သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

PACE အဖြဲ႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ခြင့္ ျပန္ရ


ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ Logo. (ပုံ - PACE)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လာမယ့္ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အရင္ ပိတ္ပင္ခံခဲ့ရတဲ့ PACE အဖြဲ႔ကို ျပန္လည္ခြင့္ျပဳလိုက္ေၾကာင္း ေျပာလာတယ္လို႔ အဖြဲ႔ေခါင္းေဆာင္က ေျပာလိုက္ပါတယ္။

ဒီ PACE လို႔ အတိုေကာက္ေခၚတဲ့ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ အမႈေဆာင္ဒါ႐ုိက္တာ စိုင္းရဲေက်ာ္စြာျမင့္က ေရြးေကာက္ပြဲေကာ္မရွင္ အရာရွိတဦးက စေန႔ညမွာ အခုလို ဖုန္းဆက္ အေၾကာင္းၾကားလာတာလို႔ ဗြီအိုေအကို ေျပာပါတယ္။

စိုင္းရဲေက်ာ္စြာျမင့္ကပဲ တရားဝင္ စာနဲ႔ ခုလို အေၾကာင္းၾကားလာတာကို လက္ခံရရွိျခင္း မရွိေသးေပမယ့္ အဂၤါေန႔က်ရင္ ေနျပည္ေတာ္မွာ ဒီကိစၥကို UEC လို႔ေခၚတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ လာေတြ႔ဖို႔ပါ ေျပာခဲ့တာမို႔ သြားေဆြးေႏြးဖို႔ ရွိတယ္လို႔ ဆက္ေျပာပါတယ္။

အရင္တုန္းကေတာ့ PACE အဖြဲ႔အေနနဲ႔ တရားဝင္ မွတ္ပံုမတင္ထားလို႔ ခြင့္မျပဳႏုိင္ေၾကာင္းနဲ႔ ႏိုင္ငံျခားေငြယူၿပီး ေရြးေကာက္ပြဲေကာ္္မရွင္ လုပ္ငန္းေတြကိုလည္း ပူးေပါင္းကူညီမွာမဟုတ္ဘဲ ေစာင့္ၾကည့္မွာသာ ျဖစ္တဲ့အတြက္ ေထာက္ခံခ်က္မေပးႏိုင္ေၾကာင္း အေၾကာင္းၾကားခဲ့ေပမယ့္ ခုလိုေျပာင္းၿပီး လက္ခံမွာကိုေတာ့ ႀကိဳဆိုတယ္လို႔ စိုင္းရဲေက်ာ္စြာျမင့္က ဆိုပါတယ္။

ဒါေပမယ့္ ခုလို လတ္တေလာ ျပန္လက္ခံတာထက္စာရင္ ဒီမိုကေရစီမွာ အေရးပါတဲ့ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး လုပ္ငန္းေတြကို မွတ္ပံုတင္တင္ မတင္တင္ လုပ္ခ်င္တဲ့ အရပ္သားအဖြဲ႔ေတြအားလံုး လုပ္ကိုင္ခြင့္ရွိတယ္လို႔ ဥပေဒထုတ္တာမ်ဳိး ရွိလာဖို႔ ဆက္ေဆြးေႏြးသြားမယ္လို႔ ဆိုပါတယ္။

အေၾကာင္းကေတာ့ အရင္အစိုးရတုန္းကလည္း ခုလို ဥပေဒမရွိဘဲ ညႊန္ၾကားခ်က္နဲ႔သာ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲေစာင့္ၾကည့္ခြင့္ကို မကန္႔သတ္ခဲ့ေပမယ့္ အခုအစိုးရ အရင္လုပ္သလို ေနာင္အစိုးရေျပာင္းရင္လည္း မေသခ်ာမွာမို႔ ေရရွည္ ဒီမိုကေရစီေျပာင္းလဲေရး အက်ိဳးရွိဖို႔ပါ ခုလို ဥပေဒထုတ္ျပန္သင့္တာပါလို႔ ထပ္ေျပာခဲ့ပါတယ္။

ဒီ PACE အဖြဲ႔အေနနဲ႔ ၂၀၁၃ မွာ စတင္ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၅ ေရြးေကာက္ပြဲအျပင္ ၂၀၁၇ နဲ႔ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲေတြတုန္းကလည္း ေစာင့္ၾကည့္ခဲ့ကာ အခုလာမယ့္ ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲအတြက္ လူ ၃,၀၀၀ နီးပါးအင္အားနဲ႔ တႏိုင္ငံလံုးမွာ ေစာင့္ၾကည့္ဖို႔ ျပင္ဆင္ထားပါတယ္။

PACE အဖြဲ႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ခြင့္ ျပန္ရ
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

PACE အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပြန်ရ

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ စောင့်ကြည့်ရေး အရင် ပိတ်ပင်ခံခဲ့ရတဲ့ PACE အဖွဲ့ကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း ပြောလာတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

ဒီ PACE လို့ အတိုကောက်ခေါ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲကော်မရှင် အရာရှိတဦးက စနေ့ညမှာ အခုလို ဖုန်းဆက် အကြောင်းကြားလာတာလို့ ဗွီအိုအေကို ပြောပါတယ်။

စိုင်းရဲကျော်စွာမြင့်ကပဲ တရားဝင် စာနဲ့ ခုလို အကြောင်းကြားလာတာကို လက်ခံရရှိခြင်း မရှိသေးပေမယ့် အင်္ဂါနေ့ကျရင် နေပြည်တော်မှာ ဒီကိစ္စကို UEC လို့ခေါ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ လာတွေ့ဖို့ပါ ပြောခဲ့တာမို့ သွားဆွေးနွေးဖို့ ရှိတယ်လို့ ဆက်ပြောပါတယ်။

အရင်တုန်းကတော့ PACE အဖွဲ့အနေနဲ့ တရားဝင် မှတ်ပုံမတင်ထားလို့ ခွင့်မပြုနိုင်ကြောင်းနဲ့ နိုင်ငံခြားငွေယူပြီး ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းတွေကိုလည်း ပူးပေါင်းကူညီမှာမဟုတ်ဘဲ စောင့်ကြည့်မှာသာ ဖြစ်တဲ့အတွက် ထောက်ခံချက်မပေးနိုင်ကြောင်း အကြောင်းကြားခဲ့ပေမယ့် ခုလိုပြောင်းပြီး လက်ခံမှာကိုတော့ ကြိုဆိုတယ်လို့ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

ဒါပေမယ့် ခုလို လတ်တလော ပြန်လက်ခံတာထက်စာရင် ဒီမိုကရေစီမှာ အရေးပါတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေကို မှတ်ပုံတင်တင် မတင်တင် လုပ်ချင်တဲ့ အရပ်သားအဖွဲ့တွေအားလုံး လုပ်ကိုင်ခွင့်ရှိတယ်လို့ ဥပဒေထုတ်တာမျိုး ရှိလာဖို့ ဆက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အရင်အစိုးရတုန်းကလည်း ခုလို ဥပဒေမရှိဘဲ ညွှန်ကြားချက်နဲ့သာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ကို မကန့်သတ်ခဲ့ပေမယ့် အခုအစိုးရ အရင်လုပ်သလို နောင်အစိုးရပြောင်းရင်လည်း မသေချာမှာမို့ ရေရှည် ဒီမိုကရေစီပြောင်းလဲရေး အကျိုးရှိဖို့ပါ ခုလို ဥပဒေထုတ်ပြန်သင့်တာပါလို့ ထပ်ပြောခဲ့ပါတယ်။

ဒီ PACE အဖွဲ့အနေနဲ့ ၂၀၁၃ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြင် ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေတုန်းကလည်း စောင့်ကြည့်ခဲ့ကာ အခုလာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် လူ ၃,၀၀၀ နီးပါးအင်အားနဲ့ တနိုင်ငံလုံးမှာ စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG