(Zawgyi/Unicode)
ႏို၀င္ဘာေရြးေကာက္ပဲြမွာ မြတ္စလင္ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေလာင္းတခ်ဳိ႕ ပါ၀င္ယွဥ္ၿပိဳင္ဖို႔ ပိတ္ပင္ခံရတဲ့အေပၚ NLD အစိုးရ လက္ထက္ က်င္းပမယ့္ေရြးေကာက္ပဲြ တရားမွ်တမႈရွိပါ့မလားလို႔ နယူးေရာက္အေျခစိုက္ ႏိုင္ငံတကာလူ႔အခြင့္အဖဲြ႔ႀကီးက ေမးခြန္းထုတ္ ေ၀ဖန္လိုက္ပါတယ္။
ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုတင္ျပမွာပါ။
လာမယ့္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္မြတ္စလင္ေတြကို ကိုယ္စားျပဳတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ ဥကၠဌ ဦးေက်ာ္မင္း အပါအ၀င္ ပါတီ ကိုယ္စားလွယ္ သံုးဦးကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက စစ္ေတြေရြးေကာက္ပဲြေကာ္မရွင္ကေန လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြအျဖစ္ လက္မခံပဲ ပယ္ခ်ခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔အလြန္ပဲ စိတ္ပ်က္မိတယ္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႕ အာရွေရးရာတာ၀န္ခံ Brad Adams က ဗီြအိုေအကိုေျပာပါတယ္။
" စစ္အစိုးရ အေျပာင္းအလဲျဖစ္ၿပီးေနာက္မွာ သူတို႔အေျခအေနေတြ ဒီထက္ ပိုဆိုးဖို႔ မရွိဘူးလို႔ ေမွ်ာ္လင့္ထားတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ တကယ့္ကို ဝမ္းနည္းဖို႔ေကာင္းတဲ့ အေျခအေနပါ။ ႐ိုဟင္ဂ်ာေတြကို အဆန႔္က်င္ဆုံး စစ္အစိုးရ လက္ထက္က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲ၊ အရပ္သားတပိုင္း အစိုးရလက္ထက္ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ သူတို႔ပါတီေတြကို တားျမစ္ပိတ္ပင္ခံရတဲ့အေပၚမွာ အလြန္အမင္း အံၾသသင့္မႈမ်ိဳးမရွိခဲ့ပါဘူး။ သူတို႔ေမွ်ာ္လင့္တာက ၂၀၁၅ ေ႐ြးေကာက္ပြဲကေန တက္လာတဲ့ အရပ္သားအစိုးရလက္ထက္မွာ တန္းတူ အခြင့္အေရး ပိုၿပီး ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္ ၂၀၁၇ခုႏွစ္မွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြရွိခဲ့တာ၊ လူေပါင္း ၇ သိန္းေက်ာ္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ရတာေတြ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုလို ႐ိုဟင္ဂ်ာေတြ ႏိုင္ငံေရးထဲ ပါဝင္ခြင့္မရေအာင္ ပိတ္ပင္တာ အံၾသစရာမျဖစ္ေတာ့ေပမဲ့ ဦးေက်ာ္မင္းလို ႏိုင္ငံေရးသမားမ်ိဳးဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အနီးကပ္ဆက္ဆံေရးရွိခဲ့ၿပီး NLD ပါတီလႈပ္ရွားမႈေတြမွာလည္း ပါဝင္ခဲ့သူျဖစ္ပါတယ္။ ေနာက္ၿပီး ဦးေက်ာ္မင္းဟာ ၿငိမ္းခ်မ္းေရးလိုလားတဲ့ ႏိုင္ငံသမားတဦးျဖစ္သလို ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ႐ိုး႐ိုးသားသားပါဝင္ဖို႔ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူ႔ကို အဓိပၸါယ္မရွိတဲ့ အေၾကာင္းျပခ်က္နဲ႔ ေ႐ြးေကာက္ပြဲထဲ ပါဝင္ခြင့္မရေအာင္ ပိတ္ပင္တာကေတာ့ အလြန္စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။"
ဒါအျပင္ NLD အစိုးရလက္ထက္ က်င္းပမယ့္ေရြးေကာက္ပဲြဟာ တရားမွ်တမႈရွိပါ့မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔လည္း Brad Adams က အခုလိုေျပာပါတယ္။
" ေရြးေကာက္ပြဲ တရားမွ်တမႈရွိလား မရွိဘူးလားဆိုတဲ့ အပိုင္းမွာ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ တိုင္းရင္းသားေတြအဖြဲ႕ေတြ၊ ဘာသာေရးကြဲျပားတဲ့အဖြဲ႕ေတြ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္၊ မဲေပးႏိုင္မႈရွိမရွိ ဆိုတာကေတာ့ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္တခုျဖစ္ပါတယ္။ လက္နက္ကိုင္တိုက္ပြဲေတြျဖစ္ေနတဲ့ ေဒသတခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲအတြက္ လူေတြ မဲေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လူေတြကို ပါဝင္ခြင့္ေပးဖို႔ စစ္မွန္တဲ့ ႀကိဳးပမ္းမႈေတြ ရွိမရွိဆိုတာ ထည့္သြင္းစဥ္းစားရပါမယ္။ ဒါေပမယ္လို႔ခိုင္လံုၿပီး က်ဳိးေၾကာင္းဆီေလ်ာ္မႈမရွိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ႏုိင္ငံေရးပါတီေတြက ကိုယ္စားလွယ္ေတြပါ၀င္ခြင့္မရေအာင္ ပိတ္ပင္ထားတဲ့ ေရြးေကာက္ပဲြတခုကို ႏိုင္ငံတကာေရြးေကာက္ပဲြေစာင့္ၾကည့္သူေတြက အေလးအနက္ထားဖို႔ ခက္ခဲပါလိမ့္မယ္။ ရိုဟင္ဂ်ာတခုတည္းမဟုတ္ပါဘူး။ လာမယ့္ အနာဂတ္မွာ အျခား တိုင္းရင္းသားပါတီေတြရဲ႕ ကိုယ္စားလွယ္ေလာင္းေတြ ပိတ္ပင္ခံရ တာမ်ဳိးလည္း ရွိႏိုင္ပါတယ္။ ဒီအတြက္ က်ေနာ္အံအားသင့္မွာ မဟုတ္ပါဘူး။ သူတို႔ ပါ၀င္လို႔မရေအာင္ အတားအဆီးေတြကို သတ္မွတ္ထားႏိုင္ပါတယ္။ ဒါေၾကာင့္အားလံုးပါ၀င္ႏိုင္တဲ့ ေရြးေကာက္ပဲြျဖစ္ဖို႔ လိုပါတယ္။ အသိုင္းအ ၀ ိုင္းအလိုက္ ကိုယ္စားျပဳတဲ့ႏိုင္ငံေရးပါတီေတြ က ကိုယ္စားလွယ္ေတြ အားလံုးပါ၀င္ႏိုင္ေရး၊မဲဆႏၵရွင္ေတြ တန္းတူမဲေပးခြင့္ စတာေတြမရွိဘူးဆိုရင္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြလို႔ ျမင္ႏိုင္မွာ မဟုတ္ပါဘူး။"
ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစိုးရက အသိအမွတ္ျပဳ လက္ခံျခင္းမရွိပါဘူး။
ေမာင္ေတာ္ခရိုင္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးပါတီ ဥကၠ႒ ဦးေက်ာ္မင္းကို စစ္ေတြေရြးေကာက္ပဲြေကာ္မရွင္က ပယ္ခ်ခဲ့တဲ့ အေၾကာင္းအရင္းမွာ မိခင္နဲ႔ ဖခင္ဟာ သူ႔မေမြးခင္ ႏိုင္ငံသားျဖစ္ေၾကာင္း သက္ေသ မျပႏိုင္လို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ တကယ္တမ္း ဦးေက်ာ္မင္း မိဘႏွစ္ပါးလံုးဟာ အရင္ အမ်ဳိးသားမွတ္ပံုတင္ သံုးေခါက္ခ်ဳိး ကိုင္ေဆာင္ထားသူေတြျဖစ္ပါတယ္။ ဒါေပမယ့္ အရင္က ရွိခဲ့တဲ့ အမ်ဳိးသားမွတ္ပံုတင္ကို ေရြးေကာက္ပဲြေကာ္မရွင္က လက္မခံဘူးလို႔ ဦးေက်ာ္မင္းက ဗီြအိုေအကိုေျပာပါတယ္။
ဦးေက်ာ္မင္းဟာ ၁၉ ၉ ၀ ေရြးေကာက္ပဲြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ရခဲ့တဲ့ မြတ္စလင္လႊတ္ေတာ္အမတ္ေဟာင္း တဦးျဖစ္သလို NLD ကဦးေဆာင္ဖဲြ႔စည္းခဲ့တဲ့ CRPP အဖဲြ႕၀င္လည္းျဖစ္ပါတယ္။ အခုလို ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ အေၾကာင္းျပခ်က္ ခိုင္လံုမႈမရွိပဲ ၂၀၂၀ ေရြးေကာက္ပဲြမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္မေပးတာဟာ ႏိုင္ငံေရးေလာကထဲမွာ ဘာသာကဲြေတြ ပါ၀င္လို႔မရေအာင္ ပိတ္ပင္တဲ့ သေဘာမ်ဳိးျဖစ္ေနတယ္လို႔ ဦးေက်ာ္မင္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။
“စစ္အစိုးရ လက္ထက္ကတည္းက တိုင္းရင္းသား ႏိုင္ငံသားဆိုၿပီးေတာ့ ခြဲျခားထားတယ္။ ႏိုင္ငံသား ဆိုတာက တိုင္းရင္းသားပဲ ျဖစ္ရမယ္၊ ဆိုတဲ့အခ်က္အလက္ ပါေနတယ္။ တျခားလူက ႏိုင္ငံသားမဟုတ္ေတာ့ဘူး။ သူတုိ႔က ႏိုင္ငံသားျဖစ္ခ်င္ရင္ ၈၂ ဥပေဒနဲ႔ ျပန္ၿပီးေတာ့ ႏိုင္ငံသားျပဳခြင့္ရဖို႔အတြက္ ေလွ်ာက္ရမယ္လို႔ေျပာတယ္။ အယ္ကယ္တို႔အေနနဲ႔ အဲလိုမဟုတ္ဘူး က်ေနာ္တို႔က ဟိုး လြတ္လပ္ေရးမရခင္ကတည္းက ျမန္မာႏို္င္ငံသားအခ်က္အလက္ေတြ ၊ ေရြးေကာက္ပြဲေတြမွာ ပါ၀င္ခြင့္ရခဲ့တယ္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းလည္း ၂၀၁၀ ေရြးေကာက္ပြဲအထိ မဲထည့္ခြင့္ ေရြးခ်ယ္ပိုင္ခြင့္ ရွိခဲ့တယ္။ ၂၀၁၀ ေရြးေကာက္ပြဲမွာလည္း ဒီဘက္က မြတ္ဆလင္ကိုယ္စားလွယ္ ၉ ေယာက္ ၊ ၁၀ ေယာက္ ရွိတယ္။ အဲဒါ ၂၀၁၀ ေရြးေကာက္ပြဲဥပေဒနဲ႔ အခုလက္ရွိ ဥပေဒက အတူတူပဲ။ ၂၀၁၀ ဥပေဒမွာလည္း မိဘမ်ား ႏိုင္ငံသားျဖစ္ရမည္ ။ ကိုယ္စားလွယ္ေလာင္းေမြးဖြားစဥ္က မိဘမ်ား ႏိုင္ငံသားျဖစ္ရမည္ ဆိုတဲ့အခ်က္က ၂၀၁၀ မွာလည္း ပါတယ္ ဥပေဒမေျပာင္းလဲေသးဘူး။ အဲဒါ ၂၀၁၀ မွာ ပါ၀င္ခြင့္ရၿပီးေတာ့ အခုက်မွ ပါ၀င္ခြင့္မရဘူးဆိုေတာ့ ႏိုင္ငံေတာ္မွာ သီးျခားေပၚလစီ တခုရွိတယ္ေပါ့ ။ အန္ကယ္တို႔ကို ႏိုင္ငံေရးေလာကထဲကို မ၀င္ေစခ်င္တဲ့ ေပၚလစီေပါ့။ အဲလိုပဲ သံုးသပ္တယ္။”
ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီကုိ ၂၀၁၂ ခုနွစ္မွာ ဖြဲ႔စည္းတည္ေထာင္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအမည္ တင္သြင္းခဲ့ဖူးေပမဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္မျပဳခဲ့ပါဘူး။ ဒီတႀကိမ္ေရြးေကာက္ပဲြမွာ ပါတီအေနနဲ႔ ကိုယ္စားလွယ္စုစုေပါင္း ၇ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္းတင္သြင္းရာမွာ ရခိုင္ျပည္နယ္က ကုိယ္စားလွယ္ေလာင္း ၅ ဦးမွာ ေလးဦးကို ပယ္ခ်ခဲ့ၿပီး ေမာင္ေတာခရိုင္ကေန ၀င္ၿပိဳင္မယ့္သူ တစ္ဦးသာ ေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ပါတီကိုယ္စားလွယ္ေလာင္း ႏွစ္ဦးကိုေတာ့ ရန္ကုန္တိုင္း ေရြးေကာက္ပဲြေကာ္မရွင္က ခြင့္ျပဳခဲ့တယ္လို႔ ဦးေက်ာ္မင္းက ဗီြအိုေအကိုေျပာပါတယ္။
...............
နိုဝင်ဘာရွေးကောက်ပွဲမှာ မွတ်ဆလင်ပါတီကိုယ်စားလှယ်တချို့ ယှဉ်ပြိုင်ခွင့်မရတဲ့အပေါ် HRW ဝေဖန်
(Unicode)
နိုဝင်ဘာရွေးကောက်ပွဲမှာ မွတ်စလင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတချို့ ပါဝင်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခံရတဲ့အပေါ် NLD အစိုးရလက်ထက် ကျင်းပမယ့်ရွေးကောက်ပွဲ တရားမျှတမှုရှိပါ့မလားလို့ နယူးရောက်အခြေစိုက်နိုင်ငံတကာလူ့အခွင့်အဖွဲ့ကြီးက မေးခွန်းထုတ် ဝေဖန်လိုက်ပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း အပါအဝင် ပါတီ ကိုယ်စားလှယ် သုံးဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်တွေရွေးကောက်ပွဲကော်မရှင်ကနေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် လက်မခံပဲ ပယ်ချခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့အလွန်ပဲ စိတ်ပျက်မိတယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။
" စစ်အစိုးရ အပြောင်းအလဲဖြစ်ပြီးနောက်မှာ သူတို့အခြေအနေတွေ ဒီထက် ပိုဆိုးဖို့ မရှိဘူးလို့ မျှော်လင့်ထားတဲ့ ရိုဟင်ဂျာတွေအတွက် တကယ့်ကို ဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေပါ။ ရိုဟင်ဂျာတွေကို အဆန့်ကျင်ဆုံး စစ်အစိုးရ လက်ထက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ အရပ်သားတပိုင်း အစိုးရလက်ထက် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ပါတီတွေကို တားမြစ်ပိတ်ပင်ခံရတဲ့အပေါ်မှာ အလွန်အမင်း အံသြသင့်မှုမျိုးမရှိခဲ့ပါဘူး။ သူတို့မျှော်လင့်တာက ၂၀၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရလက်ထက်မှာ တန်းတူ အခွင့်အရေး ပိုပြီး ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့တာ၊ လူပေါင်း ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ရိုဟင်ဂျာတွေ နိုင်ငံရေးထဲ ပါဝင်ခွင့်မရအောင် ပိတ်ပင်တာ အံသြစရာမဖြစ်တော့ပေမဲ့ ဦးကျော်မင်းလို နိုင်ငံရေးသမားမျိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆက်ဆံရေးရှိခဲ့ပြီး NLD ပါတီလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး ဦးကျော်မင်းဟာ ငြိမ်းချမ်းရေးလိုလားတဲ့ နိုင်ငံသမားတဦးဖြစ်သလို မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရိုးရိုးသားသားပါဝင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူ့ကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲထဲ ပါဝင်ခွင့်မရအောင် ပိတ်ပင်တာကတော့ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။"
ဒါအပြင် NLD အစိုးရလက်ထက် ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း Brad Adams က အခုလိုပြောပါတယ်။
" ရွေးကောက်ပွဲ တရားမျှတမှုရှိလား မရှိဘူးလားဆိုတဲ့ အပိုင်းမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေအဖွဲ့တွေ၊ ဘာသာရေးကွဲပြားတဲ့အဖွဲ့တွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်၊ မဲပေးနိုင်မှုရှိမရှိ ဆိုတာကတော့ ထည့်သွင်းစဉ်းစားရမယ့် အချက်တခုဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတချို့မှာ ရွေးကောက်ပွဲအတွက် လူတွေ မဲပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေကို ပါဝင်ခွင့်ပေးဖို့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ ရှိမရှိဆိုတာ ထည့်သွင်းစဉ်းစားရပါမယ်။ ဒါပေမယ်လို့ခိုင်လုံပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါဝင်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲတခုကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူတွေက အလေးအနက်ထားဖို့ ခက်ခဲပါလိမ့်မယ်။ ရိုဟင်ဂျာတခုတည်းမဟုတ်ပါဘူး။ လာမယ့် အနာဂတ်မှာ အခြား တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ ပိတ်ပင်ခံရ တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအတွက် ကျနော်အံအားသင့်မှာ မဟုတ်ပါဘူး။ သူတို့ ပါဝင်လို့မရအောင် အတားအဆီးတွေကို သတ်မှတ်ထားနိုင်ပါတယ်။ ဒါကြောင့်အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ အသိုင်းအ ၀ ိုင်းအလိုက် ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတွေ က ကိုယ်စားလှယ်တွေ အားလုံးပါဝင်နိုင်ရေး၊မဲဆန္ဒရှင်တွေ တန်းတူမဲပေးခွင့် စတာတွေမရှိဘူးဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မြင်နိုင်မှာ မဟုတ်ပါဘူး။"
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက အသိအမှတ်ပြု လက်ခံခြင်းမရှိပါဘူး။
မောင်တော်ခရိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းကို စစ်တွေရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တဲ့ အကြောင်းအရင်းမှာ မိခင်နဲ့ ဖခင်ဟာ သူ့မမွေးခင် နိုင်ငံသားဖြစ်ကြောင်း သက်သေ မပြနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်း ဦးကျော်မင်း မိဘနှစ်ပါးလုံးဟာ အရင် အမျိုးသားမှတ်ပုံတင် သုံးခေါက်ချိုး ကိုင်ဆောင်ထားသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အရင်က ရှိခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကို ရွေးကောက်ပွဲကော်မရှင်က လက်မခံဘူးလို့ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။
ဦးကျော်မင်းဟာ ၁၉ ၉ ၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ မွတ်စလင်လွှတ်တော်အမတ်ဟောင်း တဦးဖြစ်သလို NLD ကဦးဆောင်ဖွဲ့စည်းခဲ့တဲ့ CRPP အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက် ခိုင်လုံမှုမရှိပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးတာဟာ နိုင်ငံရေးလောကထဲမှာ ဘာသာကွဲတွေ ပါဝင်လို့မရအောင် ပိတ်ပင်တဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဦးကျော်မင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။
“စစ်အစိုးရ လက်ထက်ကတည်းက တိုင်းရင်းသား နိုင်ငံသားဆိုပြီးတော့ ခွဲခြားထားတယ်။ နိုင်ငံသား ဆိုတာက တိုင်းရင်းသားပဲ ဖြစ်ရမယ်၊ ဆိုတဲ့အချက်အလက် ပါနေတယ်။ တခြားလူက နိုင်ငံသားမဟုတ်တော့ဘူး။ သူတို့က နိုင်ငံသားဖြစ်ချင်ရင် ၈၂ ဥပဒေနဲ့ ပြန်ပြီးတော့ နိုင်ငံသားပြုခွင့်ရဖို့အတွက် လျှောက်ရမယ်လို့ပြောတယ်။ အယ်ကယ်တို့အနေနဲ့ အဲလိုမဟုတ်ဘူး ကျနော်တို့က ဟိုး လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံသားအချက်အလက်တွေ ၊ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းလည်း ၂၀၁၀ ရွေးကောက်ပွဲအထိ မဲထည့်ခွင့် ရွေးချယ်ပိုင်ခွင့် ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒီဘက်က မွတ်ဆလင်ကိုယ်စားလှယ် ၉ ယောက် ၊ ၁၀ ယောက် ရှိတယ်။ အဲဒါ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ အခုလက်ရှိ ဥပဒေက အတူတူပဲ။ ၂၀၁၀ ဥပဒေမှာလည်း မိဘများ နိုင်ငံသားဖြစ်ရမည် ။ ကိုယ်စားလှယ်လောင်းမွေးဖွားစဉ်က မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုတဲ့အချက်က ၂၀၁၀ မှာလည်း ပါတယ် ဥပဒေမပြောင်းလဲသေးဘူး။ အဲဒါ ၂၀၁၀ မှာ ပါဝင်ခွင့်ရပြီးတော့ အခုကျမှ ပါဝင်ခွင့်မရဘူးဆိုတော့ နိုင်ငံတော်မှာ သီးခြားပေါ်လစီ တခုရှိတယ်ပေါ့ ။ အန်ကယ်တို့ကို နိုင်ငံရေးလောကထဲကို မဝင်စေချင်တဲ့ ပေါ်လစီပေါ့။ အဲလိုပဲ သုံးသပ်တယ်။”
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ဖူးပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပါဘူး။ ဒီတကြိမ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၇ ဦးဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းရာမှာ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်း ၅ ဦးမှာ လေးဦးကို ပယ်ချခဲ့ပြီး မောင်တောခရိုင်ကနေ ဝင်ပြိုင်မယ့်သူ တစ်ဦးသာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်း နှစ်ဦးကိုတော့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့တယ်လို့ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။