သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲမတုိင္ခင္ အမုန္းစကားျဖန္႔ေ၀တာေတြ Facebook တင္းၾကပ္မည္


(Zawgyi/Unicode)

၂၀၂၀ျပည့္ ေရြးေကာက္ပဲြ က်င္းပေတာ့မယ့္ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြကုိ လႈံေဆာ္တဲ့ အမုန္းစကားေတြ ျဖန႔္ေဝတာကို ကိုင္တြယ္ေျဖရွင္းဖို႔ Facebook အေနနဲ႔ တိုးျမွင့္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ကုမၸဏီတာ၀န္ရွိသူေတြက ေျပာၾကားလိုက္ပါတယ္။

လူမ်ဳိးေရး၊ ဘာသာေရးခဲြျခားၿပီး စြပ္စဲြေျပာဆိုတာေတြ၊ အမုန္းပြားတဲ့ ေရးသားခ်က္ေတြ ျဖန္႔ေ၀ခဲ့တဲ့ Facebook post ေပါင္း ၂၈၀,၀၀၀ ကိုလည္း ၂၀၂၀ ျပည့္ ေမလ၊ ဇြန္လနဲ႔ ၾသဂုတ္လေတြအတြင္းမွာ ဖယ္ရွားခဲ့ေၾကာင္း ၾသဂုတ္လ (၃၁)ရက္ေန႔က ထုတ္ျပန္တဲ့ Facebook ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို ေျပာျပမွာပါ။

ႏို၀င္ဘာလ (၈)ရက္ေန႔မွာ က်င္းပမယ့္ျမန္မာ ေရြးေကာက္ပဲြအတြက္ Facebook က ျပင္ဆင္ေနတဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ တနလၤာေန႔က ကုမၸဏီကေန ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အမုန္းစကားေတြနဲ႔ အၾကမ္းဖက္မႈကို လႈံေဆာ္တဲ့ အသံုးအႏႈန္းေတြ ကိုစံုစမ္းစစ္ေဆး ဖယ္ရွားတာ၊ သတင္းအမွားေတြ ျဖန္႔ေ၀တာကို တားဆီးတာ စတဲ့ အေရးယူလႈပ္ရွားမႈေတြကို တိုးျမွင့္ေဆာင္ရြက္ေနေၾကာင္း Facebook ကေျပာပါတယ္။

ဒါအျပင္ အခုခ်ိန္ကစၿပီး ႏို၀င္ဘာလ ၂၂ ရက္ေန႔ထိ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈကို ထိခိုက္ေစတာမ်ဳိး၊ မဲေပးမႈကို ပ်က္ျပားေစတာမ်ဳိး စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ သတင္းအမွားေတြ၊ အတည္မျပဳႏိုင္တဲ့ ေကာလဟာလ ေတြကို Facebook မွာေရးသားျဖန္႔ေ၀မယ္ဆိုရင္ ဖယ္ရွား အေရးယူသြားမွာ ျဖစ္တယ္လို႔ ကုမၸဏီရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ သတင္းအမွားလို႔ ဆိုတဲ့ေနရာမွာလည္း စိစစ္အတည္ျပဳထားတဲ့ သတင္းအမွားျဖစ္ရမယ္လို႔ Facebook ကေျပာပါတယ္။

ဥပမာအားျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတဦးကို ဘဂၤါလီျဖစ္တယ္၊ ျမန္မာႏိုင္ငံသား မဟုတ္ဘူးဆိုတဲ့ မွားယြင္းစြာ စြပ္စဲြေရးသားခ်က္မ်ဳိးကို Facebook ကေန ပိတ္ပင္ ဖယ္ရွားမွာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အခုလို ျမန္မာနဲ႔ ပတ္သက္လို႔ Facebook ရဲ႕ ကိုယ္တြယ္မႈဟာ ထိေရာက္တယ္လို႔ ျမင္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ မဂၤလာဒံု မဲဆႏၵနယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္၀င္းက ဗီြအိုေအကို ေျပာပါတယ္။

"တခ်ဳိ႕သူေတြကေတာ့ ဆင္ျခင္သြားပါတယ္။ က်ေနာ္တို႔ မိတ္ေဆြေတြ ကိုယ္တိုင္ပါ ပါတယ္။ တခ်ဳိ႕ ျပင္းျပင္းထန္ထန္ ေရးေနၾကတာေတြရွိတယ္။ အဲေတာ့ Facebook ကိုသံုးခ်င္တယ္ဆိုရင္ ဆင္ျခင္ရတာေပါ့။ တခ်ဳိ႕ဆိုရင္ သံုးရက္အပိတ္ခံရတယ္။ တလ အပိတ္ခံရတယ္။ သတိေပးခံရတယ္။ အဲေတာ့ ေနာက္ပိုင္းက်ေတာ့ အဲဒီလူေတြရဲ႕ အျပဳအမူေတြ နည္းနည္းေျပာင္းလာတယ္။ သိပ္ျပင္းျပင္းထန္ထန္ မေရးရဲေတာ့ဘူး။ Facebook ဟာ က်ေနာ္တို႔ႏိုင္ငံမွာ သတင္းအခ်က္အလက္ေတြ မွ်ေ၀တာ၊သူငယ္ခ်င္း အခ်င္းခ်င္း ဆက္သြယ္တာ၊ စတဲ့ ေနရာတခုျဖစ္ေနတာဆိုေတာ့ Facebook က က်ေနာ္တို႔ႏိုင္ငံအတြက္ မရွိမျဖစ္ ျဖစ္ေနတာပါ။ အဲေတာ့ က်ေနာ့္အေတြ႕အႀကံဳအရဆိုရင္ တခ်ဳိ႕ ေတာ္ေတာ္ ဆင္ျခင္သြားတာေတြ႕ရတယ္။"

ျမန္မာႏိုင္ငံမွာေနထိုင္မႈ အေထာက္အထားအခက္အခဲေၾကာင့္ မွတ္ပံုတင္မရပဲျဖစ္ေနတာ၊ လူမ်ဳိးေရး၊ ဘာသာေရးကဲြျပားလို႔ ျပန္လည္စိစစ္မယ္ဆိုၿပီး ရထားတဲ့ မွတ္ပံုတင္ေတြ ျပန္အသိမ္းခံရတာ စတဲ့ ျဖစ္ရပ္ေတြေၾကာင့္ ေရြးေကာက္ပဲြမွာ ျပည္သူေတြ မဲေပးဖို႔ အခက္အခဲရွိေနခ်ိန္မွာ အခြင့္ေကာင္းယူၿပီး မတူကဲြျပားတဲ့ အသိုင္းအ၀ိုင္းေတြၾကား အမုန္းစကားေတြ၊ လုပ္ႀကံသတင္းေတြ ျဖန္႔ေ၀ခဲ့တာ ေတြ႕ရတယ္လို႔လည္း ဦးေအာင္လႈိင္၀င္းက ေျပာပါတယ္။

" က်ေနာ္တို႔ ႏိုင္ငံမွာ ျဖစ္ေနတာက ျမန္မာႏိုင္ငံသားကဒ္ေတြလည္း ကိုင္ထားၾကတယ္။ ႏိုင္ငံေတာ္ကေန ထုတ္ေပးတဲ့ တရား၀င္ကဒ္ေတြလည္း ကိုင္ထားရဲ႕သားနဲ႕ ခဲြျခားဆက္ဆံတာမ်ဳိးေတြ ဒီမွာ အမ်ားႀကီး ေတြ႕ေနရတယ္။ ေနာက္တခုက က်ေနာ္တို႔ ၿမိဳ႕နယ္ေတြမွာဆိုရင္လည္း မၾကာခဏ ႀကံဳေတြ႕ေနရတာက ေသြးေႏွာ သံသယရွိတယ္ဆိုတာမ်ဳိး၊ မိဘႏွစ္ပါးလံုး ႏိုင္ငံသားကဒ္ရွိရဲ႕သားနဲ႔ ဆိုေတာ့ အဲဒီလို အခက္အခဲေတြရွိေနတယ္။ အဲဒီအခါမွာ သတင္းအမွားေတြကို ျဖန္႔တယ္ေပါ့။ ေရြးေကာက္ပဲြမွာ ၀င္ေရာက္ အေရြးခံမယ့္ ပုဂၢိဳလ္ေတြကို ေကာ္မရွင္ကလည္း စိစစ္ အတည္ျပဳၿပီးသားကို Facebook ကေန ဒီလူေတြဟာ ႏိုင္ငံသားမဟုတ္သူေတြကို တင္ထားပါတယ္ဆိုၿပီး စြပ္စဲြေရးသားတာေတြရွိေတာ့ တေယာက္နဲ႔ တေယာက္ အမုန္းပြားေအာင္လုပ္ေနတာေတြကို ေျဖရွင္းေနတာနဲ႔ပဲ ေရွ႕ဆက္မသြားႏိုင္ဘူး ျဖစ္ေနတယ္။"

တနလၤာေန႔က ထုတ္ျပန္တဲ့ Facebook ရဲ႕ေၾကညာခ်က္မွာ ျမန္မာႏိုင္ငံက ႏိုင္ငံေရးပါတီေတြရဲ႕တရား၀င္ Facebook အေကာင့္ စာမ်က္ႏွာေတြကို အတည္ျပဳႏိုင္ေရး မိတ္ဖက္အဖဲြ႕အစည္းႏွစ္ဖဲြ႔နဲ႕ ပူးေပါင္း လုပ္ေဆာင္ေနတယ္လို႔ ေဖၚျပထားပါတယ္။ လက္ရွိမွာလည္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သတင္းအခ်က္အလက္ေတြမွန္ကန္မႈရွိမရွိ စစ္ေဆးၾကည့္ရွဳဖို႔အတြက္ BOOM၊ AFP Fact Check နဲ႔ Fact Crescendo စတဲ့ အဖဲြ႔အစည္း သံုးဖဲြ႔နဲ႔ Facebook ကပူးေပါင္းေဆာင္ရြက္ေနတာပါ။

ဒါ့အျပင္ မတ္ေဆ့ဂ်ာ (Messenger) ကတဆင့္ျဖန္႔ေ၀မႈ ကန္႔သတ္ခ်က္အသစ္ကို ထုတ္ျပန္ထားၿပီးျဖစ္တယ္လို႔ Facebook ကဆိုပါတယ္။အဲဒီကန္႔သတ္ခ်က္အရ မတ္ေဆ့ဂ်ာ ကတဆင့္ အျခားသူေတြကို ထပ္မံသတင္းျဖန္႔ေ၀မယ္ဆိုရင္ တႀကိမ္ (၅)ဦးသာ ျဖန္႔ေ၀ႏိုင္မွာျဖစ္ပါတယ္။ အခုလို ျမန္မာႏိုင္ငံမွာ မတ္ေဆ့ဂ်ာအသံုးျပဳမႈ ကန္႔သတ္ခ်က္မ်ဳိးကို ေနာက္သတင္းပတ္အနည္းငယ္အတြင္း တကမၻာလံုးမွာရွိေနတဲ့ Facebook သံုးသူေတြကို ကန္႔သတ္မွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

၂၀၁၇ခုႏွစ္ၾသဂုတ္လက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ရိုဟင္ဂ်ာအသိုင္းအ၀ိုင္းကို ဖိႏွိပ္ခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ အင္အားအလြန္အကြ်ံသံုး နယ္ေျမရွင္းလင္းေရးကို လူအမ်ားေထာက္ခံမႈရေအာင္ အမုန္းပြားေစတဲ့ အၾကမ္းဖက္မႈကို လႈံေဆာ္တဲ့ ေရးသားေဖၚျပခ်က္ေတြ ျဖန္႔ေ၀ခဲ့မႈမွာ Facebook ကုမၸဏီမွာ တာ၀န္ရွိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးစံုစမ္းစစ္ေဆးေရးမွဴးေတြက ေထာက္ျပခဲ့ၾကတာပါ။ ဒါနဲ႔ ပတ္သက္လို႔လည္း သူတို႔ဘက္က တုန္႔ျပန္ကိုင္တြယ္အေရးယူမႈ ေနွးေကြးခဲ့တယ္ဆိုတာကို Facebook က ၀န္ခံေျပာၾကားခဲ့ပါတယ္။

ျမန္မာကို လူမ်ဳိးတုန္းသတ္ျဖတ္မႈ စဲြခ်က္နဲ႔ ICJ ႏိုင္ငံတကာတရားရံုးမွာ အမႈစဲြတင္ထားတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ ေရွ႕ေနအဖဲြ႔က Facebook ကဖယ္ရွားခဲ့တဲ့ ျမန္မာစစ္တပ္အေကာင့္ေတြန႔ဲ ပတ္သက္လို႔ အခ်က္အလက္ေတြထုတ္ေပးဖို႔ အေမရိကန္ တရားရံုးက တဆင့္ေတာင္းဆိုခ်က္ကို Facebook ကုမၸဏီက ပယ္ခ်ထားပါတယ္။ ဒါေပမယ့္ ကုလသမဂၢ ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ယႏၱရားအဖဲြ႔ရဲ႕အလားတူ ေတာင္းဆိုခ်က္ကိုေတာ့ ပူးေပါင္းေဆာင္ရြက္မွာျဖစ္တယ္လို႔ Facebook က တုန္႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားဖြန့်ဝေတာတွေ Facebook တင်းကြပ်မည်

(Unicode)

၂၀၂၀ပြည့် ရွေးကောက်ပွဲ ကျင်းပတော့မယ့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို လှုံဆော်တဲ့ အမုန်းစကားတွေ ဖြန့်ဝေတာကို ကိုင်တွယ်ဖြေရှင်းဖို့ Facebook အနေနဲ့ တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးခွဲခြားပြီး စွပ်စွဲပြောဆိုတာတွေ၊ အမုန်းပွားတဲ့ ရေးသားချက်တွေ ဖြန့်ဝေခဲ့တဲ့ Facebook post ပေါင်း ၂၈၀,၀၀၀ ကိုလည်း ၂၀၂၀ ပြည့် မေလ၊ ဇွန်လနဲ့ သြဂုတ်လတွေအတွင်းမှာ ဖယ်ရှားခဲ့ကြောင်း သြဂုတ်လ (၃၁)ရက်နေ့က ထုတ်ပြန်တဲ့ Facebook ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့်မြန်မာ ရွေးကောက်ပွဲအတွက် Facebook က ပြင်ဆင်နေတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က ကုမ္ပဏီကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမုန်းစကားတွေနဲ့ အကြမ်းဖက်မှုကို လှုံဆော်တဲ့ အသုံးအနှုန်းတွေ ကိုစုံစမ်းစစ်ဆေး ဖယ်ရှားတာ၊ သတင်းအမှားတွေ ဖြန့်ဝေတာကို တားဆီးတာ စတဲ့ အရေးယူလှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်နေကြောင်း Facebook ကပြောပါတယ်။

ဒါအပြင် အခုချိန်ကစပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ထိ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ထိခိုက်စေတာမျိုး၊ မဲပေးမှုကို ပျက်ပြားစေတာမျိုး စတဲ့ ရည်ရွယ်ချက်တွေနဲ့ သတင်းအမှားတွေ၊ အတည်မပြုနိုင်တဲ့ ကောလဟာလ တွေကို Facebook မှာရေးသားဖြန့်ဝေမယ်ဆိုရင် ဖယ်ရှား အရေးယူသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သတင်းအမှားလို့ ဆိုတဲ့နေရာမှာလည်း စိစစ်အတည်ပြုထားတဲ့ သတင်းအမှားဖြစ်ရမယ်လို့ Facebook ကပြောပါတယ်။

ဥပမာအားဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကို ဘင်္ဂါလီဖြစ်တယ်၊ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုတဲ့ မှားယွင်းစွာ စွပ်စွဲရေးသားချက်မျိုးကို Facebook ကနေ ပိတ်ပင် ဖယ်ရှားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို မြန်မာနဲ့ ပတ်သက်လို့ Facebook ရဲ့ ကိုယ်တွယ်မှုဟာ ထိရောက်တယ်လို့ မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာဒုံ မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"တချို့သူတွေကတော့ ဆင်ခြင်သွားပါတယ်။ ကျနော်တို့ မိတ်ဆွေတွေ ကိုယ်တိုင်ပါ ပါတယ်။ တချို့ ပြင်းပြင်းထန်ထန် ရေးနေကြတာတွေရှိတယ်။ အဲတော့ Facebook ကိုသုံးချင်တယ်ဆိုရင် ဆင်ခြင်ရတာပေါ့။ တချို့ဆိုရင် သုံးရက်အပိတ်ခံရတယ်။ တလ အပိတ်ခံရတယ်။ သတိပေးခံရတယ်။ အဲတော့ နောက်ပိုင်းကျတော့ အဲဒီလူတွေရဲ့ အပြုအမူတွေ နည်းနည်းပြောင်းလာတယ်။ သိပ်ပြင်းပြင်းထန်ထန် မရေးရဲတော့ဘူး။ Facebook ဟာ ကျနော်တို့နိုင်ငံမှာ သတင်းအချက်အလက်တွေ မျှဝေတာ၊သူငယ်ချင်း အချင်းချင်း ဆက်သွယ်တာ၊ စတဲ့ နေရာတခုဖြစ်နေတာဆိုတော့ Facebook က ကျနော်တို့နိုင်ငံအတွက် မရှိမဖြစ် ဖြစ်နေတာပါ။ အဲတော့ ကျနော့်အတွေ့အကြုံအရဆိုရင် တချို့ တော်တော် ဆင်ခြင်သွားတာတွေ့ရတယ်။"

မြန်မာနိုင်ငံမှာနေထိုင်မှု အထောက်အထားအခက်အခဲကြောင့် မှတ်ပုံတင်မရပဲဖြစ်နေတာ၊ လူမျိုးရေး၊ ဘာသာရေးကွဲပြားလို့ ပြန်လည်စိစစ်မယ်ဆိုပြီး ရထားတဲ့ မှတ်ပုံတင်တွေ ပြန်အသိမ်းခံရတာ စတဲ့ ဖြစ်ရပ်တွေကြောင့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးဖို့ အခက်အခဲရှိနေချိန်မှာ အခွင့်ကောင်းယူပြီး မတူကွဲပြားတဲ့ အသိုင်းအဝိုင်းတွေကြား အမုန်းစကားတွေ၊ လုပ်ကြံသတင်းတွေ ဖြန့်ဝေခဲ့တာ တွေ့ရတယ်လို့လည်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

" ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတာက မြန်မာနိုင်ငံသားကဒ်တွေလည်း ကိုင်ထားကြတယ်။ နိုင်ငံတော်ကနေ ထုတ်ပေးတဲ့ တရားဝင်ကဒ်တွေလည်း ကိုင်ထားရဲ့သားနဲ့ ခွဲခြားဆက်ဆံတာမျိုးတွေ ဒီမှာ အများကြီး တွေ့နေရတယ်။ နောက်တခုက ကျနော်တို့ မြို့နယ်တွေမှာဆိုရင်လည်း မကြာခဏ ကြုံတွေ့နေရတာက သွေးနှော သံသယရှိတယ်ဆိုတာမျိုး၊ မိဘနှစ်ပါးလုံး နိုင်ငံသားကဒ်ရှိရဲ့သားနဲ့ ဆိုတော့ အဲဒီလို အခက်အခဲတွေရှိနေတယ်။ အဲဒီအခါမှာ သတင်းအမှားတွေကို ဖြန့်တယ်ပေါ့။ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် ပုဂ္ဂိုလ်တွေကို ကော်မရှင်ကလည်း စိစစ် အတည်ပြုပြီးသားကို Facebook ကနေ ဒီလူတွေဟာ နိုင်ငံသားမဟုတ်သူတွေကို တင်ထားပါတယ်ဆိုပြီး စွပ်စွဲရေးသားတာတွေရှိတော့ တယောက်နဲ့ တယောက် အမုန်းပွားအောင်လုပ်နေတာတွေကို ဖြေရှင်းနေတာနဲ့ပဲ ရှေ့ဆက်မသွားနိုင်ဘူး ဖြစ်နေတယ်။"

တနင်္လာနေ့က ထုတ်ပြန်တဲ့ Facebook ရဲ့ကြေညာချက်မှာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေရဲ့တရားဝင် Facebook အကောင့် စာမျက်နှာတွေကို အတည်ပြုနိုင်ရေး မိတ်ဖက်အဖွဲ့အစည်းနှစ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဖေါ်ပြထားပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေမှန်ကန်မှုရှိမရှိ စစ်ဆေးကြည့်ရှုဖို့အတွက် BOOM၊ AFP Fact Check နဲ့ Fact Crescendo စတဲ့ အဖွဲ့အစည်း သုံးဖွဲ့နဲ့ Facebook ကပူးပေါင်းဆောင်ရွက်နေတာပါ။

ဒါ့အပြင် မတ်ဆေ့ဂျာ (Messenger) ကတဆင့်ဖြန့်ဝေမှု ကန့်သတ်ချက်အသစ်ကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ Facebook ကဆိုပါတယ်။အဲဒီကန့်သတ်ချက်အရ မတ်ဆေ့ဂျာ ကတဆင့် အခြားသူတွေကို ထပ်မံသတင်းဖြန့်ဝေမယ်ဆိုရင် တကြိမ် (၅)ဦးသာ ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ မတ်ဆေ့ဂျာအသုံးပြုမှု ကန့်သတ်ချက်မျိုးကို နောက်သတင်းပတ်အနည်းငယ်အတွင်း တကမ္ဘာလုံးမှာရှိနေတဲ့ Facebook သုံးသူတွေကို ကန့်သတ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၁၇ခုနှစ်သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ဖိနှိပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံး နယ်မြေရှင်းလင်းရေးကို လူအများထောက်ခံမှုရအောင် အမုန်းပွားစေတဲ့ အကြမ်းဖက်မှုကို လှုံဆော်တဲ့ ရေးသားဖေါ်ပြချက်တွေ ဖြန့်ဝေခဲ့မှုမှာ Facebook ကုမ္ပဏီမှာ တာဝန်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးတွေက ထောက်ပြခဲ့ကြတာပါ။ ဒါနဲ့ ပတ်သက်လို့လည်း သူတို့ဘက်က တုန့်ပြန်ကိုင်တွယ်အရေးယူမှု နှေးကွေးခဲ့တယ်ဆိုတာကို Facebook က ဝန်ခံပြောကြားခဲ့ပါတယ်။

မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ အမှုစွဲတင်ထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့က Facebook ကဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်အကောင့်တွေနဲ့ ပတ်သက်လို့ အချက်အလက်တွေထုတ်ပေးဖို့ အမေရိကန် တရားရုံးက တဆင့်တောင်းဆိုချက်ကို Facebook ကုမ္ပဏီက ပယ်ချထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယန္တရားအဖွဲ့ရဲ့အလားတူ တောင်းဆိုချက်ကိုတော့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ Facebook က တုန့်ပြန်ထားပါတယ်။

XS
SM
MD
LG