက္ပြဲေၾကာင့္ျဖစ္ေပၚလာတဲ့ အစိုးရသစ္ကိုႀကိဳဆိုရမယ္ဆိုတဲ့ အေၾကာင္း၊ အေျခခံ လူတန္းစားေတြအတြက္ ပါတီေတြဘက္က ကူညီေပးဖို႔၊ က်န္းမာေရး လူမႈေရးကိစၥ ေျပာပါတယ္။”

တပ္မေတာ္အႀကီးအကဲနဲ႔ ေတြ႕ဆုံဖို႔ ႏိုင္ငံေရးပါတီေတြက တင္ျပခဲ့ၿပီးေနာက္ ေတြ႕ဆုံျဖစ္ခဲ့တာလို႔လည္း တက္ေရာက္သူ တခ်ိဳ႕က ေျပာပါတယ္။ ေတြ႕ဆုံမႈမွာေတာ့ အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီအျပင္ အဓိက တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြ၊ တခ်ိန္က တက္ႂကြလႈပ္ရွားသူေတြ ဦးေဆာင္တဲ့ ႏိုင္ငံေရးပါတီေတြ ပါဝင္တာေတာ့ မေတြ႕ရပါဘူး။ NLD ျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္ကေတာ့ ေတြ႕ဆုံမႈမွာ ပါဝင္ခဲ့ၾကတဲ့ ႏိုင္ငံေရးပါတီ အမ်ားစုဟာ စစ္တပ္နဲ႔ နီးစပ္တဲ့ အင္အားစုေတြျဖစ္တယ္လို႔ ေျပာပါတယ္။

“တပ္မေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ အဖြဲ႕ ေတြ ျဖစ္တယ္။ က်ေနာ္တို႔နဲ႔ကေတာ့ ပူးေပါင္းမေဆာင္႐ြက္ဘူး လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ က်ေနာ္တိုနဲ႔က ဆက္ဆံေရး ေႏြးေထြးမႈမရွိဘူးေပါ့။ အဲဒါေၾကာင့္မဖိတ္တာလို႔ထင္ပါတယ္။ ေခၚေတြ႕တဲ့ လူေတာ္ေတာ္ မ်ားမ်ားက လႊတ္ေတာ္ထဲမွာျဖစ္ျဖစ္၊ လႊတ္ေတာ္ျပင္ပမွာျဖစ္ျဖစ္ NLD နဲ႔ ဒီမိုကရက္တစ္ အဖြဲ႕ေတြနဲ႔ ေႏြးေထြးမႈ မရွိတဲ့ အဖြဲ႕ေတြမ်ားပါတယ္”
တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္အေနဟာ ၿပီးခဲ့တဲ့ ၂၀၁၉ တုန္းကလည္း ႏိုင္ငံေရးပါတီ ၃၂ ခု ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံၿပီး အေျခခံ ဥပေဒျပင္ဆင္ေရး၊ ၿငိမ္းခ်မ္းေရးကိစၥေတြ ေဆြးေႏြးခဲ့ဖူး ပါတယ္ အခုေနာက္ဆုံး ေတြ႕ဆုံမႈ အေပၚမွာေတာ့ ႏိုင္ငံေရးေလ့ လာသုံးသပ္သူဦးမင္းခင္ကေတာ့ အခုလို သုံးသပ္ပါတယ္။

“စစ္တပ္ကႏိုင္ငံေရးထဲ ဆက္ပါဖို႔ ျဖစ္ႏိုင္တဲ့ လမ္းအားလုံးကိုဖြင့္ၿပီး စဥ္းစားတယ္လို႔ ယူဆတယ္။ ဟိုတေလာကလည္း ပါတီေတြကိုေ႐ြးေကာက္ပြဲမွာ မဲေပးတဲ့ အေရအတြက္နည္းလာတယ္တို႔ ေထာက္ ျပတာ၊ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သတ္တာ လည္းေျပာတယ္။ ဆိုေတာ့ အေျခအေနတခုကို အခြင့္အေရးေပၚရင္ ေလွ်ာက္ဖို႔ အတြက္ သိုင္းဝိုင္းျပင္ဆင္ေနပုံဘဲ ။”

ေတြ႕ဆုံမႈအတြင္း ေ႐ြးေကာက္ပြဲမွာ မွ်တမႈမရွိခဲ့ရင္ တပ္မေတာ္အႀကီးအကဲ တဦးအေနနဲ႔ ေျဖရွင္းေပးႏိုင္မလားဆ ိုတာကိုလည္း ႏိုင္ငံေရးပါတီေတြက ေမးျမန္းခဲ့ၾကတယ္လို႔ တက္ေရာက္သူ တခ်ိဳ႕က ေျပာပါတယ္။ ဒါေပမဲ့လည္း စစ္တပ္က ႏိုင္ငံေရးမွာ ထဲထဲဝင္ဝင္ ပတ္သက္တာမ်ိဳးကို ေလွ်ာ့ဖို႔လိုၿပီလို႔ ႏိုင္ငံေရးေလ့ လာသုံးသပ္သူဦးမင္းခင္က ျမင္ပါတယ္။

“တပ္အေနနဲ႔ တကယ့္အက်ိဳးစီးပြားစစ္စစ္က ဘာလဲဆိုတာေတာ့ ျမင္ဖို႔သင့္ၿပီထင္တယ္။ အေျခအေနေတြလည္း အမ်ားႀကီးေျပာင္းလဲလာတယ္။ ေနာင္လည္း ေျပာင္းလဲဦးမယ္။တပ္မေတာ္ အက်ိဳးစီးပြား စစ္စစ္ေပၚမွာ ရပ္တည္ဖို႔ႀကိဳးစားသင့္ၿပီ။ အဲဒါကိုလည္း တိုင္းျပည္က ႏိုင္ငံေရး ေခါင္းေဆာင္ေတြ က်န္တဲ့ တိုင္းရင္းသားေတြနဲ႔ ေသခ်ာညႇိဳႏႈိင္း ေဆြးေႏြးၿပီးသြားဖို႔ေကာင္းၿပီ။ ခုက အက်ပ္အတည္း တခုဆီကို သြားေနတယ္။ ဒါကိုသေဘာေပါက္သင့္ၿပီလို႔ ယူဆတယ္”

ေတြ႕ဆုံမႈအတြင္း ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ကိစၥေတြ၊ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာ သိရွိသင့္တဲ့ အခ်က္ေတြနဲ႔ ပတ္သက္လို႔ အျမင္ဖလွယ္ခဲ့ေၾကာင္းလည္း တပ္မေတာ္က သတင္းထုတ္ျပန္ ထားပါတယ္။

တပ္ခ်ဳပ္နဲ႔ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္ ေတြ႔ဆုံ
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္



................


(Unicode)

အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခု က ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်သူတွေက ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ မမျှတတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ ယူဆတဲ့ ကိစ္စတွေကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြခဲ့ကြောင်း လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်းကပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သတ်လို့ကျနော်တို့ ပါတီကနေ ဖြစ်ချင်တာတွေ၊ ဘာဘဲတင်ပြ ပယ်ခံရတယ်၊ တွေ့ခွင့်တောင်းလဲ မတွေ့ဘူး။ အဲလိုမျိုး။ ဘက်လိုက်နေတာတွေကို တော်တော်များများပါတီတွေ တင်ပြကြတယ်။ ကျနော်တို့ အဓိကက ရှေ့လုပ်ငန်းစဉ်တွေပေါ့လေ။ ရွေးကောက်ပွဲဖြတ်သန်းတာ ဘယ်လိုဖြတ်သန်းမလဲ။ ကာချုပ်ကလည်း ရွေးကောက်ပွဲပြီးရင် ဘယ်လို လုပ်ကြမလဲ အဲလိုလေးတွေ ဆွေးနွေးကြတာပါ”

တွေ့ဆုံမှုအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်ဖို့၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ လဲလှယ်ဖို့ ကိစ္စတွေကိုလည်း နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တချို့က တင်ပြခဲ့တယ်လို့ တက်ရောက်သူ တချို့က ပြောပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ရွေးကောက်ပွဲ မျှမျှတတ ကျင်းပနိုင်ရေး အကူအညီပေးဖို့ ကတိပြုခဲ့ကြောင်းလည်း ဦးပါစီပြည်ဟိန်းက ပြောပါတယ်။

“သူကတော့ရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ကိုကြိုဆိုရမယ်ဆိုတဲ့ အကြောင်း၊ အခြေခံ လူတန်းစားတွေအတွက် ပါတီတွေဘက်က ကူညီပေးဖို့၊ ကျန်းမာရေး လူမှုရေးကိစ္စ ပြောပါတယ်။”

တပ်မတော်အကြီးအကဲနဲ့ တွေ့ဆုံဖို့ နိုင်ငံရေးပါတီတွေက တင်ပြခဲ့ပြီးနောက် တွေ့ဆုံဖြစ်ခဲ့တာလို့လည်း တက်ရောက်သူ တချို့က ပြောပါတယ်။ တွေ့ဆုံမှုမှာတော့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပြင် အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တချိန်က တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေ ပါဝင်တာတော့ မတွေ့ရပါဘူး။ NLD ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ကတော့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ အများစုဟာ စစ်တပ်နဲ့ နီးစပ်တဲ့ အင်အားစုတွေဖြစ်တယ်လို့ ပြောပါတယ်။

“တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ တွေ ဖြစ်တယ်။ ကျနော်တို့နဲ့ကတော့ ပူးပေါင်းမဆောင်ရွက်ဘူး လို့ ပြောတာ မဟုတ်ဘူးနော်။ ကျနော်တိုနဲ့က ဆက်ဆံရေး နွေးထွေးမှုမရှိဘူးပေါ့။ အဲဒါကြောင့်မဖိတ်တာလို့ထင်ပါတယ်။ ခေါ်တွေ့တဲ့ လူတော်တော် များများက လွှတ်တော်ထဲမှာဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပမှာဖြစ်ဖြစ် NLD နဲ့ ဒီမိုကရက်တစ် အဖွဲ့တွေနဲ့ နွေးထွေးမှု မရှိတဲ့ အဖွဲ့တွေများပါတယ်”
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အနေဟာ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကလည်း နိုင်ငံရေးပါတီ ၃၂ ခု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အခြေခံ ဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ဖူး ပါတယ် အခုနောက်ဆုံး တွေ့ဆုံမှု အပေါ်မှာတော့ နိုင်ငံရေးလေ့ လာသုံးသပ်သူဦးမင်းခင်ကတော့ အခုလို သုံးသပ်ပါတယ်။

“စစ်တပ်ကနိုင်ငံရေးထဲ ဆက်ပါဖို့ ဖြစ်နိုင်တဲ့ လမ်းအားလုံးကိုဖွင့်ပြီး စဉ်းစားတယ်လို့ ယူဆတယ်။ ဟိုတလောကလည်း ပါတီတွေကိုရွေးကောက်ပွဲမှာ မဲပေးတဲ့ အရေအတွက်နည်းလာတယ်တို့ ထောက် ပြတာ၊ ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာ လည်းပြောတယ်။ ဆိုတော့ အခြေအနေတခုကို အခွင့်အရေးပေါ်ရင် လျှောက်ဖို့ အတွက် သိုင်းဝိုင်းပြင်ဆင်နေပုံဘဲ ။”

တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲမှာ မျှတမှုမရှိခဲ့ရင် တပ်မတော်အကြီးအကဲ တဦးအနေနဲ့ ဖြေရှင်းပေးနိုင်မလားဆ ိုတာကိုလည်း နိုင်ငံရေးပါတီတွေက မေးမြန်းခဲ့ကြတယ်လို့ တက်ရောက်သူ တချို့က ပြောပါတယ်။ ဒါပေမဲ့လည်း စစ်တပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်တာမျိုးကို လျှော့ဖို့လိုပြီလို့ နိုင်ငံရေးလေ့ လာသုံးသပ်သူဦးမင်းခင်က မြင်ပါတယ်။

“တပ်အနေနဲ့ တကယ့်အကျိုးစီးပွားစစ်စစ်က ဘာလဲဆိုတာတော့ မြင်ဖို့သင့်ပြီထင်တယ်။ အခြေအနေတွေလည်း အများကြီးပြောင်းလဲလာတယ်။ နောင်လည်း ပြောင်းလဲဦးမယ်။တပ်မတော် အကျိုးစီးပွား စစ်စစ်ပေါ်မှာ ရပ်တည်ဖို့ကြိုးစားသင့်ပြီ။ အဲဒါကိုလည်း တိုင်းပြည်က နိုင်ငံရေး ခေါင်းဆောင်တွေ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ သေချာညှိုနှိုင်း ဆွေးနွေးပြီးသွားဖို့ကောင်းပြီ။ ခုက အကျပ်အတည်း တခုဆီကို သွားနေတယ်။ ဒါကိုသဘောပေါက်သင့်ပြီလို့ ယူဆတယ်”

တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ သိရှိသင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ အမြင်ဖလှယ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။

XS
SM
MD
LG