သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာကုိယ္စားလွယ္ေလာင္းေတြ ေရြးေကာက္ပဲြ၀င္ခြင့္ ပယ္ခ်ခံရ


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ မဲဆႏၵရံုတခုက ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ရိုဟင္ဂ်ာ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြ ပယ္ခ်ခံရတဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြခရိုင္နဲ႔ ေမာင္ေတာခရိုင္ေတြကေန လာမယ့္ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမယ့္ ရိုဟင္ဂ်ာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၅ ဦးထဲက ၄ ဦး ပယ္ခ်ခံရတယ္လို႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ အတြင္းေရးမွဴးဦးေက်ာ္စိုးေအာင္က ေျပာပါတယ္။

"စစ္ေတြကတစ္ေယာက္ ၿပီးေတာ့ ေနာက္ထပ္သံုးေယာက္ ပယ္ခ်ခံရတယ္။ ေနာက္သံုးေယာက္ကေတာ့ ျပည္သူ႔ လႊတ္ေတာ္တစ္ေယာက္ရယ္၊ ျပည္နယ္လႊတ္ေတာ္ ႏွစ္ေယာက္ရယ္၊ စုစုေပါင္း ေလးေယာက္ေပါ့။ အခုက က်ေနာ္ တို႔က အယူခံဝင္ဖို႔ လုပ္ေနတယ္။ အဆံုးအထိေတာ့ အယူခံဝင္ဖို႔ လုပ္ထားတယ္။ ျပည္နယ္မွာအရင္ ဝင္ၿပီး ေတာ့ ျပည္နယ္ကမရရင္ ေနာက္တစ္ဆင့္တက္မွာပါ။"

ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ စစ္ေတြၿမိဳ႕နယ္ေတြက ျပည္နယ္လႊတ္ေတာ္ ၂ ေနရာနဲ႔ ျပည္သူ႔လႊတ္ေတာ္ ၃ ေနရာအတြက္ ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္းတင္သြင္းထားတဲ့အထဲက ျပည္သူ႔လႊတ္ေတာ္ ၁ ေနရာကလဲြလုိ႔ က်န္ ၄ ေနရာအတြက္ ကိုယ္စားလွယ္ေလာင္းေတြကုိ ေရြးေကာက္ပဲြ ေကာ္မရွင္က ပယ္ခ်ခဲ့တာပါ။

စစ္ေတြခရိုင္ကေန ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ရည္ရြယ္ထားတဲ့့ အဒူေရာ္ရွိ ကေတာ့၂၀၁၉ ခုႏွစ္မွာ ႏိုင္ငံသားျဖစ္ေပမယ့္လည္း မိဖေတြက ႏိုင္ငံသားမဟုတ္တဲ့အတြက္ ပယ္ခ်ခဲ့တာလုိ႔လည္း စစ္ေတြခရိုင္ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးစံေရႊလွက ေျပာပါတယ္။

"ပယ္ခ်တဲ့ အေၾကာင္းအရင္းကေတာ့ သူ႔ကို ေမြးတဲ့ အခ်ိန္မွာ သူ႔အေဖ၊ အေမက ႏိုင္ငံသားမျဖစ္ေသးတာေၾကာင့္မို႔ က်ေနာ္တို႔က ပယ္ခ်လိုက္ရတာ ျဖစ္တယ္။ သူကေတာ့ ၂၀၁၉ မွာ ႏိုင္ငံသားျဖစ္တယ္ဗ်ာ။"

ဒါအျပင့္ ေမာင္ေတာခရိုင္မွာ တစ္သီးပုဂၢလက တစ္ဦးအပါအဝင္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီကေန အမည္စာရင္းတင္သြင္းထားတဲ့ ရိုဟင္ဂ်ာလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၄ ဦးထဲက ၃ ဦးကိုလည္း ဥပေဒနဲ႔အညီ ပယ္ခ်ရတာျဖစ္တယ္လို႔ ေမာင္ေတာခရိုင္ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

"ပယ္ခ်ရတယ္ဆိုတာကေတာ့ က်ေနာ္တို႔ ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၁၀ နဲ႔ စိစစ္ရတာပါ။ အဲလိုစိစစ္တဲ့ အခါမွာ ေစာေစာကေျပာတဲ့ သူေတြက သူတို႔ကို ေမြးဖြားတဲ့အခ်ိန္မွာ သူတို႔ အေဖအေမေတြက ႏိုင္ငံသား မျဖစ္ေသးလို႔ပါပဲ။ ဥပေဒမွာလည္း အဲဒီအတိုင္းပဲဆိုထားပါတယ္။ က်ေနာ္တို႔ကလည္း သူတို႔က အာဂတတရားနဲ႔ လုပ္တာလည္း မဟုတ္ပါဘူး။ က်ေနာ္တို႔က ဥပေဒအတိုင္းပဲ လုပ္တာပါ။"

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားတဲ့ တိုင္းေဒသႀကီးလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲ ဥပေဒအခန္း ၅ မွာ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူေတြကို ေမြးဖြားစဥ္က မိဘႏွစ္ပါးလံုး မိႏိုင္ငံသားျဖစ္ရမယ္ဆိုၿပီး ပါဝင္တာလည္းျဖစ္ပါတယ္။

ပယ္ခ်ခံရသူေတြထဲမွာေတာ့ ေမာင္ေတာ္ခရိုင္ကေန ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးပါတီ ဥကၠ႒ ဦးေက်ာ္မင္းလည္း ပါ၀င္ပါတယ္။

"အဲတာ ဥပေဒနဲ႔ အညီလား လုပ္ခ်င္လို႔ လုပ္တာလား ႏိုင္ငံေတာ္ရဲ႕ အစိုးရ ေပၚလစီလားဆိုတာ စဥ္းစားစရာပဲေပါ့ေနာ္။"

ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီကုိ ၂၀၁၂ ခုနွစ္မွာ ဖြဲ႔စည္းတည္ေထာင္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအမည္ တင္သြင္းခဲ့ဖူးေပမဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္မျပဳခဲ့ပါဘူး။ ဒီတႀကိမ္ေရြးေကာက္ပဲြမွာလည္း ကုိယ္စားလွယ္ေလာင္း ၅ ဦး အမည္စာရင္းတင္သြင္းထားေပမဲ့ တစ္ဦးသာ ေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္ျပဳခဲ့တာလည္းျဖစ္ပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားၿပီး၊ လူနည္းစုေတြကုိ ဖိႏွိပ္မႈေတြ အဆုံးသတ္ဖုိ႔ ႏုိင္ငံသားအခြင့္အေရးေတြ ေပးဖုိ႔လည္း တုိက္တြန္းေနၾကတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏုိင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ အေျခခံအခြင့္အေရးေတြကုိလည္း ဥပေဒနဲ႔အညီ ခံစားခြင့္ျပဳထားေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် ပယ်ချခံရ

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရိုဟင်ဂျာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေကနေ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးထဲက ၄ ဦး ပယ်ချခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူးဦးကျော်စိုးအောင်က ပြောပါတယ်။

"စစ်တွေကတစ်ယောက် ပြီးတော့ နောက်ထပ်သုံးယောက် ပယ်ချခံရတယ်။ နောက်သုံးယောက်ကတော့ ပြည်သူ့ လွှတ်တော်တစ်ယောက်ရယ်၊ ပြည်နယ်လွှတ်တော် နှစ်ယောက်ရယ်၊ စုစုပေါင်း လေးယောက်ပေါ့။ အခုက ကျနော် တို့က အယူခံဝင်ဖို့ လုပ်နေတယ်။ အဆုံးအထိတော့ အယူခံဝင်ဖို့ လုပ်ထားတယ်။ ပြည်နယ်မှာအရင် ဝင်ပြီး တော့ ပြည်နယ်ကမရရင် နောက်တစ်ဆင့်တက်မှာပါ။"

ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေက ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၃ နေရာအတွက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့အထဲက ပြည်သူ့လွှတ်တော် ၁ နေရာကလွဲလို့ ကျန် ၄ နေရာအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာပါ။

စစ်တွေခရိုင်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ အဒူရော်ရှိ ကတော့၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဖြစ်ပေမယ့်လည်း မိဖတွေက နိုင်ငံသားမဟုတ်တဲ့အတွက် ပယ်ချခဲ့တာလို့လည်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစံရွှေလှက ပြောပါတယ်။

"ပယ်ချတဲ့ အကြောင်းအရင်းကတော့ သူ့ကို မွေးတဲ့ အချိန်မှာ သူ့အဖေ၊ အမေက နိုင်ငံသားမဖြစ်သေးတာကြောင့်မို့ ကျနော်တို့က ပယ်ချလိုက်ရတာ ဖြစ်တယ်။ သူကတော့ ၂၀၁၉ မှာ နိုင်ငံသားဖြစ်တယ်ဗျာ။"

ဒါအပြင့် မောင်တောခရိုင်မှာ တစ်သီးပုဂ္ဂလက တစ်ဦးအပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကနေ အမည်စာရင်းတင်သွင်းထားတဲ့ ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးထဲက ၃ ဦးကိုလည်း ဥပဒေနဲ့အညီ ပယ်ချရတာဖြစ်တယ်လို့ မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပါတယ်။

"ပယ်ချရတယ်ဆိုတာကတော့ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ နဲ့ စိစစ်ရတာပါ။ အဲလိုစိစစ်တဲ့ အခါမှာ စောစောကပြောတဲ့ သူတွေက သူတို့ကို မွေးဖွားတဲ့အချိန်မှာ သူတို့ အဖေအမေတွေက နိုင်ငံသား မဖြစ်သေးလို့ပါပဲ။ ဥပဒေမှာလည်း အဲဒီအတိုင်းပဲဆိုထားပါတယ်။ ကျနော်တို့ကလည်း သူတို့က အာဂတတရားနဲ့ လုပ်တာလည်း မဟုတ်ပါဘူး။ ကျနော်တို့က ဥပဒေအတိုင်းပဲ လုပ်တာပါ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း ၅ မှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို မွေးဖွားစဉ်က မိဘနှစ်ပါးလုံး မိနိုင်ငံသားဖြစ်ရမယ်ဆိုပြီး ပါဝင်တာလည်းဖြစ်ပါတယ်။

ပယ်ချခံရသူတွေထဲမှာတော့ မောင်တော်ခရိုင်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းလည်း ပါဝင်ပါတယ်။

"အဲတာ ဥပဒေနဲ့ အညီလား လုပ်ချင်လို့ လုပ်တာလား နိုင်ငံတော်ရဲ့ အစိုးရ ပေါ်လစီလားဆိုတာ စဉ်းစားစရာပဲပေါ့နော်။"

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ဖူးပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပါဘူး။ ဒီတကြိမ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်းတင်သွင်းထားပေမဲ့ တစ်ဦးသာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ လူနည်းစုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံသားအခွင့်အရေးတွေ ပေးဖို့လည်း တိုက်တွန်းနေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ပြုထားကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG