သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ထိုင်းနဲ့ မလေးရှား သွားမည်


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr. Yanghee Lee (ဇူလိုင်၊ ၂၁၊ ၂၀၁၇)
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr. Yanghee Lee (ဇူလိုင်၊ ၂၁၊ ၂၀၁၇)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr. Yanghee Lee ဟာ ဇူလိုင် ၈ ရက်ကနေ ၁၈ ရက်အထိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါမယ်။

မြန်မာအစိုးရဘက်က သူ့ကို လက်မခံပေမဲ့ လူ့အခွင့်အရေးကိစ္စတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ဖို့၊ အစိုးရနဲ့ ဆက်ဆံနိုင်ဖို့ သူဆက်လက် ကြိုးစားမယ်လို့ Dr. Yanghee Lee က ပြောပါတယ်။

မြန်မာအစိုးရက သူ့နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ ပြောကြားထားသလို သူ့ကို ပြည်ဝင်ခွင့်လည်း မပြုပါဘူး။ အောက်တိုဘာလကျရင် New York မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ ၇၄ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံတင်ပြ အကြံပြုနိုင်ဖို့ ခုလို အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို Dr. Yanghee Lee သွားရောက်မှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း တေ့ွရှိချက်တွေကို ဇူလိုင် ၁၈ ရက်ကျရင် Kuala Lumpur မြို့တော်က Marriott ဟိုတယ်မှာ ညနေ ၄ နာရီ သတင်းစာရှင်းပွဲ လုပ်မယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG