သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေပၚ Genocide စြဲခ်က္နဲ႔ဆက္စပ္တဲ့ ဂမ္ဘီယာေတာင္းဆိုခ်က္ ပယ္ခ်ေပးဖို႔ Facebook ပန္ၾကား


ICJ ႏိုင္ငံတကာတရားရံုး ၾကားနာပဲြမွာ ေတြ႔ရတဲ့ ဂမ္ဘီယာဘက္က ျမင္ကြင္း။ (နို၀င္ဘာ ၁၁၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖဲြ႔၀င္ေတြရဲ႕ Facebook ေပၚက ပို႔စ္ေတြနဲ႔ ဆက္သြယ္ေျပာဆုိခ်က္ေတြကို ထုတ္ျပန္ေပးဖို႔ ဂမ္ဘီယာႏုိင္ငံဘက္က ေတာင္းဆုိတာကို Facebook ကုမၸဏီက လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။

႐ုိဟင္ဂ်ာမြတ္စလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ဂမ္ဘီယာက ျမန္မာႏုိင္ငံကို ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ တရားစဲြထားတာနဲ႔ ဆက္စပ္ၿပီး အခုလိုေတာင္းဆိုတာပါ။

ဒီေတာင္းဆုိခ်က္ကို ပယ္ခ်ေပးဖို႔ ၀ါရွင္တန္ ဒီစီ၊ အေမရိကန္ ခရုိင္တ႐ား႐ုံးမွာ Facebook ကုမၸဏီက အဂၤါေန႔မွာ ေလွ်ာက္ထားလိုက္တာျဖစ္ၿပီး ဂမ္ဘီယာဘက္က ေတာင္းဆုိမႈဟာ ဆက္သြယ္ေရး၀န္ေဆာင္မႈေပးတဲ့ ကုမၸဏီေတြအေနနဲ႔ သုံးစဲြသူေတြရဲ႕ ဆက္သြယ္ေျပာဆုိမႈေတြကို မေဖာ္ျပရဘူးလို႔ တားျမစ္ထားတဲ့ အေမရိကန္ဥပေဒေတြကို ခ်ိဳးေဖာက္ရာေရာက္ေစမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က အဓိကက်တဲ့ ပုဂၢိဳလ္ေတြရဲ႕ အခ်က္အလက္မွတ္တမ္းေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြကို ထုတ္ျပန္ေပးဖို႔ ဂမ္ဘီယာႏုိင္ငံက ၿပီးခဲ့တဲ့ ဇြန္လမွာ ေတာင္းဆုိခဲ့တာျဖစ္ၿပီး ဒီေတာင္းဆုိမႈက အလြန္ကို က်ယ္ျပန္႔ၿပီးေတာ့ အဲဒီလူေတြရဲ႕ အေကာင့္ေတြကို အထူး အကန္႔အသတ္မရွိ ၀င္ေရာက္ၾကည့္ရႈႏုိင္ဖို႔လိုမွာ ျဖစ္တယ္လို႔ Facebook က ေျပာပါတယ္။

ျမန္မာႏုိင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ၁၉၄၈ ခုနွစ္ ကုလသမဂၢ သေဘာတူစာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆုိၿပီး ဂမ္ဘီယာႏုိင္ငံက နယ္သာလန္ႏုိ္င္ငံ The Hague ၿမိဳ႕မွာရွိတဲ့ ႏုိင္ငံတကာတရား႐ုံးမွာ တရားစဲြထားတာပါ။ ျမန္မာအာဏာပိုင္ေတြဘက္ကေတာ့ လုံၿခဳံေရးတပ္ဖဲြ႔ေတြဟာ ေဒသတြင္းမွာ လုံၿခဳံေရးစခန္းေတြကို ၀င္ေရာက္တုိက္ခိုက္ခဲ့တဲ့ ARSA အၾကမ္းဖက္ဝါဒီေတြကို နယ္ေျမရွင္းလင္းေရးလုပ္ခဲ့တာျဖစ္ၿပီး ရက္စက္ၾကမ္းၾကဳတ္မႈေတြ စနစ္တက်က်ဴးလြန္ဖို႔ စီစဥ္ခဲ့တာမရွိဘူးလို႔ ျငင္းဆုိခဲ့ပါတယ္။

၂၀၁၇ ၾသဂုတ္လက ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရးေတြေၾကာင့္ အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာမြတ္စလင္ ၇၃၀,၀၀၀ ေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့ၾကၿပီး အဲဒီက ဒုကၡသည္စခန္းေတြမွာ ခုိလႈံေနၾကတာျဖစ္ပါတယ္။ ကုလသမဂၢ စုံစမ္းစစ္ေဆးသူေတြကေတာ့ အမုန္းစကားေတြ ျဖန္႔ေ၀တာနဲ႔ အၾကမ္းဖက္မႈေတြျဖစ္ေအာင္ လႈံ႕ေဆာ္တဲ့ေနရာမွာ Facebook ဟာ အဓိကအခန္းက႑က ပါ၀င္ခဲ့တယ္လို႔ ၂၀၁၈ ခုႏွစ္က ေျပာထားပါတယ္။ ဒါေပမဲ့ Facebook ဘက္ကေတာ့ သူတုိ႔အေနနဲ႔အမုန္းစကားေတြ ျဖန္႔ေ၀ေနတာေတြကို တားဆီးဖို႔ လုပ္ေနေၾကာင္း၊ ျမန္မာႏုိင္ငံအပါအ၀င္ ကမာၻတ၀န္းမွာ အမုန္းစကားေတြ ျဖန္႔ေ၀တာနဲ႔ အၾကမ္းဖက္ဝါဒစြဲလုပ္ရပ္ေတြကို သူတုိ႔အေနနဲ႔ ဆန္႔က်င္ေၾကာင္း Facebook ေျပာခြင့္ရက ဒီေန႔ ေျပာပါတယ္။

ဒါ့အျပင္ သူတုိ႔အေနနဲ႔ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ သီးျခားလြတ္လပ္တဲ့ စုံစမ္းေရးအဖဲြ႔႔ (IIMM) နဲ႔အတူ လက္တဲြလုပ္ေဆာင္ေနတယ္လုိ႔လည္း ေျပာပါတယ္။

IIMM ဟာ ႏုိင္ငံတကာတရား႐ံုးေတြမွာ ေနာက္ပိုင္းျဖစ္လာႏုိင္တဲ့ ဘယ္လို တရားစြဲဆိုမႈမ်ဳိးကိုမဆို ပံ့ပိုးဖို႔ရည္ရြယ္ခ်က္နဲ႔ ဖြဲ႔စည္းထားတဲ့အဖြဲ႔ ျဖစ္ပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့အသုံးအႏႈန္းကို အခုခ်ိန္ထိ အသိအမွတ္မျပဳထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပေါ် Genocide စွဲချက်နဲ့ဆက်စပ်တဲ့ ဂမ်ဘီယာတောင်းဆိုချက် ပယ်ချပေးဖို့ Facebook ပန်ကြား

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ Facebook ပေါ်က ပို့စ်တွေနဲ့ ဆက်သွယ်ပြောဆိုချက်တွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုတာကို Facebook ကုမ္ပဏီက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲထားတာနဲ့ ဆက်စပ်ပြီး အခုလိုတောင်းဆိုတာပါ။

ဒီတောင်းဆိုချက်ကို ပယ်ချပေးဖို့ ဝါရှင်တန် ဒီစီ၊ အမေရိကန် ခရိုင်တရားရုံးမှာ Facebook ကုမ္ပဏီက အင်္ဂါနေ့မှာ လျှောက်ထားလိုက်တာဖြစ်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုမှုဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို မဖော်ပြရဘူးလို့ တားမြစ်ထားတဲ့ အမေရိကန်ဥပဒေတွေကို ချိုးဖောက်ရာရောက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က အဓိကကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ အချက်အလက်မှတ်တမ်းတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ ဇွန်လမှာ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီတောင်းဆိုမှုက အလွန်ကို ကျယ်ပြန့်ပြီးတော့ အဲဒီလူတွေရဲ့ အကောင့်တွေကို အထူး အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှုနိုင်ဖို့လိုမှာ ဖြစ်တယ်လို့ Facebook က ပြောပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားတာပါ။ မြန်မာအာဏာပိုင်တွေဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒေသတွင်းမှာ လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်ဝါဒီတွေကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ စနစ်တကျကျူးလွန်ဖို့ စီစဉ်ခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင် ၇၃၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီး အဲဒီက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ အမုန်းစကားတွေ ဖြန့်ဝေတာနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့နေရာမှာ Facebook ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ်က ပြောထားပါတယ်။ ဒါပေမဲ့ Facebook ဘက်ကတော့ သူတို့အနေနဲ့အမုန်းစကားတွေ ဖြန့်ဝေနေတာတွေကို တားဆီးဖို့ လုပ်နေကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ အမုန်းစကားတွေ ဖြန့်ဝေတာနဲ့ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေကို သူတို့အနေနဲ့ ဆန့်ကျင်ကြောင်း Facebook ပြောခွင့်ရက ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

IIMM ဟာ နိုင်ငံတကာတရားရုံးတွေမှာ နောက်ပိုင်းဖြစ်လာနိုင်တဲ့ ဘယ်လို တရားစွဲဆိုမှုမျိုးကိုမဆို ပံ့ပိုးဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အခုချိန်ထိ အသိအမှတ်မပြုထားပါဘူး။

XS
SM
MD
LG