၂၀၁၇ ခုႏွစ္တုန္းက ႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕က်ဴးလြန္မႈဟာ မ်ိဳးျဖဳတ္ သတ္ျဖတ္မႈလုပ္ရပ္မ်ဳိဳးျဖစ္ေနၿပီး၊ ဒီအတြက္ အျပစ္ရိွသူေတြကို ထိထိေရာက္ေရာက္အေရးယူဖို႔ကိစၥကို ျမန္မာအစိုးရေရာ ႏို္င္ငံတကာကပါ တာ၀န္ယူေဆာင္ရြက္ဖို႔ ကုလအခ်က္အလက္စုေဆာင္းေရးအဖဲြ႔ရဲ႕ ေနာက္ဆံုးပိတ္အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြကိုေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္လာႏို္င္ဖို႔ဆိုရင္၊ အေရးႀကီးဆံုးအရင္လုပ္ရမွာက ျပည္တြင္းမွာပဲရိွေနတဲ့ ႐ိုဟင္ဂ်ာ ၆သိန္းကိစၥကို အရင္ဆံုးေျဖရွင္းသြားဖို႔လိုတယ္လို႔လည္း ကုလအခ်က္အလက္စုေဆာင္းေရးအဖဲြ႔ အရာရိွတဦးက ေျပာသြားပါတယ္။ ကုလ အခ်က္အလက္စုေဆာင္းေရးအဖဲြ႔ရဲ႕ လူ႔အခြင့္အေရးေကာင္စီတင္ျပတဲ့ ေနာက္ဆံုးအစီရင္ခံစာနဲ႔ပတ္သက္လို႔ ကိုသားညြန္႔ဦး ေျပာျပမွာပါ။
IIFFM လို႔ အတိုေကာက္ေခၚတဲ့ ျမန္မာ့အေရး ကုလ အခ်က္အလက္စုေဆာင္းေရးအဖဲြ႔ဟာ သူတို႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာကို ဒီကေန႔လုပ္တဲ့ Geneva လူ႔အခြင့္အေရးေကာင္စီအစည္းအေ၀းမွာ တင္သြင္းခဲ့ၿပီး၊ သူတို႔စုထားတဲ့ အခ်က္အလက္ေတြကိုေတာ့ IIMM ေခၚတဲ့ ကုလ စံုစမ္းေရးအဖဲြ႔ကို ဒီကေန႔ လဲႊေျပာင္းလိုက္ပါၿပီ။ လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းတဲ့ ေနာက္ဆံုးအစီရင္ခံစာမွာေတာ့ ၂၀၁၇ ခုႏွစ္တုန္းက ႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕က်ဴးလြန္မႈေတြဟာ မ်ိဳးျဖဳတ္သတ္ျဖတ္မႈသေဘာျဖစ္ေနၿပီး၊ ႏိုင္ငံတကာဥပေဒျဖစ္တဲ့ Convention to prevent Genocide အရ ဒီရာဇ၀တ္မႈေတြကို စံုစမ္းအေရးးယူဖို႔ ျမန္မာႏို္င္ငံဖက္က ပ်က္ကြက္ခဲ့တယ္လို႔ သံုးသပ္တင္ျပထားပါတယ္။
အဲဒီျပစ္မႈေတြမွာ အဓိကတာ၀န္ရိွတဲ့ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးဆက္ဆံမႈေတြ မလုပ္ဖို႔ သူတို႕ဖက္က တိုက္တြန္းခဲ့တဲ့အတိုင္း၊ အေတာ္မ်ားမ်ားက ျမန္မာစစ္တပ္နဲ႔စီးပြားေရးဆက္ဆံမႈေတြကို ျဖတ္ေတာက္ခဲ့ၾကတယ္လို႔လည္း ကုလ အခ်က္အလက္ရွာေဖြေရး အဖဲြ႔ ဥကၠဌ Mr. Marzuki Darusman က ေျပာပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းျဖစ္လာတဲ့ ရခုိင္ျပည္နယ္တြင္းက စစ္ပဲြေတြနဲ႔ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြအေပၚမွာလည္း မွတ္တမ္းျပဳစုထားၿပီး၊ ျမန္မာစစ္တပ္ ဟာ သူပုန္ေတြအေပၚ အရင္သံုးေနၾက နည္းလမ္းအတိုင္း ျဖတ္ ၄ ျဖတ္အျပင္ သတင္းအခ်က္အလက္ ရရိွမႈျဖစ္ေတာက္တာကိုပါ ႏွိမ္နင္းေရးနည္းနာတရပ္အေနနဲ႔ သံုးလာတယ္လို႔ အျပစ္တင္ထားပါတယ္။
လူ႔အခြင့္အေရးေကာင္စီမွာ ဒီေနာက္ဆံုးအစီရင္ခံစာတင္ၿပီးေနာက္မွာေတာ့ ကုလ အခ်က္အလက္ရွာေဖြေရးအဖဲြ႔နဲ႔ ကုလ အထူးကိုယ္စားလွယ္ Yanghee Lee တို႔ သတင္းစာ ရွင္းလင္းပဲြလုပ္ခဲ့ပါတယ္။ အဲဒီမွာေတာ့ ဒီ ရာဇ၀တ္မႈေတြအတြက္ ျမန္မာစစ္တပ္အျပင္ ျမန္မာေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာအစိုးရပိုင္းမွာေရာ ဘယ္ေလာက္ တာ၀န္ရိွသလဲဆိုတာ သတင္းေထာက္ေတြက အဓိက ေမးျမန္းၾကပါတယ္။ အခ်က္အလက္ရွာေဖြေရးအဖဲြ႔ ဥကၠဌ Mr. Marzuki Darusman ကေတာ့ ဒီရာဇ၀တ္မႈေတြအတြက္ အဓိက တာ၀န္ရိွသူေတြအျဖစ္ ျမန္မာစစ္ေခါင္းေဆာင္ ၆ ဦးကို စာရင္းျပဳစုထားေပမယ့္၊ ဒါဟာ ၿပီးျပည့္စံုတဲ့အဆင့္မဟုတ္ေသးဘူးလို႔ ေျဖဆိုပါတယ္။
“ဒါဟာ ေနာက္ဆံုးစာရင္းမဟုတ္ပါဘူး။ IIMM အေနနဲ႔ အဲဒီေနာက္တိုးစာရင္းျပဳစုတာအပါအ၀င္ က်န္တာေတြ ဆက္လုပ္မွာပါ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပတ္သက္တဲ့ေမးခြန္းကိုေျဖရရင္ေတာ့ က်ေနာ္တို႔အေနနဲ႔ နိဂံုးခ်ဳပ္ခ်က္ ထုတ္တဲ့အခါမွာ ျမန္မာျပည္ဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကိုသြားေနရတယ္ဆိုတဲ့ စိတ္ေစတနာမွန္နဲ႔ လုပ္ခဲ့ပါတယ္။ အၾကမ္းဖက္မႈေတြေနာက္ပိုင္းျဖစ္လာတဲ့ ျပႆနာေတြကို အစုိးရအေနနဲ႔ တာ၀န္ယူေျဖရွင္းဖို႔ဆိုတာ ေျပာခဲ့ပါတယ္။ ဒီျဖစ္ရပ္ေတြမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပ တ္သက္မႈရိွသလား ဆိုတဲ့ေမးခြန္းကေတာ့ ဒါဟာ တရားေရးလုပ္ငန္းစဥ္နဲ႔ ဆိုင္လာပါတယ္။”
ကုလအခ်က္အလက္ရွာေဖြေရးအဖဲြ႔ အဖဲြ႔၀င္တဦးျဖစ္သူ Chris Sidoti ကေတာ့ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အကာအကြယ္ေပးဖို႔ အစိုးရဖက္က ပ်က္ကြက္ခဲ့တယ္လို႔ ေထာက္ျပပါတယ္။
“အရပ္သားအစိုးရအေနနဲ႔ စစ္တပ္ကို မထိန္းခ်ဳပ္ႏိုင္ဘူးဆိုတာကေတာ့ ရွင္းပါတယ္။ ဒါေပမယ့္လည္း ဖဲြ႕စည္းပံု အေျခခံဥပေဒအရ အစိုးရမွာ တာ၀န္ရိွပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြင္း ျမန္မာႏိုင္ငံလူ႔အခြင့္အေရး ခ်ဳိဳးေဖာက္မႈေတြ သိသိသာသာ တိုးတက္လာတာမရိွပါဘူး။ ဆိုးလာတာပဲရိွပါတယ္။ ဒီလိုအေျခအေနၾကာေလေလ အရပ္သား အစိုးရမွာ တာ၀န္ႀကီးေလေလျဖစ္မွာပါ။ အရပ္သားအစိုးရဟာ ပညာေရးမွာလုပ္ပိုင္ခြင့္ရိွပါတယ္။ ဒါေပမယ့္ ရိုဟင္ဂ်ာကေလးေတြ ေက်ာင္းေတြ သြားခြင့္မရပါဘူး။ က်န္းမာေရး ေစာင့္ေရွာက္မႈပိုင္းလည္း တာ၀န္ရိွပါတယ္။ ကခ်င္ ရွမ္းနဲ႔ ရခုိင္ျပည္နယ္က IDP စခန္းေတြဟာ က်န္းမာေရးေစာင့္ေရွာက္ခြင့္မခံစားရပါဘူး။ အာဏာရ NLD ဟာ လႊတ္ေတာ္ကို လႊမ္းမိုးထားပါတယ္။ စစ္တပ္က ၂၅ ရာခိုင္ႏႈန္းယူထားတယ္ဆိုေပမယ့္၊ NLD က ၆၀ ရာခိုင္ႏႈန္း ကို ထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ ဖဲြ႔စည္းပံုကလဲြရင္ အျခားဥပေဒေရးရာေတြမွာ NLD က လႊမ္းမိုးပါတယ္။ သူတို႔အေနနဲ႔ ႏိုင္ငံသားဥပေဒျပဳျပင္ေျပာင္းလဲေရး လုပ္လို႔ရပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက မ်ိဳးေစာင့္ဥပေဒေလးခု ကိုလည္း ျပန္ဖယ္ဖ်က္လို႔ရပါတယ္။ ဒါမလုပ္ပါဘူး။ သတင္းလြတ္လပ္ခြင့္အတြက္ ဥပေဒျပင္လို႔ရပါတယ္။ မလုပ္ပါဘူး။ ၿငိမ္းစုစီ ဥပေဒမ်ိဳး ျပင္လို႔ရပါတယ္။ မလုပ္ပါဘူး။ ဒါမ်ိဳးေတြ ၾကာၾကာဆက္ျဖစ္ေနေလေလေလ၊ အစိုးရအေနနဲ႔ ႏိုင္ငံတကာရဲ႕အေရးယူမႈကို ေရွာင္လို႔ မလြယ္ေလေလ ျဖစ္မွာပါ။”
က်ဳးလြန္ခဲ့တဲ့ ရာဇ၀တ္မႈေတြအတြက္ ႏိုင္ငံတကာကအေရးယူမႈေတြ ေႏွးေကြးလြန္းတယ္ဆိုေပမယ့္၊ အေရးယူမႈေတြ စတင္ေနၿပီဆိုတာကိုေတာ့ သတိျပဳသင့္တယ္လို႔ Chris Sidoti က သတိေပးခဲ့ပါတယ္။
“ႏိုင္ငံတကာ ရာဇ၀တ္တရားရံုးမွာ ေရာက္ႏွင့္ေနပါၿပီ။ ႏိုင္ငံတကာတရားစီရင္ေရးကေတာ့ စိတ္ပ်က္စရာ ေႏွးေကြးတာ မွန္ပါတယ္။ ဒါေပမယ့္လည္း ICC ျပစ္မႈဆိုင္ရာႏိုင္ငံတကာခံုရံုးမွာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက အမႈကို ကနဦးဆန္းစစ္မႈေတြလုပ္ေနပါၿပီ။ တရားရံုးေရွ႕ေနက အမႈတင္ထားပါၿပီ။ တရားရံုးက လက္ခံႏိုင္ေခ် အခ်ိန္မေရြးျဖစ္လာႏို္င္ပါတယ္။ တရားစီရင္ပိုင္ခြင့္ တရားေရးသက္ေရာက္မႈကေတာ့ အကန္႔အသတ္ရိွပါတယ္။ ဒါဟာ အစပိုင္းပဲရိွပါတယ္။ Genocide ကာကြယ္ေရးႏိုင္ငံတကာဥပေဒအရ OIC ကို ကိုယ္စားျပဳၿပီး ဂန္ဘီယာႏို္င္ငံကေန ICJ ႏိုင္ငံတကာတရားရံုးကို အမႈတင္ထားပါတယ္။ ဒါေၾကာင့္ ကေမၻာဒီယားလို ႏွစ္ ၄၀ေလာက္ တရားစီရင္ေရးျဖစ္ဖို႔ ေစာင့္ရမယ္လို႔ မဆိုလိုပါဘူး။ ေႏွးေကြးတယ္ ဆိုတာကိုေတာ့ က်ေနာ္ လက္ခံပါတယ္။ ဒါေပမယ့္ တရားစီရင္ေရးပိုင္းက စ ေနပါၿပီ။ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ တရားစီရင္ပိုင္း စ ေနၿပီဆိုတာ သိဖို႔လိုပါတယ္။”
အိမ္နီးခ်င္းႏိုင္ငံေတြကိုေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္လာႏို္င္ဖို႔ဆိုရင္၊ အေရးႀကီးဆံုး အရင္လုပ္ရမွာက ျပည္တြင္းမွာပဲရိွေနတဲ့ ႐ိုဟင္ဂ်ာ ၆သိန္းကိစၥကို အရင္ဆံုးေျဖရွင္းသြားဖို႔လိုတယ္လို႔လည္း ကုလအခ်က္အလက္စုေဆာင္းေရးအဖဲြ႔ တာ၀န္ရိွသူေတြကေျပာပါတယ္။ သူတို႔ဟာ လြတ္လပ္စြာ သြားလာခြင့္ေတြ ကန္႔သတ္ခံရသလို၊ သူတို႔အတြက္ ႏိုင္ငံသားျဖစ္မႈလုပ္ငန္းစဥ္ေတြဟာလည္း အေတာ္ေလး ေႏွာင့္ေႏွးေနတယ္လို႔ ေထာက္ျပထားပါတယ္။
တခ်ိန္တည္းမွာေတာ့ ရခိုင္ျပည္နယ္တြင္း လတ္တေလာျဖစ္ေနတဲ့ တိုက္ပဲြေတြမွာ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြကိုလည္း သူတို႔ ေနာက္ဆံုးအစီရင္ခံစာမွာေဖာ္ျပပါတယ္။ ရိကၡာ၊ ေငြေၾကး၊ လူသူအင္အားနဲ႔ ေထာက္လွမ္းေရးအခ်က္အလက္ေတြကို ျဖတ္ေတာက္တဲ့ ျဖတ္ေလးျဖတ္နည္းစနစ္ေနရာမွာ၊ သတင္းအခ်က္အလက္ကိုပါ ျဖတ္ေတာက္တဲ့ ျဖတ္ငါးျဖတ္နည္း ျမန္မာစစ္တပ္ဖက္က သံုးလာတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ အင္တာနက္ေတြ ျဖတ္လိုက္တာဟာ သူတို႔အတြက္ သတင္းအခ်က္အလက္ ရယူဖို႔ အခက္ေတြ႔ေစတယ္လို႔ Ms.Yanghee Lee က သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့ပါတယ္။
“အထူးသျဖင့္ မိုးရာသီကာလမွာ က်မအပါအ၀င္ ႏိုင္ငံတကာအေနနဲ႔က အဲဒီၿမိဳ႕နယ္ေတြကေန သတင္း အခ်က္အလက္ ဓါတ္ပံုေတြ ရယူရပါတယ္။ အခု အင္တာနက္လိုင္းေတြျဖတ္လိုက္အခါ အေတာ္ေလး အခက္ေတြ႔ပါတယ္။ အဲဒီက ျဖစ္ပ်က္ေနတာေတြကို ၿဂိဳလ္တုဓါတ္ပံုေတြကေနရဖို႔က မုိုးရာသီမွာမလြယ္ပါဘူး။ အခု ငါးၿမိဳ႕နယ္မွာ အင္တာနက္ျပန္ေပးတယ္ဆိုေပမယ့္ ေလးၿမိဳ႕နယ္က လံုး၀ ျဖတ္ခံထားရတုန္းပါ။ အဲဒီေနရာေတြက တကယ့္ကို အႀကီးအက်ယ္တိုက္ပဲြျဖစ္ေနတဲ့ေနရာေတြပါ။”
ျမန္မာအစိုးရဖက္ကေတာ့ ဒီလို အင္တာနက္ျဖတ္ေတာက္တာဟာ သူပုန္ေတြဖက္က Wifi အင္တာနက္စနစ္ ကိုသံုးၿပီး ေဖာက္ခဲြဖ်က္ဆီးတာေတြ လုပ္မွာကို ဟန္႔တားဖို႔ျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။ ကုလ အလက္အလက္ရွာေဖြေရး အဖဲြ႔ရဲ႕ ေနာက္ဆံုးအစီရင္ခံစာအေပၚမွာလည္း ဒါဟာ တကယ့္အျဖစ္မွန္ေတြကို ပံုဖ်က္ေဖာ္ျပတယ္ဆိုၿပီး ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တံု႔ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ အခုလိုလူ႕အခြင့္အေရးခ်ိဳးေဖာက္မႈစြတ္စဲြခ်က္ေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာတရားရံုးတခုခုမွာ စစ္ေဆးဖို႔ဆိုတာကိုလည္း ျမန္မာဖက္က ျငင္းဆန္ထားပါတယ္။ ျမန္မာအစိုးရအေနနဲ႕ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏံႈးကိုလက္မခံတဲ့အျပင္၊ ကုလသမဂၢရဲ႕ လူ႔အခြင့္အေရးစံုစမ္းေရးအရာရိွေတြကိုလည္း ၀င္ခြင့္မေပးခဲ့ပါဘူး။
............................
{Unicode }
မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကုလအချက်အလက် စုဆောင်းရေးအဖွဲ့ အစီရင်ခံစာတင်
၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုဟာ မျိုးဖြုတ် သတ်ဖြတ်မှုလုပ်ရပ်မျိုးဖြစ်နေပြီး၊ ဒီအတွက် အပြစ်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ကိစ္စကို မြန်မာအစိုးရရော နိုင်ငံတကာကပါ တာဝန်ယူဆောင်ရွက်ဖို့ ကုလအချက်အလက်စုဆောင်းရေးအဖွဲ့ရဲ့ နောက်ဆုံးပိတ်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ဆိုရင်၊ အရေးကြီးဆုံးအရင်လုပ်ရမှာက ပြည်တွင်းမှာပဲရှိနေတဲ့ ရိုဟင်ဂျာ ၆သိန်းကိစ္စကို အရင်ဆုံးဖြေရှင်းသွားဖို့လိုတယ်လို့လည်း ကုလအချက်အလက်စုဆောင်းရေးအဖွဲ့ အရာရှိတဦးက ပြောသွားပါတယ်။ ကုလ အချက်အလက်စုဆောင်းရေးအဖွဲ့ရဲ့ လူ့အခွင့်အရေးကောင်စီတင်ပြတဲ့ နောက်ဆုံးအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ပြောပြမှာပါ။
IIFFM လို့ အတိုကောက်ခေါ်တဲ့ မြန်မာ့အရေး ကုလ အချက်အလက်စုဆောင်းရေးအဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာကို ဒီကနေ့လုပ်တဲ့ Geneva လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းခဲ့ပြီး၊ သူတို့စုထားတဲ့ အချက်အလက်တွေကိုတော့ IIMM ခေါ်တဲ့ ကုလ စုံစမ်းရေးအဖွဲ့ကို ဒီကနေ့ လွဲှပြောင်းလိုက်ပါပြီ။ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ နောက်ဆုံးအစီရင်ခံစာမှာတော့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေဟာ မျိုးဖြုတ်သတ်ဖြတ်မှုသဘောဖြစ်နေပြီး၊ နိုင်ငံတကာဥပဒေဖြစ်တဲ့ Convention to prevent Genocide အရ ဒီရာဇဝတ်မှုတွေကို စုံစမ်းအရေးးယူဖို့ မြန်မာနိုင်ငံဖက်က ပျက်ကွက်ခဲ့တယ်လို့ သုံးသပ်တင်ပြထားပါတယ်။
အဲဒီပြစ်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေ မလုပ်ဖို့ သူတို့ဖက်က တိုက်တွန်းခဲ့တဲ့အတိုင်း၊ အတော်များများက မြန်မာစစ်တပ်နဲ့စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ခဲ့ကြတယ်လို့လည်း ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Mr. Marzuki Darusman က ပြောပါတယ်။ ဒါ့အပြင် နောက်ပိုင်းဖြစ်လာတဲ့ ရခိုင်ပြည်နယ်တွင်းက စစ်ပွဲတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေအပေါ်မှာလည်း မှတ်တမ်းပြုစုထားပြီး၊ မြန်မာစစ်တပ် ဟာ သူပုန်တွေအပေါ် အရင်သုံးနေကြ နည်းလမ်းအတိုင်း ဖြတ် ၄ ဖြတ်အပြင် သတင်းအချက်အလက် ရရှိမှုဖြစ်တောက်တာကိုပါ နှိမ်နင်းရေးနည်းနာတရပ်အနေနဲ့ သုံးလာတယ်လို့ အပြစ်တင်ထားပါတယ်။
လူ့အခွင့်အရေးကောင်စီမှာ ဒီနောက်ဆုံးအစီရင်ခံစာတင်ပြီးနောက်မှာတော့ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ကုလ အထူးကိုယ်စားလှယ် Yanghee Lee တို့ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ ဒီ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်အပြင် မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရပိုင်းမှာရော ဘယ်လောက် တာဝန်ရှိသလဲဆိုတာ သတင်းထောက်တွေက အဓိက မေးမြန်းကြပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ Mr. Marzuki Darusman ကတော့ ဒီရာဇဝတ်မှုတွေအတွက် အဓိက တာဝန်ရှိသူတွေအဖြစ် မြန်မာစစ်ခေါင်းဆောင် ၆ ဦးကို စာရင်းပြုစုထားပေမယ့်၊ ဒါဟာ ပြီးပြည့်စုံတဲ့အဆင့်မဟုတ်သေးဘူးလို့ ဖြေဆိုပါတယ်။
“ဒါဟာ နောက်ဆုံးစာရင်းမဟုတ်ပါဘူး။ IIMM အနေနဲ့ အဲဒီနောက်တိုးစာရင်းပြုစုတာအပါအဝင် ကျန်တာတွေ ဆက်လုပ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့မေးခွန်းကိုဖြေရရင်တော့ ကျနော်တို့အနေနဲ့ နိဂုံးချုပ်ချက် ထုတ်တဲ့အခါမှာ မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသွားနေရတယ်ဆိုတဲ့ စိတ်စေတနာမှန်နဲ့ လုပ်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေနောက်ပိုင်းဖြစ်လာတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ဆိုတာ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေမှာ နိုင်ငံတော် အတိုင်ပင်ခံပ တ်သက်မှုရှိသလား ဆိုတဲ့မေးခွန်းကတော့ ဒါဟာ တရားရေးလုပ်ငန်းစဉ်နဲ့ ဆိုင်လာပါတယ်။”
ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ အဖွဲ့ဝင်တဦးဖြစ်သူ Christ Sidoti ကတော့ လူအခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အစိုးရဖက်က ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြပါတယ်။
“အရပ်သားအစိုးရအနေနဲ့ စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရမှာ တာဝန်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ တိုးတက်လာတာမရှိပါဘူး။ ဆိုးလာတာပဲရှိပါတယ်။ ဒီလိုအခြေအနေကြာလေလေ အရပ်သား အစိုးရမှာ တာဝန်ကြီးလေလေဖြစ်မှာပါ။ အရပ်သားအစိုးရဟာ ပညာရေးမှာလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာကလေးတွေ ကျောင်းတွေ သွားခွင့်မရပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းလည်း တာဝန်ရှိပါတယ်။ ကချင် ရှမ်းနဲ့ ရခိုင်ပြည်နယ်က IDP စခန်းတွေဟာ ကျန်းမာရေးစောင့်ရှောက်ခွင့်မခံစားရပါဘူး။ အာဏာရ NLD ဟာ လွှတ်တော်ကို လွှမ်းမိုးထားပါတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတယ်ဆိုပေမယ့်၊ NLD က ၆၀ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကလွဲရင် အခြားဥပဒေရေးရာတွေမှာ NLD က လွှမ်းမိုးပါတယ်။ သူတို့အနေနဲ့ နိုင်ငံသားဥပဒေပြုပြင်ပြောင်းလဲရေး လုပ်လို့ရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မျိုးစောင့်ဥပဒေလေးခု ကိုလည်း ပြန်ဖယ်ဖျက်လို့ရပါတယ်။ ဒါမလုပ်ပါဘူး။ သတင်းလွတ်လပ်ခွင့်အတွက် ဥပဒေပြင်လို့ရပါတယ်။ မလုပ်ပါဘူး။ ငြိမ်းစုစီ ဥပဒေမျိုး ပြင်လို့ရပါတယ်။ မလုပ်ပါဘူး။ ဒါမျိုးတွေ ကြာကြာဆက်ဖြစ်နေလေလေလေ၊ အစိုးရအနေနဲ့ နိုင်ငံတကာရဲ့အရေးယူမှုကို ရှောင်လို့ မလွယ်လေလေ ဖြစ်မှာပါ။”
ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာကအရေးယူမှုတွေ နှေးကွေးလွန်းတယ်ဆိုပေမယ့်၊ အရေးယူမှုတွေ စတင်နေပြီဆိုတာကိုတော့ သတိပြုသင့်တယ်လို့ Christ Sidoti က သတိပေးခဲ့ပါတယ်။
“နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ ရောက်နှင့်နေပါပြီ။ နိုင်ငံတကာတရားစီရင်ရေးကတော့ စိတ်ပျက်စရာ နှေးကွေးတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ICC ပြစ်မှုဆိုင်ရာနိုင်ငံတကာခုံရုံးမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အမှုကို ကနဦးဆန်းစစ်မှုတွေလုပ်နေပါပြီ။ တရားရုံးရှေ့နေက အမှုတင်ထားပါပြီ။ တရားရုံးက လက်ခံနိုင်ချေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ တရားစီရင်ပိုင်ခွင့် တရားရေးသက်ရောက်မှုကတော့ အကန့်အသတ်ရှိပါတယ်။ ဒါဟာ အစပိုင်းပဲရှိပါတယ်။ Genocide ကာကွယ်ရေးနိုင်ငံတကာဥပဒေအရ OIC ကို ကိုယ်စားပြုပြီး ဂန်ဘီယာနိုင်ငံကနေ ICJ နိုင်ငံတကာတရားရုံးကို အမှုတင်ထားပါတယ်။ ဒါကြောင့် ကမ္ဘောဒီယားလို နှစ် ၄၀လောက် တရားစီရင်ရေးဖြစ်ဖို့ စောင့်ရမယ်လို့ မဆိုလိုပါဘူး။ နှေးကွေးတယ် ဆိုတာကိုတော့ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် တရားစီရင်ရေးပိုင်းက စ နေပါပြီ။ မြန်မာအာဏာပိုင်တွေအနေနဲ့ တရားစီရင်ပိုင်း စ နေပြီဆိုတာ သိဖို့လိုပါတယ်။”
အိမ်နီးချင်းနိုင်ငံတွေကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ဆိုရင်၊ အရေးကြီးဆုံး အရင်လုပ်ရမှာက ပြည်တွင်းမှာပဲရှိနေတဲ့ ရိုဟင်ဂျာ ၆သိန်းကိစ္စကို အရင်ဆုံးဖြေရှင်းသွားဖို့လိုတယ်လို့လည်း ကုလအချက်အလက်စုဆောင်းရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ သူတို့ဟာ လွတ်လပ်စွာ သွားလာခွင့်တွေ ကန့်သတ်ခံရသလို၊ သူတို့အတွက် နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ်တွေဟာလည်း အတော်လေး နှောင့်နှေးနေတယ်လို့ ထောက်ပြထားပါတယ်။
တချိန်တည်းမှာတော့ ရခိုင်ပြည်နယ်တွင်း လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်း သူတို့ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြပါတယ်။ ရိက္ခာ၊ ငွေကြေး၊ လူသူအင်အားနဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ဖြတ်တောက်တဲ့ ဖြတ်လေးဖြတ်နည်းစနစ်နေရာမှာ၊ သတင်းအချက်အလက်ကိုပါ ဖြတ်တောက်တဲ့ ဖြတ်ငါးဖြတ်နည်း မြန်မာစစ်တပ်ဖက်က သုံးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်တာနက်တွေ ဖြတ်လိုက်တာဟာ သူတို့အတွက် သတင်းအချက်အလက် ရယူဖို့ အခက်တွေ့စေတယ်လို့ Ms.Yanghee Lee က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“အထူးသဖြင့် မိုးရာသီကာလမှာ ကျမအပါအဝင် နိုင်ငံတကာအနေနဲ့က အဲဒီမြို့နယ်တွေကနေ သတင်း အချက်အလက် ဓါတ်ပုံတွေ ရယူရပါတယ်။ အခု အင်တာနက်လိုင်းတွေဖြတ်လိုက်အခါ အတော်လေး အခက်တွေ့ပါတယ်။ အဲဒီက ဖြစ်ပျက်နေတာတွေကို ဂြိုလ်တုဓါတ်ပုံတွေကနေရဖို့က မိုးရာသီမှာမလွယ်ပါဘူး။ အခု ငါးမြို့နယ်မှာ အင်တာနက်ပြန်ပေးတယ်ဆိုပေမယ့် လေးမြို့နယ်က လုံး၀ ဖြတ်ခံထားရတုန်းပါ။ အဲဒီနေရာတွေက တကယ့်ကို အကြီးအကျယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွေပါ။”
မြန်မာအစိုးရဖက်ကတော့ ဒီလို အင်တာနက်ဖြတ်တောက်တာဟာ သူပုန်တွေဖက်က Wifi အင်တာနက်စနစ် ကိုသုံးပြီး ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်မှာကို ဟန့်တားဖို့ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ကုလ အလက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာအပေါ်မှာလည်း ဒါဟာ တကယ့်အဖြစ်မှန်တွေကို ပုံဖျက်ဖော်ပြတယ်ဆိုပြီး ကုလဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အခုလိုလူ့အခွင့်အရေးချိုးဖောက်မှုစွတ်စွဲချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးတခုခုမှာ စစ်ဆေးဖို့ဆိုတာကိုလည်း မြန်မာဖက်က ငြင်းဆန်ထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလက်မခံတဲ့အပြင်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိတွေကိုလည်း ဝင်ခွင့်မပေးခဲ့ပါဘူး။