သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့ ျမန္မာစစ္တပ္ကို အေရးယူဖို႔ ယန္ဟီလီ တိုက္တြန္း


လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ အစီရင္ခံစာ တင္သြင္းေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူကိုယ္စားလွယ္ ယန္ဟီလီ

ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ ႏိုင္ငံတကာဥပေဒခ်ဳိးေဖာက္မႈေတြကို အေရးယူ အျပစ္ေပးႏိုင္မွသာ တိုင္းရင္းသား လူနည္းစုေတြ အေပၚ စစ္တပ္ရဲ႕ညွင္းပမ္းႏွိပ္စက္မႈေတြကို အဆံုးသတ္ေစမွာျဖစ္ၿပီး ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အစီအစဥ္ ေအာင္ျမင္ဖို႔ ေသာ့ခ်က္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူကိုယ္စားလွယ္ ယန္ဟီလီက ေျပာၾကားလိုက္ပါတယ္။

ဂ်ီနီဗာ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ တနလၤာေန႔က တင္သြင္းတဲ့ ယန္ဟီလီရဲ႕ အစီရင္ခံစာဟာ ဘက္လိုက္မႈရွိတဲ့အတြက္ ျမန္မာဘက္က ကန္႔ကြက္ေၾကာင္း ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္က တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

စက္တင္ဘာလ ၉-၂၇ ရက္ေန႔ထိ က်င္းပေနတဲ့ (၄၂)ႀကိမ္ေျမာက္ ဂ်ီနီဗာ လူ႔အခြင့္အေရး ေကာင္စီညီလာခံမွာ တနလၤာေန႔က ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ယန္ဟီလီက သူရဲ႕ အစီရင္ခံစာကို တင္သြင္းခဲ့တာပါ။

ႏိုင္ငံတကာ ဥပေဒကို ျမန္မာက ဆက္လက္ၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ခ်ဳိးေဖာက္ေနတဲ့အျပင္ ရခိုင္နဲ႕ ခ်င္းျပည္နယ္ ေတာင္ပိုင္းမွာ တိုင္းရင္းသားလူနည္းစုေတြကို အလြန္ ရက္စက္တဲ့ နည္းလမ္းေတြသံုးၿပီး ဖိႏွိပ္မႈေတြ ရွိေနတယ္ဆိုတာကို အခ်က္အလက္အေထာက္အထားေတြနဲ႔ ယန္ဟီလီက ညီလာခံမွာ ၁၅ မိနစ္နီးပါးၾကာ တင္ျပခဲ့ပါတယ္။

ဒီႏွစ္ အစီရင္ခံစာဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျမန္မာစစ္ တပ္ရဲ႕နယ္ေျမရွင္းလင္း ေရးေၾကာင့္ ရိုဟင္ဂ်ာ မြတ္စလင္ ၇၀၀,၀၀၀ ေက်ာ္ ထြက္ေျပးခဲ့ရတဲ့ ျဖစ္ရပ္ ၂ နွစ္အၾကာ မွာျဖစ္ေပမယ့္ ဘဂၤလားေဒ့ရွ္မွာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အေျခအေနအဟာ အႏၱရာယ္ အလြန္ရွိေနေၾကာင္း ယန္ဟီလီက အခုလို တင္ျပခဲ့ပါတယ္။

“အၾကမ္းဖက္မႈနဲ႔ မတရားႏွိပ္ကြတ္မႈ စနစ္ကို ဖ်က္သိမ္းဖို႔ ျမန္မာက ဘာမွေဆာင္ရြက္တာ မ်ဳိး မရွိပါဘူး။ ရခိုင္ျပည္နယ္မွာ က်န္ေနတဲ့ ရိုဟင္ဂ်ာေတြအတြက္လည္း ၂၀၁၇ခုနွစ္ ၾသဂုတ္လမွာ အၾကမ္းဖက္ဖိႏွိပ္မႈေတြ မတိုင္ခင္ရွိခဲ့တဲ့ အေျခအေနအတိုင္း ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ ႏိုင္ငံသားျဖစ္ခြင့္ ျငင္းပယ္ခံရတာ အျပင္ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖဲြ႕ ၾကား ျဖစ္ေနတဲ့ တိုက္ပဲြအေျခအေနေတြ အပါအ၀င္ ပံုမွန္ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြကို ရိုဟင္ဂ်ာေတြ ရင္ဆိုင္ေနရပါတယ္။”

ရခိုင္၊ ခ်င္းျပည္နယ္ေတာင္ပိုင္းနဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔ေတြၾကား တိုက္ပဲြေတြျဖစ္ေနရာမွာ စစ္တပ္က လက္နက္ႀကီးေတြ သံုးၿပီး ပစ္ခတ္တာ၊ ရဟတ္ယာဥ္သံုး တိုက္ခိုက္တာေတြေၾကာင့္ အရပ္သားအေတာ္မ်ားမ်ား ေသဆံုးခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာ စစ္ေဘးဒုကၡသည္ေတြအျဖစ္ ထြက္ေျပးခဲ့ရတယ္လို႔ ယန္ဟီလီက အစီရင္ခံ တင္ျပသြားပါတယ္။ အထူးသျဖင့္ ဒုကၡသည္ေတြလိုအပ္ေနတဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြကို စစ္တပ္က ပိတ္ပင္မႈဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ဳိးေဖာက္တာျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

“ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူအျပစ္ေပးႏိုင္ေရး တႏိုင္ငံလံုးအတိုင္းအတာနဲ႔ အေရးႀကီးတယ္လို႔ က်မ ယံုၾကည္ပါတယ္။ ဒါအျပင္ ဌာေနျပန္ေရးအစီအစဥ္ ေအာင္ျမင္ဖို႔ အဓိကေသာ့ခ်က္လည္း ျဖစ္ပါတယ္။ တိုင္းရင္းသားလူနည္းစုေတြကို ျမန္မာစစ္တပ္က ညွဥ္းပမ္းႏွိပ္စက္မႈေတြကိုလည္း အဆံုးသတ္ ေစမွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ကို ရိုဟင္ဂ်ာေတြ လံုၿခံဳစိတ္ခ်စြာ ျပန္ႏိုင္ေရးအတြက္လည္း ျဖစ္ႏိုင္မွာပါ။”

ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကေတာ့ ယန္ဟီလီရဲ႕ အစီရင္ခံစာဟာ ဘက္လိုက္မႈရွိၿပီး ေစတနာမမွန္တဲ့အျပင္ ဓမၼဓိဌာန္မက်တဲ့အတြက္ ကန္႔ကြက္ေၾကာင္း လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ေျပာသြားပါတယ္။ ဒါအျပင္ ဘယ္လို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမဆို ျမန္မာအစိုးရအေနနဲ႔ သီးခံမွာမဟုတ္ပဲ အေရးယူသြားမွာျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အခုလိုေျပာပါတယ္။

“ဘယ္လို လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ မဆို၊ အထူးသျဖင့္ ကေလးေတြ၊ အမ်ဳိးသမီးေတြနဲ႔ အကာအကြယ္မဲ့ဲတဲ့သူေတြအေပၚ ဘယ္လို အၾကမ္းဖက္မႈမ်ဳိးမဆို ျမန္မာအစိုးရက လံုး၀သည္းခံမွာ မဟုတ္ပါဘူး။”

ဥေရာပသမဂၢက ကိုယ္စားလွယ္ကေတာ့ ျမန္မာနဲ႔ ပတ္သက္လို႔ ျပတ္ျပတ္သားသား ဖိအားေပးေျပာဆိုသြားတာပါ။ ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာဥပေဒ ခ်ဳိးေဖာက္တဲ့ ျပစ္မႈက်ဴးလြန္သူေတြကို ဥပေဒနဲ႔ အညီ အေရးယူအျပစ္ေပးႏိုင္ေရး အေရးတႀကီးလိုအပ္ေနၿပီး ဒီအတြက္ လံုၿခံဳေရးေကာင္စီအေနနဲ႔ ျမန္မာကိစၥကို ICC ႏိုင္ငံတကာရာဇ၀တ္ခံုရံုးကို လဲႊေျပာင္းေပးဖို႔ ဥေရာပသမဂၢ ကိုယ္စားလွယ္က အခုလို ျပင္းျပင္းထန္ထန္ တိုက္တြန္းသြားပါတယ္။

“လံုၿခံဳေရးေကာင္စီက တာ၀န္ရွိသူေတြအေနနဲ႔ ျမန္မာကိစၥကို ICC ရာဇ၀တ္ခံုရံုးကို လဲႊေျပာင္းေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုပါတယ္။ ဒါ့အျပင္ ျမန္မာအစိုးရအေနနဲ႔လည္း ႏိုင္ငံတကာ တရားစီရင္မႈကို လက္သင့္ခံတဲ့ အေနနဲ႕ ICC ခံုရံုးဖဲြ႕စည္းဖို႔ သေဘာတူညီခ်က္ျဖစ္တဲ့ Rome Statue မွာ အဖဲြ႔၀င္ အျဖစ္ပါ၀င္လက္မွတ္ေရးထိုးဖို႔လည္း ဥေရာပသမဂၢအေနနဲ႔ ထပ္မံ တိုက္တြန္းပါတယ္။”

ဒါအျပင္ ICC အေနနဲ႔ ျမန္မာကိစၥကို ႏိုင္ငံတကာဥပေဒ လုပ္ထံုးလုပ္နည္းနဲ႕အညီ စတင္ကိုင္တြယ္ေနတာကို ဥေရာပသမဂၢအေနနဲ႔ အေလးအနက္ ေထာက္ခံေၾကာင္း ဥေရာပသမဂၢ ကိုယ္္စားလွယ္က ေျပာသြားပါတယ္။ IIMM ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢစံုစမ္းစစ္ေဆးေရးယႏၱရား အဖဲြ႔ လုပ္ငန္းစဥ္ ကိုလည္း ဥေရာပသမဂၢက ေထာက္ခံေၾကာင္း လည္း သူကဆိုပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ကုလသမဂၢ အထူးကုိယ္စားလွယ္နဲ႔ ျပန္လည္ ပူးေပါင္းေဆာင္ရြက္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံတြင္း ၀င္ေရာက္ စစ္ေဆးခြင့္ ေပးဖို႔လည္း ဥေရာပသမဂၢ ကိုယ္စားလွယ္က တိုက္တြန္းသြားပါတယ္။ အခုခ်ိန္ထိ ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူအျပစ္ေပးျခင္း မရွိတာ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ၊ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဥပေဒကို ခ်ဳိးေဖာက္တာ စတာေတြဆက္ၿပီး ရွိေနတဲ့အေပၚ အလြန္ပဲ စိုးရိမ္ကင္းျဖစ္မိတယ္လို႔ ဥေရာပသမဂၢ ကိုယ္စားလွယ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာမြတ္စလင္ေတြကို နယ္ေျမရွင္းလင္းေရး ေခါင္းစဥ္ေအာက္မွာ ရည္ရြယ္ခ်က္ရွိရွိ ဖိႏွိပ္ခဲ့တဲ့ ရက္စက္လွတဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ သံုးပတ္ကပဲ ႏွစ္ႏွစ္ျပည့္ခဲ့ၿပီျဖစ္ေပမဲ့ ျမန္မာဘက္က တာ၀န္ယူေဆာင္ရြက္တဲ့ ကိစၥဘာမွ မရွိေသးဘူးလို႔ ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္က အခုလို ေထာက္ျပေျပာဆိုသြားပါတယ္။

“ပထမအခ်က္က ရိုဟင္ဂ်ာေတြကို ဖိႏွိပ္ညွင္းပမ္းမႈေတြ ရပ္တန္႔ေအာင္ ျမန္မာဘက္က လုပ္ေဆာင္ခဲ့ၿပီၿပီးလား ေမးရင္- မလုပ္ဘူးလို႔ အေျဖထြက္ပါတယ္။ ျမန္မာစစ္တပ္ဟာ သီးသန္႔ ထိန္းသိမ္းေရးစခန္းေတြမွာ လူေတြကို ႏွိပ္စက္၊ ေသဆံုးတဲ့အထိ ခ်ဳပ္ေႏွာင္မႈ စတာေတြကို ဆက္လက္ က်ဴးလြန္ေနဆဲျဖစ္ပါတယ္။ ဒုတိယအခ်က္က ရာဇ၀တ္မႈက်ဴးလြန္သူေတြကို ျမန္မာအစိုးရဘက္က ထိေရာက္တဲ့ အေရးယူမႈေတြကို တရားဥပေဒနဲ႔အညီ ေသေသခ်ာခ်ာ၊ ထိထိေရာက္ေရာက္ ေဆာင္ရြက္ခဲ့ ၿပီးၿပီလား။ မလုပ္ေဆာင္ေသးဘူးလို႔ပဲ အေျဖထြက္ပါတယ္။ ဒီလို ရာဇ၀တ္က်ဴးလြန္မႈေတြကို စံုစမ္းစစ္ေဆးဖို႔ ျမန္မာအာဏာပိုင္ေတြဘက္က လုပ္ကိုင္ႏိုင္ျခင္း ဒါမွမဟုတ္ လုပ္ေဆာင္လိုျခင္း မရွိဘူးဆိုတာ သံသယျဖစ္ဖို႔ ေတာင္မလိုပါဘူး။ ဒါေၾကာင့္ ႏိုင္ငံတကာဥပေဒ နဲ႔အညီ အေရးယူေဆာင္ရြက္ဖို႔ အျမန္ဆံုး လုပ္ေဆာင္သင့္ပါတယ္။ တတိယအခ်က္ကေတာ့- ျမန္မာအစိုးရဟာ ကိုဖီအာနန္ ရခုိင္အႀကံေပးေကာ္မရွင္ရဲ႕ အဓိကအႀကံျပဳခ်က္ေတြကို အေကာင္အထည္ ေဖၚလုပ္ေဆာင္ ခဲ့ၿပီလား။ အေျဖကေတာ့ မလုပ္ဘူးလို႔ပဲ ေျပာရမွာပါ။ ၁၉၈၂ ခုႏွစ္ႏိုင္ငံသား ျဖစ္ခြင့္ ဥပေဒနဲ႔ပတ္သက္လို႔ ျပန္လည္ သံုးသပ္ျပင္ဆင္တာမ်ဳိး လံုး၀မလုပ္ခဲ့ပါဘူး။”

အဲဒါေတြလုပ္မယ့္အစား ရိုဟင္ဂ်ာေတြကို NVC ႏိုင္ငံသား စိစစ္ေရးကဒ္ျပား မျဖစ္မေနယူဖို႔ ျမန္မာအစိုးရက ၿခိမ္းေျခာက္ တြန္းအားေပးေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္က ေျပာပါတယ္။ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးမွာလည္း အေထာက္အကူျဖစ္ေစမယ့္ အေျခအေနေတြဖန္တီးမယ့္အစား တပ္မေတာ္ဟာ ရိုဟင္ဂ်ာေတြရဲ႕ ေျမေတြ ကို စီးပြားေရး အေရာင္းအ၀ယ္လုပ္ေနတယ္လို႔ ေထာက္ျပသြားပါတယ္။

တနလၤာေန႔က အစီရင္ခံစာကို ႀကိဳတင္ ထုတ္ျပန္ထားတဲ့ FFM ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖဲြ႔ကေတာ့ သူတို႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာကို ဒီကေန႔ အဂၤါေန႔ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ဥကၠဌျဖစ္သူ Marzuki Darusman က တင္သြင္းမွာျဖစ္ပါတယ္။

----------------------

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးနိုင်မှသာ တိုင်းရင်းသား လူနည်းစုတွေ အပေါ် စစ်တပ်ရဲ့ညှင်းပမ်းနှိပ်စက်မှုတွေကို အဆုံးသတ်စေမှာဖြစ်ပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အစီအစဉ် အောင်မြင်ဖို့ သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူကိုယ်စားလှယ် ယန်ဟီလီက ပြောကြားလိုက်ပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က တင်သွင်းတဲ့ ယန်ဟီလီရဲ့ အစီရင်ခံစာဟာ ဘက်လိုက်မှုရှိတဲ့အတွက် မြန်မာဘက်က ကန့်ကွက်ကြောင်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

စက်တင်ဘာလ ၉-၂၇ ရက်နေ့ထိ ကျင်းပနေတဲ့ (၄၂)ကြိမ်မြောက် ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက သူရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့တာပါ။

နိုင်ငံတကာ ဥပဒေကို မြန်မာက ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတဲ့အပြင် ရခိုင်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ တိုင်းရင်းသားလူနည်းစုတွေကို အလွန် ရက်စက်တဲ့ နည်းလမ်းတွေသုံးပြီး ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အချက်အလက်အထောက်အထားတွေနဲ့ ယန်ဟီလီက ညီလာခံမှာ ၁၅ မိနစ်နီးပါးကြာ တင်ပြခဲ့ပါတယ်။

ဒီနှစ် အစီရင်ခံစာကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ် တပ်ရဲ့နယ်မြေရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာ မွတ်စလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် ၂ နှစ်အကြာ မှာဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေအဟာ အန္တရာယ် အလွန်ရှိနေကြောင်း ယန်ဟီလီက အခုလို တင်ပြခဲ့ပါတယ်။

“အကြမ်းဖက်မှုနဲ့ မတရားနှိပ်ကွတ်မှု စနစ်ကို ဖျက်သိမ်းဖို့ မြန်မာက ဘာမှဆောင်ရွက်တာ မျိုး မရှိပါဘူး။ ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ၂၀၁၇ခုနှစ် သြဂုတ်လမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ မတိုင်ခင်ရှိခဲ့တဲ့ အခြေအနေအတိုင်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကြား ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေ အပါအဝင် ပုံမှန်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရိုဟင်ဂျာတွေ ရင်ဆိုင်နေရပါတယ်။”

ရခိုင်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေရာမှာ စစ်တပ်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တာ၊ ရဟတ်ယာဉ်သုံး တိုက်ခိုက်တာတွေကြောင့် အရပ်သားအတော်များများ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရတယ်လို့ ယန်ဟီလီက အစီရင်ခံ တင်ပြသွားပါတယ်။ အထူးသဖြင့် ဒုက္ခသည်တွေလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်တပ်က ပိတ်ပင်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်ရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါအပြင် ဌာနေပြန်ရေးအစီအစဉ် အောင်မြင်ဖို့ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလူနည်းစုတွေကို မြန်မာစစ်တပ်က ညှဉ်းပမ်းနှိပ်စက်မှုတွေကိုလည်း အဆုံးသတ် စေမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဖြစ်နိုင်မှာပါ။”

ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ ယန်ဟီလီရဲ့ အစီရင်ခံစာဟာ ဘက်လိုက်မှုရှိပြီး စေတနာမမှန်တဲ့အပြင် ဓမ္မဓိဌာန်မကျတဲ့အတွက် ကန့်ကွက်ကြောင်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောသွားပါတယ်။ ဒါအပြင် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုမဆို မြန်မာအစိုးရအနေနဲ့ သီးခံမှာမဟုတ်ပဲ အရေးယူသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။

“ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှု မဆို၊ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အကာအကွယ်မဲ့ဲတဲ့သူတွေအပေါ် ဘယ်လို အကြမ်းဖက်မှုမျိုးမဆို မြန်မာအစိုးရက လုံးဝသည်းခံမှာ မဟုတ်ပါဘူး။”

ဥရောပသမဂ္ဂက ကိုယ်စားလှယ်ကတော့ မြန်မာနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဖိအားပေးပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေ ချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူအပြစ်ပေးနိုင်ရေး အရေးတကြီးလိုအပ်နေပြီး ဒီအတွက် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွဲှပြောင်းပေးဖို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က အခုလို ပြင်းပြင်းထန်ထန် တိုက်တွန်းသွားပါတယ်။

“လုံခြုံရေးကောင်စီက တာဝန်ရှိသူတွေအနေနဲ့ မြန်မာကိစ္စကို ICC ရာဇဝတ်ခုံရုံးကို လွဲှပြောင်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့လည်း နိုင်ငံတကာ တရားစီရင်မှုကို လက်သင့်ခံတဲ့ အနေနဲ့ ICC ခုံရုံးဖွဲ့စည်းဖို့ သဘောတူညီချက်ဖြစ်တဲ့ Rome Statue မှာ အဖွဲ့ဝင် အဖြစ်ပါဝင်လက်မှတ်ရေးထိုးဖို့လည်း ဥရောပသမဂ္ဂအနေနဲ့ ထပ်မံ တိုက်တွန်းပါတယ်။”

ဒါအပြင် ICC အနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စတင်ကိုင်တွယ်နေတာကို ဥရောပသမဂ္ဂအနေနဲ့ အလေးအနက် ထောက်ခံကြောင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။ IIMM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ လုပ်ငန်းစဉ် ကိုလည်း ဥရောပသမဂ္ဂက ထောက်ခံကြောင်း လည်း သူကဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ပြန်လည် ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း ဝင်ရောက် စစ်ဆေးခွင့် ပေးဖို့ တိုက်တွန်းသွားပါတယ်။ အခုချိန်ထိ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးခြင်း မရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တာ စတာတွေဆက်ပြီး ရှိနေတဲ့အပေါ် အလွန်ပဲ စိုးရိမ်ကင်းဖြစ်မိတယ်လို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခဲ့တဲ့ ရက်စက်လှတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ သုံးပတ်ကပဲ နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာဘက်က တာဝန်ယူဆောင်ရွက်တဲ့ ကိစ္စဘာမှ မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က အခုလို ထောက်ပြပြောဆိုသွားပါတယ်။

“ပထမအချက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေ ရပ်တန့်အောင် မြန်မာဘက်က လုပ်ဆောင်ခဲ့ပြီပြီးလား မေးရင်- မလုပ်ဘူးလို့ အဖြေထွက်ပါတယ်။ မြန်မာစစ်တပ်ဟာ သီးသန့် ထိန်းသိမ်းရေးစခန်းတွေမှာ လူတွေကို နှိပ်စက်၊ သေဆုံးတဲ့အထိ ချုပ်နှောင်မှု စတာတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒုတိယအချက်က ရာဇဝတ်မှုကျူးလွန်သူတွေကို မြန်မာအစိုးရဘက်က ထိရောက်တဲ့ အရေးယူမှုတွေကို တရားဥပဒေနဲ့အညီ သေသေချာချာ၊ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ ပြီးပြီလား။ မလုပ်ဆောင်သေးဘူးလို့ပဲ အဖြေထွက်ပါတယ်။ ဒီလို ရာဇဝတ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေဘက်က လုပ်ကိုင်နိုင်ခြင်း ဒါမှမဟုတ် လုပ်ဆောင်လိုခြင်း မရှိဘူးဆိုတာ သံသယဖြစ်ဖို့ တောင်မလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်ဖို့ အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။ တတိယအချက်ကတော့- မြန်မာအစိုးရဟာ ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင်ရဲ့ အဓိကအကြံပြုချက်တွေကို အကောင်အထည် ဖေါ်လုပ်ဆောင် ခဲ့ပြီလား။ အဖြေကတော့ မလုပ်ဘူးလို့ပဲ ပြောရမှာပါ။ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်ခွင့် ဥပဒေနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်ပြင်ဆင်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။”

အဲဒါတွေလုပ်မယ့်အစား ရိုဟင်ဂျာတွေကို NVC နိုင်ငံသား စိစစ်ရေးကဒ်ပြား မဖြစ်မနေယူဖို့ မြန်မာအစိုးရက ခြိမ်းခြောက် တွန်းအားပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က ပြောပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမှာလည်း အထောက်အကူဖြစ်စေမယ့် အခြေအနေတွေဖန်တီးမယ့်အစား တပ်မတော်ဟာ ရိုဟင်ဂျာတွေရဲ့ မြေတွေ ကို စီးပွားရေး အရောင်းအဝယ်လုပ်နေတယ်လို့ ထောက်ပြသွားပါတယ်။

တနင်္လာနေ့က အစီရင်ခံစာကို ကြိုတင် ထုတ်ပြန်ထားတဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကတော့ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာကို ဥက္ကဌဖြစ်သူ Marzuki Darusman က လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တင်သွင်းမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG