သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ခ်ဳပ္နဲ႔ ႏုိင္ငံေရးပါတီေတြ ေတြ႔ဆုံမႈအေပၚ အကဲခတ္ေတြအျမင္


ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္က တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆုံေနတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ၾသဂုတ္ ၁၄၊ ၂၀၂၀။ ဓာတ္ပုံ - www.seniorgeneralminaunghlaing.com)

(Zawgyi / Unicode)

ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ အတုိက္အခံ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္တုိ႔ မၾကာေသးခင္တုန္းက ေတြ႔ဆုံခဲ့ၾကတဲ့အေပၚ ျမန္မာ့ႏုိင္ငံေရး အကဲခတ္ေတြရဲ႕ အျမင္ေတြကုိ မဆုမြန္ စုစည္း တင္ျပထားပါတယ္။

အဓိကအတုိက္အခံပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ အပါအ၀င္ ႏုိင္ငံေရးပါတီ ၃၄ ခုက ေခါင္းေဆာင္ေတြ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံၿပီး ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လုိ႔ ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့အေပၚ ေမးခြန္းေတြ ထြက္ေပၚလာေနပါတယ္။ ေရြးေကာက္ပဲြက်င္းပဖုိ႔ လပုိင္းအလုိမွာ အတုိက္အခံ ႏုိင္ငံေရးအင္အားစုေတြနဲ႔ တပ္မေတာ္အႀကီးအကဲတို႔ ေတြ႔ဆုံတာဟာ နည္းလမ္းမက်ဘူးဆုိၿပီး ေ၀ဖန္သူေတြရွိသလုိ ႏုိင္ငံေရးလုပ္ငန္းစဥ္ တစိတ္တပုိင္းအျဖစ္ ယူဆသူေတြလည္း ရွိပါတယ္။

ႏိုင္ငံေရးအကဲခတ္ ဦးေအာင္သူၿငိမ္းကေတာ့ ႏုိင္ငံေရးပါတီေတြ အေနနဲ႔ ေရြးေကာက္ပဲြနဲ႔ ဆက္ႏႊယ္ေနတဲ့ စုိးရိမ္မႈေတြအတြက္ ေတြ႔ဆုံခဲ့တာ ျဖစ္မယ္လုိ႔ ျမင္ပါတယ္။

“က်ေနာ္ျမင္တာကေတာ့ သူတို႔ကလည္း ဒီႏုိင္ငံမွာ မဲေပးရမယ့္သူေတြ ဝင္ၿပိဳင္ၾကမယ့္သူေတြ ဆိုေတာ့လည္း ေျပာေရးဆိုခြင့္ ရွိတာေပါ့ေလ။ ဘယ္လိုပဲျဖစ္ျဖစ္ ထြက္ေပၚလာမယ့္ ေရြးေကာက္ပြဲရလဒ္က ႏုိင္ငံေရး မတည္ၿငိမ္မႈေတြလို တျခားအေၾကာင္းေတြ ျဖစ္ေစမယ္လို႔ သူတို႔အေနနဲ႔ စိုးရိမ္ပူပန္မႈ ရွိႏုိင္တာေပါ့။ တဖက္ကလည္း ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ပါတီေတြ သြားေရာက္ေတြ႔ဆံုတဲ့ ကိစၥအေပၚ ဆိုရွယ္မီဒီယာေတြမွာလည္း ေဝဖန္ေျပာဆိုေနၾကတာေတြ ရွိပါတယ္။ ဒါေပမယ့္ က်ေနာ့္အျမင္ကေတာ့ ဒီပါတီအဖြဲ႔ေတြက ပထမပိုင္းမွာ သူတို႔က သမၼတကို ေတြ႔ခြင့္ေတာင္းတာေတြ ရွိခဲ့တယ္။ ဒီလို ေတြ႔ခြင့္ေတာင္းတာကလည္း ဘယ္အခ်ိန္မွ မျဖစ္ခဲ့ဘူး။ အဲ့လိုဆိုေတာ့ ဒီလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႔ၾကရတာမ်ိဳး ျဖစ္သြားတာေပါ့။

“ကာခ်ဳပ္နဲ႔ ေတြ႔ေတာ့လည္း သူတို႔ဘက္က တတ္ႏုိင္သေလာက္ ေစာင့္ၾကည့္မယ္ဆိုတဲ့ အေျဖ ရခဲ့တာေပါ့။ ေနာက္တခုကလည္း တပ္မေတာ္ဘက္ကေတာ့ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ ပါဝင္ပတ္သက္ႏုိင္မႈကေတာ့ ဘာမွမရွိပါဘူး။ တခုရွိတာက ဘယ္လိုပဲ ေရြးေကာက္ပြဲရလဒ္ေတြ ထြက္ထြက္ေပါ့ေလ တပ္မေတာ္နဲ႔ အခုလက္ရွိ ႏိုင္ငံေရး ေခါင္းေဆာင္မႈေတြနဲ႔က က်ေနာ္ထင္တယ္ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးေတြကိုေတာ့ အဲ့ဒါေတြကို ေကာင္းေအာင္ အဲ့ဒါကိုေတာ့ ဆက္ၿပီး လုပ္ရဦးမယ့္ အေနအထားလို႔ ထင္ပါတယ္။”

ေသာၾကာေန႔က ေတြ႔ဆုံမႈအတြင္းမွာေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ေဆာင္ရြက္မႈေတြမွာ မမွ်တဘူးလုိ႔ ယူဆတာေတြကုိ ႏုိင္ငံေရးပါတီေတြဘက္က ေဆြးေႏြးခဲ့ၾကသလုိ ကာကြယ္ေရးဦးစီးခ်ဳပ္ကေတာ့ ေရြးေကာက္ပဲြ မွ်မွ်တတ က်င္းပႏုိင္ေရး အကူအညီေပးဖုိ႔ ကတိျပဳခဲ့ေၾကာင္းလည္း ေတြ႔ဆုံရာမွာ ပါ၀င္သူေတြက ေျပာပါတယ္။

တုိင္းရင္းသား ႏုိင္ငံေရးေခါင္းေဆာင္တေယာက္ျဖစ္တဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဥကၠ႒ ေဒါက္တာတူးဂ်ာကလည္း ႏုိင္ငံေရးပါတီေတြအေနနဲ႔ စုိးရိမ္စရာ အေၾကာင္းရင္းေတြ ရွိေနတာေၾကာင့္ ေတြ႔ဆုံခဲ့တာလုိ႔ သံုးသပ္ပါတယ္။

“ေရြးေကာက္ပြဲကလည္း နီးလာၿပီဆိုေတာ့ သူတို႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အႀကံဉာဏ္ေတာင္းခ်င္တာေတြ တင္ျပခ်င္တာေတြ ရွိမွာေပါ့။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဘက္ကေတာ့ အားလံုးပါဝင္ဝိုင္းဝန္းၿပီး တရားမွ်မွ်တတနဲ႔ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ ႀကိဳးစားသင့္တယ္ေပါ့။ က်ေနာ့္အျမင္ကေတာ့ အခုခ်ိန္မွာ ေရြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း အတတ္ႏုိင္ဆံုး ႀကိဳးစားေနတာေတာ့ ေတြ႔ျမင္ေနရတယ္။ ဒါေပမယ့္ အားနည္းခ်က္ေတြ တခ်ိဳ႕ေတာ့ ရွိေနတာေပါ့။ က်န္တဲ့အပိုင္းကလည္း ဒီ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကိုဗစ္ေၾကာင့္ ကန္႔သတ္ခ်က္ေတြကေတာ့ ရွိေနတာေပါ့။

“ေရြးေကာက္ပြဲက်င္းပဖို႔ အတြက္ကလည္း ၂ လေက်ာ္ေလာက္ လိုေသးတယ္ဆိုေတာ့ က်ေနာ္တို႔ဘက္ကလည္း ေစာင့္ၾကည့္ေနၾကပါတယ္။ က်ေနာ္တို႔ ျဖစ္ေစခ်င္တာကလည္း လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲကိုပဲ ျဖစ္ေစခ်င္ပါတယ္။ ေကာ္မရွင္ဘက္ကလည္း လြတ္လပ္ တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ ႐ိုးသားေျဖာင့္မတ္စြာနဲ႔ ႀကိဳးစားေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တပ္မေတာ္ဘက္ အေနနဲ႔ကေတာ့ ေရြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးစိတ္နဲ႔ လုပ္မယ္မထင္ဘူး။ လြတ္လပ္ တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ ပူးေပါင္းေဆာင္ရြက္မယ္လို႔ အားေပးလိမ့္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။”

ေတြ႔ဆုံမႈအတြင္း ေရြးေကာက္ပဲြမွာ မွ်တမႈမရွိခဲ့ရင္ တပ္မေတာ္အႀကီးအကဲတဦး အေနနဲ႔ ေျဖရွင္းေပးႏုိင္မလား ဆုိတာကုိလည္း ႏုိင္ငံေရးပါတီေတြက ေမးျမန္းခဲ့ၾကတယ္လုိ႔ တက္ေရာက္သူတခ်ဳိ႕က ေျပာပါတယ္။ ႏုိင္ငံေရးအကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ႏုိင္ငံေရးပါတီေတြအေနနဲ႔ စုိးရိမ္မႈေတြ ရွိေနတယ္ဆုိရင္လည္း ေရြးေကာက္ပဲြလုပ္ငန္းစဥ္အရ ေျဖရွင္းသင့္တယ္လုိ႔ ျမင္ပါတယ္။

“က်ေနာ့္အျမင္ကေတာ့ တပ္မေတာ္အေနနဲ႔ေရာ တပ္မေတာ္ေခါင္းေဆာင္ေတြ အေနနဲ႔ေရာ ဥပေဒေတြ နည္းဥပေဒေတြအရ ၾကားဝင္ေဆာင္ရြက္လုပ္ပိုင္ခြင့္က ဘာမွမရွိထားဘူး။ အဲဒီအတြက္ေၾကာင့္မို႔လို႔ ဒီေရြးေကာက္ပြဲအတြက္ သူတို႔ သြားေတြ႔တယ္ဆိုတာက တကယ္တမ္းေျပာရရင္ အနာနဲ႔ေဆးနဲ႔ လြဲေနတယ္။ ခုတ္ရာတျခား ရွရာတျခား ျဖစ္ေနတယ္လို႔ ျမင္တယ္။ တကယ္တမ္း ျဖစ္သင့္တာက စိုးရိမ္တယ္ဆိုရင္ အခ်က္အလက္ အေထာက္အထားေတြနဲ႔ ဥပေဒ နည္းဥပေဒေတြနဲ႔အညီ ဥပေဒ နည္းဥပေဒေတြနဲ႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကို စာတင္တာမ်ိဳး ဒါမွမဟုတ္ ေတြ႔ဆံုခြင့္ေတာင္းတာမ်ိဳး လုပ္မယ္ဆိုရင္ ဒါက ပိုၿပီးေတာ့ ေၾကာင္းက်ိဳးဆီေလ်ာ္မယ္လို႔ ထင္တယ္။”

ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္ လုပ္ငန္းစဥ္ေတြအေပၚ အေျခခံဥပေဒအရ တပ္မေတာ္ဘက္က လႊမ္းမိုးေဆာင္ရြက္ႏုိင္မွာ မဟုတ္ေပမယ့္ ႏိုင္ငံအေျခအေနကိုေတာ့ တပ္ဘက္က ေစာင့္ၾကည့္ေနတယ္ဆိုတဲ့ သေဘာမ်ိဳး ေတြ႔ျမင္ရတယ္လို႔ နုိင္ငံေရးေလ့လာသံုးသပ္ေနတဲ့ သီေပါ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေဟာင္း ဦးရဲထြန္းက ျမင္ပါတယ္။

“ေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္ေတြအေပၚ မေၾကမလည္ ျဖစ္ေနတာေတြ တျဖည္းျဖည္း မ်ားလာတာေပါ့ေလ။ ေနာက္တခုက ေရြးေကာက္ပြဲေကာ္မရွင္က ဖြဲ႔စည္းပံုအေျခခံဥပေဒအရ တက္လာတဲ့အစိုးရကပဲ ခန္႔အပ္တဲ့ေကာ္မရွင္ ျဖစ္ေနေတာ့ ဒါကလည္း အေျခခံဥပေဒရဲ႕ အားနည္းခ်က္ေပါ့။ ေရြးေကာက္ပြဲမွာ အညစ္ပတ္ခံရရင္ သူတို႔က ဘာလုပ္မလဲဆိုၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို သြားၿပီး ေျပာထားရင္ ေကာင္းမယ္ဆိုၿပီး သြားတုိင္တာေပါ့ဗ်ာ၊ အားကိုးရွာတဲ့သေဘာေပါ့။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဘက္ကေတာ့ ပြင့္ပြင့္လင္းလင္း ေျပာလိုက္တာကေတာ့ ေရြးေကာက္ပြဲမွာ တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ အတတ္ႏိုင္ဆံုး ကူညီေဆာင္ရြက္ပါ့မယ္ လို႔ေတာ့ ေျပာလိုက္တာေပါ့။

“ျမန္မာႏုိင္ငံရဲ႕ အေျခအေန ျမန္မာျပည္သူလူထုရဲ႕ အေျခအေန သိပ္ဆိုးဆိုးဝါးဝါးႀကီး ျဖစ္မသြားေအာင္ အၿမဲေစာင့္ၾကည့္ေနတယ္ဆိုတဲ့ စကားလံုးမ်ိဳးေတြေတာ့ ပါတာေပါ့ဗ်ာ။ သိပ္အေျခအေနဆိုးလာရင္ တပ္ကေတာ့ ၾကည့္ေနမွာ မဟုတ္ဘူးဆိုတဲ့ သေဘာမ်ိဳးလည္း ယူလို႔ရတာေပါ့ေနာ္။ ဒါေပမယ့္ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ တည္ဆဲဥပေဒေတြအရေတာ့ တပ္မေတာ္ဘက္က တရားဝင္ ဘာမွ လုပ္ပိုင္ေဆာင္ရြက္ခြင့္မရွိဘူး ဆိုတာကိုလည္း သူအသိေပးလိုက္တဲ့ သေဘာလည္း ပါပါတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႔ဆံုခ်ိန္ ေရြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြ လဲလွယ္ဖို႔၊ တပ္မေတာ္ဘက္က ကာလံုေခၚဖို႔ အစရွိသျဖင့္ ႏိုင္ငံေရးပါတီေတြဘက္က ေဆြးေႏြးခဲ့သလို တပ္မေတာ္ဘက္က အဓိက ၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့အထဲ အထူးသျဖင့္ ျပည္သူ႔ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္တင္ေျမႇာက္ရာမွာ တပ္မေတာ္ရဲ႕ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑ကို နားလည္သေဘာေပါက္သူ၊ အမ်ိဳး၊ ဘာသာ၊ သာသနာကို နည္းမွန္၊ လမ္းမွန္ျဖင့္ စနစ္တက် ထိန္းသိမ္းႏိုင္သူ၊ ေနာက္ ျပည္ပအဖြဲ႔အစည္းမ်ား၊ ႏိုင္ငံျခားသားမ်ား၏ လႊမ္းမိုးျခင္း မခံရသူ စသည့္ အခ်က္ ၆ ခ်က္ႏွင့္ ျပည့္စုံသူတို႔ကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ၾကေစလိုေၾကာင္း စတဲ့ အျမင္ခ်င္း ဖလွယ္ခဲ့ပါတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

တပ်ချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုအပေါ် အကဲခတ်တွေအမြင်

နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုက်အခံ နိုင်ငံရေးပါတီ ၃၀ ကျော်တို့ မကြာသေးခင်တုန်းက တွေ့ဆုံခဲ့ကြတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေရဲ့ အမြင်တွေကို မဆုမွန် စုစည်း တင်ပြထားပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခုက ခေါင်းဆောင်တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ တပ်မတော်အကြီးအကဲတို့ တွေ့ဆုံတာဟာ နည်းလမ်းမကျဘူးဆိုပြီး ဝေဖန်သူတွေရှိသလို နိုင်ငံရေးလုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ယူဆသူတွေလည်း ရှိပါတယ်။

နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ဆက်နွှယ်နေတဲ့ စိုးရိမ်မှုတွေအတွက် တွေ့ဆုံခဲ့တာ ဖြစ်မယ်လို့ မြင်ပါတယ်။

“ကျနော်မြင်တာကတော့ သူတို့ကလည်း ဒီနိုင်ငံမှာ မဲပေးရမယ့်သူတွေ ဝင်ပြိုင်ကြမယ့်သူတွေ ဆိုတော့လည်း ပြောရေးဆိုခွင့် ရှိတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်က နိုင်ငံရေး မတည်ငြိမ်မှုတွေလို တခြားအကြောင်းတွေ ဖြစ်စေမယ်လို့ သူတို့အနေနဲ့ စိုးရိမ်ပူပန်မှု ရှိနိုင်တာပေါ့။ တဖက်ကလည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ပါတီတွေ သွားရောက်တွေ့ဆုံတဲ့ ကိစ္စအပေါ် ဆိုရှယ်မီဒီယာတွေမှာလည်း ဝေဖန်ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ ဒီပါတီအဖွဲ့တွေက ပထမပိုင်းမှာ သူတို့က သမ္မတကို တွေ့ခွင့်တောင်းတာတွေ ရှိခဲ့တယ်။ ဒီလို တွေ့ခွင့်တောင်းတာကလည်း ဘယ်အချိန်မှ မဖြစ်ခဲ့ဘူး။ အဲ့လိုဆိုတော့ ဒီလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ကြရတာမျိုး ဖြစ်သွားတာပေါ့။

“ကာချုပ်နဲ့ တွေ့တော့လည်း သူတို့ဘက်က တတ်နိုင်သလောက် စောင့်ကြည့်မယ်ဆိုတဲ့ အဖြေ ရခဲ့တာပေါ့။ နောက်တခုကလည်း တပ်မတော်ဘက်ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ပါဝင်ပတ်သက်နိုင်မှုကတော့ ဘာမှမရှိပါဘူး။ တခုရှိတာက ဘယ်လိုပဲ ရွေးကောက်ပွဲရလဒ်တွေ ထွက်ထွက်ပေါ့လေ တပ်မတော်နဲ့ အခုလက်ရှိ နိုင်ငံရေး ခေါင်းဆောင်မှုတွေနဲ့က ကျနော်ထင်တယ် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးတွေကိုတော့ အဲ့ဒါတွေကို ကောင်းအောင် အဲ့ဒါကိုတော့ ဆက်ပြီး လုပ်ရဦးမယ့် အနေအထားလို့ ထင်ပါတယ်။”

သောကြာနေ့က တွေ့ဆုံမှုအတွင်းမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေမှာ မမျှတဘူးလို့ ယူဆတာတွေကို နိုင်ငံရေးပါတီတွေဘက်က ဆွေးနွေးခဲ့ကြသလို ကာကွယ်ရေးဦးစီးချုပ်ကတော့ ရွေးကောက်ပွဲ မျှမျှတတ ကျင်းပနိုင်ရေး အကူအညီပေးဖို့ ကတိပြုခဲ့ကြောင်းလည်း တွေ့ဆုံရာမှာ ပါဝင်သူတွေက ပြောပါတယ်။

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ်စရာ အကြောင်းရင်းတွေ ရှိနေတာကြောင့် တွေ့ဆုံခဲ့တာလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ သူတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အကြံဉာဏ်တောင်းချင်တာတွေ တင်ပြချင်တာတွေ ရှိမှာပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘက်ကတော့ အားလုံးပါဝင်ဝိုင်းဝန်းပြီး တရားမျှမျှတတနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားသင့်တယ်ပေါ့။ ကျနော့်အမြင်ကတော့ အခုချိန်မှာ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေတာတော့ တွေ့မြင်နေရတယ်။ ဒါပေမယ့် အားနည်းချက်တွေ တချို့တော့ ရှိနေတာပေါ့။ ကျန်တဲ့အပိုင်းကလည်း ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ်ကြောင့် ကန့်သတ်ချက်တွေကတော့ ရှိနေတာပေါ့။

“ရွေးကောက်ပွဲကျင်းပဖို့ အတွက်ကလည်း ၂ လကျော်လောက် လိုသေးတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း စောင့်ကြည့်နေကြပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုပဲ ဖြစ်စေချင်ပါတယ်။ ကော်မရှင်ဘက်ကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ရိုးသားဖြောင့်မတ်စွာနဲ့ ကြိုးစားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်ဘက် အနေနဲ့ကတော့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးစိတ်နဲ့ လုပ်မယ်မထင်ဘူး။ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပူးပေါင်းဆောင်ရွက်မယ်လို့ အားပေးလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲမှာ မျှတမှုမရှိခဲ့ရင် တပ်မတော်အကြီးအကဲတဦး အနေနဲ့ ဖြေရှင်းပေးနိုင်မလား ဆိုတာကိုလည်း နိုင်ငံရေးပါတီတွေက မေးမြန်းခဲ့ကြတယ်လို့ တက်ရောက်သူတချို့က ပြောပါတယ်။ နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုရင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အရ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

“ကျနော့်အမြင်ကတော့ တပ်မတော်အနေနဲ့ရော တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ရော ဥပဒေတွေ နည်းဥပဒေတွေအရ ကြားဝင်ဆောင်ရွက်လုပ်ပိုင်ခွင့်က ဘာမှမရှိထားဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲအတွက် သူတို့ သွားတွေ့တယ်ဆိုတာက တကယ်တမ်းပြောရရင် အနာနဲ့ဆေးနဲ့ လွဲနေတယ်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတယ်လို့ မြင်တယ်။ တကယ်တမ်း ဖြစ်သင့်တာက စိုးရိမ်တယ်ဆိုရင် အချက်အလက် အထောက်အထားတွေနဲ့ ဥပဒေ နည်းဥပဒေတွေနဲ့အညီ ဥပဒေ နည်းဥပဒေတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စာတင်တာမျိုး ဒါမှမဟုတ် တွေ့ဆုံခွင့်တောင်းတာမျိုး လုပ်မယ်ဆိုရင် ဒါက ပိုပြီးတော့ ကြောင်းကျိုးဆီလျော်မယ်လို့ ထင်တယ်။”

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက် လုပ်ငန်းစဉ်တွေအပေါ် အခြေခံဥပဒေအရ တပ်မတော်ဘက်က လွှမ်းမိုးဆောင်ရွက်နိုင်မှာ မဟုတ်ပေမယ့် နိုင်ငံအခြေအနေကိုတော့ တပ်ဘက်က စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောမျိုး တွေ့မြင်ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်နေတဲ့ သီပေါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက မြင်ပါတယ်။

“ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် မကြေမလည် ဖြစ်နေတာတွေ တဖြည်းဖြည်း များလာတာပေါ့လေ။ နောက်တခုက ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်လာတဲ့အစိုးရကပဲ ခန့်အပ်တဲ့ကော်မရှင် ဖြစ်နေတော့ ဒါကလည်း အခြေခံဥပဒေရဲ့ အားနည်းချက်ပေါ့။ ရွေးကောက်ပွဲမှာ အညစ်ပတ်ခံရရင် သူတို့က ဘာလုပ်မလဲဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သွားပြီး ပြောထားရင် ကောင်းမယ်ဆိုပြီး သွားတိုင်တာပေါ့ဗျာ၊ အားကိုးရှာတဲ့သဘောပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကတော့ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပါ့မယ် လို့တော့ ပြောလိုက်တာပေါ့။

“မြန်မာနိုင်ငံရဲ့ အခြေအနေ မြန်မာပြည်သူလူထုရဲ့ အခြေအနေ သိပ်ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားအောင် အမြဲစောင့်ကြည့်နေတယ်ဆိုတဲ့ စကားလုံးမျိုးတွေတော့ ပါတာပေါ့ဗျာ။ သိပ်အခြေအနေဆိုးလာရင် တပ်ကတော့ ကြည့်နေမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုးလည်း ယူလို့ရတာပေါ့နော်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေအရတော့ တပ်မတော်ဘက်က တရားဝင် ဘာမှ လုပ်ပိုင်ဆောင်ရွက်ခွင့်မရှိဘူး ဆိုတာကိုလည်း သူအသိပေးလိုက်တဲ့ သဘောလည်း ပါပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ လဲလှယ်ဖို့၊ တပ်မတော်ဘက်က ကာလုံခေါ်ဖို့ အစရှိသဖြင့် နိုင်ငံရေးပါတီတွေဘက်က ဆွေးနွေးခဲ့သလို တပ်မတော်ဘက်က အဓိက ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အထဲ အထူးသဖြင့် ပြည်သူ့ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ရာမှာ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ နောက် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန် ရွေးချယ်ကြစေလိုကြောင်း စတဲ့ အမြင်ချင်း ဖလှယ်ခဲ့ပါတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG