သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေးအဖွဲ့ တောင်းဆိုချက်တွေပေးဖို့ Facebook ငြင်းဆို


(Zawgyi/Unicode)

Facebook ကုမ္ပဏီက မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ အထောက်အထားတွေကို ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM)ကို မပေးသေးဘူးလို့ IIMM အဖွဲ့ ရဲ့ အကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေပေါ် အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ IIMM နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ Facebook က ပြောထားပေမဲ့ အထောက်အထားတွေကို ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ IIMM အဖွဲ့ကို ဦးဆောင်သူ Nicholas Koumjian က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

IIMM က တောင်းဆိုထားတဲ့ အချက်အလက်အသေးစိတ်ကိုတော့ သူက ရိုက်တာကို မပြောပါဘူး။

ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက မြန်မာနိုင်ငံထဲ အမုန်းတရားတွေ လှုံ့ဆော်ရာမှာ Facebook က အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားရင်ဆိုင်နေရတာပါ။ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံကလည်း တရားရုံးကို တင်ပြနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အထောက်အထားတွေကို ဝါရှင်တန်ဒီစီ တရားရုံးက တဆင့် Facebook ကို တောင်းဆိုထားပါတယ်။

ဂမ်ဘီယာရဲ့တောင်းဆိုချက်ကိုလည်း Facebook ကုမ္ပဏီက လက်မခံဘဲ တရားရုံးအနေနဲ့ ဂမ်ဘီယာရဲ့လျှောက်ထားချက်ကို ပယ်ချပေးဖို့ ပြီးခဲ့တဲ့အပတ်ကပဲ တရားဝင် ပန်ကြားထားပါတယ်။ IIMM နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောထားပေမဲ့ အခုလို IIMM အကြီးအကဲ Nicholas Koumjian ရဲ့ ပြောကြားချက်အပေါ်မှာတော့ Facebook က အင်္ဂါနေ့က တစ်စုံတရာ တုန့်ပြန်ပြောကြားတာ မရှိပါဘူး။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး မြန်မာ စစ်တပ် အနေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေကို ပြန်လှန်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)







XS
SM
MD
LG