သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵရွင္စာရင္း အမွန္ျပင္ႏုိင္ဖုိ႔


အင္းစိန္ၿမိဳ႕နယ္မွာ မဲဆႏၵရွင္စာရင္း မွန္ကန္ေစေရး တအိမ္တက္ဆင္း လုိက္စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၄၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

မဲဆႏၵရွင္စာရင္း အမွားအယြင္းေတြ မ်ားေနတာေၾကာင့္ ျပင္ဆင္ႏုိင္ဖို႔ ရက္တိုး သတ္မွတ္လိုက္တဲ့ မဲဆႏၵရွင္စာရင္း ကပ္ထားတဲ့အခ်ိန္ သတ္မွတ္ရက္ မေန႔က ကုန္ဆံုးသြားပါၿပီ။ ေနာက္ထပ္ ျပင္ဆင္ျဖည့္စြက္ခ်က္ေတြနဲ႔ အသစ္ျပန္ထြက္လာမယ့္ မဲဆႏၵရွင္စာရင္းက အမွန္ထြက္ေပၚလာႏုိင္မလားဆိုတဲ့ ကိုယ္တုိင္ မဲစာရင္းမွားယြင္းတာ ႀကံဳခဲ့ရသူရဲ႕ အေတြ႔အႀကံဳနဲ႔ ႏိုင္ငံသားတို႔ အခြင့္အေရးနဲ႔အညီ မဲေပးခြင့္ရေရး ႀကိဳးပမ္းေနၾကသူေတြရဲ႕ အျမင္ေတြကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

မဲဆႏၵရွင္စာရင္း ကပ္ထားတာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ေၾကညာခ်က္။ (ၾသဂုတ္ ၈၊ ၂၀၂၀။ ဓာတ္ပုံ - UEC)
မဲဆႏၵရွင္စာရင္း ကပ္ထားတာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ေၾကညာခ်က္။ (ၾသဂုတ္ ၈၊ ၂၀၂၀။ ဓာတ္ပုံ - UEC)


ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ပါဝင္မဲေပးပိုင္ခြင့္ရွိတဲ့ မဲဆႏၵရွင္စာရင္းကို ေရြးေကာက္ပြဲေကာ္မရွင္က ၿပီးခဲ့တဲ့ ဇူလို္င္လ ၂၅ ရက္ေန႔ကေန ၾသဂုတ္လ ၈ ရက္ေန႔အထိ ပထမဆံုးအႀကိမ္ ျမန္မာျပည္တဝန္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ မဲစာရင္းေတြက အေတာ္ေလးကို အမွားအယြင္း မ်ားတဲ့အတြက္ မဲဆႏၵရွင္ေတြရဲ႕ ျပင္ဆင္ ျဖည့္စြက္ႏိုင္ဖို႔ အခ်ိန္ပိုၿပီးေတာ့ရေအာင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က ၾသဂုတ္လ ၁၄ ရက္ေန႔အထိ ေနာက္ထပ္ သီတင္းတပတ္ ၇ ရက္ သက္တမ္းတိုးေပးခဲ့တာပါ။ ျပန္လည္စိစစ္ၿပီးရင္ေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ဒုတိယအႀကိမ္ မဲစာရင္းကို ထပ္မံေၾကညာမယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးတင့္စိုးက မဲဆႏၵရွင္စာရင္း ပထမအႀကိမ္ ထုတ္ျပန္ခ်ိန္မွာ မွတ္ပံုတင္နံပါတ္၊ ေမြးသကၠရာဇ္ စတဲ့ ႏုိင္ငံသား အခ်က္အလက္ မွားယြင္းမႈေတြနဲ႔ ကိုယ္တုိင္ႀကံဳခဲ့ရတဲ့ သူ႔အေတြ႔အႀကံဳ အခုလိုေျပာျပပါတယ္။

“က်ေနာ္က ဘယ္လိုသိလဲဆိုေတာ့ ထြက္လာတဲ့အခါမွာ က်ေနာ့္ရဲ႕ မွတ္ပံုတင္နံပါတ္ ပါမလာဘူး။ ေနာက္ က်ေနာ္က အိမ္ေထာင္စုရဲ႕ ဟိုးေအာက္ဆံုးမွာ ေရာက္ေနတယ္။ က်ေနာ့္သမီးႀကီးက အိမ္ေထာင္ဦးစီးအေနနဲ႔ ထိပ္ဆံုးက ပါေနတယ္။ ေနာက္တခါ က်ေနာ္တို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ ေမြးေန႔သကၠရာဇ္ မွားေနတယ္ဗ်ာ။ ေနာက္တခါ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ကိုယ္တုိင္ဗ်ာ က်ေနာ္တို႔ ဖားကန္႔ထဲ လုပ္ငန္းေတြ လိုက္ၾကည့္ရင္းနဲ႔ သိတာ၊ သူေတာင္ မွတ္ပံုတင္နံပါတ္ မွားေနတယ္ဗ်ာတဲ့။ ဆိုေတာ့ ၿမိဳ႕နယ္မွာ အေရးပါတဲ့ ေနရာေတြမွာ အလုပ္လုပ္ေနတဲ့ သူေတြေတာင္ မွားေနတယ္ဆိုရင္ က်န္တဲ့သူေတြက ေျပာစရာကို မလိုေတာ့ဘူး။

“ၿပီးေတာ့ က်ေနာ့္ ဖားကန္႔မွာ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက အသက္ ၁၈ ႏွစ္အထက္ မဲေပးခြင့္ရွိသူက ၄၀,၀၀၀ ေက်ာ္ပဲ ရွိခဲ့တယ္။ ဒီမွာက ေရႊ႕ေျပာင္းေတြ ေရမေဆးေတြက သိန္းခ်ီရွိတာ။ သူတို႔ကို လဝကက ယာယီအိမ္ေထာင္စု ထုတ္ေပးေတာ့ တသိန္းနဲ႔ ငါးေသာင္း သံုးေထာင္ရွိတယ္ မဲေပးခြင့္ရွိသူက။ ဒီထဲမွာ အစုလုိက္အၿပံဳလုိက္ က်န္ေနတဲ့ သူေတြလည္း အမ်ားႀကီးရွိတယ္။ က်ေနာ္တို႔က သူတို႔ကို အဓိက ဘာလုပ္ေပးႏုိင္လဲဆိုေတာ့ ပံုစံ ၃(က) နဲ႔ မဲေပးႏိုင္ဖို႔ အစုလုိက္အၿပံဳလုိက္ က်န္ရွိေနေသးတဲ့ စာရင္းမ်ားဆိုၿပီး ျပန္လုပ္ေပးသင့္ပါတယ္။”

ေနာက္တႀကိမ္ ေအာက္တိုဘာမွာ ထုတ္ျပန္မယ့္ မဲစာရင္းမွာ အမွားအယြင္းကင္းဖို႔ ေမွ်ာ္လင့္ၿပီးေတာ့ ေရႊ႕ေျပာင္းအလုပ္သမား သိန္းခ်ီရွိေနတဲ့ ဖားကန္႔ေဒသလို ေနရာမ်ိဳးမွာ ျပင္ဆင္ျဖည့္စြက္ခ်က္ေတြနဲ႔ စိစစ္ၿပီး မဲစာရင္း အမွားအယြင္း မရွိေအာင္ ရပ္ကြက္ ေက်းရြာ ေရြးေကာ္ေတြနဲ႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က အထူးသတိထား ေဆာင္ရြက္ၾကဖို႔ လိုတယ္လို႔လည္း ဦးတင့္စိုးက အႀကံေပးပါတယ္။

“ေျမျပင္အေနအထားမွာ က်ေနာ္တို႔က ဘယ္လိုလုပ္ရမလဲဆိုေတာ့ သက္ဆိုင္ရာ ေကာ္မရွင္ရယ္ ႏုိင္ငံေရးပါတီေတြရယ္ ဒီက အုပ္ခ်ဳပ္ေရးပိုင္းေတြပါ အကုန္ညႇိႏိႈင္းၿပီးေတာ့မွ ဆိုၾကပါစို႔ဗ်ာ က်ေနာ္တို႔ ဖားကန္႔ဆိုရင္ ေရွ႕က ကုတ္ ၁/ကမန ႏုိင္ ကားမိုင္းေပါ့။ ဒီ Error ေတြအားလံုးကို ျပန္ျပင္ဆင္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ဆီမွာ သိန္းနဲ႔ခ်ီရွိေနတဲ့ Migrants ေတြ အဓိက ဒီ ေရႊ႕ေျပာင္းေတြေပါ့ဗ်ာ၊ သူတို႔ေတြ မဲေပးခြင့္ရဖို႔က အခုက ရက္ကလည္း ကုန္သြားၿပီေပါ့ဗ်ာ မေန႔က ၁၄ ရက္မွာ။

“အဲဒီေတာ့ ခုနကေျပာတဲ့ အစုလိုက္အၿပံဳလိုက္ က်န္ေနခဲ့တဲ့ ျပည္သူေတြ မဲေပးခြင့္ရႏိုင္ဖို႔ အတြက္က ပံုစံ ၃ ကို Door to Door စနစ္နဲ႔ လုပ္ဖို႔ေတြ က်ေနာ္တို႔ စီစဥ္ထားတာ ရွိပါတယ္။ ဘယ္ပါတီကိုပဲ မဲထည့္ မဲထည့္ပါ ႏိုင္ငံသားတေယာက္ရဲ႕ မဲေပးပိုင္ခြင့္ မဆံုး႐ံႈးရေစေရး က်ေနာ္တို႔ေတြ ဝိုင္းဝန္းေဆာင္ရြက္ၾကဖို႔ လိုပါတယ္။ ေကာ္မရွင္ကို ဝိုင္းဝန္းပံ့ပိုးကူညီေပးဖို႔ ႏုိင္ငံေရးပါတီေတြ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သက္ဆုိင္ရာ ဌာနဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ ကိုယ့္ေဒသမွာ မဲစာရင္းေတြ မွန္ကန္ဖို႔ မဲေပးခြင့္ မဆံုး႐ႈံးဖို႔ က်ေနာ္တို႔အားလံုး ေတြ႔ဆံုညိႇႏိႈင္း လုပ္ၾကဖို႔ရွိပါတယ္။”

အလားတူပဲ မဲဆႏၵနယ္ျပင္ပ ေရာက္ေနတဲ့ ႏုိင္ငံတကာေရာက္ ျမန္မာႏိုင္ငံသားေတြ မဲေပးႏုိင္ၾကဖို႔ သက္ဆုိင္ရာ ႏိုင္ငံအသီးသီးက ျမန္မာသံ႐ံုးေတြမွာ ႀကိဳတင္ဆႏၵမဲေပးခြင့္ ရွိသူမ်ား ေလွ်ာက္ထားႏုိင္တဲ့ ပံုစံ ၁၅ ေတြကို ဒီလ ၾသဂုတ္လ ေနာက္ဆံုးထား ျဖည့္သြင္းေပးပို႔ဖို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က တိုက္တြန္းထားပါတယ္။ ဒါေပမယ့္ မဲေပးခြင့္ရွိသူေတြရဲ႕ အမည္စာရင္းေတြကို ေရြးေကာက္ပြဲေကာ္မရွင္က ျမန္မာႏုိင္ငံမွာ ထုတ္ျပန္ေၾကညာလိုက္ခ်ိန္မွာေတာ့ မဲဆႏၵရွင္ အမွားအယြင္းေတြထဲ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြထဲမွာလည္း အလြဲအမွားေတြနဲ႔ ႀကံဳခဲ့ရပါတယ္။

ျပန္လည္ျဖည့္စြက္ ျပင္ဆင္ႏုိင္ေရးအတြက္ အပါအဝင္ မဲေပးခြင့္ရွိသူေတြ မဲမဆံုး႐ံႈးရေစေရးအတြက္ သက္ဆိုင္ရာ ႏိုင္ငံေတြမွာလည္း ႀကိဳတင္မဲေပးခြင့္ပံုစံ ေလွ်ာက္ထားရမယ့္ ရက္ေတြကို ဒီကေန႔ ၾသဂုတ္လ ၁၅ ရက္ေန႔အထိ ထပ္တိုးေပးထားတဲ့အေၾကာင္း ႏိုင္ငံတကာေရာက္ ျမန္မာႏုိင္ငံသားေတြ မဲေပးခြင့္ရေရး ဦးေဆာင္ႀကိဳးပမ္းေနသူတဦးျဖစ္တဲ့ ျပည္ေထာင္စု ျမန္မာႏုိင္ငံသားမ်ားအသင္း ဂ်ပန္က ဦးသန္းေဆြက အေျခအေနကို ေျပာျပပါတယ္။

“ႏုိင္ငံတကာမွာရွိတဲ့ သံ႐ံုးေတြကို စာပို႔ပါတယ္။ Over Sea မွာရွိေနတဲ့ သူေတြထဲမွာ ရွိတဲ့သူေတြထဲက တခ်ိဳ႕ေတြက အေၾကာင္းေၾကာင္းေၾကာင့္ မသိတာတို႔ ေနာက္က်သြားတာတို႔ေၾကာင့္ ရက္ထပ္တိုးေပးဖို႔ ဝိုင္းဝန္းေတာင္းဆိုၾကတာေတြ ရွိေနေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ကေန သံ႐ုံးေတြကို ကိုယ့္အစီအစဥ္ အလိုက္ေပါ့ေလ တိုးျမႇင့္လက္ခံၾကပါဆိုၿပီး စာပို႔တယ္။ က်ေနာ္သိသေလာက္ ဂ်ပန္ရယ္ ကိုရီးယားရယ္ေပါ့ေလ ၾသဂုတ္လ ၁၅ ရက္ေန႔ ဒီေန႔ေပါ့၊ စေနေန႔ည ၁၂ နာရီအထိ ေနာက္ဆံုးထားၿပီးေတာ့ ပံုစံ ၁၅ ေတြ ေပးပို႔ႏိုင္တယ္ဆိုၿပီး ေၾကညာပါတယ္။

“၂၀၁၅ တုန္းက ဂ်ပန္မွာေရာက္ေနတဲ့ ျမန္မာေတြထဲက စာရင္းထုတ္ျပန္ခ်က္အရဆိုရင္ လူ ၈၀၀ ေက်ာ္ေလာက္ပဲ မဲေပးခြင့္ရခဲ့တယ္။ အခု ၂၀၂၀ မွာက်ေတာ့ အခုလက္ရွိ အခ်ိန္အထိကို ေနာက္ထပ္တိုးတဲ့ စာရင္းေတြ မပါဘဲနဲ႔ လူ ၆,၀၀၀ ေက်ာ္ေနၿပီလို႔ သိရပါတယ္။ ဒီအေဝးေရာက္မဲ ႀကိဳတင္မဲေပးပိုင္ခြင့္ေတြ ရဖို႔နဲ႔ ပတ္သက္ၿပီးေတာ့ အေဝးေရာက္ မဲေပးမယ့္သူေတြဟာ ပံုစံ ၁၅ ျဖည့္ေပး႐ုံတခုတည္း မဟုတ္ဘူး။ ျမန္မာႏုိင္ငံမွာရွိတဲ့ ကိုယ့္ရဲ႕ သန္းေခါင္စာရင္းမွာ ရွိေနတဲ့ေဒသမွာ ကိုယ့္နာမည္ပါမပါ ၾကည့္ၾကဖို႔ လူထုကို အသိေပးပါတယ္။ အႀကိမ္ေပါင္း ေျမာက္ျမားစြာလည္း Alert လုပ္ၾကပါတယ္။”

အခုဆိုရင္ေတာ့ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ ျပည္သူေတြ မဲစာရင္း မက်န္ေစေရး မဲစာရင္း မွန္ကန္ေစေရးအတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူေတြဘက္က ျပည္နယ္နဲ႔တုိင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ တအိမ္တက္ဆင္းအထိကို မဲစာရင္းေတြ လိုက္လံစစ္ေဆးေနေပမယ့္ မဲစာရင္း မွန္ကန္တိက်မႈရွိေရး အတြက္ကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲ တရားမွ်တမႈ ရွိေရးအတြက္ ေစာင့္ၾကည့္ေနၾကတဲ့ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ မဲဆႏၵရွင္ ျပည္သူေတြဘက္က စိုးရိမ္မႈေတြ ရွိေနဆဲ ျဖစ္ပါတယ္။

မဲဆႏၵရွင္စာရင္း အမွန္ျပင္ႏုိင္ဖုိ႔
please wait

No media source currently available

0:00 0:04:33 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မဲဆန္ဒရှင်စာရင်း အမှန်ပြင်နိုင်ဖို့

မဲဆန္ဒရှင်စာရင်း အမှားအယွင်းတွေ များနေတာကြောင့် ပြင်ဆင်နိုင်ဖို့ ရက်တိုး သတ်မှတ်လိုက်တဲ့ မဲဆန္ဒရှင်စာရင်း ကပ်ထားတဲ့အချိန် သတ်မှတ်ရက် မနေ့က ကုန်ဆုံးသွားပါပြီ။ နောက်ထပ် ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အသစ်ပြန်ထွက်လာမယ့် မဲဆန္ဒရှင်စာရင်းက အမှန်ထွက်ပေါ်လာနိုင်မလားဆိုတဲ့ ကိုယ်တိုင် မဲစာရင်းမှားယွင်းတာ ကြုံခဲ့ရသူရဲ့ အတွေ့အကြုံနဲ့ နိုင်ငံသားတို့ အခွင့်အရေးနဲ့အညီ မဲပေးခွင့်ရရေး ကြိုးပမ်းနေကြသူတွေရဲ့ အမြင်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ ပထမဆုံးအကြိမ် မြန်မာပြည်တဝန်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မဲစာရင်းတွေက အတော်လေးကို အမှားအယွင်း များတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ပြင်ဆင် ဖြည့်စွက်နိုင်ဖို့ အချိန်ပိုပြီးတော့ရအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က သြဂုတ်လ ၁၄ ရက်နေ့အထိ နောက်ထပ် သီတင်းတပတ် ၇ ရက် သက်တမ်းတိုးပေးခဲ့တာပါ။ ပြန်လည်စိစစ်ပြီးရင်တော့ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် မဲစာရင်းကို ထပ်မံကြေညာမယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ထုတ်ပြန်ချိန်မှာ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ် စတဲ့ နိုင်ငံသား အချက်အလက် မှားယွင်းမှုတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ သူ့အတွေ့အကြုံအခုလိုပြောပြပါတယ်။

“ကျနော်က ဘယ်လိုသိလဲဆိုတော့ ထွက်လာတဲ့အခါမှာ ကျနော့်ရဲ့ မှတ်ပုံတင်နံပါတ် ပါမလာဘူး။ နောက် ကျနော်က အိမ်ထောင်စုရဲ့ ဟိုးအောက်ဆုံးမှာ ရောက်နေတယ်။ ကျနော့်သမီးကြီးက အိမ်ထောင်ဦးစီးအနေနဲ့ ထိပ်ဆုံးက ပါနေတယ်။ နောက်တခါ ကျနော်တို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် မွေးနေ့သက္ကရာဇ် မှားနေတယ်ဗျာ။ နောက်တခါ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဗျာ ကျနော်တို့ ဖားကန့်ထဲ လုပ်ငန်းတွေ လိုက်ကြည့်ရင်းနဲ့ သိတာ၊ သူတောင် မှတ်ပုံတင်နံပါတ် မှားနေတယ်ဗျာတဲ့။ ဆိုတော့ မြို့နယ်မှာ အရေးပါတဲ့ နေရာတွေမှာ အလုပ်လုပ်နေတဲ့ သူတွေတောင် မှားနေတယ်ဆိုရင် ကျန်တဲ့သူတွေက ပြောစရာကို မလိုတော့ဘူး။

“ပြီးတော့ ကျနော့် ဖားကန့်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူက ၄၀,၀၀၀ ကျော်ပဲ ရှိခဲ့တယ်။ ဒီမှာက ရွှေ့ပြောင်းတွေ ရေမဆေးတွေက သိန်းချီရှိတာ။ သူတို့ကို လဝကက ယာယီအိမ်ထောင်စု ထုတ်ပေးတော့ တသိန်းနဲ့ ငါးသောင်း သုံးထောင်ရှိတယ် မဲပေးခွင့်ရှိသူက။ ဒီထဲမှာ အစုလိုက်အပြုံလိုက် ကျန်နေတဲ့ သူတွေလည်း အများကြီးရှိတယ်။ ကျနော်တို့က သူတို့ကို အဓိက ဘာလုပ်ပေးနိုင်လဲဆိုတော့ ပုံစံ ၃(က) နဲ့ မဲပေးနိုင်ဖို့ အစုလိုက်အပြုံလိုက် ကျန်ရှိနေသေးတဲ့ စာရင်းများဆိုပြီး ပြန်လုပ်ပေးသင့်ပါတယ်။”

နောက်တကြိမ် အောက်တိုဘာမှာ ထုတ်ပြန်မယ့် မဲစာရင်းမှာ အမှားအယွင်းကင်းဖို့ မျှော်လင့်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမား သိန်းချီရှိနေတဲ့ ဖားကန့်ဒေသလို နေရာမျိုးမှာ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ စိစစ်ပြီး မဲစာရင်း အမှားအယွင်း မရှိအောင် ရပ်ကွက် ကျေးရွာ ရွေးကော်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အထူးသတိထား ဆောင်ရွက်ကြဖို့ လိုတယ်လို့လည်း ဦးတင့်စိုးက အကြံပေးပါတယ်။

“မြေပြင်အနေအထားမှာ ကျနော်တို့က ဘယ်လိုလုပ်ရမလဲဆိုတော့ သက်ဆိုင်ရာ ကော်မရှင်ရယ် နိုင်ငံရေးပါတီတွေရယ် ဒီက အုပ်ချုပ်ရေးပိုင်းတွေပါ အကုန်ညှိနှိုင်းပြီးတော့မှ ဆိုကြပါစို့ဗျာ ကျနော်တို့ ဖားကန့်ဆိုရင် ရှေ့က ကုတ် ၁/ကမန နိုင် ကားမိုင်းပေါ့။ ဒီ Error တွေအားလုံးကို ပြန်ပြင်ဆင်မယ်ဆိုရင်တော့ ကျနော်တို့ဆီမှာ သိန်းနဲ့ချီရှိနေတဲ့ Migrants တွေ အဓိက ဒီ ရွှေ့ပြောင်းတွေပေါ့ဗျာ၊ သူတို့တွေ မဲပေးခွင့်ရဖို့က အခုက ရက်ကလည်း ကုန်သွားပြီပေါ့ဗျာ မနေ့က ၁၄ ရက်မှာ။

“အဲဒီတော့ ခုနကပြောတဲ့ အစုလိုက်အပြုံလိုက် ကျန်နေခဲ့တဲ့ ပြည်သူတွေ မဲပေးခွင့်ရနိုင်ဖို့ အတွက်က ပုံစံ ၃ ကို Door to Door စနစ်နဲ့ လုပ်ဖို့တွေ ကျနော်တို့ စီစဉ်ထားတာ ရှိပါတယ်။ ဘယ်ပါတီကိုပဲ မဲထည့် မဲထည့်ပါ နိုင်ငံသားတယောက်ရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးရစေရေး ကျနော်တို့တွေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကော်မရှင်ကို ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့ နိုင်ငံရေးပါတီတွေ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကိုယ့်ဒေသမှာ မဲစာရင်းတွေ မှန်ကန်ဖို့ မဲပေးခွင့် မဆုံးရှုံးဖို့ ကျနော်တို့အားလုံး တွေ့ဆုံညှိနှိုင်း လုပ်ကြဖို့ရှိပါတယ်။”

အလားတူပဲ မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ကြဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက မြန်မာသံရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများ လျှောက်ထားနိုင်တဲ့ ပုံစံ ၁၅ တွေကို ဒီလ သြဂုတ်လ နောက်ဆုံးထား ဖြည့်သွင်းပေးပို့ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။ ဒါပေမယ့် မဲပေးခွင့်ရှိသူတွေရဲ့ အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမှာ ထုတ်ပြန်ကြေညာလိုက်ချိန်မှာတော့ မဲဆန္ဒရှင် အမှားအယွင်းတွေထဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲမှာလည်း အလွဲအမှားတွေနဲ့ ကြုံခဲ့ရပါတယ်။

ပြန်လည်ဖြည့်စွက် ပြင်ဆင်နိုင်ရေးအတွက် အပါအဝင် မဲပေးခွင့်ရှိသူတွေ မဲမဆုံးရှုံးရစေရေးအတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ကြိုတင်မဲပေးခွင့်ပုံစံ လျှောက်ထားရမယ့် ရက်တွေကို ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့အထိ ထပ်တိုးပေးထားတဲ့အကြောင်း နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရရေး ဦးဆောင်ကြိုးပမ်းနေသူတဦးဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း ဂျပန်က ဦးသန်းဆွေက အခြေအနေကို ပြောပြပါတယ်။

“နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေကို စာပို့ပါတယ်။ Over Sea မှာရှိနေတဲ့ သူတွေထဲမှာ ရှိတဲ့သူတွေထဲက တချို့တွေက အကြောင်းကြောင်းကြောင့် မသိတာတို့ နောက်ကျသွားတာတို့ကြောင့် ရက်ထပ်တိုးပေးဖို့ ဝိုင်းဝန်းတောင်းဆိုကြတာတွေ ရှိနေတော့ ရွေးကောက်ပွဲကော်မရှင်ကနေ သံရုံးတွေကို ကိုယ့်အစီအစဉ် အလိုက်ပေါ့လေ တိုးမြှင့်လက်ခံကြပါဆိုပြီး စာပို့တယ်။ ကျနော်သိသလောက် ဂျပန်ရယ် ကိုရီးယားရယ်ပေါ့လေ သြဂုတ်လ ၁၅ ရက်နေ့ ဒီနေ့ပေါ့၊ စနေနေ့ည ၁၂ နာရီအထိ နောက်ဆုံးထားပြီးတော့ ပုံစံ ၁၅ တွေ ပေးပို့နိုင်တယ်ဆိုပြီး ကြေညာပါတယ်။

“၂၀၁၅ တုန်းက ဂျပန်မှာရောက်နေတဲ့ မြန်မာတွေထဲက စာရင်းထုတ်ပြန်ချက်အရဆိုရင် လူ ၈၀၀ ကျော်လောက်ပဲ မဲပေးခွင့်ရခဲ့တယ်။ အခု ၂၀၂၀ မှာကျတော့ အခုလက်ရှိ အချိန်အထိကို နောက်ထပ်တိုးတဲ့ စာရင်းတွေ မပါဘဲနဲ့ လူ ၆,၀၀၀ ကျော်နေပြီလို့ သိရပါတယ်။ ဒီအဝေးရောက်မဲ ကြိုတင်မဲပေးပိုင်ခွင့်တွေ ရဖို့နဲ့ ပတ်သက်ပြီးတော့ အဝေးရောက် မဲပေးမယ့်သူတွေဟာ ပုံစံ ၁၅ ဖြည့်ပေးရုံတခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ့်ရဲ့ သန်းခေါင်စာရင်းမှာ ရှိနေတဲ့ဒေသမှာ ကိုယ့်နာမည်ပါမပါ ကြည့်ကြဖို့ လူထုကို အသိပေးပါတယ်။ အကြိမ်ပေါင်း မြောက်မြားစွာလည်း Alert လုပ်ကြပါတယ်။”

အခုဆိုရင်တော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲစာရင်း မကျန်စေရေး မဲစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေဘက်က ပြည်နယ်နဲ့တိုင်းက မြို့နယ်တော်တော်များများမှာ တအိမ်တက်ဆင်းအထိကို မဲစာရင်းတွေ လိုက်လံစစ်ဆေးနေပေမယ့် မဲစာရင်း မှန်ကန်တိကျမှုရှိရေး အတွက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ တရားမျှတမှု ရှိရေးအတွက် စောင့်ကြည့်နေကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေဘက်က စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG