သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ၀င္မယ့္ ကုိယ္စားလွယ္ေလာင္းတခ်ဳိ႕ ေကာ္မရွင္ပယ္ခ်


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ေရြးေကာက္ပဲြေကာ္မရွင္က တာ၀န္ရွိသူတခ်ိဳ႕။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပဲြမွာ ပါ၀င္ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္း တင္သြင္းထားတဲ့ ကုိယ္စားလွယ္ေလာင္းေတြထဲက တခ်ဳိ႕ကုိ သတ္မွတ္ထားတဲ့ အရည္အခ်င္းနဲ႔ ကိုက္ညီမႈမရွိဘူးဆုိၿပီး ေကာ္မရွင္က လက္မခံဘဲ ပယ္ဖ်က္ခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ႏိုဝင္ဘာလမွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ဖုိ႔ စာရင္းသြင္းထားတဲ့ ကုိယ္စားလွယ္ေလာင္းေတြကုိ ေကာ္မရွင္က စိစစ္ရာမွာ ႏိုင္ငံသားျဖစ္ခြင့္ စံသတ္မွတ္ခ်က္နဲ႔ မကုိက္ညီတာ၊ ႏုိင္ငံေရးပါတီတခုကေန ႏုတ္ထြက္ခြင့္ မရေသးဘဲ ေနာက္ပါတီတခုကေန အမည္စာရင္းတင္သြင္းထားသူေတြ အပါအ၀င္ တခ်ဳိ႕ကုိ ေကာ္မရွင္က ပယ္ခ်က္ခဲ့တာပါ။

ကရင္ျပည္နယ္မွာ ဆုိရင္လည္း ကိုယ္စားလွယ္ေလာင္းေတြထဲက ငါး ဦးကို အရင္ပါတီ ေဟာင္းက ႏုတ္ထြက္ခြင့္မရေသးဘဲ အျခားပါတီကေန ကိုယ္စားလွယ္ေလာင္းစာရင္ တင္သြင္းထားတာေၾကာင့္ ထုတ္ပယ္လိုက္တယ္လို႔ ေကာ္မရွင္ ဥကၠ႒ ဦးေက်ာ္ဝင္းေမာင္က ေျပာပါတယ္။

“သတ္မွတ္ခ်က္နဲ႔ မညီလို႔ ပယ္တာ ငါး ေယာက္ ေပါ့ေနာ္၊ ၅ ေယာက္ ရွိတယ္ ခင္ဗ်။ ပထထမ ပါတီ တစ္ခုကေန ႏုတ္ထြက္ခြင့္ မရေသးဘဲနဲ႔ ေနာက္ပါတီတစ္ခုကေန ဝင္ၿပိဳင္တဲ့ ကိစၥပါ။”

ရခိုင္ျပည္နယ္မွာ ေလွ်ာက္လႊာတင္သြင္းထားတဲ့ ကိုယ္စားလွယ္ေလာင္းေတြထဲက ၅ ဦးကေတာ့ ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒနဲ႔ မကိုက္ညီတဲ့အတြက္ ပယ္ဖ်က္လိုက္တယ္လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ေဒၚတင္လႈိင္က ေျပာပါတယ္။

“ဘာလို႔လည္းဆိုေတာ့ သူတို႔ကို ေမြးစဥ္က သူတို႔ရဲ႕ မိဘေတြဟာ ႏိုင္ငံသား မဟုတ္ေနဘူးေပါ့ေႏွာ္။ အဲ့ဒီအေၾကာင္းေၾကာင့္ပါပဲ လႊတ္ေတာ္နည္းဥပေဒ ၈(ခ) တို႔ေနာ္၊ ၁၀(င) တို႔ ဒါေတြနဲ႔ ဆုံးျဖတ္တာေပါ့ေနာ္။”

ကိုယ္စားလွယ္ေလာင္းစာရင္း တင္သြင္းထားစဥ္အတြင္း ေသဆုံးသြားတေၾကာင့္ ပယ္ဖ်က္လိုက္တာ၊ အသက္မျပည့္ေသးတာေၾကာင့္ ပယ္ဖ်က္လိုက္တာ၊ ႏိုင္ငံေတာ္ရဲ႕ တာဝန္ေပးအပ္ျခင္းခံတာေၾကာင့္ ကိုယ့္သေဘာဆႏၵအေလ်ာက္ ႏုတ္ထြက္သြားတာေတြလည္း ရွိၾကတယ္လို႔ ေကာ္မရွင္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ေကာ္မရွင္ရဲ႕ စံသတ္မွတ္ခ်က္အရ ပယ္ဖ်က္ခံရသူေတြထဲမွာ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ကိုယ္စားလွယ္ေလာင္း တခ်ဳိ႕လည္း ပါ၀င္တယ္လုိ႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳးဆက္ေသြးက ေျပာပါတယ္။

“အဓိကကေတာ့ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ သတ္မွတ္ခ်က္ေပ့ါ၊ ဖြဲ႕စည္းပုံအေျခခံဥပ‌ေဒအရ သတ္မွတ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ မိဘက သူေမြးတဲ့ အခ်ိန္မွာ ႏွစ္ေယာက္လုံးက ႏိုင္ငံသား ျဖစ္မေနတဲ့ ကိစၥေပါ့။ လဝက ဥပ‌ေဒေပါ့ဗ်ာ အဲ့ဒါနဲ႔ ျငိတာ။ ဒါ က်ေနာ္တို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြ ကိစၥ အသိေပးထားဖို႔ အားနည္းသြားတာေပါ့ေနာ္။ ကိုယ္စားလွယ္ေလာင္း တစ္ေယာက္ခ်င္းစီကို က်ေနာ္တို႔ကေတာ့ မွတ္ပုံတင္ စိစစ္တယ္၊ ႏိုင္ငံသားျဖစ္မျဖစ္ စိစစ္တယ္။ မိဘေတြဟာ သူတို႔ေမြးတဲ့ အခါ ႏိုင္ငံသားျဖစ္မျဖစ္ကို မစိစစ္ခဲ့ရဘူးေပါ့ေနာ္။ အဲ့ဒါကို သူဟာသူ သိတယ္လို႔ က်ေနာ္တို႔က ယူဆၿပီးေတာ့ မစိစစ္ခဲ့ျခင္းရဲ႕ အားနည္းခ်က္ေပါ့။ ေနာက္တစ္ခါ ဒါမ်ိဳးမျဖစ္ေအာင္လို႔ ထည့္စဥ္းစားရမယ့္ အခ်က္တစ္ခ်က္ ျဖစ္သြာတာေပါ့ေလ။”

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္းတင္သြင္းထားသူ ၇,၀၀၀ ေလာက္ ရွိေနၿပီး စိစစ္အတည္ျပဳထားတဲ့ စာရင္းကုိေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က တရား၀င္ မထုတ္ျပန္ရေသးပါဘူး။ မေန႔တုန္းက ထုတ္ျပန္ဖိ႔ု ေျပာဆုိထားတဲ့ ကုိယ္စားလွယ္ေလာင္းစာရင္းနဲ႔ ပတ္သက္လုိ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ တုံ႔ျပန္ေျဖၾကားမယ့္သူ မရွိပါဘူး။

ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္းေတြနဲ႔ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ေရြးေကာက္ပဲြမွာေတာ့ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိမယ္လို႔လည္း ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က ခန႔္မွန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတချို့ ကော်မရှင်ပယ်ချ

လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက တချို့ကို သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ကော်မရှင်က လက်မခံဘဲ ပယ်ဖျက်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စိစစ်ရာမှာ နိုင်ငံသားဖြစ်ခွင့် စံသတ်မှတ်ချက်နဲ့ မကိုက်ညီတာ၊ နိုင်ငံရေးပါတီတခုကနေ နုတ်ထွက်ခွင့် မရသေးဘဲ နောက်ပါတီတခုကနေ အမည်စာရင်းတင်သွင်းထားသူတွေ အပါအဝင် တချို့ကို ကော်မရှင်က ပယ်ချက်ခဲ့တာပါ။

ကရင်ပြည်နယ်မှာ ဆိုရင်လည်း ကိုယ်စားလှယ်လောင်းတွေထဲက ငါး ဦးကို အရင်ပါတီ ဟောင်းက နုတ်ထွက်ခွင့်မရသေးဘဲ အခြားပါတီကနေ ကိုယ်စားလှယ်လောင်းစာရင် တင်သွင်းထားတာကြောင့် ထုတ်ပယ်လိုက်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောပါတယ်။

“သတ်မှတ်ချက်နဲ့ မညီလို့ ပယ်တာ ငါး ယောက် ပေါ့နော်၊ ၅ ယောက် ရှိတယ် ခင်ဗျ။ ပထထမ ပါတီ တစ်ခုကနေ နုတ်ထွက်ခွင့် မရသေးဘဲနဲ့ နောက်ပါတီတစ်ခုကနေ ဝင်ပြိုင်တဲ့ ကိစ္စပါ။”

ရခိုင်ပြည်နယ်မှာ လျှောက်လွှာတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ၅ ဦးကတော့ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ပယ်ဖျက်လိုက်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

“ဘာလို့လည်းဆိုတော့ သူတို့ကို မွေးစဉ်က သူတို့ရဲ့ မိဘတွေဟာ နိုင်ငံသား မဟုတ်နေဘူးပေါ့နှော်။ အဲ့ဒီအကြောင်းကြောင့်ပါပဲ လွှတ်တော်နည်းဥပဒေ ၈(ခ) တို့နော်၊ ၁၀(င) တို့ ဒါတွေနဲ့ ဆုံးဖြတ်တာပေါ့နော်။”

ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားစဉ်အတွင်း သေဆုံးသွားတကြောင့် ပယ်ဖျက်လိုက်တာ၊ အသက်မပြည့်သေးတာကြောင့် ပယ်ဖျက်လိုက်တာ၊ နိုင်ငံတော်ရဲ့ တာဝန်ပေးအပ်ခြင်းခံတာကြောင့် ကိုယ့်သဘောဆန္ဒအလျောက် နုတ်ထွက်သွားတာတွေလည်း ရှိကြတယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ကော်မရှင်ရဲ့ စံသတ်မှတ်ချက်အရ ပယ်ဖျက်ခံရသူတွေထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်း တချို့လည်း ပါဝင်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆက်သွေးက ပြောပါတယ်။

“အဓိကကတော့ ဒီလွှတ်တော်ကိုယ်စားလှယ် သတ်မှတ်ချက်ပေ့ါ၊ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေအရ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ မိဘက သူမွေးတဲ့ အချိန်မှာ နှစ်ယောက်လုံးက နိုင်ငံသား ဖြစ်မနေတဲ့ ကိစ္စပေါ့။ လဝက ဥပ‌ဒေပေါ့ဗျာ အဲ့ဒါနဲ့ ငြိတာ။ ဒါ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကိစ္စ အသိပေးထားဖို့ အားနည်းသွားတာပေါ့နော်။ ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းစီကို ကျနော်တို့ကတော့ မှတ်ပုံတင် စိစစ်တယ်၊ နိုင်ငံသားဖြစ်မဖြစ် စိစစ်တယ်။ မိဘတွေဟာ သူတို့မွေးတဲ့ အခါ နိုင်ငံသားဖြစ်မဖြစ်ကို မစိစစ်ခဲ့ရဘူးပေါ့နော်။ အဲ့ဒါကို သူဟာသူ သိတယ်လို့ ကျနော်တို့က ယူဆပြီးတော့ မစိစစ်ခဲ့ခြင်းရဲ့ အားနည်းချက်ပေါ့။ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင်လို့ ထည့်စဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်သွာတာပေါ့လေ။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူ ၇,၀၀၀ လောက် ရှိနေပြီး စိစစ်အတည်ပြုထားတဲ့ စာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မထုတ်ပြန်ရသေးပါဘူး။ မနေ့တုန်းက ထုတ်ပြန်ဖိ့ု ပြောဆိုထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားမယ့်သူ မရှိပါဘူး။

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်ရှင်။

XS
SM
MD
LG