သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ ကုိယ္စားလွယ္ေလာင္းစာရင္း ထုတ္ျပန္ဖုိ႔ ေကာ္မရွင္ျပင္ဆင္


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲဆႏၵရံုတခုမွာ မဲမ်ားေရြးတြက္ေနတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္တာ၀န္ရွိသူမ်ား။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ႏုိဝင္ဘာေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္း တင္သြင္းထားသူ ၇,၀၀၀ ေလာက္ကုိ သတ္မွတ္ထားတဲ့ရက္ မနက္ျဖန္ ေနာက္ဆုံးထား စိစစ္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

တိုင္းနဲ႔ျပည္နယ္ ၁၄ ခုထဲက ကုိယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းထားသူ အမ်ားဆံုးအျဖစ္ ၁,၀၃၀ ေက်ာ္ရွိတဲ့ ရွမ္းျပည္နယ္မွာေတာ့ တိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာအတြက္ ေလွ်ာက္ထားသူေတြကုိ စိစစ္လက္ခံၿပီးျဖစ္ေၾကာင္း ျပည္နယ္ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာပါတယ္။ က်န္တဲ့အမည္စာရင္း တင္သြင္းထားသူေတြကုိေတာ့ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က အတည္ျပဳၿပီးေနာက္ ထုတ္ျပန္သြားမယ္လုိ႔လည္း ရွမ္းျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႕ အတြင္းေရးမွဴး ဦးေဇာ္ျမင့္ဝင္းက ေျပာပါတယ္။

“တိုင္းရင္းသားေရးရာက အားလံုး ၄၃ ေယာက္လံုးစစ္ၿပီးပါၿပီ။ တုိင္းရင္းသား ၇ မ်ိဳး ၄၃ ေယာက္လံုး Clear ပါ။ က်န္တာေတာ့ ေျပာလို႔မရပါဘူး။ ဘာလို႔ေျပာမရလည္းဆုိေတာ့ UEC ရဲ႕ ေၾကညာခ်က္အရ ထုတ္ျပန္ၿပီးမွ လုပ္လို႔ရပါမယ္။”

တသီးပုဂၢလအပါအဝင္ ပါတီေပါင္း ၁၈ ခုက ကုိယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းထားသူ ၃၈၆ ေယာက္ရွိတဲ့ ရခိုင္ျပည္နယ္မွာေတာ့ ကုိယ္စားလွယ္ေလာင္း ၅ ဦးကလြဲလို႔ က်န္သူေတြအားလံုး ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္တဲ့အေၾကာင္း ရခိုင္ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးသူရိန္ထြဋ္က ေျပာပါတယ္။

“၃၈၆ ေယာက္မွာ က်ေနာ္တို႔က ၅ ေယာက္ပဲ ပယ္ပါတယ္ဗ်။ ေမာင္ေတာခရိုင္က ၄ ေယာက္ပယ္ပါတယ္ဗ်။ ျပည္သူ႔လႊတ္ေတာ္က ၂ ေယာက္၊ ျပည္နယ္လႊတ္ေတာ္က ၂ ေယာက္ပါဗ်။ စစ္ေတြခရိုင္ကေတာ့ ျပည္သူ႔လႊတ္ေတာ္ ၁ ေယာက္ပါဗ်။”

ပယ္ခ်ခံရသူ ၄ ေယာက္ကုိေတာ့ ေရြးေကာက္ပြဲဥပေဒအခန္း ၅ မွာပါဝင္တဲ့ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူေတြကုိ ေမြးဖြားစဥ္ မိဘႏွစ္ပါးလံုးက ႏုိင္ငံသားျဖစ္ရမယ္ဆုိတဲ့ ဥပေဒေဖာ္ျပထားသလို ဥပေဒပါအတုိင္း ေဆာင္ရြက္တာလို႔ ေကာ္မရွင္ဘက္က VOA ကိုေျဖၾကားထားပါတယ္။

ႏုိဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ႏုိင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကုိယ္စားလွယ္ေလာင္းေတြနဲ႔ တသီးပုဂၢလကုိယ္စားလွယ္ေလာင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာပါ။ ေရြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိမယ္လို႔ ခန္႔မွန္းထားၿပီး၊ အသက္ျပည့္လုိ႔ ပထမဆံုးအႀကိမ္ မဲေပးမယ့္လူငယ္အေရအတြက္ကေတာ့ ၅,၀၀၀,၀၀၀ ဝန္းက်င္မွာရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ဖို့ ကော်မရှင်ပြင်ဆင်

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားသူ ၇,၀၀၀ လောက်ကို သတ်မှတ်ထားတဲ့ရက် မနက်ဖြန် နောက်ဆုံးထား စိစစ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူ အများဆုံးအဖြစ် ၁,၀၃၀ ကျော်ရှိတဲ့ ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် လျှောက်ထားသူတွေကို စိစစ်လက်ခံပြီးဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ကျန်တဲ့အမည်စာရင်း တင်သွင်းထားသူတွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးနောက် ထုတ်ပြန်သွားမယ်လို့လည်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ပြောပါတယ်။

“တိုင်းရင်းသားရေးရာက အားလုံး ၄၃ ယောက်လုံးစစ်ပြီးပါပြီ။ တိုင်းရင်းသား ၇ မျိုး ၄၃ ယောက်လုံး Clear ပါ။ ကျန်တာတော့ ပြောလို့မရပါဘူး။ ဘာလို့ပြောမရလည်းဆိုတော့ UEC ရဲ့ ကြေညာချက်အရ ထုတ်ပြန်ပြီးမှ လုပ်လို့ရပါမယ်။”

တသီးပုဂ္ဂလအပါအဝင် ပါတီပေါင်း ၁၈ ခုက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၃၈၆ ယောက်ရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ကိုယ်စားလှယ်လောင်း ၅ ဦးကလွဲလို့ ကျန်သူတွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

“၃၈၆ ယောက်မှာ ကျနော်တို့က ၅ ယောက်ပဲ ပယ်ပါတယ်ဗျ။ မောင်တောခရိုင်က ၄ ယောက်ပယ်ပါတယ်ဗျ။ ပြည်သူ့လွှတ်တော်က ၂ ယောက်၊ ပြည်နယ်လွှတ်တော်က ၂ ယောက်ပါဗျ။ စစ်တွေခရိုင်ကတော့ ပြည်သူ့လွှတ်တော် ၁ ယောက်ပါဗျ။”

ပယ်ချခံရသူ ၄ ယောက်ကိုတော့ ရွေးကောက်ပွဲဥပဒေအခန်း ၅ မှာပါဝင်တဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို မွေးဖွားစဉ် မိဘနှစ်ပါးလုံးက နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ဥပဒေဖော်ပြထားသလို ဥပဒေပါအတိုင်း ဆောင်ရွက်တာလို့ ကော်မရှင်ဘက်က VOA ကိုဖြေကြားထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အသက်ပြည့်လို့ ပထမဆုံးအကြိမ် မဲပေးမယ့်လူငယ်အရေအတွက်ကတော့ ၅,၀၀၀,၀၀၀ ဝန်းကျင်မှာရှိနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG