သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ဖမ်းဆီး နှိပ်စက်မှုတွေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေ ဝေဖန်


 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee (ဂျူလိုင်၊ ၁၈၊ ၂၀၁၉)
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee (ဂျူလိုင်၊ ၁၈၊ ၂၀၁၉)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ချိန်ကစလို့ အစိုးရစစ်တပ်က ပြင်ပနဲ့ အဆက်အဆံဖြတ်တောက်ပြီး ထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အဲဒီလို ထိန်းသိမ်းထားစဉ်မှာ သေဆုံးခဲ့တာတွေနဲ့ ပတ်သတ်လို့ အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အဲဒီလိုအဆက်အဆံဖြတ်တောက်ပြီး ဖမ်းဆီးတာတွေကို အဆုံးသတ်ပြီး ဖမ်းဆီးခံရသူတွေအနေနဲ့ ရှေ့နေငှားပြီး ခုခံပိုင်ခွင့်စတဲ့ တရားမျှတစွာ အမှု ရင်ဆိုင်နိုင်ရေးအခြေအနေတွေ ရှိရမယ်လို့လည်း သူတို့က ပြောပါတယ်။

ဖမ်းဆီးထားစဉ်မှာ ညှဉ်းပန်းခံရမှု၊ လူမဆန်စွာဆက်ဆံမှုတွေနဲ့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ ဆက်စပ်ပြီး အတင်းအကြပ် ဝန်ခံခိုင်းတာတွေပတ်သတ်လို့ ယုံကြည်ရလောက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိရမှာ ဖြစ်တယ်လို့လည်း ကုလကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။ AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေထဲက ၁၅ ဦးထက်မနည်း သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်အခုလို ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သတ်လို့ စိုးရိမ်ကြောင်း ကုလကျွမ်းကျင်သူတွေက ပြောကြားခဲ့တာပါ။

သြဂုတ်လ ၈ ရက်ကနေ ၂၁ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်အောင်ထွန်းဆိုသူဟာ အစိုးရစစ်သားတွေက သူ့ကို လျှပ်စစ်ဓါတ်အားနဲ့ တို့ပြီး စစ်မေးခဲ့တာကြောင့် AA နဲ့ ဆက်စပ်မှုရှိပါတယ်လို့ ဝန်ခံပြောကြားခဲ့တယ်ဆိုတဲ့ ပြောကြားချက်ကို ကုလကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ နိုင်အောင်ထွန်းရဲ့ အဖေက သူ့သားရဲ့ မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပြီး ရင်ဘတ်နဲ့ နောက်ကျောက နာကျင်နေသလို အစားအသောက်လည်း ဝါးမရကြောင်း ပြောပါတယ်။

အာဏာပိုင်တွေက သူ့ကို ၃ ရက်ကြာ ဆေးကုပေးပေမယ့်လည်း ခုအခါမှာ သူ့ကို ပြန်လည်ဖမ်းဆီးထားပြီး တရားစွဲဆိုထားကြောင်း သြဂုတ်လ ၂၂ ရက်နေ့မှာ နိုင်အောင်ထွန်းကို သွားရောက်တွေ့ဆုံခဲ့တဲ့ အဖေဖြစ်သူကပြောပါတယ်။ အလားတူ ဖမ်းဆီးမှုတွေ ရှိခဲ့ကြောင်းလည်း ဒီထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စယန်ဟီလီး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ Agnes Callamard နဲ့ မစ္စ Nils Melzer တို့ရဲ့ အစီရင်ခံစာတွေအပေါ် စုစည်းပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG