သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအေထြေထြညီလာခံ အကဲစမ္းမႈမ်ားရင္ဆုိင္ဖုိ႔ ျမန္မာျပင္ဆင္


ကုလအေထြေထြညီလာခံ

၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံကို အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢ ဌာနခ်ဳပ္မွာ စက္တင္ဘာလ ၁၇ ရက္ေန႔ အဂၤါေန႔မွာ စတင္က်င္းပမွာပါ။ ႏုိင္ငံေတာ္ အတိုင္ပင္ခံရံုး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြ ဦးေဆာင္တဲ႔ ကိုယ္စားလွယ္ အဖြဲ႔ တက္ေရာက္မွာ ျဖစ္ၿပီး လက္ရွိ ျမန္မာႏုိင္ငံတြင္း ႀကံဳေတြ႔ေနရတဲ႔ အေျခအေန စိန္ေခၚခ်က္ေတြကို အဓိက ထားတင္ျပဖို႔ ရွိေနပါတယ္။ ဒါ႔အျပင္ ကုလသမဂၢ အေထြေထြ ညီလာခံ အတြင္း ျမန္မာ၊ ဘဂၤလားေဒရွ္႕နဲ႔ တရုတ္ႏုိင္ငံက သံအမတ္ႀကီးေတြ သီးျခားေတြ႔ဆံုၿပီး ရိုဟင္ဂ်ာ အေရး ေဆြးေႏြးၾကမယ္လို႔လည္း သတင္းေတြ ထြက္ေနပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံကို အဂၤါေန႔မွာ စတင္ေတာ့မွာပါ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ အၿပီးသတ္ မိန္႔ခြန္းကို နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာ တနလာၤေန႔မွာ ေျပာၾကားခဲ႔ပါတယ္။

“ ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ အတြက္ ညီလာခံ သဘာပတိ မစၥ Espinosa Garcés ရဲ႕ ဦးေဆာင္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ အတြက္ ေက်းဇူးတင္ပါတယ္။ သဘာပတိသစ္ အျဖစ္ တင္ေျမွာက္ခံထားရသူ ႏုိင္ဂ်ီးရီးယား ႏုိင္ငံက ပါေမာကၡ Tijjani Muhammad-Bande နဲ႔ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားပါမယ္။ ပိုၿပီး ၿငိမ္းခ်မ္းသာယာ ၾကြယ္၀တဲ႔ ကမၻာႀကီး ျဖစ္လာေရး အတူတကြ ဆက္လက္ ေဆာင္ရြက္သြားၾကပါစို႔။”

အခု ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံ ဥကၠဌ အျဖစ္ ကုလသမဂၢဆိုင္ရာ ႏုိင္ဂ်ီးရီးယား သံအမတ္ႀကီး Tijjani Muhammad-Bande က ေဆာင္ရြက္မွာပါ။ စက္တင္ဘာလ ၁၇ ရက္ေန႔ကေန စတင္မွာ ျဖစ္ၿပီး စက္တင္ဘာ ၂၄ ရက္ေန႔ကေန စက္တင္ဘာလ ၃၀ ရက္ေန႔ အထိ ႏုိင္ငံတခုခ်င္းစီက မိန္႔ခြန္းေျပာမွာပါ။ ႏုိင္ငံ အႀကီးအကဲ ၁၁၂ ဦး၊ အစိုးရ ေခါင္းေဆာင္ ၄၈ ဦး နီးပါးနဲ႔ ႏုိင္ငံျခားေရး ၀န္ႀကီး ၃၀ ေက်ာ္တို႔ တက္ေရာက္မယ့္ အထဲ အေမရိကန္ သမၼတ Donald Trump၊ အိႏၵိယ ၀န္ႀကီးခ်ဳပ္ Narandra Modi၊ ပါကစၥတန္ ၀န္ႀကီးခ်ဳပ္ Irman Khan တို႔လည္း ပါ၀င္ပါတယ္။ ျမန္မာႏုိင္ငံ ဘက္ကေတာ့ ႏုိင္ငံေတာ္ အတိုင္ပင္ခံရံုး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြဦးေဆာင္ တက္ေရာက္မွာျဖစ္ၿပီး စက္တင္ဘာလ ၂၈ ရက္ေန႔မွာ ျမန္မာက မိန္႔ခြန္းေျပာမွာပါ။

ကုလသမဂၢ အေထြေထြ ညီလာခံ အတြင္း ျမန္မာ၊ ဘဂၤလားေဒရွ္႕နဲ႔ တရုတ္ႏုိင္ငံတို႔က သံတမန္ေတြ သီးသန္႔ ေတြ႔ဆံုၿပီး ရိုဟင္ဂ်ာ အေရး ေဆြးေႏြးဖို႔ ရွိတယ္လို႔ ကုလသမဂၢ သံတမန္ သတင္းရပ္ကြက္မွာ ေျပာဆိုေနၾကပါတယ္။ တရုတ္အစိုးရဘက္က ကမကထ လုပ္တဲ႔ ဒီေဆြးေႏြးပြဲမွာေတာ့ ဘဂၤလားေဒရွ္႕က ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး စတင္ႏုိင္ဖို႔ နည္းလမ္းရွာဖို႔ ျဖစ္တယ္လို႔လည္း သံတမန္ သတင္းရင္းျမစ္ေတြက ေျပာဆိုၾကပါတယ္။၂၀၁၈ ခုႏွစ္တုန္းက ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံမွာေတာ့ အခုလို သံုးႏုိင္ငံ ေဆြးေႏြးပြဲ လုပ္ခဲ႔ပါတယ္။

ကုလသမဂၢ အေထြေထြ ညီလာခံ အတြင္း သီးသန္႔ေဆြးေႏြးပြဲေတြ လုပ္ဖို႔ စီစဥ္ေနတာေတြ ရွိေနေၾကာင္း နယူးေယာက္ ကုလသမဂၢ ဆုိင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက အတည္ျပဳေပမယ့္ အတိအက် ဘယ္သူေတြနဲ႔ ေတြ႔ဖို႔ ရွိလဲ ဆိုတာကိုေတာ့ မေျပာပါဘူး။

“ အေသးစိတ္ေတာ့ က်ေနာ္တို႔ေျပာလို႔မရေသးပါဘူး။ က်ေနာ္တို႔ ေတာင္းထားတာေတာ့ရွိပါတယ္။ က်ေန္ာတို႔ဘက္ကလည္း ေတြ႔ဆံုဖို႔ ေတာင္းထားတာေတြလည္းရွိတယ္။ က်ေနာ္တို႔လည္း စီစဥ္ေနတာေတာ့ရွိပါတယ္။ အခုေလာေလာဆည္ေတာ့ ေျပာလို႔ေတာ့ မရေသးပါဘူး။”

ဒါေပမယ့္ ရိုဟင္ဂ်ာေတြ သိန္းခ်ီ ထြက္ေျပးခဲ႔ရတဲ႔ ရခုိင္ ပဋိပကၡနဲ႔ ပတ္သက္လို႔ကေတာ့ ကုလသမဂၢ အေထြေထြ ညီလာခံ ေဆြးေႏြးခ်က္မွာ ပါရွိမွာ ျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

“ရခိုင္ကိစၥကေတာ့ က်ေနာ္တို႔ ၾကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြ အမ်ားႀကီးထဲက တခုကို ဒါကိုလည္း က်ေနာ္တို႔ အဓိက ေျပာမယ့္အထဲမွာ ပါသလို က်န္တာကေတာ့ သူ႔ေကာ္မတီအလိုက္ လုပ္ရမွာေတြ ရွိတယ္ေလ။ အထူးသျဖင့္ ရခိုင္ကိစၥဆိုရင္ လူ႔အခြင့္အေရးနဲ႔ ပတ္သက္တဲ့ တတိယ ေကာ္မတီရွိတာကို အဲဒီ တတိယေကာ္မတီထဲမွာ ႏွစ္တိုင္း တင္သြင္းေနၾက resolution အဲဒီအထဲ ျမန္မာႏိုငံ လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္တဲ့ resolution မွာ က်ေနာ္တို႔ ဒီႏွစ္လည္း ရွိလာဖို႔အလားအလာရွိပါတယ္။ ဒါေတြက်ရင္ေတာ့ သီးျခား သူ႕ကိစၥနဲ႔ ပတ္သက္တဲ့ဟာေတြ ျဖစ္လာေတာ့ ထဲထဲ၀င္၀င္ေျပာဆိုရမွာေတာ့ ရွိလာမွာေပါ့။ အခုလည္း က်ေနာ္တို႔ လူ႔အခြင့္အေရးေကာင္စီ Geneva မွာ ဒီကိစၥပဲ အဓိက ေျပာဆိုေနၾကတာကို FFM report ကိစၥတို႔ ယန္ဟီးလီ report ကိစၥတို႔ Geneva မွာေဆြးေႏြးေနတာရွိတယ္။ အဲဒါေတြ ဒီ New York ဘက္ကို ေရာက္လာမွာေလ ။ အဲဒါေတြအဆက္ က်ေနာ္တို႔ ဒီဘက္က ေကာ္မတီလိုင္း လူ႔အခြင့္အေရးကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကမယ့္အထဲမွာလည္း ဒါက သူ႔သီးျခားဘာသာရပ္အေနနဲ႔ ေျပာဆိုရမယ့္ ဟာေတြ ရွိလာမွာပါ။”

ဒါ႔အျပင္ ျမန္မာဘက္က အဓိက တင္ျပမယ့္ အေၾကာင္းအရာေတြကိုလည္း သံအမတ္ႀကီးက အခုလို ေျပာပါတယ္။

“ဒီႏွစ္ကေတာ့ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ တိုက္ရိုက္ သံုးသပ္တဲ့ summit ေတြရွိမယ္။ ပတ္၀န္းက်င္ထိန္းသိမ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာေပါ့ Climate summit ရွိမယ္။ ဒါေတြကေတာ့ အေရးႀကီးတဲ့ ဘာသာရပ္ေတြျဖစ္ေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ေျပာဆိုမယ့္ဟာေတြ က်ေနာ္တို႔ ရပ္တည္ခ်က္ေတြ ေျပာဆိုမွာေတြ ရွိမွာေပါ့ဗ်ာ အဓိကေတာ့ ဒါေပါ့။ ဆိုေတာ့ က်န္တဲ့အပိုင္းမွာေတာ့ က်ေနာ္တို႔ ႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ေလာေလာဆည္ ရင္ဆိုင္ေနရတဲ့ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈ ဆိုင္ရာ ေဆာင္ရြက္မႈေတြ ၊ ၿငိမ္းခ်မ္းေရးနဲ႔ တိုင္းရင္းသား စည္းလံုးညီညႊတ္မႈ ဆိုင္ရာေတြ ေနာက္ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြေပါ့ဗ်ာ။ ဒါေတြကို က်ေနာ္တို႔ တင္ျပဖို႔ေတြ ရွိမွာေပါ့။”

စက္တင္ဘာလ ၁၇ ရက္ေန႔ စတင္မယ့္ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြ ညီလာခံကိုေတာ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံရံုး ၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ေခါင္းေဆာင္မွာ ျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၀န္ႀကီး ဦးေက်ာ္တင္လည္း ပါ၀င္မွာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ကုလသမဂၢမွာ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ လည္းျဖစ္ ႏုိင္ငံျခားေရး ၀န္ႀကီး လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ႔ပါတယ္။

...........

(UNICODE)

ကုလအထွေထွေညီလာခံ အကဲစမ်းမှုများရင်ဆိုင်ဖို့ မြန်မာပြင်ဆင်

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ စတင်ကျင်းပမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အခြေအနေ စိန်ခေါ်ချက်တွေကို အဓိက ထားတင်ပြဖို့ ရှိနေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံက သံအမတ်ကြီးတွေ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးကြမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အင်္ဂါနေ့မှာ စတင်တော့မှာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပြီးသတ် မိန့်ခွန်းကို နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ တနလာၤနေ့မှာ ပြောကြားခဲ့ပါတယ်။

“ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွက် ညီလာခံ သဘာပတိ မစ္စ Espinosa Garcés ရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် ကျေးဇူးတင်ပါတယ်။ သဘာပတိသစ် အဖြစ် တင်မြှောက်ခံထားရသူ နိုင်ဂျီးရီးယား နိုင်ငံက ပါမောက္ခ Tijjani Muhammad-Bande နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ပိုပြီး ငြိမ်းချမ်းသာယာ ကြွယ်ဝတဲ့ ကမ္ဘာကြီး ဖြစ်လာရေး အတူတကွ ဆက်လက် ဆောင်ရွက်သွားကြပါစို့။”

အခု ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ အဖြစ် ကုလသမဂ္ဂဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်ကြီး Tijjani Muhammad-Bande က ဆောင်ရွက်မှာပါ။ စက်တင်ဘာလ ၁၇ ရက်နေ့ကနေ စတင်မှာ ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ နိုင်ငံတခုချင်းစီက မိန့်ခွန်းပြောမှာပါ။ နိုင်ငံ အကြီးအကဲ ၁၁၂ ဦး၊ အစိုးရ ခေါင်းဆောင် ၄၈ ဦး နီးပါးနဲ့ နိုင်ငံခြားရေး ဝန်ကြီး ၃၀ ကျော်တို့ တက်ရောက်မယ့် အထဲ အမေရိကန် သမ္မတ Donald Trump၊ အိန္ဒိယ ဝန်ကြီးချုပ် Narandra Modi၊ ပါကစ္စတန် ဝန်ကြီးချုပ် Irman Khan တို့လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံ ဘက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေဦးဆောင် တက်ရောက်မှာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာက မိန့်ခွန်းပြောမှာပါ။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့က သံတမန်တွေ သီးသန့် တွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးဖို့ ရှိတယ်လို့ ကုလသမဂ္ဂ သံတမန် သတင်းရပ်ကွက်မှာ ပြောဆိုနေကြပါတယ်။ တရုတ်အစိုးရဘက်က ကမကထ လုပ်တဲ့ ဒီဆွေးနွေးပွဲမှာတော့ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေး စတင်နိုင်ဖို့ နည်းလမ်းရှာဖို့ ဖြစ်တယ်လို့လည်း သံတမန် သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။၂၀၁၈ ခုနှစ်တုန်းက ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ အခုလို သုံးနိုင်ငံ ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း သီးသန့်ဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်နေတာတွေ ရှိနေကြောင်း နယူးယောက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အတည်ပြုပေမယ့် အတိအကျ ဘယ်သူတွေနဲ့ တွေ့ဖို့ ရှိလဲ ဆိုတာကိုတော့ မပြောပါဘူး။

“ အသေးစိတ်တော့ ကျနော်တို့ပြောလို့မရသေးပါဘူး။ ကျနော်တို့ တောင်းထားတာတော့ရှိပါတယ်။ ကျနေ်ာတို့ဘက်ကလည်း တွေ့ဆုံဖို့ တောင်းထားတာတွေလည်းရှိတယ်။ ကျနော်တို့လည်း စီစဉ်နေတာတော့ရှိပါတယ်။ အခုလောလောဆည်တော့ ပြောလို့တော့ မရသေးပါဘူး။”

ဒါပေမယ့် ရိုဟင်ဂျာတွေ သိန်းချီ ထွက်ပြေးခဲ့ရတဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆွေးနွေးချက်မှာ ပါရှိမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“ရခိုင်ကိစ္စကတော့ ကျနော်တို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးထဲက တခုကို ဒါကိုလည်း ကျနော်တို့ အဓိက ပြောမယ့်အထဲမှာ ပါသလို ကျန်တာကတော့ သူ့ကော်မတီအလိုက် လုပ်ရမှာတွေ ရှိတယ်လေ။ အထူးသဖြင့် ရခိုင်ကိစ္စဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ တတိယ ကော်မတီရှိတာကို အဲဒီ တတိယကော်မတီထဲမှာ နှစ်တိုင်း တင်သွင်းနေကြ resolution အဲဒီအထဲ မြန်မာနိုငံ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ resolution မှာ ကျနော်တို့ ဒီနှစ်လည်း ရှိလာဖို့အလားအလာရှိပါတယ်။ ဒါတွေကျရင်တော့ သီးခြား သူ့ကိစ္စနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်လာတော့ ထဲထဲဝင်ဝင်ပြောဆိုရမှာတော့ ရှိလာမှာပေါ့။ အခုလည်း ကျနော်တို့ လူ့အခွင့်အရေးကောင်စီ Geneva မှာ ဒီကိစ္စပဲ အဓိက ပြောဆိုနေကြတာကို FFM report ကိစ္စတို့ ယန်ဟီးလီ report ကိစ္စတို့ Geneva မှာဆွေးနွေးနေတာရှိတယ်။ အဲဒါတွေ ဒီ New York ဘက်ကို ရောက်လာမှာလေ ။ အဲဒါတွေအဆက် ကျနော်တို့ ဒီဘက်က ကော်မတီလိုင်း လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ့်အထဲမှာလည်း ဒါက သူ့သီးခြားဘာသာရပ်အနေနဲ့ ပြောဆိုရမယ့် ဟာတွေ ရှိလာမှာပါ။”

ဒါ့အပြင် မြန်မာဘက်က အဓိက တင်ပြမယ့် အကြောင်းအရာတွေကိုလည်း သံအမတ်ကြီးက အခုလို ပြောပါတယ်။

“ဒီနှစ်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တိုက်ရိုက် သုံးသပ်တဲ့ summit တွေရှိမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပေါ့ Climate summit ရှိမယ်။ ဒါတွေကတော့ အရေးကြီးတဲ့ ဘာသာရပ်တွေဖြစ်တော့ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြောဆိုမယ့်ဟာတွေ ကျနော်တို့ ရပ်တည်ချက်တွေ ပြောဆိုမှာတွေ ရှိမှာပေါ့ဗျာ အဓိကတော့ ဒါပေါ့။ ဆိုတော့ ကျန်တဲ့အပိုင်းမှာတော့ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ လောလောဆည် ရင်ဆိုင်နေရတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်မှုတွေ ၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ဆိုင်ရာတွေ နောက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေပေါ့ဗျာ။ ဒါတွေကို ကျနော်တို့ တင်ပြဖို့တွေ ရှိမှာပေါ့။”

စက်တင်ဘာလ ၁၇ ရက်နေ့ စတင်မယ့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ခေါင်းဆောင်မှာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ကုလသမဂ္ဂမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG