သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသလုိအပ္ခ်က္ေတြ ျဖည့္ဆည္းေပးႏုိင္ေရး ျပည္နယ္လႊတ္ေတာ္ေတြမွာ အႏုိင္ရဖုိ႔ တုိင္းရင္းသားပါတီေတြ ႀကိဳးပမ္းေန


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ ဇန္န၀ါရီတုန္းက တိုင္းရင္းသားလႊတ္ေတာ္အမတ္မ်ားကို ေတြ႕ရစဥ္

(Zawgyi/Unicode)

၂၀၀၈ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ဆန္တဲ့ ဥပေဒအျဖစ္ မျပင္ဆင္ႏိုင္ေသးခင္ ကာလစပ္ၾကား ျပည္နယ္နဲ႔ တုိင္းေဒသႀကီးလႊတ္ေတာ္ေတြကို လြတ္လပ္ၿပီး လုပ္ပိုင္ခြင့္ပုိရွိတဲ့ လႊတ္ေတာ္ေတြျဖစ္လာေအာင္ ၂၀၂၀ ေရြးေကာက္ပဲြအလြန္မွာ ႀကဳိးပမ္းသြားမယ္လို႔ တိုင္းရင္းသားေခါင္းေဆာင္တခ်ဳိ႕က ေျပာဆိုတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

အခုလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြင္း တုိင္းရင္းသား ျပည္နယ္ေတြမွာ ေဒသခံတိုင္းရင္းသားပါတီ ကုိယ္စားလွယ္ေတြက အမ်ားစု အႏိုင္ရလိမ့္မယ္ဆိုတဲ့ ခန္႔မွန္ခ်က္ ထြက္ေပၚေနေပမယ့္ တႏိုင္ငံလုံး အတိုင္းအတာအရ ဆိုရင္ေတာ့ အင္အားႀကီး ႏိုင္ငံေရးပါတီေတြကသာ အႏိုင္ရဖို႔ ပိုမ်ားေနတာပါ။

၂၀၀၈ ဖဲြ႔စည္းပုံအရ တႏိုင္ငံလုံးမွာ အမ်ားစုအႏုိင္ရလာမယ့္ ပါတီကသာ သမၼတကို တင္ေျမွာက္မွာျဖစ္သလို၊ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကိုလည္း အဲဒီသမၼတကပဲ ခန္႔အပ္မွာျဖစ္ၿပီး ျပည္နယ္အစိုးရအဖဲြ႔ဝင္ ဝန္ႀကီးေတြကိုပါ အာဏာရပါတီ စိတ္ႀကဳိက္ ခန္႔ထားမွာ ျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြ အထူးသျဖင့္ ျပည္နယ္ လႊတ္ေတာ္ေတြကို ျပည္သူလူထုရဲ႕ဆႏၵ ၊ လိုလားခ်က္ေတြအတိုင္း လြတ္လပ္ၿပီး လုပ္ပိုင္ခြင့္ပုိင္ရွိတဲ့ လႊတ္ေတာ္ေတြျဖစ္လာေအာင္ ႀကဳိးပမ္းသ ြားမယ္လို႔ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD ဒုဥကၠဌ ဦးစိုင္းညြန္႔လြင္က သူ႔ရဲ႕ ကိုယ္ပိုင္အျမင္ကို ခ်ျပပါတယ္။

“အကယ္ေရြ႕မ်ား ၂၀၀၈ အေျခခံဥပေဒကို မျပင္ဘူးဆိုရင္ ျပည္နယ္နဲ႔တုိင္း လႊတ္ေတာ္ေတြကို အားရွိေအာင္ က်ေနာ္တုိ႔ လုပ္မယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ျပည္နယ္နဲ႔တုိင္း လႊတ္ေတာ္ေတြက အားလုံးက လြပ္လပ္ခြင့္ရွိတယ္။ အဲဒီေပၚမွာ က်ေနာ္တုိ႔ လူထုေတြရဲ႕ အသံေတြကို အေကာင္အထည္ေဖၚဖို႔ စဥ္းစားတယ္။ ဒါ က်ေနာ့္ တေယာက္ထဲရဲ႕စဥ္းစားခ်က္ပါ။ တကယ့္တကယ္က်ေတာ့ ဒီ မႏၱေလးတိုင္း လႊတ္ေတာ္က သမၼတရဲ႕ ၾသဇာရိပ္ေအာက္မွာ လုံးဝမရွိသလုိ၊ မေကြးတုိင္း လႊတ္ေတာ္ကလည္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီး ေအာက္မွာလည္း မရွိဘူး သမၼတႀကီး ေအာက္မွာလည္း မရွိဘူး။ သူတို႔မွာ စည္းေႏွာင္အား တခုပဲရွိတယ္ အဲဒါကဘာလဲဆုိရင္ သူတို႔ပါတီပဲ။ ပါတီက ညႊန္ခ်က္ခ်က္အရ သူတို႔ လုပ္ရင္လုပ္မယ္ ဒါေပမဲ့ လူထုရဲ႕ဆႏၵနဲ႔ လုပ္မယ္ေဟ့ဆိုရင္ သူတို႔မွာ လုံးဝ လြတ္လပ္ခြင့္ရွိတယ္။”

ဒါေပမဲ့ လက္ရွိ ႏိုင္ငံေရးအခင္းအက်င္းအရေရာ ၂၀၀၈ ဖဲြ႔စည္းပုံအရပါ တိုင္ရင္းသားေတြရဲ႕ လုပ္ပိုင္ခြင့္ေဘာင္က က်ဥ္းေနဦးမွာပါပဲလို႔ ႏိုင္ငံေရးအကဲခတ္ ဦးသန္းစိုးႏိုင္က ျမင္ပါတယ္။

“ တိုင္းရင္းသား အင္အားစုေတြကေတာ့ ျပည္နယ္ ေတာ္ေတာ္မ်ားမ်ားမွာ ပါတီႀကီးေတြ သူတို႔ေဒသမွာ အႏိုင္ရသြားမွာကို ခုခံကာကြယ္ႏိုင္ဖို႔အတြက္ တိုင္းရင္းသားပါတီ အင္အားစုေတြက ျပန္လည္စည္း႐ုံး ဖဲြ႔စည္းမႈေတြ လုပ္လာၾကပါတယ္။ ဒါေပမဲ့ တုိင္းရင္းသားေတြ အေနနဲ႔ ျပည္နယ္အမ်ားစုမွာ အဲဒီလို ခုခံကာကြယ္မႈေတြ လုပ္ေနဦးေတာ့ တကယ္တမ္းက်ေတာ့ သူတို႔က အဆုံးအျဖတ္ေပးႏိုင္တဲ့ အင္အားစုေတြ ျဖစ္လာႏိုင္ဖို႔ဆိုတာ ဒီကေန႔ထိ အေျခအေန မေပးေသးဘူးလို႔ က်ေနာ္ယူဆပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပဲြမွာ NLD ပါတီက ၅၈% ရခဲ့တာပါ။ အဲဒီ ၅၈% ထဲကေနၿပီးေတာ့ ၈% ေလာက္ အႏိုင္ရတဲ့အေနအထား ျဖစ္သြားလည္း ၊ အဆုံးအျဖတ္ေပးႏိုင္တဲ့ အင္အားစုေတာ့ သူတို႔ မျဖစ္ႏိုင္ေသးပါဘူး။”

အင္အားႀကီး ႏိုင္ငံေရးပါတီတခုက မဲအျပတ္အသတ္ အႏိုင္မရပဲ၊ အစိုးရ မဖဲြ႔ႏိုင္ခဲ့ရင္ ျဖစ္ေပၚလာႏိုင္တဲ့ ညြန္႔ေပါင္းလို အစိုးရအဖဲြ႔မွာ တုိင္းရင္းသားပါတီေတြက ပူးေပါင္းဖို႔ စဥ္းစားခ်က္ေတြ ရွိေနတယ္လို႔ ၂၀၁၅ ေရြးေကာက္ပဲြတုန္းက ရခုိင္ျပည္နယ္မွာ အမ်ားစု အႏိုင္ရခဲ့တဲ့ ရခုိင္အမ်ဳိးသားပါတီ ANP ရဲ႕ ဒုဥကၠဌ ေဒၚေအးႏုစိန္က ေျပာပါတယ္။

“ဒီ ျပည္ေထာင္စု အေရးမွာ တုိင္းရင္းသားေတြနဲ႔ ပတ္သက္ရင္ ဦးစားေပးေဆာင္ရြက္တယ္ တန္းတူေဆာင္ရြက္တယ္ဆိုတဲ့ အေနအထားမ်ဳိးကို အစိုးရႏွစ္ဆက္မွာ ႏွစ္ႀကိမ္တိုင္တုိင္ က်မတို႔ မရႏိုင္ခဲ့ၾကဘူးေလ။ အဲဒီေတာ့ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးေရး ဆိုတဲ့အတိုင္း ျဖစ္ေပၚလာႏိုင္တဲ့ ညြန္႔ေပါင္းလိုအစိုးရအဖဲြ႔ထဲမွာ ပါဝင္ၿပီး ေဆာင္ရြက္ ႏိုင္ၾကရင္ျဖင့္ ကိုယ့္အသံေတြလည္းပါမယ္၊ တန္းတူစြာနဲ႔ တကယ့္ ဖက္ဒရယ္ အေရးေတြကို ပုိၿပီး လုပ္ေဆာင္လာႏိုင္မယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ရွိၾကတယ္”

ျပည္နယ္လိုေဒသေတြမွာ တုိင္ရင္းသားပါတီေတြ အဓိကအႏိုင္ရဖို႔အတြက္ (၁၃)ပါတီနဲ႔ ဖဲြ႔စည္းထားတဲ့ UNA ေခၚ စည္းလုံးညီညြတ္ေသာ တုိင္းရင္းသားလူမ်ဳိးမ်ား မဟာမိတ္အဖဲြ႔က တိုင္းရင္းသားပါတီ အခ်င္းခ်င္းၾကား ညွိႏႈိင္းေဆာင္ရြက္ေနေပမယ့္ ထင္သေလာက္ အားရစရာ မရွိေသးဘူးဆိုၿပီး ေဒသခံ တုိင္းရင္းသားေတြက ေျပာပါတယ္။

၂၀၀၈ ဖဲြ႔စည္းပုံပါ ပုဒ္မ ၂၆၁ ကို ျပင္ႏိုင္မွသာ ျပည္နယ္ေတြမွာ အမ်ားစုအႏိုင္ရတဲ့ တိုင္းရင္းသားပါတီက သူတုိ႔စိတ္ႀကဳိက္ ျပည္နယ္အစိုးရကို ဖဲြ႔စည္းခြင့္ ရႏိုင္မွာျဖစ္တယ္လို႔ ဦးသန္းစိုးႏိုင္က ေထာက္ျပပါတယ္။

တကယ္ေတာ့ အခုလာမယ့္ ေရြးေကာက္ပဲြအတြင္း ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ လူမ်ားစုအႏိုင္ရခဲ့ရင္ေတာင္ တိုင္းရင္းသားေတြအေရး ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္လို အေရးကိစၥေတ ြအတြက္ ေနာက္လာမယ့္ အစိုးရသက္တမ္း ၅ ႏွစ္အတြင္း အလားအလာ ေကာင္းႏိုင္ပါ့မလားဆိုတာ တုိင္းရင္းသားေတြၾကား စုိးရိမ္မႈ ထြက္ေပၚေနပါတယ္။


................

ဒေသလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရဖို့ တိုင်းရင်းသားပါတီတွေ ကြိုးပမ်းနေ
(Unicode)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆန်တဲ့ ဥပဒေအဖြစ် မပြင်ဆင်နိုင်သေးခင် ကာလစပ်ကြား ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ပိုရှိတဲ့ လွှတ်တော်တွေဖြစ်လာအောင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကြိုးပမ်းသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသား ပြည်နယ်တွေမှာ ဒေသခံတိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက အများစု အနိုင်ရလိမ့်မယ်ဆိုတဲ့ ခန့်မှန်ချက် ထွက်ပေါ်နေပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ ဆိုရင်တော့ အင်အားကြီး နိုင်ငံရေးပါတီတွေကသာ အနိုင်ရဖို့ ပိုများနေတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအရ တနိုင်ငံလုံးမှာ အများစုအနိုင်ရလာမယ့် ပါတီကသာ သမ္မတကို တင်မြှောက်မှာဖြစ်သလို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း အဲဒီသမ္မတကပဲ ခန့်အပ်မှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုပါ အာဏာရပါတီ စိတ်ကြိုက် ခန့်ထားမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေ အထူးသဖြင့် ပြည်နယ် လွှတ်တော်တွေကို ပြည်သူလူထုရဲ့ဆန္ဒ ၊ လိုလားချက်တွေအတိုင်း လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ပိုင်ရှိတဲ့ လွှတ်တော်တွေဖြစ်လာအောင် ကြိုးပမ်းသ ွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဌ ဦးစိုင်းညွန့်လွင်က သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ချပြပါတယ်။

“အကယ်ရွေ့များ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေကို အားရှိအောင် ကျနော်တို့ လုပ်မယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေက အားလုံးက လွပ်လပ်ခွင့်ရှိတယ်။ အဲဒီပေါ်မှာ ကျနော်တို့ လူထုတွေရဲ့ အသံတွေကို အကောင်အထည်ဖေါ်ဖို့ စဉ်းစားတယ်။ ဒါ ကျနော့် တယောက်ထဲရဲ့စဉ်းစားချက်ပါ။ တကယ့်တကယ်ကျတော့ ဒီ မန္တလေးတိုင်း လွှတ်တော်က သမ္မတရဲ့ သြဇာရိပ်အောက်မှာ လုံးဝမရှိသလို၊ မကွေးတိုင်း လွှတ်တော်ကလည်း ပြည်ထောင်စုလွှတ်တော် နာယကကြီး အောက်မှာလည်း မရှိဘူး သမ္မတကြီး အောက်မှာလည်း မရှိဘူး။ သူတို့မှာ စည်းနှောင်အား တခုပဲရှိတယ် အဲဒါကဘာလဲဆိုရင် သူတို့ပါတီပဲ။ ပါတီက ညွှန်ချက်ချက်အရ သူတို့ လုပ်ရင်လုပ်မယ် ဒါပေမဲ့ လူထုရဲ့ဆန္ဒနဲ့ လုပ်မယ်ဟေ့ဆိုရင် သူတို့မှာ လုံးဝ လွတ်လပ်ခွင့်ရှိတယ်။”

ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရရော ၂၀၀၈ ဖွဲ့စည်းပုံအရပါ တိုင်ရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျဉ်းနေဦးမှာပါပဲလို့ နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က မြင်ပါတယ်။

“ တိုင်းရင်းသား အင်အားစုတွေကတော့ ပြည်နယ် တော်တော်များများမှာ ပါတီကြီးတွေ သူတို့ဒေသမှာ အနိုင်ရသွားမှာကို ခုခံကာကွယ်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီ အင်အားစုတွေက ပြန်လည်စည်းရုံး ဖွဲ့စည်းမှုတွေ လုပ်လာကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ အနေနဲ့ ပြည်နယ်အများစုမှာ အဲဒီလို ခုခံကာကွယ်မှုတွေ လုပ်နေဦးတော့ တကယ်တမ်းကျတော့ သူတို့က အဆုံးအဖြတ်ပေးနိုင်တဲ့ အင်အားစုတွေ ဖြစ်လာနိုင်ဖို့ဆိုတာ ဒီကနေ့ထိ အခြေအနေ မပေးသေးဘူးလို့ ကျနော်ယူဆပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ၅၈% ရခဲ့တာပါ။ အဲဒီ ၅၈% ထဲကနေပြီးတော့ ၈% လောက် အနိုင်ရတဲ့အနေအထား ဖြစ်သွားလည်း ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ အင်အားစုတော့ သူတို့ မဖြစ်နိုင်သေးပါဘူး။”

အင်အားကြီး နိုင်ငံရေးပါတီတခုက မဲအပြတ်အသတ် အနိုင်မရပဲ၊ အစိုးရ မဖွဲ့နိုင်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ညွန့်ပေါင်းလို အစိုးရအဖွဲ့မှာ တိုင်းရင်းသားပါတီတွေက ပူးပေါင်းဖို့ စဉ်းစားချက်တွေ ရှိနေတယ်လို့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ဒီ ပြည်ထောင်စု အရေးမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် ဦးစားပေးဆောင်ရွက်တယ် တန်းတူဆောင်ရွက်တယ်ဆိုတဲ့ အနေအထားမျိုးကို အစိုးရနှစ်ဆက်မှာ နှစ်ကြိမ်တိုင်တိုင် ကျမတို့ မရနိုင်ခဲ့ကြဘူးလေ။ အဲဒီတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆိုတဲ့အတိုင်း ဖြစ်ပေါ်လာနိုင်တဲ့ ညွန့်ပေါင်းလိုအစိုးရအဖွဲ့ထဲမှာ ပါဝင်ပြီး ဆောင်ရွက် နိုင်ကြရင်ဖြင့် ကိုယ့်အသံတွေလည်းပါမယ်၊ တန်းတူစွာနဲ့ တကယ့် ဖက်ဒရယ် အရေးတွေကို ပိုပြီး လုပ်ဆောင်လာနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိကြတယ်”

ပြည်နယ်လိုဒေသတွေမှာ တိုင်ရင်းသားပါတီတွေ အဓိကအနိုင်ရဖို့အတွက် (၁၃)ပါတီနဲ့ ဖွဲ့စည်းထားတဲ့ UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က တိုင်းရင်းသားပါတီ အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်နေပေမယ့် ထင်သလောက် အားရစရာ မရှိသေးဘူးဆိုပြီး ဒေသခံ တိုင်းရင်းသားတွေက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ ကို ပြင်နိုင်မှသာ ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီက သူတို့စိတ်ကြိုက် ပြည်နယ်အစိုးရကို ဖွဲ့စည်းခွင့် ရနိုင်မှာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲအတွင်း ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ လူများစုအနိုင်ရခဲ့ရင်တောင် တိုင်းရင်းသားတွေအရေး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်လို အရေးကိစ္စတေ ွအတွက် နောက်လာမယ့် အစိုးရသက်တမ်း ၅ နှစ်အတွင်း အလားအလာ ကောင်းနိုင်ပါ့မလားဆိုတာ တိုင်းရင်းသားတွေကြား စိုးရိမ်မှု ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG