သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံသားတိုင္းမပ်က္မကြက္မဲေပးဖို႔ ရန္ကုန္ကတ္သလစ္ဂိုဏ္းခ်ဳပ္တိုက္တြန္း


ရန္ကုန္ ကက္သလစ္ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္ေမာင္ဘို

[Zawgyi/Unicode]

ရန္ကုန္ ကက္သလစ္ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္ေမာင္ဘိုက ႏုိ္၀င္ဘာေရြးေကာက္ပြဲမွာ ႏိုင္ငံသားတုိင္းရဲ ႔တာ၀န္အျဖစ္ မပ်က္မကြက္မဲေပးၾကဖို႔ ျမန္မာျပည္သူေတြကို တုိက္တြန္းလိုက္ပါတယ္။ နိုင္ငံေရးအေျခအေနအေပၚ အားမရတာေၾကာင့္ မဲသြားမထည့္ဘူးဆိုၿပီး ေျပာဆိုမႈေတြ မ်ားျပားလာခ်ိန္မွာပဲ၊ အခုလို ေၾကညာခ်က္ထုတ္ၿပီး ေရြးေကာက္ပဲြမွာ လူထု တတ္တတ္ႂကြႂကြပါ၀င္တာဟာ ဒီမိုကေရစီ လမ္းစဥ္အတြက္အေရးႀကီးတယ္လို႔ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီးက ေျပာဆိုထားတာပါ။

ဒီမိုကေရစီစနစ္ဟာ အားနည္းသူေတြ ထိခိုက္လြယ္သူေတြအတြက္ အေထာက္အကူျပဳေစတယ္လို႔လည္း စက္တင္ဘာ ၁ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျပည္တြင္းပဋိပကၡေတြေၾကာင့္ ထိခိုက္ေနရတဲ့ ျမန္မာ့ ၿငိမ္းခ်မ္းေရးအတြက္တခုတည္းေသာေမ ွ်ာ္လင့္ခ်က္ျဖစ္တဲ့ ဒီမိုကေရစီစနစ္ ရွင္သန္ဖြံ႔ၿဖိဳးႏုိင္ေအာင္ မဲေပးၾကပါလို႔လည္္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကာဒီနယ္ခ်ားလ္ေမာင္ဘိုရဲ ႔တုိက္တြန္းခ်က္ေတြထဲမွာ ႏုိင္ငံသယံဇာတေတြကို မတရား လုယူျခယ္လွယ္ေနသူေတြကို မဲမေပးမိေစဖို႔၊ အမုန္းတရား ျပန္႔ပြါးေအာင္လုပ္ၿပီး ႏုိင္ငံအေပၚျခယ္လွယ္အျမတ္ထုတ္ေနသူေတြကို ဖယ္ရွားပစ္ဖို႔၊ ျပည္တြင္းခရိုနီေတြနဲ႔ပူးေပါင္းၿပီး ျမန္မာႏုိင္ငံကို ကုတ္ေသြးစုပ္အျမတ္ထုတ္ေနသူေတြကို မဲမေပးမိေစဖို႔၊ လူ႔စြမ္းအားဖြံ႔ၿဖိဳးတိုးတက္ေရ ပီျပင္ေဖာ္ေဆာင္ႏုိင္မယ့္ ကုိယ္စားလွယ္ေလာင္းေတြကို မဲေပးဖို႔လည္း ေၾကျငာခ်က္မွာ အေလးေပးတုိက္တြန္းထားပါတယ္။

ဒါ့အျပင္ ဥာဏ္ရည္ျပည့္၀ၿပီး ႐ိုးသားေျဖာင့္မတ္သူေတြ၊ ျပည္သူေတြကို အလုပ္အေၾကြးျပဳခ်င္တဲ့ ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးၾကပါလို႔လည္း တုိက္တြန္းထားပါတယ္။ စစ္မွန္တဲ႔ ႏိုိင္ငံေရး၊ စီးပါြးေရး၊ ဖယ္ဒရယ္လမ္းစဥ္ေပၚေပါက္ေရး လႈပ္ရွားရင္း အသက္ေပးသြားတဲ့ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ ႔ ေမ ွ်ာ္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ေပးႏုိင္မယ့္သူကို ေရြးခ်ယ္္မဲေပးၾကပါလို႔ အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာနဲ႔ ထုတ္ျပန္တဲ့ေၾကျငာခ်က္ နိဂုံးမွာ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံသားတိုင်းမပျက်မကွက်မဲပေးဖို့ ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ်တိုက်တွန်း

ရန်ကုန် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုက နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းရဲ့တာဝန်အဖြစ် မပျက်မကွက်မဲပေးကြဖို့ မြန်မာပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရေးအခြေအနေအပေါ် အားမရတာကြောင့် မဲသွားမထည့်ဘူးဆိုပြီး ပြောဆိုမှုတွေ များပြားလာချိန်မှာပဲ၊ အခုလို ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲမှာ လူထု တတ်တတ်ကြွကြွပါဝင်တာဟာ ဒီမိုကရေစီ လမ်းစဉ်အတွက်အရေးကြီးတယ်လို့ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီးက ပြောဆိုထားတာပါ။

ဒီမိုကရေစီစနစ်ဟာ အားနည်းသူတွေ ထိခိုက်လွယ်သူတွေအတွက် အထောက်အကူပြုစေတယ်လို့လည်း စက်တင်ဘာ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်နေရတဲ့ မြန်မာ့ ငြိမ်းချမ်းရေးအတွက်တခုတည်းသောမေ ျှာ်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးနိုင်အောင် မဲပေးကြပါလို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကာဒီနယ်ချားလ်မောင်ဘိုရဲ့တိုက်တွန်းချက်တွေထဲမှာ နိုင်ငံသယံဇာတတွေကို မတရား လုယူခြယ်လှယ်နေသူတွေကို မဲမပေးမိစေဖို့၊ အမုန်းတရား ပြန့်ပွါးအောင်လုပ်ပြီး နိုင်ငံအပေါ်ခြယ်လှယ်အမြတ်ထုတ်နေသူတွေကို ဖယ်ရှားပစ်ဖို့၊ ပြည်တွင်းခရိုနီတွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံကို ကုတ်သွေးစုပ်အမြတ်ထုတ်နေသူတွေကို မဲမပေးမိစေဖို့၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေ ပီပြင်ဖော်ဆောင်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့လည်း ကြေငြာချက်မှာ အလေးပေးတိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဉာဏ်ရည်ပြည့်ဝပြီး ရိုးသားဖြောင့်မတ်သူတွေ၊ ပြည်သူတွေကို အလုပ်အကြွေးပြုချင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါလို့လည်း တိုက်တွန်းထားပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပါွးရေး၊ ဖယ်ဒရယ်လမ်းစဉ်ပေါ်ပေါက်ရေး လှုပ်ရှားရင်း အသက်ပေးသွားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေ ျှာ်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့်သူကို ရွေးချယ်မဲပေးကြပါလို့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့ကြေငြာချက် နိဂုံးမှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG