သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အေပၚ ႏိုင္ငံတကာဖိအားေပးမႈ ထိေရာက္ေၾကာင္း ကုလေထာက္ျပ


ျမန္မာႏို္င္ငံဆိုင္ရာ ကုလ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္နဲ႔ FFM ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ ရွာေဖြေရး မစ္ရွင္းတို႔ ပူးတဲြျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြ (Geneva, 17 September 2019)

ႏိုင္ငံတကာရာဇ၀တ္က်ဴးလြန္မႈေတြ ရွိေနတယ္လို႔ စြပ္စဲြခံထားရတဲ့ ျမန္မာစစ္တပ္ အတြက္ ႏိုင္ငံတကာ ဖိအားေပးမႈဟာ အလုပ္ျဖစ္ေၾကာင္း FFM ျမန္မာႏို္င္ငံ ဆိုင္ရာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္း ဥကၠဌ Mr. Marzuki Darusman က အဂၤါေန႔က ဂ်ီနီဗာ ကုလသမဂၢမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က သူတို႔စစ္တပ္က ဘာပဲလုပ္လုပ္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ တိုင္ပင္ေျပာဆိုေၾကာင္း ေျပာဆိုခဲ့တာနဲ႔ပတ္သက္လို႔လည္း ဆိုလိုရင္းအဓိပၸါယ္ကို တိတိက်က်ရွင္းျပဖို႔ Mr.Darusaman က ေမးခြန္းထုတ္သြားပါတယ္။

စက္တင္ဘာလ (၁၇)ရက္ေန႔က ဂ်ီနီဗာ ကုလသမဂၢရံုးမွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏို္င္ငံဆိုင္ရာ လြတ္လပ္တဲ့ ကုလသမဂၢ စံုစမ္းစစ္ေဆးေရးမွဴးေတြရဲ႕ သတင္းစာရွင္းလင္းပဲြအေၾကာင္း မအင္ၾကင္းနိုင္က ဆက္လက္တင္ျပမွာပါ။

၄၁ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံ ထူးျခားခ်က္က ႏိုင္ငံတကာဥပေဒခ်ဳိး ေဖာက္မႈေတြ ရွိေနတယ္လို႔ စြပ္စဲြခံထားရတဲ့ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာဥပေဒနဲ႔အညီ တာ၀န္ရွိသူေတြကို အေရးယူႏိုင္ေရး ကုလသမဂၢက ဘာေတြ ျပင္ဆင္ေနသလဲဆိုတဲ့ အဆင့္ေတြ ထြက္လာ ခဲ့တာျဖစ္ပါတယ္။

အဂၤါေန႔က လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ေနာက္ဆံုးအစီရင္ခံစာတင္သြင္းခဲ့တဲ့ FFM ျမန္မာႏို္င္ငံ ဆိုင္ရာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္းဟာ သူတို႔ေတြ႕ရွိခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ လူမ်ဳိးတုန္း သတ္ျဖတ္ က်ဴးလြန္မႈဆိုတဲ့ အေထာက္အထားအခ်က္အလက္ေတြကို ႏိုင္ငံတကာတရားရံုးေတြက ကိုင္တြယ္စီရင္ႏိုင္ဖို႔ အမႈတည္ေဆာက္မယ့္ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ ကုလသမဂၢ စံုစမ္းစစ္ေရးယႏၱရားအဖဲြ႕ကို လဲႊဲေျပာင္း ေပးခဲ့ၿပီျဖစ္ေၾကာင္း မစ္ရွင္း ဥကၠဌ Mr. Marzuki Darusman ကေျပာခဲ့ပါတယ္။

“ျမန္မာအတြက္ ဖိအားေပးမႈဟာ အလုပ္ျဖစ္တယ္ဆိုတာ က်ေနာ္တို႔ လုပ္ျပႏိုင္ခဲ့တာဟာ အေရးႀကီးပါတယ္။ ႏိုင္ငံတကာ ဖိအားေပးမႈပါ။ အမ်ားျပည္သူသိေအာင္အဆက္မျပတ္ ခ်ျပ အစီရင္ခံတဲ့ ပံုစံဟာ အလုပ္ျဖစ္တယ္ဆိုတာပါ။ ဒါေၾကာင့္ လြတ္လပ္တဲ့ စံုစမ္းစစ္မႈေတြကေန အမ်ားျပည္သူသိေအာင္ ထုတ္ျပန္တဲ့ အစီရင္ခံစာ နည္းလမ္းဟာ အေရးပါ ထိေရာက္တဲ့ နည္းလမ္းအျဖစ္ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔လည္း စဥ္းစားသင့္တယ္လို႔ က်ေနာ္အႀကံျပဳခ်င္ပါတယ္။”

ဒါအျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာၾကားခ်က္နဲ႔ပတ္သက္လို႔ Mr. Darusman ကေမးခြန္း ထုတ္သြားပါတယ္။

“တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားတာက သူတို႔ဘာပဲ လုပ္လုပ္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ နဲ႔ေဆြးေႏြးတိုင္ပင္ေၾကာင္း ဆိုတာပါ။ အဲဒီအခ်က္က ဘာကိုဆိုလိုတာလဲ။ ပြင့္ပြင့္လင္းေမးခ်င္တာက ဒီအခ်က္နဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း သိေအာင္ လုပ္ေပးပါ။”

သူတို႔ေနာက္ဆံုးထုတ္ျပန္ခဲ့တဲ့ တပ္မေတာ္ရဲ႕ စီးပြားေရးအက်ဳိးအျမတ္ မ်ားဆိုတဲ့ အစီရင္ခံစာဟာ အေတာ္ေလးထိေရာက္ခဲ့ၿပီး ျမန္မာစစ္တပ္နဲ႔ တိုက္ရိုက္ဒါမွမဟုတ္ သြယ္၀ိုက္တဲ့နည္းနဲ႔ ဆက္စပ္ေန တဲ့ ႏိုင္ငံတကာ ကုမၸဏီတခ်ဳိ႕ရဲ႕ စာရင္းေတြကို ေဖၚျပခဲ့ၿပီးေနာက္ အဲဒီကုမၸဏီေတြဟာ သူတို႔ FFM အဖဲြ႔ကို ဆက္သြယ္တုန္႔ျပန္လာရွိခဲ့သလို၊ တခ်ဳိ႕လည္း ျမန္မာနဲ႔လုပ္ေနတဲ့ လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ၾကတယ္လို႔ အဖဲြ႔၀င္ တဦးျဖစ္တဲ့ Chris Sidoti က သတင္းစာရွင္းလင္းပဲြမွာ ေျပာပါတယ္။

“က်ေနာ္တို႔ ရခဲ့တဲ့ စစ္တပ္တြင္း အစီရင္ခံစာတခုဆိုရင္ ဘယ္ကို တင္ျပတာလဲဆိုတာကို အတည္ျပဳလို႔ မရ ႏိုင္ေပမယ့္၂၀၁၂ -၂၀၁၃ ခုႏွစ္ တႏွစ္ အတြင္း ေဒၚလာသန္း ၂၅၀ ကို တပ္မ တခုတည္း-အေနာက္တိုင္း စစ္ဌာနခ်ဳပ္ကြပ္ကဲတဲ့ တပ္မတခုတည္းကိုပဲ ေပးခဲ့တယ္လို႔ဆိုပါတယ္။ တကယ္လို႔ ဒီအစီရင္ခံစာသာ မွန္ခဲ့မယ္ဆိုရင္ ေငြပမာဏ ဘယ္ေလာက္ႀကီးမား သလဲဆိုတာေတြ႕ရမွာပါ။ ဒီေငြေတြ ဘယ္ေရာက္သြားလဲ။ ဒီေငြေတြဟာ တပ္မေတာ္ အဆင့္ျမင့္ေခါင္းေဆာင္ေတြရဲ႕ အိတ္ကပ္ေတြထဲ ေရာက္သြားတာပါ။ အနည္းအက်ဥ္းေလာက္ပဲ ေအာက္ေျခ တပ္ဖဲြ႕၀င္ေတြ ရၾကတာပါ။ ေနာက္ဒီေငြေတြကို စစ္တပ္ရဲ႕ စစ္ဆင္ေရးအတြက္ ေထာက္ပ့ံေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုစစ္္ဆင္ေရးလုပ္မွ ေငြေတြ ရတဲ့အတြက္ေၾကာင့္ပါ။”

ရခိုင္ျပည္နယ္ တခုတည္းကိုပဲၾကည့္မယ္ဆိုရင္ စစ္တပ္ဟာ နယ္ေျမရွင္းလင္းေရး လုပ္ၿပီးလူေတြကို ေမာင္းထုတ္ၿပီးေနာက္ပိုင္း စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတယ္ဆိုတာ ေတြ႕ရတယ္လို႔ Chris Sidoti ကေျပာပါတယ္။ ရြာသစ္ေတြ ထူေထာင္တာ၊ လမ္းသစ္ေတြ ေဖာက္တာ၊ စစ္တပ္ စခန္းအသစ္ေတြ တည္ေဆာက္တာ၊ ရိုဟင္ဂ်ာမဟုတ္သူေတြ အတြက္ အိမ္ေတြ ေဆာက္ေပးတာ စတာေတြဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ လူဦးေရနဲ႔ လူေနမႈပတ္၀န္းက်င္ ေျပာင္းလဲသြားဖို႔ လုပ္ေဆာင္တဲ့ အစီအစဥ္ေတြထဲက တခုျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္၊ ဖိႏွိပ္မႈေတြ ေျဖရွင္းႏိုင္ျခင္းမရွိပဲ အခ်ိန္ ၾကာေလေလ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရအေနနဲ႔ ႏိုင္ငံတကာ ရာဇ၀တ္မႈမွာ တာ၀န္ရွိသူေတြ အျဖစ္ကေန ရုန္းထြက္ႏိုင္ဖို႔ လမ္းမရွိေလ ျဖစ္လာေနေၾကာင္း Chris Sidoti က သတိေပးေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာရာဇ၀တ္မႈေတြ က်ဴးလြန္ခဲ့တဲ့ စြပ္စဲြခ်က္ေတြနဲ႔ပတ္သက္လို႔ တာ၀န္ရွိ သူေတြ အေရးယူႏိုင္ေရး FFM က ခ်ဥ္းကပ္ခဲ့တဲ့ နည္းလမ္းေတြကိုလည္း အဖဲြ႔၀င္ျဖစ္တဲ့ Radhika Coomaraswamy ကလည္း သတင္းစာရွင္းလင္းပဲြမွာ အခုလိုေျပာသြားပါတယ္။

“သူတို႔ကို က်မတို႔ တြန္းအားေပးေနတာက- တစ္- လံုၿခံဳေရးေကာင္စီအေနနဲ႔ ICC ကို အျပည့္အ၀ လႊဲေျပာင္းေပးဖို႔ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကို အတင္းအက်ပ္ ေမာင္းထုတ္ခဲ့မႈကို ICC က ကိုင္တြယ္ေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ္လို႔ လံုၿခံဳေရးေကာင္စီမွာ အဓိကအင္အားႀကီးႏိုင္ငံေတြက ICC ကိစၥကို ဆန္႔က်င္ေနဆဲျဖစ္ပါတယ္။ ဒုတိယကေတာ့- ႏိုင္ငံတကာ ခံုရံုးပံုစံမ်ဳိး ဖဲြ႕စည္းဖို႔ နည္းလမ္း တြန္းအားေပးေနတာပါ။ ဒီနည္းလမ္းကို လံုး၀ဆန႔္က်င္တာမ်ဳိး မရွိေပမဲ့ ေထာက္ခံဖို႔ လိုအပ္ေနပါတယ္။ ICJ ႏိုင္ငံတကာတရားရံုး နည္းလမ္းမွာေတာ့ ဂန္ဘီယာႏိုင္ငံက ဦးစီးၿပီး ေဆာင္ရြက္ေနပါတယ္။ ဒီကေန႔ဆိုရင္ ဂန္ဘီယာရဲ႕ တရားေရး၀န္ႀကီးကေန ျမန္မာကိစၥနဲ႔ပတ္သက္လို႔ သီးသန္႔ေဆြးေႏြးပဲြလုပ္ဖို႔ရွိပါတယ္။ ICJ ရဲ႕ လုပ္ပိုင္ခြင့္က ေလ်ာ္ေၾကးေပးမယ့္ ကိစၥကိုပဲ ကိုင္တြယ္မွာျဖစ္တယ္လို႔ပဲ ေျပာလို႔ရမွာပါ။ ICC ႏိုင္ငံတကာ ရာဇ၀တ္ခံုရံုးက ကိုင္တြယ္မယ့္ပံုစံနဲ႔ မတူပါဘူး။ ညွင္းပမ္းႏွိပ္စက္ခံရသူေတြအတြက္ ေလ်ာ္ေၾကးေငြ ေပးဖို႔ တရားရံုးက ဥပေဒနဲ႔အညီ ဆံုးျဖတ္ေပးတဲ့ပံုစံမ်ဳိး ICJ က ေဆာင္ရြက္မွာျဖစ္ပါတယ္။”

ျမန္မာကိစၥ ICJ ကိုင္တြယ္စီရင္မႈမွာ အာဆီယံႏိုင္ငံေတြအေနနဲ႔ ပူေပါင္းပါ၀င္သင့္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ယန္ဟီလီက လည္း သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။

“ျမန္မာကိစၥ ICJ ကိုလဲႊေျပာင္းတဲ့ ပံုစံဟာ အာဆီယံ ႏိုင္ငံေတြအတြက္ စံနမူနာတခုျဖစ္လာမွာပါ။ အခုကိစၥဟာ ျမန္မာတႏိုင္ငံတည္းနဲ႔ မဆိုင္ေတာ့ပဲ ေဒသတခုလံုးနဲ႔ သက္ဆိုင္လာပါတယ္။ အာဆီယံႏိုင္ငံ အေတာ္မ်ားမ်ားမွာ ရိုဟင္ဂ်ာေတြ ေရာက္ရွိေနၾကပါတယ္။ ဒီေတာ့ ျမန္မာဘက္က တာ၀န္ခံမႈ၊ တာ၀န္ယူမႈရွိလာေစဖို႔ ICJ က ကိုင္တြယ့္မယ့္ ကိစၥကို စံနမူနာအေနနဲ႔ အာဆီယံႏိုင္ငံေတြ ပူးေပါင္းပါ၀င္သင့္ပါတယ္။”

အခုလို ျမန္မာႏို္င္ငံဆိုင္ရာ ကုလ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္နဲ႔ FFM ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ ရွာေဖြေရး မစ္ရွင္းတို႔ ပူးတဲြျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြဟာ ပထမဆံုး အႀကိမ္ျဖစ္ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ႏိုင္ငံတကာ တရားစီရင္မႈကို လက္ခံမွာ မဟုတ္သလို လူ႔အခြင့္အေရးေကာင္စီက လုပ္ပိုင္ခြင့္ေပးထားတဲ့ IIMM စံုစမ္းစစ္ေဆးေရး ယႏၱရားအဖဲြ႔နဲ႔လည္း ပူးေပါင္းေဆာင္ရြက္မွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode Version

နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ် အတွက် နိုင်ငံတကာ ဖိအားပေးမှုဟာ အလုပ်ဖြစ်ကြောင်း FFM မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်း ဥက္ကဌ Mr. Marzuki Darusman က အင်္ဂါနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့စစ်တပ်က ဘာပဲလုပ်လုပ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်ပင်ပြောဆိုကြောင်း ပြောဆိုခဲ့တာနဲ့ပတ်သက်လို့လည်း ဆိုလိုရင်းအဓိပ္ပါယ်ကို တိတိကျကျရှင်းပြဖို့Mr.Darusaman က မေးခွန်းထုတ်သွားပါတယ်။

စက်တင်ဘာလ (၁၇)ရက်နေ့က ဂျီနီဗာ ကုလသမဂ္ဂရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

၄၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံ ထူးခြားချက်က နိုင်ငံတကာဥပဒေချိုး ဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့မြန်မာနိုင်ငံအတွက် နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ဘာတွေ ပြင်ဆင်နေသလဲဆိုတဲ့ အဆင့်တွေ ထွက်လာ ခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့တဲ့ FFM မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်းဟာ သူတို့တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ် ကျူးလွန်မှုဆိုတဲ့ အထောက်အထားအချက်အလက်တွေကို နိုင်ငံတကာတရားရုံးတွေက ကိုင်တွယ်စီရင်နိုင်ဖို့ အမှုတည်ဆောက်မယ့် IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ရေးယန္တရားအဖွဲ့ကို လွဲှဲပြောင်း ပေးခဲ့ပြီဖြစ်ကြောင်း မစ်ရှင်း ဥက္ကဌ Mr. Marzuki Darusman ကပြောခဲ့ပါတယ်။

“မြန်မာအတွက် ဖိအားပေးမှုဟာ အလုပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ လုပ်ပြနိုင်ခဲ့တာဟာ အရေးကြီးပါတယ်။ နိုင်ငံတကာ ဖိအားပေးမှုပါ။ အများပြည်သူသိအောင်အဆက်မပြတ် ချပြ အစီရင်ခံတဲ့ ပုံစံဟာ အလုပ်ဖြစ်တယ်ဆိုတာပါ။ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်မှုတွေကနေ အများပြည်သူသိအောင် ထုတ်ပြန်တဲ့ အစီရင်ခံစာ နည်းလမ်းဟာ အရေးပါ ထိရောက်တဲ့ နည်းလမ်းအဖြစ် လူ့အခွင့်အရေးကောင်စီအနေနဲ့လည်း စဉ်းစားသင့်တယ်လို့ ကျနော်အကြံပြုချင်ပါတယ်။”

ဒါအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်နဲ့ပတ်သက်လို့ Mr. Darusman ကမေးခွန်း ထုတ်သွားပါတယ်။

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာက သူတို့ဘာပဲ လုပ်လုပ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ဆွေးနွေးတိုင်ပင်ကြောင်း ဆိုတာပါ။ အဲဒီအချက်က ဘာကိုဆိုလိုတာလဲ။ ပွင့်ပွင့်လင်းမေးချင်တာက ဒီအချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးပါ။”

သူတို့နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ် များဆိုတဲ့ အစီရင်ခံစာဟာ အတော်လေးထိရောက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်စပ်နေ တဲ့ နိုင်ငံတကာ ကုမ္ပဏီတချို့ရဲ့ စာရင်းတွေကို ဖေါ်ပြခဲ့ပြီးနောက် အဲဒီကုမ္ပဏီတွေဟာ သူတို့ FFM အဖွဲ့ကို ဆက်သွယ်တုန့်ပြန်လာရှိခဲ့သလို၊ တချို့လည်း မြန်မာနဲ့လုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ကြတယ်လို့ အဖွဲ့ဝင် တဦးဖြစ်တဲ့ Chris Sidoti က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ရခဲ့တဲ့ စစ်တပ်တွင်း အစီရင်ခံစာတခုဆိုရင် ဘယ်ကို တင်ပြတာလဲဆိုတာကို အတည်ပြုလို့ မရ နိုင်ပေမယ့်၂၀၁၂ -၂၀၁၃ ခုနှစ် တနှစ် အတွင်း ဒေါ်လာသန်း ၂၅၀ ကို တပ်မ တခုတည်း-အနောက်တိုင်း စစ်ဌာနချုပ်ကွပ်ကဲတဲ့ တပ်မတခုတည်းကိုပဲ ပေးခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့ ဒီအစီရင်ခံစာသာ မှန်ခဲ့မယ်ဆိုရင် ငွေပမာဏ ဘယ်လောက်ကြီးမား သလဲဆိုတာတွေ့ရမှာပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဒီငွေတွေဟာ တပ်မတော် အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ အိတ်ကပ်တွေထဲ ရောက်သွားတာပါ။ အနည်းအကျဉ်းလောက်ပဲ အောက်ခြေ တပ်ဖွဲ့ဝင်တွေ ရကြတာပါ။ နောက်ဒီငွေတွေကို စစ်တပ်ရဲ့ စစ်ဆင်ရေးအတွက် ထောက်ပံ့ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုစစ်ဆင်ရေးလုပ်မှ ငွေတွေ ရတဲ့အတွက်ကြောင့်ပါ။”

ရခိုင်ပြည်နယ် တခုတည်းကိုပဲကြည့်မယ်ဆိုရင် စစ်တပ်ဟာ နယ်မြေရှင်းလင်းရေး လုပ်ပြီးလူတွေကို မောင်းထုတ်ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာ တွေ့ရတယ်လို့ Chris Sidoti ကပြောပါတယ်။ ရွာသစ်တွေ ထူထောင်တာ၊ လမ်းသစ်တွေ ဖောက်တာ၊ စစ်တပ် စခန်းအသစ်တွေ တည်ဆောက်တာ၊ ရိုဟင်ဂျာမဟုတ်သူတွေ အတွက် အိမ်တွေ ဆောက်ပေးတာ စတာတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူဦးရေနဲ့ လူနေမှုပတ်ဝန်းကျင် ပြောင်းလဲသွားဖို့ လုပ်ဆောင်တဲ့ အစီအစဉ်တွေထဲက တခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်၊ ဖိနှိပ်မှုတွေ ဖြေရှင်းနိုင်ခြင်းမရှိပဲ အချိန် ကြာလေလေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုမှာ တာဝန်ရှိသူတွေ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ လမ်းမရှိလေ ဖြစ်လာနေကြောင်း Chris Sidoti က သတိပေးပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တာဝန်ရှိ သူတွေ အရေးယူနိုင်ရေး FFM က ချဉ်းကပ်ခဲ့တဲ့ နည်းလမ်းတွေကိုလည်း အဖွဲ့ဝင်ဖြစ်တဲ့ Radhika Coomaraswamy ကလည်း သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“သူတို့ကို ကျမတို့ တွန်းအားပေးနေတာက- တစ်- လုံခြုံရေးကောင်စီအနေနဲ့ ICC ကို အပြည့်အ၀ လွှဲပြောင်းပေးဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို အတင်းအကျပ် မောင်းထုတ်ခဲ့မှုကို ICC က ကိုင်တွယ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ်လို့ လုံခြုံရေးကောင်စီမှာ အဓိကအင်အားကြီးနိုင်ငံတွေက ICC ကိစ္စကို ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ ဒုတိယကတော့- နိုင်ငံတကာ ခုံရုံးပုံစံမျိုး ဖွဲ့စည်းဖို့ နည်းလမ်း တွန်းအားပေးနေတာပါ။ ဒီနည်းလမ်းကို လုံးဝဆန့်ကျင်တာမျိုး မရှိပေမဲ့ ထောက်ခံဖို့ လိုအပ်နေပါတယ်။ ICJ နိုင်ငံတကာတရားရုံး နည်းလမ်းမှာတော့ ဂန်ဘီယာနိုင်ငံက ဦးစီးပြီး ဆောင်ရွက်နေပါတယ်။ ဒီကနေ့ဆိုရင် ဂန်ဘီယာရဲ့ တရားရေးဝန်ကြီးကနေ မြန်မာကိစ္စနဲ့ပတ်သက်လို့ သီးသန့်ဆွေးနွေးပွဲလုပ်ဖို့ရှိပါတယ်။ ICJ ရဲ့ လုပ်ပိုင်ခွင့်က လျော်ကြေးပေးမယ့် ကိစ္စကိုပဲ ကိုင်တွယ်မှာဖြစ်တယ်လို့ပဲ ပြောလို့ရမှာပါ။ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ်မယ့်ပုံစံနဲ့ မတူပါဘူး။ ညှင်းပမ်းနှိပ်စက်ခံရသူတွေအတွက် လျော်ကြေးငွေ ပေးဖို့ တရားရုံးက ဥပဒေနဲ့အညီ ဆုံးဖြတ်ပေးတဲ့ပုံစံမျိုး ICJ က ဆောင်ရွက်မှာဖြစ်ပါတယ်။”

မြန်မာကိစ္စ ICJ ကိုင်တွယ်စီရင်မှုမှာ အာဆီယံနိုင်ငံတွေအနေနဲ့ ပူပေါင်းပါဝင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“မြန်မာကိစ္စ ICJ ကိုလွဲှပြောင်းတဲ့ ပုံစံဟာ အာဆီယံ နိုင်ငံတွေအတွက် စံနမူနာတခုဖြစ်လာမှာပါ။ အခုကိစ္စဟာ မြန်မာတနိုင်ငံတည်းနဲ့ မဆိုင်တော့ပဲ ဒေသတခုလုံးနဲ့ သက်ဆိုင်လာပါတယ်။ အာဆီယံနိုင်ငံ အတော်များများမှာ ရိုဟင်ဂျာတွေ ရောက်ရှိနေကြပါတယ်။ ဒီတော့ မြန်မာဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေဖို့ ICJ က ကိုင်တွယ့်မယ့် ကိစ္စကို စံနမူနာအနေနဲ့ အာဆီယံနိုင်ငံတွေ ပူးပေါင်းပါဝင်သင့်ပါတယ်။”

အခုလို မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်းတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာ တရားစီရင်မှုကို လက်ခံမှာ မဟုတ်သလို လူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်ပေးထားတဲ့ IIMM စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG