သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္ေရးလႈပ္ရွားသူေတြ Yanghee Lee နဲ႔ေတြ႔ဆံု


ကုလ လူ႔အခြင့္အေရးဆုိင္ရာ အထူးစုံစမ္းေရးမွဴး Yanghee Lee ႏွင့္ ဂ်နီဗာတြင္ ေတြ႔ဆုံေနသည့္ ေမာင္ေဆာင္းခ။ (ဓာတ္ပုံ -Athan Facebook, စက္တင္ဘာ ၁၅၊ ၂၀၁၉)

ဂ်နီဗာမွာက်င္းပေနတဲ့ ၄၂ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ျမန္မာႏုိင္ငံအေပၚ ထိေရာက္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အစီရင္ခံစာ ကိုယ္တိုင္တင္သြင္းမယ့္သူေတြနဲ ႔ေတြ႔ဆုံၿပီး တိုက္တြန္း ေဆြးေႏြးခဲ့တာေတြရွိေၾကာင္း၊ ဂ်နီဗာကိုေရာက္ေနတဲ့ ျမန္မာ့လူ႔အခြင့္အေရး တက္ၾကြလႈပ္႐ွားသူေတြက VOA ကိုေျပာပါတယ္။ NLD အစိုးရ တက္လာၿပီးေနာက္ လြတ္လပ္မႈတခ်ဳိ႕ ရလာတာမွန္ေပမယ့္ အခုခ်ိန္ထိ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတာေတြ ဆက္ရွိေနေသးတယ္လို႔ ေထာက္ျပၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

ဆြစ္ဇာလန္ႏို္င္ငံ ဂ်နီဗာၿမဳိ႕မွာ စက္တင္ဘာ ၉ ရက္ကေန ၂၇ ရက္ေန႔ထိ က်င္းပေနတဲ့ ၄၂ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ညီလာခံအတြင္း စက္တင္ဘာ ၁၆ ရက္ တနလၤာညေနပိုင္းက်ရင္ ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ အထူးစုံစမ္းေရးမွဴး Yanghee Lee က ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ အစီရင္ခံစာကို တင္သြင္းမွာျဖစ္ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ထိေရာက္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ေရးအတြက္ Yanghee Lee နဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့တယ္လို႔ ဂ်နီဗာကိုေရာက္ေနတဲ့ လူ႔အခြင့္အေရးလႈပ္ရွားသူ အသံ NGO အဖြဲ႔ အမႈေဆာင္ဒါ႐ိုက္တာ ေမာင္ေဆာင္းခက VOA ကို ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ Yanghee Lee နဲ႔ ေတြ႔တဲ့အခ်ိန္မွာ က်ေနာ္ အဓိကထား ေျပာျဖစ္တာက ျမန္မာႏုိင္ငံမွာရွိေနတဲ့ ဥပေဒေတြ ျပဳျပင္ေျပာင္းလဲေရးကိုေတာ့ အဓိကထား ေဆြးေႏြးခဲ့တယ္။ အထူးသျဖင့္ ႏုိင္ငံသားမ်ား၏ ပုဂၢိဳလ္ဆုိင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒကုိ လက္ရွိအစုိးရနဲ႔ တပ္မေတာ္က အမ်ားအျပား သုံးလာၿပီး တရားစြဲဆုိမႈေတြ ျမင့္တက္လာတယ္ ဆုိတဲ့ဟာကို ေထာက္ျပခဲ့တယ္။ ဒီဥပေဒကို အျမန္ဆုံး ျပင္ဆင္တဲ့လမ္းေၾကာင္းေပၚ ေရာက္လာေအာင္ တုိက္တြန္းခဲ့တာရွိတယ္။ တပ္မေတာ္ရဲ႕ တရားစြဲဆုိမႈေတြ၊ ေနာက္တခုက ရခုိင္မွာ တပ္မေတာ္ရဲ႕ အရပ္သားေတြအေပၚမွာ တရားလက္လြတ္ ဖမ္းဆီးမႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာရွိတယ္။ အထူးသျဖင့္ေတာ့ Facebook ကေနၿပီးေတာ့ လတ္တေလာမွာ Hate Speech ေျပာဆုိေနတဲ့အေကာင့္ေတြ ပိတ္သိမ္းခဲ့တာေတြရွိတယ္။ သူတို႔ Hate Speech လို႔ေျပာၿပီးေတာ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ကို ကန္႔သတ္တာမ်ဳိး ျဖစ္လာမွာကို က်ေနာ္တုိ႔ စုိးရိမ္တယ္ဆုိတဲ့အေၾကာင္းေတြ ေျပာတယ္။”

ျမန္မာႏိုင္ငံ တုိင္းရင္းသားေဒသေတြမွာ အစိုးရတပ္ေတြရဲ႕ထုိးစစ္ေၾကာင့္ ေဒသခံေတြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရတဲ့ အေျခအေနမ်ဳိး ေရာက္လာတာေၾကာင့္ ဒါကို တာဝန္ရွိသူေတြအေနနဲ႔ ထိန္းခ်ဳပ္ဖို႔လိုတယ္ဆိုတာ လူ႔အခြင့္အေရးေကာင္စီကို တင္ျပလိုေၾကာင္း ေျပာလာသူက ကခ်င္လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ ေဒၚနန္ပူ ျဖစ္ပါတယ္။

“UN လူ႔အခြင့္အေရးေကာင္စီကုိ တုိက္တြန္းလိုတဲ့ အခ်က္ကေတာ့ အခုအခ်ိန္မွာ က်မတို႔ ကခ်င္ေဒသနဲ႔ ရွမ္းေျမာက္မွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ျခင္းခံရတဲ့ အေျခအေနေတြ ရပ္တန္႔ဖုိ႔အတြက္ျဖစ္တယ္။ ၿပီးေတာ့ အခု ရွမ္းေျမာက္မွာဆုိလုိ႔ရွိရင္ စစ္ပြဲေၾကာင့္ ပိတ္မိေနတဲ့ အျပစ္မဲ့တဲ့ျပည္သူေတြ၊ အမ်ဳိးသမီးနဲ႔ ကေလးေတြ၊ စစ္လက္နက္ႀကီးေတြ၊ ေလယာဥ္နဲ႔ႀကဲလို႔ ဒဏ္ရာရၿပီး ေသဆုံးတဲ့လူေတြရွိတယ္။ ၿပီးေတာ့ အမ်ဳိးသမီးေတြ လိင္ပိုင္းဆုိရာ အၾကမ္းဖက္ၿပီး သတ္ျဖတ္ျခင္းခံရတယ္ဆုိတဲ့ အေျခအေနေတြေပါ့ေနာ္။ ဒါေတြက က်မတုိ႔ ဆက္တုိက္ျဖစ္ေနတယ္။

“ေနာက္တခုကေတာ့ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အမ်ဳိးသမီး အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ကာကြယ္တဲ့လူေတြကုိ ၿခိမ္းေျခာက္တာေတြ၊ ဖမ္းဆီး အေရးယူတာေတြ၊ တရားစြဲတာေတြကို ရပ္တန္႔ဖုိ႔အတြက္ က်မတို႔ ေတာင္းဆုိလုိတယ္။ ေနာက္တခုကေတာ့ စစ္ပြဲေတြ ရပ္ၿပီးေတာ့မွ အျမန္ဆုံး ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ဖုိ႔အတြက္ လုိအပ္တယ္။”

ေဒၚနန္ပူဟာ ပိတ္မိေနတဲ့ ကခ်င္စစ္ေဘးဒုကၡသည္အေရးကို ကူညီေဆာင္ရြက္ရင္း ၂၀၁၈ မတ္လထဲ အဖမ္းခံရၿပီး ၄ လအၾကာမွာ ျပန္လြတ္လာသူ ျဖစ္ပါတယ္။

NLD အစိုးရလက္ထက္မွာ လြတ္လပ္မႈတခ်ဳိ႕ ရလာတာမွန္ေပမယ့္ အခုခ်ိန္ထိ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရတာေတြ ဆက္ရွိေနေသးတဲ့အတြက္ ဒါေတြကို ထိန္းေၾကာင္းျပဳျပင္ႏုိင္ရင္ အေျခအေနေတြ တိုးတက္လာႏိုင္တယ္လို႔ ေမာင္ေဆာင္းခက ေထာက္ျပပါတယ္။

“ဒီ NLD အစိုးရလက္ထက္မွာမွ ျပ႒ာန္းလုိက္တဲ့ ႏုိင္လြတ္လုံလုိ ဟာမ်ဳိးဆုိရင္လည္း တရားစြဲဆုိမႈေတြမွာ အခုဆုိရင္ ၂၈ မႈအထိ ရွိလာတာကို က်ေနာ္တုိ႔ ေတြ႔ရတယ္။ ၿငိမ္းစုစီကုိလည္း က်ေနာ္တို႔က ပိုၿပီးေကာင္းမြန္တဲ့ အေျခအေနေရာက္ေအာင္ မျပင္လာႏုိင္ဘူး။ အခုလက္ရွိ ေမာ္ကြန္းဥပေဒၾကမ္းလိုဟာမ်ဳိးကလည္း လူေတြရဲ႕ သတင္းရယူပုိင္ခြင့္ကို ခ်ဳိးေဖာက္ေနတာ ေတြ႔ရျပန္တယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ကို ကန္႔သတ္ခ်ဳိးေဖာက္ေနတဲ့ ဥပေဒေတြကို ျပင္ဖို႔လိုအပ္တယ္။ ေနာက္တခုကက်ေတာ့ အျခားေသာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ ျဖစ္စဥ္ေတြမွာ ပါဝင္ပတ္သက္ေနတဲ့သူေတြကုိ ၾကပ္မတ္ထိန္းေက်ာင္းၿပီးေတာ့ အေရးယူေဆာင္ရြက္တာမ်ဳိးေတြ၊ ကုိယ္ကုိယ္တုိင္ကလည္း ဆင္ျခင္တာမ်ဳိးေတြ လုပ္ႏုိင္မယ္ဆုိရင္ေတာ့ ျမန္မာျပည္ရဲ႕ လူ႔အခြင့္အေရး အေျခအေနဟာ ပိုမိုၿပီး တုိးတက္လာႏုိင္မယ့္ အလားအလာမွာ ရွိပါတယ္ဗ်။”

၄၂ ႀကိမ္ေျမာက္ ကုလလူ႔အခြင့္အေရး ညီလာခံမွာ အဓိကထား ေဆြးေႏြးေနတာက လူ႔အခြင့္အေရးကို ဘယ္လိုကာကြယ္ျမႇင့္တင္ၾကမလဲ ဆိုတာနဲ႔ ျပည္သူလူထုရပိုင္ခြင့္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနဲ႔ ယဥ္ေက်းမႈအခြင့္အေရး၊ လြတ္လပ္စြာ ဖြံ႔ၿဖဳိးတိုးတက္ခြင့္ စတဲ့အေၾကာင္း အရာေတြ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခေနကိုေတာ့ စက္တင္ဘာ ၁၆-၁၇ ႏွစ္ရက္အတြင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Yanghee Lee ေရာ၊ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအခ်က္အလက္ ရွာေဖြေရးအဖြဲ႔ FFM တို႔ကပါ အစီရင္ခံစာေတြ တင္သြင္းၾကမွာ ျဖစ္ၿပီး ေနာက္ပိုင္းမွာ ႏိုင္ငံတကာ ကုိယ္စားလွယ္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို ရွင္းလင္းေျဖၾကားၾကမွာ ျဖစ္ပါတယ္။

-----------------------

[Unicode Version]

မြန်မာ့လူ့အခွင့်ရေးလှုပ်ရှားသူတွေ Yanghee Lee နဲ့တွေ့ဆုံ

ဂျနီဗာမှာကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာ ကိုယ်တိုင်တင်သွင်းမယ့်သူတွေနဲ့တွေ့ဆုံပြီး တိုက်တွန်း ဆွေးနွေးခဲ့တာတွေရှိကြောင်း၊ ဂျနီဗာကိုရောက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက VOA ကိုပြောပါတယ်။ NLD အစိုးရ တက်လာပြီးနောက် လွတ်လပ်မှုတချို့ ရလာတာမှန်ပေမယ့် အခုချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ဆက်ရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စက်တင်ဘာ ၉ ရက်ကနေ ၂၇ ရက်နေ့ထိ ကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း စက်တင်ဘာ ၁၆ ရက် တနင်္လာညနေပိုင်းကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Yanghee Lee က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို တင်သွင်းမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေးအတွက် Yanghee Lee နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဂျနီဗာကိုရောက်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အသံ NGO အဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက VOA ကို ရှင်းပြပါတယ်။

“ကျနော်တို့ Yanghee Lee နဲ့ တွေ့တဲ့အချိန်မှာ ကျနော် အဓိကထား ပြောဖြစ်တာက မြန်မာနိုင်ငံမှာရှိနေတဲ့ ဥပဒေတွေ ပြုပြင်ပြောင်းလဲရေးကိုတော့ အဓိကထား ဆွေးနွေးခဲ့တယ်။ အထူးသဖြင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို လက်ရှိအစိုးရနဲ့ တပ်မတော်က အများအပြား သုံးလာပြီး တရားစွဲဆိုမှုတွေ မြင့်တက်လာတယ် ဆိုတဲ့ဟာကို ထောက်ပြခဲ့တယ်။ ဒီဥပဒေကို အမြန်ဆုံး ပြင်ဆင်တဲ့လမ်းကြောင်းပေါ် ရောက်လာအောင် တိုက်တွန်းခဲ့တာရှိတယ်။ တပ်မတော်ရဲ့ တရားစွဲဆိုမှုတွေ၊ နောက်တခုက ရခိုင်မှာ တပ်မတော်ရဲ့ အရပ်သားတွေအပေါ်မှာ တရားလက်လွတ် ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိတယ်။ အထူးသဖြင့်တော့ Facebook ကနေပြီးတော့ လတ်တလောမှာ Hate Speech ပြောဆိုနေတဲ့အကောင့်တွေ ပိတ်သိမ်းခဲ့တာတွေရှိတယ်။ သူတို့ Hate Speech လို့ပြောပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တာမျိုး ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်ဆိုတဲ့အကြောင်းတွေ ပြောတယ်။”

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေရဲ့ထိုးစစ်ကြောင့် ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေမျိုး ရောက်လာတာကြောင့် ဒါကို တာဝန်ရှိသူတွေအနေနဲ့ ထိန်းချုပ်ဖို့လိုတယ်ဆိုတာ လူ့အခွင့်အရေးကောင်စီကို တင်ပြလိုကြောင်း ပြောလာသူက ကချင်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ဖြစ်ပါတယ်။

“UN လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းလိုတဲ့ အချက်ကတော့ အခုအချိန်မှာ ကျမတို့ ကချင်ဒေသနဲ့ ရှမ်းမြောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက်ဖြစ်တယ်။ ပြီးတော့ အခု ရှမ်းမြောက်မှာဆိုလို့ရှိရင် စစ်ပွဲကြောင့် ပိတ်မိနေတဲ့ အပြစ်မဲ့တဲ့ပြည်သူတွေ၊ အမျိုးသမီးနဲ့ ကလေးတွေ၊ စစ်လက်နက်ကြီးတွေ၊ လေယာဉ်နဲ့ကြဲလို့ ဒဏ်ရာရပြီး သေဆုံးတဲ့လူတွေရှိတယ်။ ပြီးတော့ အမျိုးသမီးတွေ လိင်ပိုင်းဆိုရာ အကြမ်းဖက်ပြီး သတ်ဖြတ်ခြင်းခံရတယ်ဆိုတဲ့ အခြေအနေတွေပေါ့နော်။ ဒါတွေက ကျမတို့ ဆက်တိုက်ဖြစ်နေတယ်။

“နောက်တခုကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်တဲ့လူတွေကို ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီး အရေးယူတာတွေ၊ တရားစွဲတာတွေကို ရပ်တန့်ဖို့အတွက် ကျမတို့ တောင်းဆိုလိုတယ်။ နောက်တခုကတော့ စစ်ပွဲတွေ ရပ်ပြီးတော့မှ အမြန်ဆုံး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် လိုအပ်တယ်။”

ဒေါ်နန်ပူဟာ ပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်အရေးကို ကူညီဆောင်ရွက်ရင်း ၂၀၁၈ မတ်လထဲ အဖမ်းခံရပြီး ၄ လအကြာမှာ ပြန်လွတ်လာသူ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ လွတ်လပ်မှုတချို့ ရလာတာမှန်ပေမယ့် အခုချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆက်ရှိနေသေးတဲ့အတွက် ဒါတွေကို ထိန်းကြောင်းပြုပြင်နိုင်ရင် အခြေအနေတွေ တိုးတက်လာနိုင်တယ်လို့ မောင်ဆောင်းခက ထောက်ပြပါတယ်။

“ဒီ NLD အစိုးရလက်ထက်မှာမှ ပြဋ္ဌာန်းလိုက်တဲ့ နိုင်လွတ်လုံလို ဟာမျိုးဆိုရင်လည်း တရားစွဲဆိုမှုတွေမှာ အခုဆိုရင် ၂၈ မှုအထိ ရှိလာတာကို ကျနော်တို့ တွေ့ရတယ်။ ငြိမ်းစုစီကိုလည်း ကျနော်တို့က ပိုပြီးကောင်းမွန်တဲ့ အခြေအနေရောက်အောင် မပြင်လာနိုင်ဘူး။ အခုလက်ရှိ မော်ကွန်းဥပဒေကြမ်းလိုဟာမျိုးကလည်း လူတွေရဲ့ သတင်းရယူပိုင်ခွင့်ကို ချိုးဖောက်နေတာ တွေ့ရပြန်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချိုးဖောက်နေတဲ့ ဥပဒေတွေကို ပြင်ဖို့လိုအပ်တယ်။ နောက်တခုကကျတော့ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ကြပ်မတ်ထိန်းကျောင်းပြီးတော့ အရေးယူဆောင်ရွက်တာမျိုးတွေ၊ ကိုယ်ကိုယ်တိုင်ကလည်း ဆင်ခြင်တာမျိုးတွေ လုပ်နိုင်မယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ပိုမိုပြီး တိုးတက်လာနိုင်မယ့် အလားအလာမှာ ရှိပါတယ်ဗျ။”

၄၂ ကြိမ်မြောက် ကုလလူ့အခွင့်အရေး ညီလာခံမှာ အဓိကထား ဆွေးနွေးနေတာက လူ့အခွင့်အရေးကို ဘယ်လိုကာကွယ်မြှင့်တင်ကြမလဲ ဆိုတာနဲ့ ပြည်သူလူထုရပိုင်ခွင့်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး၊ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ခွင့် စတဲ့အကြောင်း အရာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေနေကိုတော့ စက်တင်ဘာ ၁၆-၁၇ နှစ်ရက်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရော၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ FFM တို့ကပါ အစီရင်ခံစာတွေ တင်သွင်းကြမှာ ဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို ရှင်းလင်းဖြေကြားကြမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG