သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

PACE အဖြဲ႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ခြင့္ မေရမရာျဖစ္ေနဆဲ


ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ Logo။ (ဓာတ္ပံု - PACE)

[Zawgyi/Unicode]

ေရြးေကာက္ပဲြေစာင့္ၾကည့္ေရး အဓိကအရပ္သားတခုကို အရင္ခြင့္ျပဳမယ္ေျပာၿပီးမွ အခုမျပဳႏိုင္တဲ့သေဘာ ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာင္းၿပီး ကန္႔သတ္စာပို႔လာတယ္လို႔ ဒီအဖဲြ႔ေခါင္းေဆာင္က ဆိုပါတယ္။ ဒီကန္႔သတ္စာမလာခင္ အရင္ သံုးရက္တုန္းက ေနျပည္ေတာ္ ေဆြးေႏြးပဲြမွာ အသင္းအဖဲြ႔ မွတ္ပံုတင္ေလွ်ာက္စာတင္ၿပီးရင္ ေစာင့္ၾကည့္ခြင့္ရတဲ့သေဘာ ေျပာၿပီးမွ အခုေတာ့ အသင္းအဖဲြ႔မွတ္ပံုတင္လံုး၀ ရၿပီးမွသာ ရမယ္လို႔ ေျပာင္းေျပာလာေၾကာင္း ဒီ PACE အဖဲြ႔ ေခါင္းေဆာင္က ဆိုပါတယ္။ ဒီ PACE ေခၚ ေရြးေကာက္ပဲြဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ အမႈေဆာင္အရာရွိခ်ဳပ္ စိုင္းရဲေက်ာ္စြာျမင့္ကို ေမးထားပါတယ္။

UEC လို႔ေခၚတဲ့ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္အေနနဲ႔ အခုလို ဆံုးျဖတ္ခ်က္ေျပာင္းလာတာကို ၿပီးခဲ့တဲ့ ေသာၾကာေန႔ ၾသဂုတ္ ၂၁ ရက္ေန႔မွာ အေၾကာင္းၾကားလာတာလို႔ စိုင္းရဲေက်ာ္စြာျမင့္က ဆိုပါတယ္။ ဒီဆံုးျဖတ္ခ်က္ေၾကာင့္ ေရြးေကာက္ပဲြေစာင့္ၾကည့္မယ့္အဖဲြ႔ ေတာ္ေတာ္မ်ားမ်ား ေစာင့္ၾကည့္ခြင့္မရ ျဖစ္သြားႏိုင္တယ္လို႔ အခုလိုဆိုပါတယ္။

"ဒီ ေရြးေကာက္ပဲြေစာင့္ၾကည့္ေလ့လာမႈနဲ႔ ပတ္သက္ၿပီးေတာ့မွ က်ေနာ္တို႔ ထပ္ၿပီးေတာ့မွ တင္သြင္းတဲ့အခါမွာ ေရြးေကာက္ပဲြေကာ္မရွင္က အေၾကာင္းျပန္တာက အသင္းအဖဲြ႔မွတ္ပံုတင္ ခြင့္ျပဳခ်က္ရရွိၿပီးမွ ေစာင့္ၾကည့္ႏိုင္ခြင့္ ေပးမယ္လို႔ အေၾကာင္းျပန္ပါတယ္။ ဆိုေတာ့ အဲ့ဒါဟာ ေရြးေကာက္ပဲြေစာင့္ၾကည့္ေလ့လာမႈအတြက္ကို ၾကီးမားတဲ့ အဟန္႔အတားလို႔ ယူဆတယ္။ ၂၀၁၅ မွာေရာ၊ ၁၇ မွာေရာ၊ ၁၈ မွာေရာ ဒီလိုမ်ိဳး ကန္႔သတ္ခ်က္မ်ိဳးမရွိခဲ့ဘူး။ အခု ၂၀၂၀ က်ေတာ့မွ အသင္းအဖဲြ႔ မွတ္ပံုတင္ ခြင့္ျပဳခ်က္ ရရွိၿပီးေတာ့မွ ေစာင့္ၾကည့္ေလ့လာခြင့္ရွိမယ္ဆိုတာ က်ေနာ္တို႔ PACE အဖဲြ႔တင္မွမဟုတ္ပါဘူး။ တျခားအရပ္ဘက္ အဖဲြ႔အစည္းအတြက္ပါ ႀကီးမားတဲ့ အဟန္႔အတားလို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။"

အဲဒီေတာ့ ဒီဆံုးျဖတ္ခ်က္ကို ေရြးေကာက္ပဲြ ေကာ္မရွင္က ဥပေဒအရလုပ္တာပါလားလို႔ ေမးရာမွာ စိုင္းရဲေက်ာ္စြာျမင့္က ေကာ္မရွင္သေဘာနဲ႔သာ လုပ္ပံုရတယ္လို႔ အခုလို ေ၀ဖန္လိုက္ပါတယ္။

"ဒါေကာ္မရွင္က ဆံုးျဖတ္တာပါ။ ဒီဥပေဒနဲ႔ ပတ္သက္ရင္ေတာ့ က်ေနာ္တို႔က ေမးရမွာက ဒီ အသင္းဖဲြ႔ မွတ္ပံုတင္ ဥပေဒမွာက ဘာေျပာထားလဲဆိုလို႔ရွိရင္ မွတ္ပံုတင္ထားတဲ့ အဖဲြ႔အစည္းအေနနဲ႔ ျပည္တြင္းနဲ႔ ျပည္ပ အေထာက္အပံ့ေတြကို လက္ခံရယူပိုင္ခြင့္ရွိတယ္လို႔ ဒီလို ဆိုထားပါတယ္။ ဒါေပမဲ့ မွတ္ပံုမတင္ထားတဲ့ အဖဲြ႔ေတြအေနနဲ႔ လက္ခံခြင့္ေတြ ရတယ္၊ မရဘူးဆိုတာ ျငင္းထားတာ မရွိဘူး။ ဆိုေတာ့ ဥပေဒမူေဘာင္အရ ဒါဟာ အဓိပၸါယ္ဖြင့္ရမယ့္ ကိစၥပဲ။"

ဒီေနရာမွာ အရင္အပတ္ကပဲ ျပန္ခြင့္ျပဳခ်က္ေပးမယ္လို႔ ဖုန္းနဲ႔ေျပာလာၿပီး ေနျပည္ေတာ္မွာလည္း သြားေဆြးေႏြးရာမွာ သေဘာတူသလို ျဖစ္ခဲ့ၿပီးမွ အခုဘယ္လိုဘယ္ပံု ေျပာင္းသြားတာလဲလို႔ ေမးရမွာ စိုင္းရဲေက်ာ္စြာျမင့္က သူလည္း နားမလည္ႏိုင္ေတာ့ဘူးလို႔ အခုလို ရွင္းျပပါတယ္။

"ၾသဂုတ္လ ၁၅ရက္ေန႔မွာ က်ေနာ္တို႔ကို အေၾကာင္းၾကားတာကေတာ့ PACE အဖဲြ႔ကို ေစာင့္ၾကည့္တဲ့အဖဲြ႔အျဖစ္ ျပန္လည္ေပးအပ္မယ္။ ဒါေၾကာင့္မို႔ အဂၤါေန႔ ၁၈ ရက္ေန႔ကို လာခဲ့ပါလို႔ ဖုန္းဆက္ၿပီးေတာ့ အေၾကာင္းၾကားတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ သြားတယ္။ ၾသဂုတ္လ ၁၈ ရက္ေန႔မွာေတာ့ ညႊန္ၾကားေရးမွဴးခ်ဳပ္ ခံုရံုးက တာ၀န္ရွိတဲ့သူေတြနဲ႔ က်ေနာ္တို႔ ရံုးအဖဲြ႔နဲ႔ ေတြ႔တဲ့အခါမွာ ဒီေစာင့္ၾကည့္ေလ့လာခြင့္ကို ျပန္ေပးမယ္၊ ဒါေပမဲ့ ေစာင့္ၾကည့္ေလ့လာခြင့္အတြက္ကို အသင္းအဖဲြ႔ေလွ်ာက္ထားေၾကာင္း ပံုစံ ၅ ရလို႔ရွိရင္ ရပါၿပီ၊ ဒါဆိုအဆင္ေျပပါၿပီ ဆိုၿပီးေတာ့ က်ေနာ္တို႔ကို ေျပာတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က အဲဒါကို သေဘာတူတယ္။ ေကာ္မရွင္ဆီကေနၿပီးေတာ့ ေထာက္ခံစာနဲ႔ က်ေနာ္တို႔သြားေလွ်ာက္တယ္။ ေလွ်ာက္တဲ့အခါမွာ ပံုစံ ၅ ရတဲ့အတြက္ ပံုစံ ၅ ကို သြားေပးတဲ့အခါမွာေတာ့ က်ေနာ္တို႔ ၂၁ ရက္ေန႔မွာ က်ေနာ္တို႔ကို ျပန္ၿပီးအေၾကာင္းၾကားလာတာကေတာ့ အသင္းအဖဲြ႔မွတ္ပံုတင္ရၿပီးမွသာ ေစာင့္ၾကည့္ေလ့လာခြင့္ကို ေပးႏိုင္မယ္လို႔ေျပာတယ္။ ဆိုေတာ့ ဒါ ဒီၾကားထဲမွာ ဆံုးျဖတ္ခ်က္ေတြ ဘယ္လိုေျပာင္းသြားသလဲေတာ့ က်ေနာ္လည္း မေျပာတတ္ဘူး။"

တကယ္ေတာ့ အခုလို ေရြးေကာက္ပဲြေစာင့္ၾကည့္ခြင့္ ခက္ခဲသြားျခင္းဟာ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္ကလည္း ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ တရားမွ်တမႈအေပၚ စိုးရိမ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ပတ္ ေသာၾကာ ၾသဂုတ္ ၁၄ ရက္ေန႔ကပဲ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို သြားအကူအညီေတာင္းခ်ိန္ ေနာက္ပုိင္းမွာ ဆက္ျဖစ္လာရတာပါ။ အခုလို အေျခအေနေၾကာင့္ ေရြးေကာက္ပဲြေစာင့္ၾကည့္ေရးအဖဲြ႔ေတြ မရွိရင္ ေရြးေကာက္ပဲြအေပၚ ဘယ္လို ရပ္ခံႏိုင္ပါသလဲလို႔ ေမးရာမွာ စိုင္းရဲေက်ာ္စြာျမင့္ပဲ ....

"ဒီ လာမယ့္ ၂၀၂၀ ေရြးေကာက္ပဲြဟာ ႏိုင္ငံေရးအရ အကဲစပ္တယ္၊ ယွဥ္ၿပိဳင္မႈအင္မတန္ႀကီးတယ္။ ႏိုင္ငံေရးအရ ဘက္မလိုက္တဲ့ လြတ္လပ္တဲ့ ေရြးေကာက္ပဲြေစာင့္ၾကည့္ေလ့လာတဲ့ အဖဲြ႔ေတြမရွိဘူးဆိုလို႔ရွိရင္ ေရြးေကာက္ပဲြ ျဖစ္စဥ္ေပၚမွာ ယံုၾကည္မႈ၊ တည္ျငိမ္မႈကို ျမွင့္တင္ေပးဖို႔အရမ္းခက္လိမ့္မယ္။ ဆိုေတာ့ အက်ိဳးဆက္အေနနဲ႔ကေတာ့ ေရြးေကာက္ပဲြ ရလဒ္၊ ေရြးေကာက္ပဲြ ျဖစ္စဥ္တခုလံုးမွာ အျငင္းပြားစရာေတြမ်ားမယ္။"

အခုလိုအခ်ိန္မွာ ေရြးေကာက္ပဲြေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းအတြက္ကေတာ့ ဇူလိုင္လ ၁၇ ရက္တုန္းက အရပ္သားအဖဲြ႔ေတြနဲ႔ ေဆြးေႏြးရာမွာ ေကာ္မရွင္ကို အခ်က္အလက္ရွာ မတိုက္ခိုက္ၾကဖို႔နဲ႔ မေက်နပ္ရင္ တရားစဲြပါလို႔ ျပင္းျပင္းထန္ထန္ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

PACE အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် မရေမရာဖြစ်နေဆဲ

ရွေးကောက်ပွဲစောင့်ကြည့်ရေး အဓိကအရပ်သားတခုကို အရင်ခွင့်ပြုမယ်ပြောပြီးမှ အခုမပြုနိုင်တဲ့သဘော ရွေးကောက်ပွဲ ကော်မရှင်က ပြောင်းပြီး ကန့်သတ်စာပို့လာတယ်လို့ ဒီအဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။ ဒီကန့်သတ်စာမလာခင် အရင် သုံးရက်တုန်းက နေပြည်တော် ဆွေးနွေးပွဲမှာ အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်စာတင်ပြီးရင် စောင့်ကြည့်ခွင့်ရတဲ့သဘော ပြောပြီးမှ အခုတော့ အသင်းအဖွဲ့မှတ်ပုံတင်လုံး၀ ရပြီးမှသာ ရမယ်လို့ ပြောင်းပြောလာကြောင်း ဒီ PACE အဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။ ဒီ PACE ခေါ် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အမှုဆောင်အရာရှိချုပ် စိုင်းရဲကျော်စွာမြင့်ကို မေးထားပါတယ်။

UEC လို့ခေါ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခုလို ဆုံးဖြတ်ချက်ပြောင်းလာတာကို ပြီးခဲ့တဲ့ သောကြာနေ့ သြဂုတ် ၂၁ ရက်နေ့မှာ အကြောင်းကြားလာတာလို့ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲစောင့်ကြည့်မယ့်အဖွဲ့ တော်တော်များများ စောင့်ကြည့်ခွင့်မရ ဖြစ်သွားနိုင်တယ်လို့ အခုလိုဆိုပါတယ်။

"ဒီ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ထပ်ပြီးတော့မှ တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်တာက အသင်းအဖွဲ့မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးမှ စောင့်ကြည့်နိုင်ခွင့် ပေးမယ်လို့ အကြောင်းပြန်ပါတယ်။ ဆိုတော့ အဲ့ဒါဟာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအတွက်ကို ကြီးမားတဲ့ အဟန့်အတားလို့ ယူဆတယ်။ ၂၀၁၅ မှာရော၊ ၁၇ မှာရော၊ ၁၈ မှာရော ဒီလိုမျိုး ကန့်သတ်ချက်မျိုးမရှိခဲ့ဘူး။ အခု ၂၀၂၀ ကျတော့မှ အသင်းအဖွဲ့ မှတ်ပုံတင် ခွင့်ပြုချက် ရရှိပြီးတော့မှ စောင့်ကြည့်လေ့လာခွင့်ရှိမယ်ဆိုတာ ကျနော်တို့ PACE အဖွဲ့တင်မှမဟုတ်ပါဘူး။ တခြားအရပ်ဘက် အဖွဲ့အစည်းအတွက်ပါ ကြီးမားတဲ့ အဟန့်အတားလို့ ကျနော်တော့ မြင်ပါတယ်။"

အဲဒီတော့ ဒီဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအရလုပ်တာပါလားလို့ မေးရာမှာ စိုင်းရဲကျော်စွာမြင့်က ကော်မရှင်သဘောနဲ့သာ လုပ်ပုံရတယ်လို့ အခုလို ဝေဖန်လိုက်ပါတယ်။

"ဒါကော်မရှင်က ဆုံးဖြတ်တာပါ။ ဒီဥပဒေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့က မေးရမှာက ဒီ အသင်းဖွဲ့ မှတ်ပုံတင် ဥပဒေမှာက ဘာပြောထားလဲဆိုလို့ရှိရင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းအနေနဲ့ ပြည်တွင်းနဲ့ ပြည်ပ အထောက်အပံ့တွေကို လက်ခံရယူပိုင်ခွင့်ရှိတယ်လို့ ဒီလို ဆိုထားပါတယ်။ ဒါပေမဲ့ မှတ်ပုံမတင်ထားတဲ့ အဖွဲ့တွေအနေနဲ့ လက်ခံခွင့်တွေ ရတယ်၊ မရဘူးဆိုတာ ငြင်းထားတာ မရှိဘူး။ ဆိုတော့ ဥပဒေမူဘောင်အရ ဒါဟာ အဓိပ္ပါယ်ဖွင့်ရမယ့် ကိစ္စပဲ။"

ဒီနေရာမှာ အရင်အပတ်ကပဲ ပြန်ခွင့်ပြုချက်ပေးမယ်လို့ ဖုန်းနဲ့ပြောလာပြီး နေပြည်တော်မှာလည်း သွားဆွေးနွေးရာမှာ သဘောတူသလို ဖြစ်ခဲ့ပြီးမှ အခုဘယ်လိုဘယ်ပုံ ပြောင်းသွားတာလဲလို့ မေးရမှာ စိုင်းရဲကျော်စွာမြင့်က သူလည်း နားမလည်နိုင်တော့ဘူးလို့ အခုလို ရှင်းပြပါတယ်။

"သြဂုတ်လ ၁၅ရက်နေ့မှာ ကျနော်တို့ကို အကြောင်းကြားတာကတော့ PACE အဖွဲ့ကို စောင့်ကြည့်တဲ့အဖွဲ့အဖြစ် ပြန်လည်ပေးအပ်မယ်။ ဒါကြောင့်မို့ အင်္ဂါနေ့ ၁၈ ရက်နေ့ကို လာခဲ့ပါလို့ ဖုန်းဆက်ပြီးတော့ အကြောင်းကြားတဲ့အတွက်ကြောင့် ကျနော်တို့ သြဂုတ်လ ၁၈ ရက်နေ့မှာ သွားတယ်။ သြဂုတ်လ ၁၈ ရက်နေ့မှာတော့ ညွှန်ကြားရေးမှူးချုပ် ခုံရုံးက တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ ရုံးအဖွဲ့နဲ့ တွေ့တဲ့အခါမှာ ဒီစောင့်ကြည့်လေ့လာခွင့်ကို ပြန်ပေးမယ်၊ ဒါပေမဲ့ စောင့်ကြည့်လေ့လာခွင့်အတွက်ကို အသင်းအဖွဲ့လျှောက်ထားကြောင်း ပုံစံ ၅ ရလို့ရှိရင် ရပါပြီ၊ ဒါဆိုအဆင်ပြေပါပြီ ဆိုပြီးတော့ ကျနော်တို့ကို ပြောတဲ့အတွက်ကြောင့် ကျနော်တို့က အဲဒါကို သဘောတူတယ်။ ကော်မရှင်ဆီကနေပြီးတော့ ထောက်ခံစာနဲ့ ကျနော်တို့သွားလျှောက်တယ်။ လျှောက်တဲ့အခါမှာ ပုံစံ ၅ ရတဲ့အတွက် ပုံစံ ၅ ကို သွားပေးတဲ့အခါမှာတော့ ကျနော်တို့ ၂၁ ရက်နေ့မှာ ကျနော်တို့ကို ပြန်ပြီးအကြောင်းကြားလာတာကတော့ အသင်းအဖွဲ့မှတ်ပုံတင်ရပြီးမှသာ စောင့်ကြည့်လေ့လာခွင့်ကို ပေးနိုင်မယ်လို့ပြောတယ်။ ဆိုတော့ ဒါ ဒီကြားထဲမှာ ဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းသွားသလဲတော့ ကျနော်လည်း မပြောတတ်ဘူး။"

တကယ်တော့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ခက်ခဲသွားခြင်းဟာ နိုင်ငံရေးပါတီ ၃၀ ကျော်ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားမျှတမှုအပေါ် စိုးရိမ်ပြီး ပြီးခဲ့တဲ့ နှစ်ပတ် သောကြာ သြဂုတ် ၁၄ ရက်နေ့ကပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သွားအကူအညီတောင်းချိန် နောက်ပိုင်းမှာ ဆက်ဖြစ်လာရတာပါ။ အခုလို အခြေအနေကြောင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ မရှိရင် ရွေးကောက်ပွဲအပေါ် ဘယ်လို ရပ်ခံနိုင်ပါသလဲလို့ မေးရာမှာ စိုင်းရဲကျော်စွာမြင့်ပဲ ....

"ဒီ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ အကဲစပ်တယ်၊ ယှဉ်ပြိုင်မှုအင်မတန်ကြီးတယ်။ နိုင်ငံရေးအရ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေမရှိဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲ ဖြစ်စဉ်ပေါ်မှာ ယုံကြည်မှု၊ တည်ငြိမ်မှုကို မြှင့်တင်ပေးဖို့အရမ်းခက်လိမ့်မယ်။ ဆိုတော့ အကျိုးဆက်အနေနဲ့ကတော့ ရွေးကောက်ပွဲ ရလဒ်၊ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးမှာ အငြင်းပွားစရာတွေများမယ်။"

အခုလိုအချိန်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအတွက်ကတော့ ဇူလိုင်လ ၁၇ ရက်တုန်းက အရပ်သားအဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ကော်မရှင်ကို အချက်အလက်ရှာ မတိုက်ခိုက်ကြဖို့နဲ့ မကျေနပ်ရင် တရားစွဲပါလို့ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG