[Zawgyi/Unicode]
ရခုိင္ျပည္နယ္မွာ လူမ်ဳိးတံုး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ႏုိင္ငံတကာ တရားခံု႐ံုး ICJ မွာ ျမန္မာႏုိင္ငံကို တရားစြဲထားတဲ့ ဂမ္ဘီယာႏုိင္ငံရဲ႕ တရားေရး၀န္ႀကီးလည္းျဖစ္၊ ေရွ ႔ေနခ်ဳပ္လည္းျဖစ္သူ Abubacarr Tambadou ဟာ ဇြန္လ ၃၀ ရက္ေန႔မွာ ရာထူးက ႏုတ္ထြက္ေတာ့မယ္လို႔ ဂမ္ဘီယာအစိုးရက ၾကာသပေတးေန႔မွာ ေၾကျငာပါတယ္။
ကုလသမဂၢရာထူး တခုကို လက္ခံဖို႔႔ အခုလိုနုတ္ထြက္တာလို႔ ေျပာထားေပမဲ့ ဘာရာထူးဆိုတာကိုေတာ့ အတိအက် ေျပာမထားပါဘူး။
ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ ရည္ရြြယ္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အျပည္ျပည္ဆုိင္ရာတရားရုံး ICJ မွာ ဦးတုိက္ေလ ွ်ာက္ထားခဲ့တဲ့ ေရွ ႔ေနခ်ဳပ္ Tambadou ဟာ ၂၀၁၉ ခုနွစ္မွာ ႏုိင္ငံတကာအသိုင္းအ၀ိုင္းၾကား လူသိမ်ား ထင္ရွားလာတာျဖစ္ပါတယ္္။
ဒီတရားစြဲဆိုမႈကို Tambadou က အဓိက တာဝန္ယူခဲ့တာျဖစ္ၿပီး သူ ရာထူးက ႏုတ္ထြက္သြားၿပီးတဲ့ေနာက္ပိုင္း ဘယ္သူကဆက္ၿပီး တာဝန္ယူ လုပ္ေဆာင္သြားမယ္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူ။
႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကလည္း ဂမ္ဘီယာႏုိင္ငံရဲ႕ စြဲဆိုခ်က္နဲ႔ ပတ္သက္လို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ICJ တရားရုံးမွာ မႏွစ္က တက္ေရာက္ ရွင္းလင္းခဲ့ပါတယ္။
၂၀၁၇ ခုနွစ္မွာ တရားေရး၀န္ႀကီးအျဖစ္ခန္႔အပ္ခံရတဲ့ Tambadou ဟာ သမၼတေဟာင္း Yahya Jammeh လက္ထက္ အၾကမ္းဖက္မႈေတြကို စုံစမ္းဖို႔ The Gambia’s Truth ဆိုတဲ့အဖြဲ႔ကို ထူေထာင္ရာမွာ အေရးပါသူလည္းျဖစ္ပါတယ္။
ၿဗိတိန္လက္ေအာက္က လြတ္ေျမာက္ခ်ိန္ကစၿပီး ဂမ္ဘီယာႏုိင္ငံကို ၂၂ ႏွစ္ၾကာ တင္းတင္းၾကပ္ၾကပ္အုပ္ခ်ဳပ္ခဲ့တဲ့ အာဏာရွင္ Jammeh က၂၀၁၇ ခုႏွစ္သမၼတေရြးေကာက္ပြဲမွာ လူသိနည္းတဲ့ Adama Barrow ကို ရႈံးနိမ့္ၿပီး ျပည္ပကို တိမ္းေရွာင္သြားခဲ့တာပါ။ သမၼတေဟာင္း ျပည္ေတာ္ျပန္ႏုိ္င္ေရး သူ႔ကိုေထာက္ခံသူေတြ ဇန္န၀ါရီလမွာ ေတာင္းဆိုခဲ့ၾကေပမဲ့ Tambadou ကေတာ့ အာဏာရွင္ေဟာင္း Jammeh ျပန္လာရင္ ဖမ္းဆီးၿပီး သူက်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြအတြက္ တာ၀န္ယူေစမယ္လို႔ ေျပာဆိုထားပါတယ္။
ဂမ္ဘီယာႏုိင္ငံဟာ လူဥိီးေရ ၂,၀၀၀,၀၀၀ ၀န္းက်င္ရွိတဲ့ မြတ္ဆလင္အမ်ားစုနုိင္ငံ တခုျဖစ္ၿပီး အာဖရိကတုိက္ရဲ႕ အေသးငယ္ဆုံးနုိင္ငံ တခုလည္းျဖစ္ပါတယ္။
[Unicode Version]
ဂမ်ဘီယာတရားရေးဝန်ကြီး ရာထူးကနုတ်ထွက်တော့မယ်
ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နိုင်ငံတကာ တရားခုံရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်းဖြစ်သူ Abubacarr Tambadou ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ရာထူးက နုတ်ထွက်တော့မယ်လို့ ဂမ်ဘီယာအစိုးရက ကြာသပတေးနေ့မှာ ကြေငြာပါတယ်။
ကုလသမဂ္ဂရာထူး တခုကို လက်ခံဖို့ အခုလိုနုတ်ထွက်တာလို့ ပြောထားပေမဲ့ ဘာရာထူးဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဦးတိုက်လေ ျှာက်ထားခဲ့တဲ့ ရှေ့နေချုပ် Tambadou ဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကြား လူသိများ ထင်ရှားလာတာဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုကို Tambadou က အဓိက တာဝန်ယူခဲ့တာဖြစ်ပြီး သူ ရာထူးက နုတ်ထွက်သွားပြီးတဲ့နောက်ပိုင်း ဘယ်သူကဆက်ပြီး တာဝန်ယူ လုပ်ဆောင်သွားမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကလည်း ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ICJ တရားရုံးမှာ မနှစ်က တက်ရောက် ရှင်းလင်းခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ တရားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ Tambadou ဟာ သမ္မတဟောင်း Yahya Jammeh လက်ထက် အကြမ်းဖက်မှုတွေကို စုံစမ်းဖို့ The Gambia’s Truth ဆိုတဲ့အဖွဲ့ကို ထူထောင်ရာမှာ အရေးပါသူလည်းဖြစ်ပါတယ်။
ဗြိတိန်လက်အောက်က လွတ်မြောက်ချိန်ကစပြီး ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ တင်းတင်းကြပ်ကြပ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် Jammeh က၂၀၁၇ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ လူသိနည်းတဲ့ Adama Barrow ကို ရှုံးနိမ့်ပြီး ပြည်ပကို တိမ်းရှောင်သွားခဲ့တာပါ။ သမ္မတဟောင်း ပြည်တော်ပြန်နိုင်ရေး သူ့ကိုထောက်ခံသူတွေ ဇန်နဝါရီလမှာ တောင်းဆိုခဲ့ကြပေမဲ့ Tambadou ကတော့ အာဏာရှင်ဟောင်း Jammeh ပြန်လာရင် ဖမ်းဆီးပြီး သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တာဝန်ယူစေမယ်လို့ ပြောဆိုထားပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ လူဦးရေ ၂,၀၀၀,၀၀၀ ဝန်းကျင်ရှိတဲ့ မွတ်ဆလင်အများစုနိုင်ငံ တခုဖြစ်ပြီး အာဖရိကတိုက်ရဲ့ အသေးငယ်ဆုံးနိုင်ငံ တခုလည်းဖြစ်ပါတယ်။