သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IIMM ရဲ႕ဘဂၤလား ပထမ ခရီးစဥ္


IIMM အႀကီးအကဲ Nicholas Koumjian

(Zawgyi/Unicode)

ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး ယႏၱရား IIMM က ပထမဆံုး အႀကိမ္ အျဖစ္နဲ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံကို သြားေရာက္ခဲ႔ၿပီး အဖြဲ႔ရဲ႕ လုပ္ငန္းတာ၀န္၊ ဒုကၡသည္ေတြရဲ႕ စိုးရိမ္မႈနဲ႔ ကုလသမဂၢ စံုစမ္းစစ္ေဆးေရး ယႏၱရားနဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးခဲ႔ၾကပါတယ္။

ႏို၀င္ဘာလ ၉ ရက္ေန႔ ကေန ၁၄ ရက္ေန႔ အထိ သြားေရာက္ခဲ႔တဲ႔ ဘဂၤလားေဒရွ္႕ ခရီးစဥ္ ကိုေတာ့ IIMM အႀကီးအကဲ Nicholas Koumjian ဦးေဆာင္ၿပီး ေကာဇ္႔ဘဇားက ဒုကၡသည္ အသိုင္းအ၀ိုင္း ကိုယ္စားလွယ္ေတြ၊ အရပ္ဘက္ လူမႈ အဖြဲ႔အစည္းေတြ၊ လူမႈ အသိုင္းအ၀ိုင္း ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခဲ႔ေၾကာင္း ေၾကညာခ်က္ ထုတ္ပါတယ္။

သက္ေသေတြရဲ႕ လံုၿခံဳေရးနဲ႔ ပုဂၢိဳလ္ေရး လံုၿခံဳမႈ ရွိေရးက ျမန္မာ ဆိုုင္ရာ ကုလသမဂၢ စံုစမ္းစစ္ေဆးေရး ယႏၱရားရဲ႕ ထိပ္တန္း ဦးစားေပး ျဖစ္တယ္ ဆိုတာ အပါအ၀င္ တျခား စိုးရိမ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီးလည္း ဒုကၡသည္ေတြရဲ႕ ကိုယ္စားလွယ္ေတြကို မစၥတာ Koumjian က ရွင္းျပခဲ႔ပါတယ္။

လူမ်ိဳး အသီးသီးက ေဘးဒဏ္သင့္သူေတြက ျမန္မာဆိုင္ရာ ကုလ စံုစမ္းေရး ယႏၱရား အတြက္ အဓိက ျဖစ္ၿပီး ေနာက္ထပ္လည္း အႀကိမ္ႀကိမ္ လာေရာက္မွာ ျဖစ္ေၾကာင္းလည္း သူက ေျပာဆိုခဲ႔ပါတယ္။ အခု စံုစမ္းေရး ယႏၱရားဟာ တရားရံုး တခုမဟုတ္ေၾကာင္း၊ ဖမ္းဆီးမႈ၊ အျပစ္ေပးမႈေတြကို အဖြဲ႔ အေနနဲ႔ ေဆာင္ရြက္ႏုိင္မွာ မဟုတ္ဘူးဆိုတာကို ရွင္းျပခဲ႔သလိုဘဲ ဒီ ျမန္မာဆုိင္ရာ စံုစမ္းစစ္ေဆးေရး ယႏၱရားရဲ႕ အဓိက လုပ္ငန္းတာ၀န္ေတြကို ရွင္းရွင္းလင္းလင္း ျဖစ္ေစဖို႔က အဓိက ရည္ရြယ္ရင္း ျဖစ္ပါတယ္လို႔လည္း IIMM ရဲ႕ အႀကီးအကဲက ေျပာဆိုခဲ႔ပါတယ္။

ျမန္မာ ဆိုင္ရာ ကုလသမဂၢရဲ႕ လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး ယႏၱရား ဖြဲ႔စည္းမႈကို ျမန္မာဘက္က လက္မခံဘူးလို႔ ပယ္ခ်ထားၿပီး ပူးေပါင္းေဆာင္ရြက္မႈ မလုပ္ဘူးလို႔လည္း ေျပာဆိုထားတာပါ။

IIMM ရဲ႕ဘဂၤလား ပထမ ခရီးစဥ္
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္


..............

IIMM ရဲ့ဘင်္ဂလား ပထမ ခရီးစဉ်

(Zawgyi/Unicode)

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်၊ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် ကိုတော့ IIMM အကြီးအကဲ Nicholas Koumjian ဦးဆောင်ပြီး ကောဇ့်ဘဇားက ဒုက္ခသည် အသိုင်းအဝိုင်း ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ လူမှု အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေညာချက် ထုတ်ပါတယ်။

သက်သေတွေရဲ့ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှု ရှိရေးက မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်တယ် ဆိုတာ အပါအဝင် တခြား စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေကို မစ္စတာ Koumjian က ရှင်းပြခဲ့ပါတယ်။

လူမျိုး အသီးသီးက ဘေးဒဏ်သင့်သူတွေက မြန်မာဆိုင်ရာ ကုလ စုံစမ်းရေး ယန္တရား အတွက် အဓိက ဖြစ်ပြီး နောက်ထပ်လည်း အကြိမ်ကြိမ် လာရောက်မှာ ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

အခု စုံစမ်းရေး ယန္တရားဟာ တရားရုံး တခုမဟုတ်ကြောင်း၊ ဖမ်းဆီးမှု၊ အပြစ်ပေးမှုတွေကို အဖွဲ့ အနေနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ရှင်းပြခဲ့သလိုဘဲ ဒီ မြန်မာဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရာုး ရဲ့ အဓိက လုပ်ငန်းတာဝန်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့က အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်လို့လည်း IIMM ရဲ့ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား ဖွဲ့စည်းမှုကို မြန်မာဘက်က လက်မခံဘူးလို့ ပယ်ချထားပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးလို့လည်း ပြောဆိုထားတာပါ။

XS
SM
MD
LG